Ling’s Lab Chinese - Bridging Cultures and Careers

Ling’s Lab Chinese - Bridging Cultures and Careers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ling’s Lab Chinese - Bridging Cultures and Careers, Bedok north Street, Singapore.

🌏 Ling’s Lab Chinese – Bridging Cultures & Careers 🌏 we serve for practical Chinese classes, workplace communication, and Singapore job & work-pass support for international workers from Bangladesh, India, the Philippines, Myanmar & beyond. 🇸🇬

27/08/2026

🌿 Chinese Expression | 拿得起,放得下 (Ná de qǐ, fàng de xià)

Some things are worth holding on to. Some things are better left behind. ❤️

拿得起,放得下 literally means:
👉 “Able to pick it up, and able to put it down.”

✨ Figuratively, it describes someone who can take responsibility when needed and let go when necessary—especially when it comes to relationships, setbacks, and things that cannot be changed.

🇬🇧 Meaning:

* Know when to hold on and when to let go.
* Take things seriously when necessary, but don’t cling to what should be released.
* Be strong enough to move forward.

ဟိုတယ်မှာ တည်းခိုတဲ့အခါ ဒါမှမဟုတ် တရုတ်စကားပြောနိုင်ငံကို ခရီးသွား၊ အလုပ်သွားတဲ့အခါ အသုံးဝင်တဲ့ တရုတ်ဝေါဟာရ (၅) လုံးကို ...
04/08/2026

ဟိုတယ်မှာ တည်းခိုတဲ့အခါ ဒါမှမဟုတ် တရုတ်စကားပြောနိုင်ငံကို ခရီးသွား၊ အလုပ်သွားတဲ့အခါ အသုံးဝင်တဲ့ တရုတ်ဝေါဟာရ (၅) လုံးကို ဒီနေ့ အတူလေ့လာလိုက်ရအောင်။

📚 ဒီနေ့သင်ယူမယ့် စကားလုံးများ
🧳 寄存行李 – အိတ်အထုပ်အပ်နှံခြင်း
🛎️ 搬运工 – အိတ်သယ်ဝန်ထမ်း (Bellboy)
🚖 叫出租车 – Taxi ခေါ်ခြင်း
🚌 班车 – Shuttle Bus
🗺️ 地图 – မြေပုံ

✨ သင်ခန်းစာတိုင်းမှာ ပါဝင်တာတွေက
✅ တရုတ်စာ (Chinese Characters)
✅ Pinyin အသံထွက်
✅ English အဓိပ္ပာယ်
✅ မြန်မာဘာသာပြန်
✅ လက်တွေ့အသုံးပြုနိုင်တဲ့ ဥပမာဝါကျများ

နေ့စဉ် အသုံးဝင်တဲ့ တရုတ်စကားတွေကို တစ်နေ့နည်းနည်းစီ လေ့လာပြီး ခရီးသွား၊ အလုပ်လုပ်၊ နေထိုင်တဲ့အခါ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်အောင် Ling’s Lab နဲ့အတူ လေ့ကျင့်လိုက်ပါ။

📌 ဒီ Post ကို Save လုပ်ထားပြီး လိုအပ်တဲ့အချိန်မှာ ပြန်လေ့လာနိုင်ပါတယ်။
💖 Follow & Share လုပ်ပြီး တခြားသူတွေနဲ့လည်း အတူတူ လေ့လာလိုက်ရအောင်။

Learn. Speak. Connect. 🌏

#တရုတ်စာ #တရုတ်သင်တန်း #တရုတ်စာသင်တန်းကျောင်း

🏨 Hotel Chinese Vocabulary | Day 1–5 🇨🇳ဟိုတယ်မှာ တည်းခိုတဲ့အခါ တရုတ်စကားကို ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ အခြေခံစကားလုံ...
22/07/2026

🏨 Hotel Chinese Vocabulary | Day 1–5 🇨🇳

ဟိုတယ်မှာ တည်းခိုတဲ့အခါ တရုတ်စကားကို ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ အခြေခံစကားလုံးတွေကို အတူလေ့လာလိုက်ရအောင်။

