Wuntho Students' Union-ABFSU

Wuntho Students' Union-ABFSU To be better for the students in my town

၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာသဝဏ်လွှာအမှတ် - ၇/၂၀၂၁ရက်စွဲ - ၂၂/၁၂/၂၀...
22/12/2021

၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၇/၂၀၂၁
ရက်စွဲ - ၂၂/၁၂/၂၀၂၁

၁၉၃၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သော အဖိနှိပ်ခံလူမျိုးပေါင်းစုံ တောင်သူလယ်သမားထုကြီးမှ ရရာလက်နက်ကိုင်စွဲ၍ နယ်ချဲ့အစိုးရကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၉၁ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့အား ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီး၏ “တောင်သူလယ်သမားနေ့” အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ အုပ်စိုးသူအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုကို ကြုံတွေ့ခံစားခဲ့ရသော တောင်သူလယ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။

အဖိနှိပ်ခံတောင်သူလယ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံတောင်သူလယ်သမားထုကြီးနှင့် လက်တွဲကာ ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့

https://www.facebook.com/482608191789267/posts/4906918002691575/

ဒီမိုကရေစီပညာရေးဒီမိုကရေစီပညာရေးမှာ အခြေခံမူ သုံးချက်ရှိပါတယ်။ အမျိုးသားဆန်ရမယ်။ လူထုလက္ခဏာဆောင်ရမယ်။ သိပ္ပံနည်းကျရမယ် တို...
21/12/2021

ဒီမိုကရေစီပညာရေး

ဒီမိုကရေစီပညာရေးမှာ အခြေခံမူ သုံးချက်ရှိပါတယ်။ အမျိုးသားဆန်ရမယ်။ လူထုလက္ခဏာဆောင်ရမယ်။ သိပ္ပံနည်းကျရမယ် တို့ ဖြစ်ပါတယ်။ ဒါကို NPS လို့ အတိုကောက်သုံးပါတယ်။ National, Popular, Scientific လို့ ဆိုလိုတာပါ။

အမျိုးသားဆန်ရမယ်

အမျိုးသားဆန်ရမယ်ဆိုတာ ဗမာဆန်ရေးမဟုတ်ပါဘူး။ လူမျိုးစုံ စုပေါင်းနေထိုင်တဲ့နိုင်ငံမှာ လူမျိုးအသီးသီး ပြည်သူတွေရဲ့ ဘုံသဘောဆောင်တဲ့ စရိုက်လက္ခဏာကို ဖော်ဆောင်ဖို့ ဆိုလိုတာပါ။ လူမျိုးဆိုတာ အခြေခံအင်္ဂါလေးချက်နဲ့ သတ်မှတ်ပါတယ်။ (၁) တဆက်တစပ်တည်းဖြစ်တဲ့ နယ်မြေဧရိယာတခုအတွင်းမှာ နှစ်ပရိစ္ဆေဒများစွာ အတူနေထိုင်လာခဲ့သူတွေ ဖြစ်ရပါမယ်။ (၂) ဘုံဘာသာစကားနဲ့ စာပေရှိရမယ်။ (၃) တူညီတဲ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိရပါမယ်။ (၄) ပြည်သူလူထုဦးရေနဲ့ နှိုင်းဆနိုင်တဲ့ အချိုးအစားရှိရပါမယ်။ ဒီနေရာမှာ ပြည်သူလူဦးရေနဲ့ နှိုင်းဆနိုင်တဲ့အချိုးအစားဆိုတာ တိုင်းပြည်လူဦးရေ စုစုပေါင်းရဲ့ ၀.၀၁% ရှိရမယ်လို့ ဆိုလိုတာပါ။ ဗမာပြည်အဖို့ဆိုရင် လူဦးရေ ၆၀၀၀၀ လောက် ရှိရမယ်ပြောတာပါ။ အတိုချုပ်ပြောရမယ်ဆိုရင် အမျိုးသားဆန်ရမယ်ဆိုတာ ကိုယ့်တိုင်းပြည် ရေမြေ ယဉ်ကျေးမှု ဘာသာစကား လူများစုအကျိုး ဖော်ဆောင်ရမယ်လို့ ပြောတာပါပဲ။

