SYH Japanese Language

SYH Japanese Language Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SYH Japanese Language, Language school, No. 5, Kanbae, Shwe Pyae store, Twante.

08/09/2025

N1စာမေးပွဲအောင်မြင်ဖို့အတွက်ဘာတွေ ပြင်ဆင်မလဲ ?

N1အတွက် စာလုပ်တော့မယ် ဆိုပြီး Selft Study စမလုပ်ခင် အောင်ပြီးသူတွေ ဘယ်လိုလေ့လာခဲ့ကြတယ်ဆိုတာ Facebook ပေါ်မှာရှာဖတ်ဖြစ်ခဲ့ပါတယ်။အဲံ့ဒီအထဲကမှ ကိုယ့်အတွက်အဆင်ပြေမယ့်နည်းလမ်းတွေကို လိုက်လုပ်ဖြစ်ရင်း၊ကိုယ်တိုင်လည်း ကိုယ်အားသန်တဲ့နည်းနဲ့ လေ့လာရင်း N1စာမေးပွဲကို အောင်မြင်ခဲ့ပါတယ် ။အောင်မြင်ပြီးသူတွေ Share ခဲ့တဲ့ အကြောင်းအရာတွေက ကိုယ့်အတွက် အကျိူးဖြစ်ထွန်းခဲ့တာမို့ ကိုယ့်လေ့လာခဲ့တဲ့ နည်းလမ်းလေးတွေကိုလည်းမျှဝေပေးချင်ပါတယ်။N1အတွက်လေ့လာတဲ့နေရာမှာ နည်းနည်းဖြစ်ဖြစ် အထောက်အကူဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

Background:
အရင်ဆုံး ကိုယ့်ရဲ့ ဂျပန်စာ Background ကို ပြောပြပါမယ်။
၂၀၁၁ကတည်းက မြန်မာ /ဂျပန်ရဲ့ IT Company မှာ Engineer အဖြစ်လုပ်နေတော့ ဂျပန်စာနဲ့တော့ မစိမ်းဘူးပေါ့ ။မစိမ်းတော့ ရလားဆိုတော့ အလုပ်ရဲ့ 専門用語တွေ /သုံးနေကျ အသုံးလောက်တော့ သိပေမယ့် ကျန်တာတွေက မေ့တေ့တေ့ ။2013 N2အောင်ပြီးကတည်းက N1သင်တန်းတွေအပ်လိုက် နှစ်ချိန်သုံးချိန် တက်လိုက် တဝက်တပျက်နဲ့ နားလိုက်၊ မိုတီတွေပြန်တက်လာရင်‌ဖောင်တွေထတင်လိုက်၊ပြီးရင် စာလည်းဟုတ်တိပတ်တိမလုပ်ဖြစ်ပဲ စာမေးပွဲဝင်ဖြေလိုက်နဲ့ သင်တန်းပေါင်းစုံက စာအုပ်တွေသာစုမိပြီး လုံးလည်ချာလည်လိုက်နေခဲ့တာပါ။

တနှစ်ကတော့ မိုတီတွေတက်တုန်း ဖောင်တင်ထားမိတဲ့ စာမေးပွဲကို ထုံးစံအတိုင်း စာမလုပ်ဖြစ်ပဲ သွားဖြေဖို့ ပြင်တုန်း အဖေနဲ့ ဖုန်းပြောဖြစ်ရင်း N1သွားဖြေဦးမယ်ဆိုတော့ N1ခဏခဏကျနေလို့ သူ့သမီးဝမ်းနည်းနေမယ်ထင်ပြီး
အားပေးနေတဲ့ အဖေ့ကိုကြည့်ရင်း ငါတော့ ဒီတစ်‌ခေါက်လည်းအောင်မှာမဟုတ်ဘူး နောက်တစ်ခေါက်တော့ အောင်မှဖြစ်မယ် ဆိုပြီး စာလုပ်ဖို့ စtry ရတော့တာပါ။