Hotel Chinese Vocabulary Day 1–5 မှာ ဟိုတယ်မှာ အများဆုံးအသုံးပြုရတဲ့ စကားလုံးများနဲ့ လက်တွေ့အသုံးပြုနိုင်တဲ့ ဝါကျတွေကို စုစည်းထားပါတယ်။

✨ သင်ယူရမယ့်အကြောင်းအရာများ
🛎️ ဟိုတယ်အသုံးအနှုန်းများ
🛏️ အခန်းတွင်းအသုံးအဆောင်များ
🧳 ခရီးသွားစကားလုံးများ
💬 နေ့စဉ်အသုံးဝင်တဲ့ ဝါကျများ
📖 တရုတ်စာ + Pinyin + English + မြန်မာဘာသာပြန်

တရုတ်စကားကို နေ့တိုင်းနည်းနည်းစီ လေ့လာပြီး လက်တွေ့ဘဝမှာ ယုံကြည်မှုရှိရှိ အသုံးပြုနိုင်အောင် Ling’s Lab နဲ့အတူ လေ့ကျင့်လိုက်ပါ။

📌 ဒီ Post ကို Save လုပ်ထားပြီး နေ့တိုင်း ပြန်လေ့လာဖို့ မမေ့ပါနဲ့။
💖 Share လုပ်ပြီး တခြားသူတွေလည်း အတူလေ့လာနိုင်အောင် ကူညီပေးပါ။

Learn. Speak. Connect. 🌏

#တရုတ်စာသင်တန်းကျောင်း #တရုတ်သင်တန်း

15/07/2026

👋 နေ့စဉ်သုံး တရုတ်နှုတ်ဆက်စကား (၇) မျိုး

တရုတ်စကားကို စလေ့လာတဲ့သူတိုင်း အရင်ဆုံးသိထားသင့်တာက နှုတ်ဆက်စကားများ ဖြစ်ပါတယ်။

ဒီနေ့တော့ နေ့စဉ်ဘဝမှာ အများဆုံးအသုံးပြုတဲ့ တရုတ်နှုတ်ဆက်စကား (၇) မျိုး ကို လေ့လာလိုက်ရအောင်။

☀️ 你好 (nǐ hǎo) – မင်္ဂလာပါ / Hello

🌅 早上好 (zǎoshang hǎo) – မင်္ဂလာနံနက်ခင်းပါ / Good Morning

🌞 中午好 (zhōngwǔ hǎo) – မင်္ဂလာနေ့လယ်ခင်းပါ / Good Noon

🌤️ 下午好 (xiàwǔ hǎo) – မင်္ဂလာနေ့လယ်ပိုင်းပါ / Good Afternoon

🌙 晚上好 (wǎnshang hǎo) – မင်္ဂလာညနေခင်းပါ / Good Evening

🤝 好久不见 (hǎojiǔ bú jiàn) – မတွေ့တာကြာပြီနော် / Long Time No See

😴 晚安 (wǎn’ān) – အိပ်မက်လှလှမက်ပါစေ / Good Night

#တရုတ်စာသင်တန်းကျောင်း #တရုတ်စာ #တရုတ်စကား #တရုတ်သင်တန်း

14/07/2026

😊 တရုတ်ဘာသာမှာ စိတ်ခံစားချက် ၅ မျိုးကို လေ့လာကြရအောင်!

နေ့စဉ်စကားပြောတဲ့အခါ ကိုယ့်ခံစားချက်ကို တရုတ်လို သဘာဝကျကျ ပြောတတ်ဖို့ ဒီစကားလုံး (၅) လုံးက အရမ်းအသုံးဝင်ပါတယ်။

🌞 开心 (kāixīn) — ပျော်ရွှင်သည်၊ စိတ်ချမ်းသာသည်�စိတ်ပျော်ရွှင်ပြီး အရာရာကို အကောင်းမြင်နေတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားလုံးပါ။

✨ 高兴 (gāoxìng) — ဝမ်းသာသည်၊ ပျော်သည်�ကောင်းတဲ့သတင်းကြားရတာ၊ သူငယ်ချင်းနဲ့ တွေ့ရတာ၊ လက်ဆောင်ရတာလိုမျိုး အကြောင်းတစ်ခုကြောင့် ဝမ်းသာပျော်ရွှင်တဲ့အခါ သုံးပါတယ်။