လူထုလက္ခဏာဆောင်ရမယ်

လူထုလက္ခဏာ ဆောင်ရမယ်ဆိုတာက လူထုအတွက် အကျိုးရှိမယ့်ပညာရေး ဖြစ်ရမယ်။ လူနည်းစုသာ ပညာသင်နိုင်အောင် ကန့်သတ်ထားတဲ့ ရေပေါ်ဆီပညာရေး မဖြစ်ရဘူး။ လူထုကိုယ်တိုင် နိုးကြားတက်ကြွမှုနဲ့ ပူးပေါင်းပါဝင်လာစေတဲ့ပညာရေး ဖြစ်ရမယ်။ အမိန့်ပေးခိုင်းစေတဲ့ ဗျူရိုကရက်ပညာရေး မဖြစ်ရဘူး။ ဗျူရိုကရက်လောင်းမွေးထုတ်တဲ့ပညာရေး မဖြစ်ရဘူး။ ဒါတင်မက ဒီပညာရေးဟာ လူထုပညာရေး ဖြစ်ရမယ်။ ကျောင်းစာသင်ခန်းအတွင်းမှာပဲ ဆုံးခန်းတိုင်သွားတဲ့ပညာရေး မဖြစ်ရဘူး။ တိုင်းပြည်လူထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ပညာရေး ဖြစ်ရမယ်။

သိပ္ပံနည်းကျရမယ်

သိပ္ပံနည်းကျရေးဆိုတာ သိပ္ပံပညာဇောင်းပေးတဲ့ပညာရေးကို ဆိုလိုတာမဟုတ်ဘူး။ သိပ္ပံနည်းကျတွေးခေါ်မျှော်မြင်နိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ပညာရေး ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ အဆုံးသတ်ခြုံပြီးပြောရမယ်ဆိုရင် One Way Method Education လို့ခေါ်တဲ့ တလမ်းမောင်းပညာရေး မဖြစ်ရဘူး။ All Round Development Education လို့ခေါ်တဲ့ ဘက်စုံပညာရေး ဖြစ်ရမယ်လို့ ပြောချင်တာပါပဲ။ ဒီမိုကရေစီပညာရေးစနစ် မုချ အကောင်အထည် ဖော်နိုင်ရမယ်။ အရေးတော်ပုံအောင်ရမယ်။

https://m.facebook.com/story.php?story_fbid=4903344776382231&id=482608191789267

ဘယ်တော့မှမမှားခဲ့တဲ့ဗကသ_______________________◾️ ဇော်ဝင်း ၈၈ | ဆောင်းပါး | အိုးဝေစာစောင်ဗကသသမိုင်းတလျှောက်မှာ ရပ်တည်ချက်...
21/12/2021

ဘယ်တော့မှမမှားခဲ့တဲ့ဗကသ
_______________________

◾️ ဇော်ဝင်း ၈၈ | ဆောင်းပါး | အိုးဝေစာစောင်

ဗကသသမိုင်းတလျှောက်မှာ ရပ်တည်ချက်အမှားမရှိခဲ့ဘူး။ ဆိုလိုတာက ပြည်သူကိုဖိနှိပ်ချုပ်ချယ်တဲ့သူ၊ ပြည်သူကို နှိပ်စက်တဲ့သူဘက်မှာ မှားပြီးရပ်မိတာမျိုးမရှိခဲ့ဘူး။ လုပ်မှားကိုင်မှား နည်းနာအမှားဆိုတာကတော့ အဖွဲ့အစည်းမှန်သမျှ၊ လူပုဂ္ဂိုလ်မှန်သမျှမှာ မကင်းရာမကင်းကြောင်း ရှိတတ်တာမို့ ဗကသလည်း ကင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ ရပ်တည်ချက်အမှားဆိုတာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ အကြီးအကျယ်ဆုံးကိစ္စပဲ။

၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်တပ်က အာဏာသိမ်းတော့ ဗကသဥက္ကဋ္ဌကိုခင်မောင်အုန်းက အာဏာသိမ်းတာကို ထောက်ခံကြောင်းကြေညာခဲ့တယ်။ ဥက္ကဋ္ဌရဲ့တဦးတည်းသဘောနဲ့ကြေညာလိုက်တာပဲ။ အဲဒါဟာ ရပ်တည်ချက်အမှား။ ဒါပေမဲ့ ဗကသက လက်မခံခဲ့ဘူး။ ချက်ချင်းအရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးဆုံးဖြတ်ပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်လိုက်တယ်။ ဗကသဥက္ကဋ္ဌနေရာကိုလည်း ဒုတိယဥက္ကဋ္ဌကိုသက်ကို မဲပေးရွေးချယ် အစားထိုးခန့်ထားလိုက်တယ်။ ဥက္ကဋ္ဌက သူ့သဘောနဲ့သူ အမှားလုပ်လိုက်တာကို ဗကသက ချက်ချင်းအမှားပြင်နိုင်တယ်။ ဗကသမှာ ဥက္ကဋ္ဌဟာ အမြင့်ဆုံးအာဏာပိုင်မဟုတ်ဘူး။ ကျောင်းသားထုဟာ အမြင့်ဆုံးအာဏာပိုင်၊ ကျောင်းသားညီလာခံဟာ အမြင့်ဆုံးအာဏာပိုင်ဖြစ်တယ်။

◾️ ဘာ့ကြောင့် ချက်ချင်းအမှားပြင်နိုင်သလဲ

ဘာ့ကြောင့် ဗကသ ချက်ချင်းအမှားပြင်နိုင်သလဲဆိုတော့ စတင်ဖွဲ့စည်းကတည်းက ဗကသက အစဉ်တစိုက်လက်ခံ ကျင့်သုံးလာတဲ့ ဒီမိုကရေစီဗဟိုဦးစီးစနစ်ကြောင့်ပဲ။ ဒီမိုကရေစီဆိုတာက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တာ။ အဆိုတခုကိုလည်း ဒီမိုကရေစီနည်းကျကျ ဆွေးနွေးငြင်းခုံပြီးမဲခွဲဆုံးဖြတ်တယ်။ ဗဟိုဦးစီးစနစ်ဆိုတာက ရွေးကောက်တင်မြှောက်ထားကြတဲ့ ဗဟိုက ဦးစီးဦးဆောင်ပြုတဲ့စနစ်ဖြစ်တယ်။ ဒီမိုကရေစီပါတီကြီးများတောင် ဒီမိုကရေစီဗဟိုဦးစီးစနစ်ကို အစစ်အမှန်လိုက်နာမကျင့်သုံးကြဘဲ ဖောက်လွှဲသွေဖည်တာရှိခဲ့ပေမဲ့ ဗကသဟာ ဒီမိုကရေစီဗဟိုဦးစီးစနစ်ကိုနှစ်ပေါင်းများစွာအောင်အောင်မြင်မြင် ကျင့်သုံးနိုင်ခဲ့တယ်။ (ဒီမိုကရေစီဗဟိုဦးစီးစနစ်အကြောင်းကိုသပ်သပ်ဆောင်းပါးရေးပါဦးမယ်။)

◾️ ဗကသရဲ့အခက်အခဲဆုံးကာလတခု

ဗကသမှာ စည်းရုံးရေးအရ အခက်အခဲဆုံးကာလတခုရှိခဲ့တယ်။ အဲဒါက ပြီးခဲ့တဲ့ ၅ နှစ်တာကာလပဲ။ ဘာ့ကြောင့်ခက်ခဲခဲ့သလဲဆိုတော့ လူထုထောက်ခံမှုအရဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စစ်တပ်နဲ့ (တဖက်သတ်) ရင်ကြားစေ့ရေးမူကို အကြိမ်ကြိမ်ထောက်ပြဝေဖန်ခဲ့လို့ပဲ။ စစ်တပ်နဲ့ရင်ကြားစေ့တာကို ဗကသက အသားလွတ်ကန့်ကွက်တာမဟုတ်ဘူး။ ဒါပေမဲ့ အစစအရာရာ (တဖက်သတ်) အလျှော့ပေးစေ့စပ်ရင်ကြားစေ့ရေးမူ ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားနိုင်လို့၊ ဖြစ်သွားတတ်လို့၊ ဖြစ်လာတာကိုတွေ့လို့ အကြိမ်ကြိမ်ထောက်ပြဝေဖန်ခဲ့တာ။