ကဲ စပြင်ဆင်ပါပြီ။

LifeStyle :
စာဘယ်အချိန်လုပ်မလဲဆိုပြီး ကိုယ့်ရဲ့ LifeStyle ကို ပြန်ကြည့်မယ်ဆိုရင်
အလုပ်ကSoftware Engineer၊ တနေကုန် ကွန်ပျူတာရှေ့ထိုင် အလုပ်ပြီးလို့ ညဘက်ရောက်ရင် ဘာမှထပ်မမှတ်ချင်လောက်အောင် ခေါင်းက ဗလာပဲကျန်တော့တာပါ။ဒီကြားထဲ အိုတီကလည်းများတာ ၊အထိုင်များတဲ့ အလုပ်ဖြစ်တဲ့ အပြင် WFH များတော့ အသက်၃၅နောက်ပိုင်း ခါးကလည်းနာလာလို့ အိုတီ ရှိလို့ နောက်ကျနေရင်တောင် ဝတ္တရားတစ်ခုလို့ Gymပြေးပြီး လမ်းလျှောက်ရသေးသူပါ ။ပြီးတော့ အလုပ်စာမေးပွဲတွေလည်းရှိတဲ့အပြင် ပိတ်ရက်ကျတော့လည်းအိမ်သန့်ရှင်းရေးလုပ်ရတာ ၊ချက်ပြုတ်ရတာရှိပြန် ၊ သူငယ်ချင်းတွေနဲ့ကျတော့လည်း ချိန်းတိုင်းသွားတတ်တာမျိုးမို့ အဲ့ကြားထဲကမှစာလုပ်ဖို့ အချိန်ကို စရှာရပါတော့တယ်။

・文法

စာလုပ်မယ်ဆိုတော့ အရင်ဆုံးGrammar ကိုစကိုင်ပါတယ်။အပိုင်းသုံးပိုင်းစလုံးမှာ Grammarနဲ့ဖမ်းတတ်တဲ့ မေးခွန်းတွေရှိတတ်လို့ပါ။Grammar Patternတွေနဲ့ ပတ်သက်တဲ့သင်ခန်းစာတွေကို Gymမှာလမ်းလျှောက်နေတဲ့ အချိန်လေးတွေနားထောင်ချင်လို့ Youtubeမှာရှာတော့ 日本語森ကYuka先生ရဲ့ Videoကိုတွေ့ပါတယ်။Grammar Pattern 50ပါပါတယ်။先生ရှင်းပြထားတာ‌လေးတွေက နားလည်လွယ်ပါတယ်။
Link ထည့်ပေးထားပါတယ်။
https://www.youtube.com/watch?v=JIZ49pjJmR8

ပြီးတော့ အဲ့ဒီ Video မှာ မပါတဲ့ Pattern အခုတစ်ရာကျော်ကိုတော့ စာအုပ်ကိုပဲ ဖတ်လိုက်ပါတယ်။ဂျပန်စာက စလုပ်လုပ်ချင်းမှာ ပျင်းသွားတာမို့ ကိုယ့်ကိုကိုယ် Tensionလည်းသိပ်မဖြစ်အောင် အရင်ဆုံးGrammar Pattern ကို ကျက်တာမျိုးမဟုတ်ပဲ ဒီတိုင်းပဲဖတ်လိုက်ပါတယ် ။
စာအုပ်တော်တော် များများမှာ များသောအားဖြင့် Pattern တစ်ခုကို ဥပမာစာကြောင်းသုံးကြောင်းလောက်ပါတတ်ပါတယ်။
အဲ့ဒီထဲကမှ ကိုယ်မှတ်လို့အဆင်ပြေဆုံးတစ်ကြောင်းကိုဖတ်ရင်း Highlightလုပ်ခဲ့ပါတယ်။