🌧️ 难过 (nánguò) — စိတ်မကောင်းဖြစ်သည်၊ ဝမ်းနည်းသည်�မျှော်လင့်ထားတာ မဖြစ်တာ၊ စိတ်ထိခိုက်တာ၊ စိတ်ညစ်တာ စတဲ့ အခြေအနေတွေမှာ အသုံးများပါတယ်။

💔 伤心 (shāngxīn) — အလွန်ဝမ်းနည်းသည်၊ စိတ်ကျိုးကြေသည်
�难过 ထက် ပိုမိုပြင်းထန်တဲ့ ဝမ်းနည်းမှုကို ဖော်ပြပါတယ်။ ချစ်ရသူကို ဆုံးရှုံးရတာ၊ အလွန်စိတ်ထိခိုက်ရတဲ့ အခြေအနေမျိုးမှာ အသုံးများပါတယ်။

😠 生气 (shēngqì) — စိတ်တိုသည်၊ ဒေါသထွက်သည်�တစ်ယောက်ယောက်ရဲ့ အပြုအမူကြောင့် ဖြစ်စေ၊ မကျေနပ်စရာ အခြေအနေတစ်ခုကြောင့် ဖြစ်စေ ဒေါသထွက်တဲ့အခါ သုံးပါတယ်။

💡 မှတ်သားထားရမယ့် အချက်
✅ 开心 နဲ့ 高兴 နှစ်ခုလုံးက “ပျော်တယ်” လို့ အဓိပ္ပာယ်ရပေမယ့် 开心 က ယေဘုယျ စိတ်ပျော်ရွှင်မှုကို ဖော်ပြပြီး 高兴 က အကြောင်းတစ်ခုကြောင့် ဝမ်းသာပျော်ရွှင်တာကို ပိုပြီး ဖော်ပြပါတယ်။

✅ 难过 နဲ့ 伤心 နှစ်ခုလုံးက “ဝမ်းနည်းတယ်” လို့ အဓိပ္ပာယ်ရပေမယ့် 伤心 က ပိုမိုနက်ရှိုင်းပြီး ပြင်းထန်တဲ့ ဝမ်းနည်းမှုကို ဖော်ပြပါတယ်။

#တရုတ်စာ #တရုတ်စကား #တရုတ်စာသင်တန်းကျောင်း

ဒီနေ့ရဲ့ တရုတ်ဝေါဟာရ – 执念 (zhí niàn)တစ်စုံတစ်ယောက်၊ အတိတ်အမှတ်တရတစ်ခု၊ ဒါမှမဟုတ် အိပ်မက်တစ်ခုကို မလွှတ်ချနိုင်ဘဲ စွဲလမ်း...
13/07/2026

ဒီနေ့ရဲ့ တရုတ်ဝေါဟာရ – 执念 (zhí niàn)

တစ်စုံတစ်ယောက်၊ အတိတ်အမှတ်တရတစ်ခု၊ ဒါမှမဟုတ် အိပ်မက်တစ်ခုကို မလွှတ်ချနိုင်ဘဲ စွဲလမ်းနေဖူးပါသလား။

တရုတ်ဘာသာစကားမှာ 执念 (zhí niàn) ဆိုတာ စိတ်ထဲမှာ အမြဲစွဲလမ်းနေပြီး မလွှတ်ချနိုင်တဲ့ ခံစားချက် ကို ဆိုလိုပါတယ်။ ချစ်ခြင်း၊ အောင်မြင်မှု၊ နောင်တ သို့မဟုတ် ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။

✨ မှတ်ထားသင့်တဲ့ စာကြောင်း

放下执念,才能更轻松地生活。
Fàngxià zhíniàn, cái néng gèng qīngsōng de shēnghuó.