စစ်အာဏာရှင်ကို အစစအရာရာ (တဖက်သတ်) အလျှော့ပေးလွန်းတော့ စစ်အာဏာရှင်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကိုပါ အားပေးအားမြှောက်ပြုသလိုဖြစ်ခဲ့တာ အကြိမ်ကြိမ်တွေ့ခဲ့ရတယ်။ အဲသလိုတွေ့တဲ့အခါတိုင်းမှာ ဗကသက ဝေဖန်ခဲ့တယ်။

အထူးသဖြင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ တိုင်းရင်းသားပြည်သူတွေကို ဖိနှိပ်တဲ့အခါတိုင်းမှာ ဗကသဟာ ဝေဖန်ခဲ့တယ်။ ဥပမာ မြန်မာဗနီးယားသစ်ချောထည်အလုပ်သမားသပိတ်မှာ အလုပ်သမားဘက်က ရပ်တည်ခဲ့တယ်။ မန္တလေးအောင်သပြေရွာလယ်သမားအရေးမှာ လယ်သမားဘက်က ရပ်တည်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာ AA ကိုရဟတ်ယာဉ်နဲ့တိုက်ဖို့ ပြောတာကို ဗကသက ဆန့်ကျင်ခဲ့တယ်။ ကချင်ကိုစစ်တိုးတိုက်ဖို့ အစိုးရက စစ်တပ်ကို မီးစိမ်းပြတဲ့အပေါ်မှာလည်း ဗကသက ဆန့်ကျင်ခဲ့တယ်။

အဲသလို လုပ်ရပ်တွေကို ဗကသက ဝေဖန်ဆန့်ကျင်တာဟာ အများပြည်သူရဲ့ အကျိုးစီးပွားကိုရှေ့ရှုပြီး ဆန့်ကျင်တာဖြစ်တယ်။ အဲသလိုပြည်သူ့အကျိုးစီးပွားနဲ့ဆန့်ကျင်တဲ့လုပ်ရပ်မျိုးကို ဘယ်သူပဲလုပ်လုပ် ဗကသက ဆန့်ကျင်မှာပဲ။ အဲဒါဟာဗကသတွေ သမိုင်းတလျှောက်လုံးကျင့်သုံးခဲ့တဲ့ အစဉ်အလာပဲ။

ဒါပေမဲ့ ဗကသနဲ့ပြည်သူကို သွေးခွဲရန်တိုက်ပေးသူတွေရှိခဲ့တဲ့အတွက် ဗကသအခက်ကြုံခဲ့ရတယ်။ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစရာဖြစ်နေလို့သာ ဗကသကဝေဖန်ခဲ့တာဖြစ်ပေမဲ့ ဗကသကပဲ ပြည်သူတင်မြှောက်ထားတဲ့သူကို တမင်ဆန့်ကျင်ပြီး စစ်အာဏာရှင်အကျိုးများအောင် လုပ်သလိုလို သွေးထိုးတာတွေ ခံခဲ့ရတယ်။ အထင်လွဲတာတွေခံခဲ့ရတယ်။

ကိုယ်ရပ်တည်တဲ့ပြည်သူနဲ့ ပြန်လှည့်ရန်တိုက်ပေးခံရတဲ့ နိုင်ငံရေးလောကဓံကို ဗကသဟာ ၅ နှစ်လုံးလုံးကြံ့ကြံ့ခံခဲ့ရတယ်။ အဲဒီကာလတွေမှာ ကျောင်းသားတွေကို ကျောင်းနွားလေးတွေလို့တောင် ခေါ်ခဲ့ဆဲခဲ့တဲ့သူတွေရှိခဲ့တာကိုလည်း အားလုံးမှတ်မိကြဦးမှာပဲ။ နိုင်ငံရေးလောကဓံကို ဗကသဟာ အဲသလိုကြံ့ကြံ့ခံခဲ့ရတယ်။

◾️ ဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲ

အခုဘယ်သူမှားသလဲ၊ ဘယ်သူမှန်သလဲဆိုတာ အဖြေပေါ်ပြီ။ အကြောင်းမဲ့ခေါင်းမာနေသူ မဟုတ်ရင် ဗကသမမှားခဲ့ဘူးဆိုတာ အခုထင်ထင်ရှားရှားမြင်နိုင်ပြီ။ ဗကသဟာရှေ့ကို ကြိုမြင်နိုင်ခဲ့တယ်ဆိုတာ သိလောက်ပြီ။