တနေ့နည်းနည်းပဲဖတ်နိုင်ပေမယ့် အရင်ဆုံးဖတ်ရုံပဲမို့ တစ်အုပ်လုံးပြီးအောင် ဖတ်ပြီးတဲ့ အချိန်မှာတော့ စာလုပ်တဲ့ အရှိန်‌လေးနည်းနည်းရလာပါပြီ။
ဖတ်လို့ အားလုံးပြီးတော့ pattern တစ်ခုချင်းစီအလိုက် Highlightလုပ်ခဲ့တဲ့ စာကြောင်းတွေကို Noteပြန်ထုတ်ပါတယ်။
ကိုယ်ကတော့ လက်နဲ့ရေးတာထက် စာရိုက်ရတာ ပိုအားသာလို့ စာပြန်ရိုက်ပြီး 7 Eleven မှာPrintထုတ်လိုက်ပါတယ်။
နောက်ပိုင်းတော့ Grammar စာအုပ်ကိုလုံးဝမကိုင်တော့ပဲ အားတဲ့အချိန်လေးတွေ အဲ့စာရွက်ကိုပဲ ကျက်ပါ‌တော့တယ် ။
လက်နဲ့တစ်ခေါက်စာရိုက်ထားတာမို့ စာပြန်ကျက်တဲ့ဖတ်တဲ့ အချိန်မှာ အရမ်းကို မှတ်မိလွယ်ပါတယ်။

・聴解

ကိုယ်တွေလို အလုပ်တစ်ဖက်နဲ့ စာကိုသေချာကျက်ဖို့အချိန်မရသူတွေအတွက် Listeningအမှတ်ကိုပဲ အားကိုးရပါတယ်။
အဲ့ဒီတော့ Listeningကို ဘယ်လိုလေ့လာခဲ့လဲ Shareပေးချင်ပါတယ်။
ကိုယ်ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကြားရက်အလုပ်၊ပိတ်ရက်လည်း လျောက်လည်ချင်သူဆိုတော့ Listeningကို အပြင်ထွက်ရင်းရထားပေါ်မှာ အဓိက နားထောင်ပါတယ်။
JLPT N1 Listening Pro-日本語能力試験ဆိုတဲ့ Application လေးကို သုံးပါတယ်။မေးခွန်းတွေ အဖြေတွေပြည့်ပြည့်စုံစုံနဲ့ အဖြေကျင့်လို့ ရအောင်လုပ်ထားတာမို့ တော်တော်လေးအဆင်ပြေပါတယ်။
ရုံးProjectတွေမှာ ဂျပန်တွေနဲ့ Communication လုပ်နေလို့ Listening ပိုင်း ၊Speakingပိုင်းမှာ ယုံကြည်ချက်ရှိပေမယ့် မေးခွန်းဟောင်းကိုဖြေကြည့်မှ စာမေးပွဲမေးခွန်းကအရမ်းဘောင်ကျယ်တယ်ဆိုတာကို သဘောပေါက်သွားပါတယ်။ကိုယ်သုံးတုန်းကတော့ မေးခွန်းဟောင်း ၈နှစ်စာ အလကားလေ့ကျင့်လို့ရပြီးအဲ့ထက်ပိုရင် ပိုက်ဆံပေးရပါတယ်။အဲ့တုန်းက Chibaဘက်နေတာမို့ သီးသန့်အချိန်မပေးပဲ ရထားစီးတိုင်း အသွားအပြန်နားထောင်ပြီးဖြေကြည့်ပါတယ်။သွားရင်းလာရင်းနဲ့ပဲ အလကားသုံးလို့ရတဲ့ မေးခွန်းဟောင်း ၈စုံစာ ပြီးအောင်လုပ်လိုက်ပါတယ် ။ငါးစုံလောက်နားထောင်ပြီးရင်ကို သူ့မေးခွန်းအထာကိုနည်းနည်းနပ်လာပါတယ်။စာရလာတယ်ဆိုတာထက် သူ့အသံနေအသံထား အထာကိုနည်းနည်းနပ်လာတာပါ။ သေချာနားမလည်လိုက်ရင်တောင် လေးခုထဲက တစ်ခုကို ရမ်းဝိုင်းတတ်လာပါတယ်။စာမေးပွဲမှာလည်း Listeningမှာအမှတ်ကောင်းခဲ့ပါတယ်။

