Myanmar Rare Books

  • Home
  • Myanmar Rare Books

Myanmar Rare Books မြန်မာ့ရှားပါးစာအုပ်များ၊ စာပေဗဟုသုတများ၊ သရုပ်ဖော်ပန်းချီများ၊ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များ။

ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်း။ဤမိန့်ခွန်းပြောအပြီး နောက်၆ရက်အကြာနိုင်ငံတော်လုပ်ကြံမှု ဖြစ်ခဲ့လေသည်။ဗိုလ်ချုပ်တို့သွားလ...
18/07/2026

ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်း။
ဤမိန့်ခွန်းပြောအပြီး နောက်၆ရက်အကြာ
နိုင်ငံတော်လုပ်ကြံမှု ဖြစ်ခဲ့လေသည်။
ဗိုလ်ချုပ်တို့သွားလေပြီ။

၇၅။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း ( ဇူလိုင် ၁၃ ရက် ၁၉၄၇)

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှနေ၍ ဖစ်ရှ်ရင်ပြင် ( ယခု မဟာဗန္ဓုလပန်းခြံ ) ရှိ ပရိတ်သတ်အား နောက်ဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။ နောက်ခြောက်ရက်အကြာတွင် ဗိုလ်ချုပ်လုပ်ကြံခံရလေသည်။ ( ဓာတ်ပုံနောက်ခံရှိ အဆောက်အဦးအများစုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိကာ ပျက်စီးသွားသဖြင့် ဖြိုချခံရသည်။ ထိုနေရာတွင် ဆူးလေးစင်တာပွိုင့်နှင့် AGD ဘဏ် အဆောက်အဦးတို့ကို တည်ဆောက်ထားသည်။)

မိန့််ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်က ရှေ ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက္ပိုမို စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့သည်။ စစ်ကြီးဒဏ်ကို အလူးအလဲခံခဲ့ရပြီး ဂျပန်တို့ လက်နက်ချသည်မှာ ၂နှစ်ပင် မပြည့်သေး။တိုင်းပြည်မှာ လက်နက်ကိုင် ပုန်ကုန်သူများလက်အောက်သို့ ကျရောက်နေပြီးဖြစ်သည်။ လက်နက်ကိုင်များထဲတွင် ကွန်မြူနစ်တပ်များ၊ အရကန်မြောက်ပိုင်း ( ယခုရခိုင်ပြည်နယ်) တွင် ပါကစ္စတန်ထောက်ခံသူ မူဂျာဟီဒင် စသည်တို့ပါဝင်သည်။ ထိုအခိုက် ကမ္ဘာပေါ်တွင် ဘာဖြစ်ပြန်မည်လဲ မေသခ်ာ။ တရုတ်တွင် ကွန်မြူနစ်များက အရှေ ့မြောက်ဒေသကို သိမ်းထားနိုင်လိုက်ပြီး ချန်ကေရှိတ်ကို အနိုင်တိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။ စစ္ဒဏ္ထိ ဥေရာပအား ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ပါဝင်ရန် ဆိုဗီယက်တို့က ငြင်းဆန်သောကြောင့် ဥရောပတွင် စစ်အေးတိုက်ပွဲကြောင့် အာရုံများနေသည်။ အိန္ဒိယတွင် ဗြိတိသျှတို့သည် တိုင်းပြည်ကို နှစ်ခြမ်းပိုင်းရန်နှင့် ပါကစ္စတန်ကို တစ်သီးတစ်သန့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် သဘောတူလိုက်သည်။ ရလဒ်အဖြစ် လူပေါင်းသန်းနှင့်ချီကာ ဘုံပျောက်သွားတော့သည်။ အင်ဒိုနီးရှားတွင် သွေးထွက်သံယိုများသည့် လွပ်လပ်ရေးတိုက်ပွဲက ဇာတ်ရှိန်ကောင်းနေသည်။ပါလက်စတိုင်းမှာမူ တစ်စထက်တစ်စထက် မြင့်တက်နေသည့် အကြမ်းဖက်မှုများထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်မေသည်။ ဗီယက်နမ်တွင် ပြင်သစ်ကိုလိုနီများနှင့် ဟိုချီမင်းဗီယက်မင်းတို့ တိုက်ပွဲဖြစ်နေကြသည်။ မြန်မာပြည်မှာ အခြေအနေမကောင်းလှ။ကျန်အာရှတိုက်ဒေသများထက်တော့ ဆိုးဝါးနေသည်မဟုတ်။ သို့ပေသိ နောင် နှစ် ၇၀ အတွင်း အာရှနိုင်ငံများ အားလုံးနီးပါး အားကောင်သည်ထက် အားကောင်းလာပြီး တိုင်းသူပြည်သား အမ်ားစုမွာ အေးချမ်းသာယာဝပြောစွာ ရှင်သန်နေထိုင်လာနိုင်ခဲ့သည်။ မြန်မာပြည်သာလျှင် နောက်ကျကျန်ရစ်ခဲ့လေသည်။