စွဲလမ်းမှုကို လွှတ်ချနိုင်မှ ဘဝကို ပိုမိုပေါ့ပါးစွာ နေထိုင်နိုင်ပါတယ်။

💬 သင်ရော 执念 တစ်ခုခုရှိဖူးလား? Comment မှာ မျှဝေပေးပါ။

📚 Follow နေ့စဉ် အသုံးဝင်တဲ့ တရုတ်ဝေါဟာရတွေကို လေ့လာလိုက်ပါ။

#တရုတ်စာ #တရုတ်စကား #တရုတ်စာသင်တန်းကျောင်း

12/07/2026

တရုတ်ဘာသာစကား မေးခွန်းပြစကားလုံးများ
တရုတ်လို မေးခွန်းတွေ စမေးဖို့ အဆင်သင့်ပဲလား။ သိထားသင့်တဲ့ အဓိက မေးခွန်းပြစကားလုံး ၅ လုံးကို စာလုံးအရေးအသား၊ အသံထွက်နဲ့ အဓိပ္ပာယ်တွေနဲ့တကွ စုစည်းပေးထားပါတယ်။
၁။ 什么 (shénme)
အဓိပ္ပာယ်: ဘာလဲ
အသုံးပြုပုံ: ပစ္စည်းများ၊ အရာဝတ္ထုများနှင့် လုပ်ဆောင်ချက်များကို မေးမြန်းရာတွင် သုံးသည်။
၂။ 谁 (shéi / shuí)
အဓိပ္ပာယ်: ဘယ်သူလဲ
အသုံးပြုပုံ: လူပုဂ္ဂိုလ်များကို မေးမြန်းရာတွင် သုံးသည်။
၃။ 哪儿 (nǎr) သို့မဟုတ် 哪里 (nǎlǐ)
အဓိပ္ပာယ်: ဘယ်မှာလဲ
အသုံးပြုပုံ: တည်နေရာနှင့် နေရာများကို မေးမြန်းရာတွင် သုံးသည်။
၄။ 什么时候 (shénme shíhou)
အဓိပ္ပာယ်: ဘယ်အချိန်မှာလဲ
အသုံးပြုပုံ: အချိန်၊ ရက်စွဲများနှင့် အချိန်အခါများကို မေးမြန်းရာတွင် သုံးသည်။
၅။ 几 (jǐ)
အဓိပ္ပာယ်: ဘယ်လောက်လဲ / ဘယ်နှစ်ခုလဲ (အဓိကအားဖြင့် ၁၀ အောက် အရေအတွက်များအတွက်)
အသုံးပြုပုံ: အရေအတွက်၊ နာရီ သို့မဟုတ် ရက်စွဲများကို မေးမြန်းရာတွင် သုံးသည်။

#တရုတ်စာ #တရုတ်စကား #တရုတ်စာသင်တန်းကျောင်း

သင့်ရဲ့ တရုတ်စာစွမ်းရည်ကို အဆင့်မြှင့်ဖို့ အဆင်သင့်ဖြစ်ပြီလား? 🎉HSK 6 ဝေါဟာရကမ္ဘာထဲကို ကျွန်တော်တို့နဲ့အတူ ခုန်ဆင်းလိုက်...
07/07/2026

သင့်ရဲ့ တရုတ်စာစွမ်းရည်ကို အဆင့်မြှင့်ဖို့ အဆင်သင့်ဖြစ်ပြီလား? 🎉

HSK 6 ဝေါဟာရကမ္ဘာထဲကို ကျွန်တော်တို့နဲ့အတူ ခုန်ဆင်းလိုက်ပါ။

ဒီတစ်ပတ်မှာ သင့်တရုတ်စာကို ပိုပြီး သဘာဝကျစေမယ့်၊ ပိုမိုရင့်ကျက်စေမယ့် အဓိကစကားလုံး ၃ လုံးကို ဖော်ပြပေးလိုက်ပါတယ်။
၎င်းတို့မှာ 协商 (xiéshāng)၊ 落实 (luòshí) နဲ့ 监督 (jiāndū) တို့ဖြစ်ပါတယ်။

ကျွန်တော်တို့က pinyin၊ ရှင်းလင်းတဲ့ အင်္ဂလိပ်အဓိပ္ပါယ်နဲ့ လက်တွေ့သုံးနိုင်တဲ့ ဝါကျပုံစံတွေကိုပါ ထည့်ပေးထားလို့ ဒီစကားလုံးတွေကို ဒီနေ့ပဲ စကားပြောတွေမှာ စသုံးလို့ရပါပြီ။

协商 (xiéshāng) — ဆွေးနွေးညှိနှိုင်းရန်
ဝါကျဥပမာ- 双方正在就合作细节进行协商။
(Shuāngfāng zhèngzài jiù hézuò xìjié jìnxíng xiéshāng.)
ဘက်နှစ်ဘက်စလုံး ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