・読解
Readingကိုတော့ မေးခွန်းဟောင်းကိုဖတ်ပါတယ်။
ဝယ်ထားတဲ့ စာအုပ်တွေက များပြီးဘယ်ကစဖတ်ရမလဲ မသိတာနဲ့ メルカリကနေ မေးခွန်း‌ဟောင်း ၁၀နှစ်စာထပ်ဝယ်လိုက်ပါတယ်။
အစုံ ၂၀နီးပါးပါတာကို ၁၂၀၀ကျော်ကျော်‌လောက်နဲ့ ရပါတယ်။ပြီးတော့ မေးခွန်းဟောင်းစာပိုဒ်တွေကို ဖြည်းဖြည်းချင်းစဖတ်ပါတယ်။
အစပိုင်းတော့ တော်တော်နှေးပါတယ်။စာပိုဒ်ဖတ်ပြီးသွားရင် ဖြေကြည့် ၊အဖြေတိုက်ကြည့် ၊မှားသွားတဲ့ မေးခွန်းတွေဆိုရင်ဘယ်ပွိုင့်နဲ့ ဖမ်းထားတာလဲဆိုတာကို ရှာဖတ်၊ပြီးရင် အဲ့ဒီထဲက ことばကိုကျက်လိုက်ပါတယ်။ Reading က ကိုယ့်ရဲ့ယုံကြည်မှု မရှိဆုံးအပိုင်းဖြစ်ပေမယ့် တဖြည်းဖြည်းချင်း
အဖြေမှန်ကိုရှာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကလေးရလာပါတယ်။အားတိုင်း တစ်ပုဒ်စ နှစ်ပုဒ်စ ဖတ်ရင်းမေးခွန်းဟောင်းရှစ်စုံစာလောက်ဖတ်ဖြစ်ပါတယ်။
ပြီးတော့ မေးခွန်းဟောင်းဖြေရင်း ဘယ်စာပိုဒ်ဆိုရင်တော့ ကိုယ်ကမှန်တာများလဲဆိုတာ မှတ်ထားပါတယ်။ဥပမာ ကိုယ်က နောက်ဆုံးက チラシလိုဟာမျိုးဆို မြန်မြန်နဲ့ မှန်အောင်ဖြေတတ်ပါတယ်။အဲ့တော့ ကိုယ်သိပ်မသေချာတဲ့အပိုင်းမှာ တဝဲလည်လည်မလုပ်ပဲ ကိုယ်ဖတ်တာအားသာတဲ့ စာပိုဒ်မှာ အချိန်များများသုံးနိုင်အောင်လို့ အချိန်မှတ်ပြီး ဖြေတတ်အောင်လေ့ကျင့်ရပါတယ်။
Reading က ကိုယ်အားနည်းတဲ့ အပိုင်းမို့ စာမေးပွဲမှာReadingကို အားမကိုးပါဘူး ။အောင်မှတ်ကျော်ရင်ရပြီလောက်ပဲ မှန်းထားပါတယ်။
ဒါပေမယ့်စာမေးပွဲမှာ Reading အမှတ်က‌‌လေးလည်း မဆိုးဘူးလို့ပြောလို့ရပါတယ်။