ကျောင်းသားတွေ နိုင်ငံရေးကို ဘာမှမလေ့လာဘူး၊ နိုင်ငံရေးကို ဘာမှနားမလည်ဘူးလို့ဆဲခဲ့သူတွေ အများကြီးရှိခဲ့တယ်။ အခုအဲဒီဆဲတဲ့သူတွေက နိုင်ငံရေးနားမလည်တာလား၊ ကျောင်းသားတွေက နားမလည်တာလားဆိုတာ ထင်ထင်ရှားရှားအဖြေပေါ်နေပြီ။

အခုဒီလိုပြောနေတာဟာ အစကဒို့မပြောလားဆိုပြီး မဏ္ဍပ်တိုင်တက်ပြချင်လို့ပြောနေတာမဟုတ်ဘူး။ အနာဟောင်းကိုပြန်ဖော်ချင်လို့လည်း မဟုတ်ဘူး။ နောက်နောင်မှာ ထပ်မဖြစ်စေချင်လို့ပြောတာပဲ။ ဇော်ဝင်းဟာ လက်ရှိဗကသရဲ့အဖွဲ့ဝင်လည်း မဟုတ်ဘူး။ လက်ရှိဗကသရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးဟာလည်း ဗကသရဲ့ တရားဝင်ပြောဆိုချက်မဟုတ်ဘူး။ ဗကသဟောင်းတယောက်ရဲ့ သမိုင်းဆိုင်ရာ သုံးသပ်ပြောဆိုချက်တခုသာဖြစ်တယ်။

အဖွဲ့အစည်းတွေမှာလည်း လူလိုပဲ မျိုးရိုးနဲ့ သမိုင်းအစဉ်အလာဆိုတာအရေးကြီးတယ်။ စစ်အာဏာရှင်တွေဆိုရင်ကြည့်။ သူတို့မျိုးရိုး သူတို့အစဉ်အလာအတိုင်း တစိုက်မတ်မတ်ကျင့်သုံးတယ်။ ပြည်သူကိုသတ်တယ်၊ သူတို့အတွက် စီးပွားရှာတယ်၊ လက်နက်နဲ့အနိုင်ကျင့်တယ်၊ ဗြောင်ညာတယ်ဆိုတာတွေဟာ သူတို့အစဉ်အလာတွေပဲ။ ခေါင်းဆောင်ဘယ်လိုပြောင်းပြောင်း အစဉ်အဆက်အဲဒီအတိုင်းပဲ ကျင့်သုံးတယ်။ အဲဒါ သူတို့အဖွဲ့အစည်းရဲ့ မျိုးရိုး၊ သူတို့အဖွဲ့အစည်းရဲ့ သန္ဓေပါဗီဇသတ္တိမို့ ပြောင်းလဲလို့ မရတာပဲ။ ဗကသမှာလည်း ဒီလိုပဲ။ သန္ဓေပါဗီဇသတ္တိဆိုတာ လွယ်လွယ်နဲ့မပြောင်းဘူး။ ပြည်သူဘက်က အမြဲရပ်တယ်။ ဖိနှိပ်သူကိုတော်လှန်တယ်။ ခေါင်းဆောင်ဘယ်လိုပြောင်းပြောင်း အဲဒီအစဉ်အလာ မပြောင်းဘူး။ ဆက်လက်ထိန်းသိမ်းကြတယ်။

ဗကသထဲက ကျောင်းသားတွေဟာ လူငယ်လေးတွေ အသက်ငယ်တယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ ဗကသဟာ ဗမာပြည်မှာ အသက်အကြီးဆုံးအဖွဲ့အစည်းကြီးဖြစ်တယ်။ ပြည်သူတရပ်လုံးက အလေးအမြတ်ထားစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းကြီးလည်းဖြစ်တယ်။ အခုဗကသ အသက် ၈၀* ကျော်ပြီ။ ဗကသဟာ သမိုင်းဝင်ဘိုးအေကြီးဆိုတာ နားလည်မယ်ဆိုရင် တခါမှရပ်တည်ချက်မမှားတာဟာ ဘာ့ကြောင့်ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။