落实 (luòshí) — အကောင်အထည်ဖော်ရန်
ဝါကျဥပမာ- 我们需要尽快落实这项计划။
(Wǒmen xūyào jǐnkuài luòshí zhè xiàng jìhuà.)
ဒီအစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုပါတယ်။

监督 (jiāndū) — ကြီးကြပ်ရန်၊ စောင့်ကြည့်ရန်
ဝါကျဥပမာ- 老师负责监督学生的学习进度။
(Lǎoshī fùzé jiāndū xuéshēng de xuéxí jìndù.)
ဆရာက ကျောင်းသားတွေရဲ့ သင်ယူမှုတိုးတက်နှုန်းကို ကြီးကြပ်ဖို့ တာဝန်ရှိပါတယ်။

ဒီစကားလုံးတွေကို ကျွမ်းကျွမ်းကျင်ကျင် သိထားရင် သင့် HSK 6 ရမှတ်ကို တိုးစေရုံသာမက သင့်ဆက်သွယ်ပြောဆိုမှုစွမ်းရည်ကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်မှာပါ။
သင့်တရုတ်စာခရီးကို ထိရောက်ပြီး ပျော်စရာကောင်းအောင် လုပ်ဖို့ အခွင့်အရေးကို လက်မလွတ်ပါနဲ့။

#တရုတ်စာ #တရုတ်စကား #တရုတ်သင်တန်းကျောင်း

🉐 ခုခေတ်သင်ကြားနေတဲ့ တရုတ်စကားအတတ်ပြောကို ထိရောက်အောင် ဘယ်လိုလေ့လာရမလဲ ။ 🉐 အရင်တုန်းက တရုတ်စာသင်ပြီဆို ခက်တယ်ဟေ့ဆိုပြီး ...
02/07/2026

🉐 ခုခေတ်သင်ကြားနေတဲ့ တရုတ်စကားအတတ်ပြောကို ထိရောက်အောင် ဘယ်လိုလေ့လာရမလဲ ။ 🉐

အရင်တုန်းက တရုတ်စာသင်ပြီဆို ခက်တယ်ဟေ့ဆိုပြီး ကျောင်းသားတော်တော်များများပြောလေ့ရှိကြတယ် ။ ဘာလို့ဆို တရုတ်စာက စစသင်ချင်း ရေးလည်းရေးရ၊ အသံထွက်တွေကလည်း နှာခေါင်းထိပ်က ထွတ်တာတစ်မျိုး ၊ နောက်ကထွက်တာတစ်မျိုး အမျိုးမျိုးကိုး ။ ရေးပြီးထားတဲ့စာလုံးတွေကလည်း မမေ့အောင်လုပ်ရတာကတစ်မျိုး အမျိုးမျိုးအဖုံဖုံပေါ့ ။

နောက်တော့ ဒီခေတ်ရဲ့ ပုံစံ တရုတ်စကားအမြန်သင်တန်း တွေပေါ်လာတော့ တရုတ်စကားဆိုသည်မှာလည်း အရမ်းကြီးအရင်ကလောက်ခက်တော့တာတော့မဟုတ်ဘူး ။ အချိန်အတိုအတွင်း ထမင်းစား ၊ ရေသောက် ပြောနိုင်လာတယ် ။ အလုပ်ခွင်ထဲမှာ လိုအပ်လို့ သင်ယူတဲ့ သူတွေ အနေနဲ့လည်း အချိန်အတိုအတွင်းမှာ ပြောနိုင်လာကြတယ် ။