75. General Aung San's Last Speech ( 13 July 1947 )

On July 13, 1947, U Aung San gave his last speech from the balcony of City Hall to supporters in Fytche Square (now Maha Bandula Park). He was assassinated six days later. (Most of the buildings in the background were demolished after WW2 bomb damage and have been replaced by the Centrepoint and AGD bank buildings.)

In his speech, he urged Burmese to be more disciplined in the face of challenges ahead. The country, less than two years from the Japanese surrender and the devastations of war, was already in the grip of multiple armed rebellions, including by communist militia and the pro-Pakistan Mujahideen in north Arakan (now Rakhine State). And the world was again becoming an uncertain place. In China, the communists had just seized the northeast and were preparing for final victory against Chiang Kai-shek. In Europe, the Cold War was looming, with the Soviets rejecting participation in the Marshall Plan. In India, the British had just agreed to partition and the creation of an independent Pakistan, uprooting millions of people. Indonesia was in the middle of a bloody fight for independence, Palestine was mired in rising violence, and in Vietnam Ho Chi Minh Viet Minh was battling the French colonialists. Burma was in bad shape, but no more than the rest of Asia. Over the next 70 years though, as nearly all Asia moved from strength to strength and most of its people enjoyed the peace and ever greater prosperity, Burma would be left behind.


.org

သမိုင်းမှတ်တမ်းများမှ အာဇာနည်နေ့ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ၉ ဦး လုပ်ကြံခံရပြီးနောက်နေ့ထုတ် ရန်ကုန်နေ့စဉ်သတင်းစာ...
18/07/2026

သမိုင်းမှတ်တမ်းများမှ အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်
အာဇာနည် ၉ ဦး လုပ်ကြံခံရပြီး
နောက်နေ့ထုတ် ရန်ကုန်နေ့စဉ်သတင်းစာ၌
ဤသို့ သတင်းရေးသားဖော်ပြခဲ့သည်။

SOURCE - APLO

ပါတော်မူပြီးစ နှင့် စစ်ကြီးအတွင်းက မန္တလေးမန္တလေးဟာ စစ်ဘေးတွေ၊ ကပ်ဘေးတွေကနေ အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့တဲ့မြို့ဖြစ်သလို မန...
16/07/2026

ပါတော်မူပြီးစ နှင့် စစ်ကြီးအတွင်းက မန္တလေး

မန္တလေးဟာ စစ်ဘေးတွေ၊ ကပ်ဘေးတွေကနေ အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့တဲ့မြို့ဖြစ်သလို
မန္တလေးသူ မန္တလေးသားတွေရဲ့ စိတ်ဓာတ်ခွန်အားဟာလည်း ခေတ်အဆက်ဆက်၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းထားသလို မာကျောလှပါတယ်။
မန်းလေး ဆိုတာထက် မန္တလေးလို့ပဲခေါ်ရတာကို ပိုပြီးသဘောကျတဲ့ မြို့သူ မြို့သားတွေပါ။
ဒီမြို့ဟာလည်း ခေတ်အဆက်ဆက်၊ ခေတ်နှင့်အပြိုင် ဒုက္ခတွေ သုခတွေကို သယ်ပိုးရင်း ရှေ့ဆက်နေဆဲပါပဲ။
ဒါကြောင့် ဘာတွေပဲဖြစ်ဖြစ် မန္တလေးဟာ မန္တလေးပါပဲ။
ဘယ်တော့မှ ပန်းပန်မပျက်ခဲ့ပါဘူး။

ဤအယ်ဘမ်နှင့်ပိုစ့်ကို ဗဟုသုတဖြစ်စေရန်သာ ရည်ရွယ်၍ တင်ဆက်ကာ ဓာတ်ပုံများ၏မူလပိုင်ရှင်များကို လေးစားစွာခွင့်တောင်းပါတယ်။