(*စာစောင်ထဲမှာ ၉၀ ဆိုပြီး မှားယွင်းဖော်ပြထားတာကို အမှန်အတိုင်းပြန်လည်ပြင်ဆင်ထားပါတယ်။ - အယ်ဒီတာအဖွဲ့)

ဓာတ်ပုံ - ဝေလျံ
___
◾️ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ကိုဒေါင်းလုတ်ရယူရန် - https://bit.ly/3GVP9A1
◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n
အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
___

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ထွက်ပြီ___ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ...
19/12/2021

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ထွက်ပြီ
___
ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ထွက်ရှိလာပါပြီ။ ဒီတပတ်အိုးဝေစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -

▪ ကဗျာ
ပြည်သူ့ အောင်လံတော် - နီရူဒါ၊ မာဂျင် - ကိုပေါ၊ ရောင်နီဦးဆီလမ်းပြသူ (သို့မဟုတ်) ရဲဘော် နှင်းအောင် - အိုက်နီ (ဖြူး)၊ ကျဆုံးရဲဘော် - ရဲရင့်လင်္ကာ

▪ ဆောင်းပါး
ဆာဆာကာဝါရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှန်တရား - အိုက်နီ (ဖြူး)၊ ဘယ်တော့မှ မမှားခဲ့တဲ့ ဗကသ - ဇော်ဝင်း ၈၈ ဗကသ၊ Myanmar's Spring Revolution: a history from below - Ko Maung

▪ အတွေးအမြင်
ကာကွယ်ရေးပစ္စည်းလိုအပ်ချက်နှင့် တိုး၍တွန်းသင့်သော ထုတ်လုပ်ရေး - အရိန္ဒမာ

▪ ဘာသာပြန်
မြန်မာ့နွေဦးတော်လှန်ရေး: အောက်ခြေမှ အမြင် - အောင်ဆက်၊ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး (အပိုင်း - ၅) - YUOPS

စတာတွေနဲ့ သတင်းစုစည်းမှုတွေ၊ သတင်းသုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။
___
◾️ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ကိုဒေါင်းလုတ်ရယူရန် - https://bit.ly/3GVP9A1
◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n
အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
___

13/12/2021

အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းနေမှုနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်

ရက်စွဲ ။ ။ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်

အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရသည်ဟု သိရသည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်ဟု သိရသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍
၁။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး နှင့်
၂။ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုတရပ်လုံးထံ မေတ္တာရပ်ခံအပ်ပါသည်။

ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင်တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

07/12/2021

ရဲဘော်နှင်းအောင်

(ဗကသများအဖွဲ့ချုပ် ၂၀၁၆ ရွေးကောက်ခံဗဟိုကော်မတီဝင် တိုင်းရင်းသားရေးရာ တာဝန်ခံဟောင်း)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကန့်ဘလူနယ်၊ တင်ငုပ်ကြီးကျေးရွာ၌ စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရကာ ကျဆုံးသည်။

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၈ ထွက်ပြီ___ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ...
06/12/2021

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၈ ထွက်ပြီ
___
ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ၈ ထွက်ရှိလာပါပြီ။ ဒီတပတ်အိုးဝေစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -

▪ ကဗျာ
တောခိုသူ - နွေယံ၊ မင်းတို့ ရောကြိတ်နေတာများပြီ - ယောဂီသစ်၊ ပန်းငွေဇာမှုန်ခေတ်ကြီးရဲ့တေးဆို - လွမ်းချစ်

▪ ဆောင်းပါး
ဗမာပြည်မှာ လူဖြစ်အရှုံးဆုံးသူများ - ဇော်ဝင်း ၈၈ ဗကသ၊ အနောက်မြောက်တောင်တန်းထက်က ကြယ်နီ - လွမ်းချစ်၊ လူထု တော်လှန်ရေးနှင့် လယ်ယာမြေပြုပြင်ပြောင်းလဲရေး - တက်ဇေထက်၊ ရန်သူ့အကြောင်း ကိုယ့်အကြောင်း - ခွန်းသစ်