・文字・語彙
文字・語彙အတွက်စာအုပ်ရွေးတော့ သင်တန်းပေါင်းစုံက စာအုပ်ပေါင်းစုံ ပိုင်နေပါတယ်။စာအုပ်တွေကိုမှ မြန်မာလို အဓိပ္ပါယ်ပြန်ပြီးသားVersion ရော ၊ Original Versionပါအစုံဝယ်ထားတာပါ။အဲ့တော့ ပြသနာက ဟိုဟာကောင်းနိုးဒီဟာကောင်းနိုးဖြစ်တာပါ။တစ်အုပ်ကျက်လိုက်၊သိပ်မမှတ်မိဘူးထင်လိုက် နောက်တအုပ်ပြောင်းလိုက်နဲ့ စာမေးပွဲဖြေခါနီးတပတ်အလိုထိတောင် ဟိုယောင်ဒီယောင်နဲ့ Amazonကတစ်အုပ်ထပ်ဝယ်လိုက်ပါသေးတယ်။
ကျက်လိုက်မေ့လိုက်ဖြစ်နေရာကနေ အနားနီးတဲ့ တစ်လလောက်မှာ သေချာလုပ်ဖြစ်တာကတော့ 新完全マスター漢字နဲ့ 新完全マスター語彙ပါ။
မသိတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကိုယ့်ဘာသာရှာရတော့ ပိုမှတ်မိလွယ်တယ်ထင်လို့ပါ။မသိတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို Zkanjiဆိုတဲ့ Desktop Dictionary Appမှာရှာဖြစ်ပါတယ်။အဲ့ဒီမှာ နမူနာစာကြောင်းပါပြပေးတာမို့ ရှာရင်းနဲ့ပဲ စာလုံးကိုမှတ်မိလာလို့ပါ။ စာကျက်ရတာ သိပ်အားမသန်တော့ အဲ့လို့ ရှာရင်းဖွေရင်းနဲ့ပဲ မှတ်သွားတာမျိုးပါ။
အဲ့ဒီစာအုပ်နှစ်အုပ်ရဲ့ တစ်ဝက်ကျော်လောက်ထိ အဓိပ္ပါယ်ရှာဖြစ်၊လိုက်ဖတ်ဖြစ်ပါတယ်။ ပြီးတော့ မေးခွန်းဟောင်းရဲ့ 文字・語彙လေးတွေနဲ့ 文法မေးခွန်းတွေကို အိပ်ခါနီးလေးတွေ ဆယ်မိနစ်လောက်အချိန်ပေးပြီး ဖြေကြည့်ပါတယ်။
တစ်ခါဖြေ ငါးပုဒ် ဆယ်ပုဒ်လောက်စီပဲ ဖြေကြည့်တော့ အချိန်သိပ်မပေးရ ၊Stressသိပ်မများပဲ မေးခွန်းဟောင်း ဆယ်စုံ လောက်ဖြေဖြစ်ခဲ့ပါတယ်။

・Exam!!!
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ စာမေးပွဲမတိုင်ခင် ညမှာသေချာအိပ်ဖို့၊ကျန်းမာရေးကောင်းအောင်နေဖို့ပါပဲ။
ကိုယ်သွားဖြေတုန်းက ၇လပိုင်း နေတွေက ပူကျွတ်နေတာပါ။အလုပ်က WFHဖြစ်လို့ အပြင်သိပ်မသွားဖြစ်တာရော၊စာမေးပွဲဖြေမယ့် ရက်မတိုင်ခင် နှစ်ပတ်လောက်ထဲက Sat,Sun အပြင်သိပ်မထွက်ဖြစ်တာရောနဲ့ စာမေးပွဲသွားဖြေတဲ့နေ့မှာ ရထားတဆင့် ၊ကားတဆင့် ၊ခြေလျင်တဆင့် ပူလိုက်အေးလိုက်နဲ့ သွားလိုက်တာ စာမေးပွဲခန်းထဲ ရောက်တော့ အပူရှပ်သလိုဖြစ်ပြီး တော်တော် ခေါင်းကိုက်သွားတာပါ။စိတ်လှုပ်ရှားတာ စိတ်ပူတာရောနဲ့ ပေါင်းပြီး ငါတော့ မရတော့ဘူး ထင်ခဲ့ပေမယ့် အားတင်းပြီးဖြေခဲ့နိုင်ပါတယ်။

・Result
စာမေးပွဲအောင်စာရင်းထွက်တော့ အဖေ့ဆီကို ဖုန်းဆက်ပြီး သမီး N1 အောင်ပြီလို့ပြောလိုက်နိုင်တဲ့ အချိန်ကတော့ အပျော်ဆုံးအချိန်လေးပါ။
စာမေးပွဲအောင်လို့ ရုံးက စာမေးပွဲကြေးပြန်ပေးပြီး ဆုကြေးပါထပ်ရလို့ ပိုပျော်ရပါတယ်။

N1ဖြေဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းတို့အတွက် ဒီစာလေးက နည်းနည်းပဲဖြစ်ဖြစ် အကျိူးဖြစ်ထွန်းနိုင်ဖို့ မျှော်လင့်ပါတယ်ရှင့်။
ကြိုးစားပြင်ဆင်နေတဲ့ စာမေးပွဲများလည်း အမြန်ဆုံးအောင်မြင်ပြီး ပိုမြင့်တဲ့ Career များကိုတက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