ပန်းချီ ငွေကိုင် သရုပ်ဖော်သည်။
16/07/2026

ပန်းချီ ငွေကိုင် သရုပ်ဖော်သည်။

အတိတ်နေ့ရက်တွေထဲက ရောင်စုံမန္တလေးယဥ်ကျေးမူမြို့တော်၊ ဘိုင်စကယ်မြို့တော်၊ ရွှေခြေကျင်းနဲ့မန်းလေးသူတွေပေါတဲ့ မြို့တော်၊ သမ...
15/07/2026

အတိတ်နေ့ရက်တွေထဲက ရောင်စုံမန္တလေး

ယဥ်ကျေးမူမြို့တော်၊ ဘိုင်စကယ်မြို့တော်၊ ရွှေခြေကျင်းနဲ့မန်းလေးသူတွေပေါတဲ့ မြို့တော်၊ သမိုင်းတွေထဲက မြို့တော်၊ အနုပညာမြို့တော်၊ မြို့မငြိမ်းရဲ့မြို့၊ မြန်မာနိုင်ငံ၏ ဒုတိယမြို့ကြီး၊ ကုန်းဘောင်ခေတ်ရဲ့ မင်းနေပြည်စိုက်ရာမြို့ စသည်ဂုဏ်ပုဒ်များဖြင့် ကျော်ကြားလှတဲ့ မန္တလေးမြို့၏ အရင်က နေ့ရက်ဟောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထို့ကြောင့် ဓာတ်ပုံဝေဝေဆာဆာများနှင့် စုစုစည်းစည်းဖြစ်စေရန် ဤအယ်ဘမ်ကို ဖွဲ့ပါသည်။ ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါသော ဓာတ်ပုံပိုင်ရှင်များနှင့် လက်ရှိမူရင်းပိုင်ရှင်များအား လေးစားစွာဖြင့် မြတ်နိုးစွာကျေးဇူးတင်မိပါသည်။

Image Courtesy of Old Mandalay Zaycho page, Rick Heizman, Lyn San Tyna, The Mandalay News Journal

ပန်းချီ သောင်းဟန် သရုပ်ဖော်သည်။
14/07/2026

ပန်းချီ သောင်းဟန် သရုပ်ဖော်သည်။

ပန်းချီ စန်းလွင် သရုပ်ဖော်သည်။
14/07/2026

ပန်းချီ စန်းလွင် သရုပ်ဖော်သည်။

သူတို့ခေတ် သူတို့အခါက မဂ္ဂဇင်းတွေ ၊ ဂျာနယ်​တွေ နောက်ကျောမှာ ဆေးရောင်းခြယ်ကြော်ညာတွေ၊ ပန်းချီဆရာတို့ လက်ရာတွေနဲ့ ကုန်ပစ္စ...
09/07/2026

သူတို့ခေတ် သူတို့အခါက
မဂ္ဂဇင်းတွေ ၊ ဂျာနယ်​တွေ နောက်ကျောမှာ
ဆေးရောင်းခြယ်ကြော်ညာတွေ၊
ပန်းချီဆရာတို့ လက်ရာတွေနဲ့
ကုန်ပစ္စည်းကြော်ညာတွေ
ကြော်ညာတင်ဆက်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့
နည်းပညာတိုးတက်လာသည့်နှင့် အမျှ
ပန်းချီဆေးရောင်စုံကြော်ညာတွေအစား
Digitalized Design တွေက
အစားထိုးဝင်လာခဲ့ကြပါတယ်။

ထို့ကြောင့် ယနေ့မှာ
ထို့ခေတ် ထိုကြော်ညာတွေကို
မျိုးဆက်သစ်တို့ ပြန်လည်မြင်တွေ့နိုင်စေရန်
လေ့လာနိုင်စေရန် ဤအယ်ဘမ်ကို ဖွဲ့လိုက်ပါတယ်။

တွေ့ရှိနိုင်သလောက် တဖြည်းချင်းတင်ဆက်သွားပါရစေ။

Address

Chiang Mai

50210

Website

Alerts

Be the first to know and let us send you an email when Myanmar Rare Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Rare Books:

Shortcuts

  • Want your school to be the top-listed School/college?

Share