▪ ရသအက်ဆေး
အနောက်မြောက်တောင်တန်းထက်က ကြယ်နီ - လွမ်းချစ်၊

ဘာသာပြန်
▪ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး (အပိုင်း - ၃) - YUOPS
စတာတွေနဲ့ သတင်းစုစည်းမှုတွေ၊ သတင်းသုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။
___
◾️ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၈ ကိုဒေါင်းလုတ်ရယူရန် - https://bit.ly/3dkt3KM
◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n
အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
___


https://www.facebook.com/story.php?story_fbid=838386090269657&id=736805910427676

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကိုနှင်းအောင် (ဗကသများအဖွဲ့ချုပ် ဗဟိုေ...
04/12/2021

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကိုနှင်းအောင် (ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆ / ၂၀၂၁
ရက်စွဲ - ၄ / ၁၂ / ၂၀၂၁

ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ကိုနှင်းအောင်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ဖက်ဆစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျဆုံးသွားသည်ဟု သိရပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်နှင်းအောင်အား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များကို ကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့

ဗဟိုအမှုဆောင်အဖွဲ့

https://www.facebook.com/482608191789267/posts/4838701179513258/

ဗကသများအဖွဲ့ချုပ် ရံပုံငွေကောက်ခံခြင်းနှိုးဆော်ချက်
30/11/2021

ဗကသများအဖွဲ့ချုပ် ရံပုံငွေကောက်ခံခြင်းနှိုးဆော်ချက်

ဗကသများအဖွဲ့ချုပ် ရန်ပုံငွေ ကောက်ခံခြင်း နှိုးဆော်ချက်

မိဘပြည်သူများခင်ဗျာ...

ဗကသများအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၃၆ ခုနှစ်မှ စ၍ ယနေ့အချိန်အထိ ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် လုပ်ငန်းစဉ်အရပ်ရပ်ကို အဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ လှုပ်ရှားလုပ်ဆောင်နေပါသည်။ ဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုနှင့်အတူ ယနေ့အချိန်အထိ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် တိုက်ပွဲဝင်နေပါသည်။

ယခုအခါတွင် ဗကသများအဖွဲ့ချုပ်၏ လုပ်ငန်းစဉ်အရပ်ရပ်ကို ဆက်လက်၍ လှုပ်ရှားလုပ်ဆောင်ရန်အတွက် ရံပုံငွေအခက်အခဲများ ကြုံတွေ့နေရပါသည်။ မိဘပြည်သူများအနေဖြင့် ဗကသများအဖွဲ့ချုပ် သို့ ရန်ပုံငွေများ လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

ဗကသများအဖွဲ့ချုပ် လူမှုကွန်ယက်စာမျက်နှာသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်။ (သတိပြုရန် - အပြာရောင်အမှန်ခြစ်ပါရှိသည့် စာမျက်နှာသည်သာလျှင် ဗကသများအဖွဲ့ချုပ် ၏ တရားဝင်စာမျက်နှာဖြစ်ပါသည်။)

ရန်ပုံငွေလှူဒါန်းရန်
page - All Burma Federation of Student Unions 🔵
Page Messenger - m.me/abfsu

ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်

ဒီနေ့ဟာ ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့ ၁၀၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ်ဟာ နယ်ချဲ့ကပေးတဲ့ ကျွန်ပညာေ...
28/11/2021

ဒီနေ့ဟာ ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့ ၁၀၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ်ဟာ နယ်ချဲ့ကပေးတဲ့ ကျွန်ပညာရေးကို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ်ကနေတဆင့် ကျောင်းသားလှုပ်ရှားမှုတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးလှုပ်ရှားအသွင်ဆောင်လာခဲ့ပြီး နောက်ဆုံးမှာ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါတယ်။

ဒီလိုထူးခြားတဲ့ နေ့ထူးနေ့မြတ်မှာ ၁၃၁၉ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ (၁၉၅၇ ခုနှစ်) မှာထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းရဲ့ ရှေ့ပြေး အမျိုးသားနေ့အထိမ်းအမှတ် အိုးဝေစာစောင်ကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

https://bit.ly/3p44Z4l

#ပထမကျောင်းသားသပိတ် #အမျိုးသားနေ့ #ဗကသ #ရတကသ

https://www.facebook.com/736805910427676/posts/833473270760939/

25/11/2021


သတင်းမီဒီယာများသို့ အသိပေးတင်ပြခြင်း

ဗကသများအဖွဲ့ချုပ်၏ တရားဝင်ပြန်ကြားရေး စာမျက်နှာများတွင် ဖော်ပြထားသော ဖော်ပြချက်များအား ခွင့်ပြုချက်တောင်းရန် မလိုအပ်ဘဲ မူရင်းရည်ရွယ်ချက်နှင့် အနှစ်သာရမပျက် ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။