ပြဿနာက ဘာလဲဆိုတော့ အချိန်တိုအတွင်းမှာ ပြောတတ်အောင်ဆိုတော့ တရုတ်အသံထွက်တွေကို အလွတ်ကျက်ရသလိုဖြစ်လာတယ် ။ သုံးလေးလစာ လေ့လာရမှာတွေကို တစ်လတည်း စုပြုံ ခေါင်းထဲထည့်ရတယ် ။ ခေါင်းထဲထည့်တဲ့ အချိန်ကတော့ သုံးတတ်တယ် ။ ပြီးတော့ အစအနမကျန် ပြန်မေ့သွားကြတယ် ။ ဒီလိုနဲ့ သံသရာလည် တရုတ်စာအခြေခံကို ဟိုသင်တန်းမှာလည်းတတ် ၊ ဒီသင်တန်းမှာလည်းတတ်နဲ့ စကားပြောသင်တန်းတတ်ပြီး မပြောတတ်ဖြစ်လာကြတယ်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ဒါတွေကို ဘယ်လိုကျော်လွှားမလဲ
အဓိက ၂ ချက်ကိုပဲပြောပြပေးပါ့မယ် ။ ဒီလိုလေ့လာတဲ့သူတွေအတွက်
၁။ 𝙡𝙞𝙨𝙩𝙚𝙣𝙞𝙣𝙜
၂ ။ 𝙨𝙥𝙚𝙖𝙠𝙞𝙣𝙜

ဒီ၂ချက်လုံးကို အဓိကထားလေ့လာရမယ် ။ ‼️

တစ်ချို့က speaking တော့ သင်တယ် ။ 𝙡𝙞𝙨𝙩𝙚𝙣𝙞𝙣𝙜 နားမထောင်ဘူး ။ ဒီလိုလေ့လာတဲ့သူတွေကျ ဘာတွေကြုံတွေ့ရတတ်လဲဆိုတော့

1️⃣သင်တုန်း ၊ ကျက်တုန်းရတယ် ။ ပြီးရင်ပြန်မေ့သွားကြတယ် ။ မေ့ရင်လည်း အစအနဖော်မရတော့ဘူး ။
2️⃣မေးခွန်း မမေးတတ်ဘူး ။ အဖြေမဖြေတတ်တဲ့ အခြေနေမျိုးတွေလည်းတွေ့ရတတ်တယ်
3️⃣ဘယ်ကစပြောလို့ပြောရမလဲမသိဘူးကနေ
4️⃣ပြောရမှာကြောက်တယ် ။ ရှက်တယ်ဖြစ်လာပြီး
5️⃣သင်ထားတဲ့စာတွေအသုံးမချတော့
6️⃣တစ်ခါမှ မသင်ဖူးတာနဲ့ ပြန်တူသွားတယ်

နောက်တစ်မျိုးက များများနားထောင်ဆိုတော့ နားထောင်တယ် ။ မပြောဘူး ။ ဘာအဖြစ်များလဲဆို

1️⃣သူများပြောတာနားလည်တယ် ။ မပြောတတ်ဘူ
2️⃣စာကြောင်းမတည်ဆောက်တတ်ဘူး

ဒီတော့ 𝙡𝙞𝙨𝙩𝙚𝙣𝙞𝙣𝙜 နားထောင်လို့ပြောရင် စာကြောင်းတည်ဆောက်ပုံ ၊ တရုတ်သဒ္ဓါ ၊ တရုတ်ဝေါဟာရတွေကိုလည်းသေချာလေ့လာတတ်ဖို့လည်းလိုပါတယ် ။

အဆင့် ၁) listening နားထောင်ခြင်း ‼️
ခုခေတ်မှာ အတတ်ပညာတစ်ခုသင်ဖို့ အရင်ကလောက်မခက်တော့တာတော့အမှန်ပဲ ။ YouTube ဆိုတဲ့ library ကြီးမှာ ဘာမဆို ရှာ လို့ရတယ် ။ တရုတ်စာ နားထောင်တဲ့ခါမှာ စာကြောင်းတစ်ကြောင်းချင်းဆီ စာကြောင်းတည်ဆောက်ပုံ ၊ ဝေါဟာရတွေကိုသေချာကြည့်ပြီးလေ့လာပါ ။ လိုက်ပြောကြည့်ပါ ။ ပြန်လည်အသုံးချပါ ။

အဆင့် ၂) စကားပြောအပိုင်း ‼️
ကျောင်းသားတော်တော်များများမှာ တရုတ်စကားပြောအပိုင်းမှာ အဓိကပြဿနာက ပတ်ဝန်းကျင်မရှိကြတာများပါတယ် ။ ပြောရမယ့်လူမရှိဘူး ။ လေ့ကျင့်ပေးမယ့်အဖော်မရှိကြဘူးပေါ့ ။ ဒီလို အခြေအနေတွေကျရင် language exchange app တွေကို အသုံးပြုလို့ရတယ် ။ ( ဥပမာ hilokal , hello talk ) ပေါ့ ။ တကယ်ပြောတတ်ချင်ရင် ပြောနေဖို့ကလိုပါတယ် ။