ဗကသများအဖွဲ့ချုပ်၏ တရားဝင် ပြန်ကြားရေးစာမျက်နှာများ

Facebook - All Burma Federation of Student Unions
(အပြာရောင်အမှန်ခြစ် Blue Mark အမှတ်အသား ပါဝင်သည့် page)
page Link - https://www.facebook.com/abfsu

Telegram - t.me/abfsu

Twitter - https://twitter.com/abfsu_burma

Website - https://www.abfsu.com

မှတ်ချက် ။ ။ All Burma Federation of Student Unions အပြာရောင်အမှန်ခြစ် (Blue Mark) ပါဝင်သော page နှင့် ဖော်ပြပါ Online လိပ်စာများသည်သာ ဗကသများအဖွဲ့ချုပ်၏ တရားဝင် ပြန်ကြားရေးစာမျက်နှာများဖြစ်ပြီး All Burma Federation of Student Unions အမည်နှင့် (Blue Mark မပါဝင်သော) အခြားစာမျက်နှာများသည် ဗကသများအဖွဲ့ချုပ်၏ တရားဝင်စာမျက်နှာ မဟုတ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်

စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တိုက်ဖျက်ကြရန် ကျောင်းသားထုနှင့် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်းကြေညာချက်အမှတ် - ၁၀...
21/11/2021

စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တိုက်ဖျက်ကြရန် ကျောင်းသားထုနှင့် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်း

ကြေညာချက်အမှတ် - ၁၀/၂၀၂၁
ရက်စွဲ - ၂၁/၁၁/၂၀၂၁

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဓမ္မအာဏာသိမ်းပိုက်ခဲ့သော ဖက်ဆစ်အုပ်စုသည် ယခုဆိုလျှင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ စစ်ဗျူရိုကရေစီယန္တယားအား လည်ပတ်စေရန် ကြိုးပမ်းနေသည်။ ဖက်ဆစ်အုပ်စု၏ ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်ခြင်းသည် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ပြည်တွင်း/ပြည်ပတွင် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အမြတ်ထုတ်ရန် သက်သက်သာဖြစ်သည်။ ပညာရေး၊ စီးပွားရေးပြဿနာတို့သည် နိုင်ငံရေးပြဿနာနှင့် ဒွန်တွဲနေသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီး လုယက် သတ်ဖြတ်ခြင်း ဆက်တိုက်ကျူးလွန်နေသည့် ဖက်ဆစ်အုပ်စု၏ စစ်အာဏာရှင်စနစ်တွင် ပေါ်ထွက်လာမည့် ပညာရေးစနစ်သည်လည်း စစ်ကျွန်ပညာရေးသာဖြစ်မည်။ ထို့ကြောင့် ဖက်ဆစ်အုပ်စုမှ အသက်သွင်းနေသော စစ်ကျွန်ပညာရေးစနစ်အား ကျောင်းသားထုနှင့် လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးမှ ကျောင်းမတက် ကျောင်းမအပ်ဘဲ တခဲနက်ဆန့်ကျင်ကာ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် လိုအပ်ပေသည်။
စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယား (စစ်သုံးစစ်) တို့ဖြင့် အခိုင်အမာ တည်ဆောက်ထားသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်ရန်မှာ ကြှနျုပျတို့ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သကဲ့သို့ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်လည်း ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ အုံကြွဆန့်ကျင်တော်လှန်ကြပါရန် ကြှနျုပျတို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကြှနျုပျတို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ရရာနည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့

https://www.facebook.com/482608191789267/posts/4797796516937058/

Address

Wuntho

Website

Alerts

Be the first to know and let us send you an email when Wuntho Students' Union-ABFSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Wuntho Students' Union-ABFSU:

Shortcuts

Share

Category