ကိုယ်သင်နေတဲ့ ဘာသာစကားနဲ့ နေ့စဉ်ထိတွေ့နေဖို့ 1️⃣5️⃣ မိနစ်လောက်အချိန်ကို ဖယ်ထားနိုင်ပါတယ် ။ ပုံမှန်နေ့စဉ် တီဘီကြည့်မယ့် ၁၅ မိနစ် ။ hellotalk ပေါ်မှာစကားပြောမယ့် 1️⃣5️⃣ မိနစ် စသဖြင့်ပေါ့ ။ ဒီလိုပတ်ဝန်းကျင်တစ်ခုခုကို ကိုယ်တိုင် ဖန်တီးထားဖို့လိုပါတယ် ။

တူညီတဲ့ 𝐃𝐢𝐚𝐥𝐨𝐠𝐮𝐞 တွေကို ထပ်ခါတလဲလဲလေ့ကျင့်ရပါတယ် ။ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက ရှင်းတယ် ။ 𝐑𝐞𝐜𝐚𝐥𝐥 💭မခေါ်ရင် မေ့တယ် ။ ဒါလေးကိုသိထားရင်ပဲ ကိုယ် ဘယ်ဘာသာစကားမဆို ဘာလေ့လာလေ့လာ အဆင်ပြေပါတယ် ။

စကားပြောလေ့ကျင့်တဲ့အခါ တူညီတဲ့ စကားတွေကိုထပ်ခါထပ်ခါအသုံးချခြင်းကြောင့်လည်း စကားပြောပိုသွက်လာစေမယ် ။ ခေါင်းမသုံးပဲ ပြောတတ်လာမယ် ။ မြန်မြန်ဆန်ဆန် တုံ့ပြန်လာနိုင်ပါတယ် ။

အချုပ်အားဖြင့်ဆိုသော် စကားအပြောအတတ်ကို စကားပြောတစ်ခုတည်းလေ့လာလျင်ခက်ခဲနိုင်ပါတယ် ။ ဂရုတစိုက်နားထောင်ခြင်း ၊ ပြန်လည်အသုံးချခြင်းတို့ ပေါင်းစပ်ပြီး ထပ်တလဲလဲလေ့ကျင့်ခြင်းဖြင့် အမြန်ပြောတတ်မှာဖြစ်ပါတယ် ။

တရုတ်စာကို အခြေခံကစ 4skill ကို အခမဲ့တတ်ရောက်နိုင်ပါပြီ ။

https://t.me/LingsLabChineseMyanmar

တရုတ်စာ ၊ တရုတ်စကားကို နည်းစနစ်ကျကျ ပြောဆို ၊ သုံးစွဲတတ်ချင်တာလား ။ ‼️

စင်ကာပူ ၊ မလေးရှား ၊ မကာအို ၊ ဟောင်ကောင်တို့မှာ အလုပ်လုပ်ကိုင်ဖို့ တရုတ်စကားပြောသင်တန်းကို ရှာနေသူ တစ်ယောက်လား ။ ‼️

အချိန်တိုတိုအတွင်း တရုတ်စကားပြောအမြန်တတ်ရောက်လိုသူတစ်ယောက်လာ:‼️

လုပ်ငန်းခွင်နယ်ပယ် နဲ့ လုပ်ငန်းကျွမ်းကျင်မှုအလိုက် တရုတ်စကားပြောအသုံးနှုန်းတွေကို လေ့လာချင်သလား ‼️

ဒီအရာတွေအတွက် Ling’s Lab Chinese ကို ဆက်သွယ်နိုင်ပါပြီ

1.7.2026
#တရုတ်စာသင်တန်းကျောင်း

Address

Bedok North Street
Singapore

Alerts

Be the first to know and let us send you an email when Ling’s Lab Chinese - Bridging Cultures and Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ling’s Lab Chinese - Bridging Cultures and Careers:

Shortcuts

Share