15/06/2025

ဂျပန်စာမှာ N2,N3 Level ရောက်ပြီ၊ အတန်အသင့် စာလည်းဖတ်နိုင် ရေးနိုင်ပြီ ။ဒါပေမယ့် စကားပြောရင် မရဲသေးဘူး၊ တစ်ဖက်ကပြောတဲ့ စကားကိုလည်း သေချာနားမလည်သေး ဘူး ဆိုသူတွေအတွက် ဂျပန်စကားပြောတိုးတက်ဖို့ နည်းလမ်း ၃ချက်ကိုရှာဖွေစုစည်းပေးလိုက်ပါတယ်။

၁။များများနားထောင်ပါ။

ငယ်ငယ်ကကိုယ်တွေစကားပြောသင်ခဲ့သလိုပေါ့။
လူကြီးတွေပြောတာကို နားထောင်ရင်း အတုခိုးပြောရင်း စကားပြောတတ်လာကြတယ်။အဲ့ဒီတော့ များများနားထောင်ပါ။

ဘာတွေကို နားထောင်ရမလဲဆိုရင်တော့ ကိုယ်အားသန်ရာ၊ ဝါသနာနဲ့ ကိုက်ညီရာပေါ့။ရုပ်ရှင်ကြိုက် ရုပ်ရှင် ၊Podcastကြိုက် Podcast၊သတင်းကြိုက် သတင်းပေါ့။

ဒါကတော့ Chat GPT ညွှန်းထားတာတွေပါ

・ဒရာမာ, Anime, & ရုပ်ရှင်

→孤独のグルメ(Solitary Gourmet)
→しろくまカフェ
→あたしンち
(ဒါကတော့ ChatGPTကပြောတာမဟုတ်ပါဘူး ကိုယ်တိုင်ကြိုက်လို့ ၊ကိုယ်တိုင်လည်း အဲ့ဒီက စကားပြောကိုနားထောင်ဖြစ်လို့ ထည့်ထားတာပါ။ Youtube မှာရှိပါတယ် )

・Podcast & YouTube

→Japanese with Shun
https://www.youtube.com/playlist?list=PLUqu4MKiV5q83qPR7zI7w7ucLWerAT0R5

→Nihongo con Teppei
https://www.youtube.com/playlist?list=PLbsmSVzhiwvA8VNMAW_cuDqujRQULBjFd

・သတင်း

NHK やさしいことばニュース
https://www3.nhk.or.jp/news/easy/

၂။‌ဝေါဟာရနဲ့ သဒ္ဒါကို တိုးတက်အောင် လုပ်ပါ။

နေ့တိုင်း စကားလုံးအသစ် အနည်းဆုံး သုံးလုံးကနေ ဆယ်လုံးကြား ကျက်ပါ။
စကားပြော သဒ္ဒါကိုမှတ်ထားပြီး ကိုယ်ပိုင် စာကြောင်း ဖွဲ့ကြည့်ပါ ။

ဉပမာ
「〜てしまう」

ダイエット中だけど、
ミャンマー料理は美味しいのでたくさん食べてしまう。


၃။ဂျပန်စကားများများပြောပါ။

အပေါ်က အချက်တွေက Inputအပိုင်းဖြစ်ပါတယ် ။Outputအနေနဲ့ ဂျပန်စကားများများပြောဖို့ပါပဲ။

ဂျပန်စကားပြော လေ့ကျင့်ဖို့ အတွက်ကတော့

・ကိုယ်နဲ့အတူ စကားပြောကျင့်ချင်တဲ့ သူငယ်ချင်းကို ရှာပါ ။
ဂျပန်Native တွေ နဲ့ စကားပြောကျင့်နိုင်တဲ့ Appတွေကို သုံးပါ။
ဉပမာ HelloTalk、Tandem

・OnlineစကားပြောLessonတွေကို တက်ပါ။
ဂျပန်Native တွေနဲ့ 1On1စကားပြောနိုင်တဲ့ iTalki、Preply、italki、Cambly‌ တွေကိုသုံးပါ။
ကျွန်မတို့ရဲ့ KABEUCHI Serviceကိုလည်းအသုံးပြုနိုင်ပါတယ် ။

・Drama တွေ၊သတင်းတွေ၊Podcast တွေရဲ့ လေယူလေသိမ်း ကို အတုခိုးပြီး သူတို့နောက်က လိုက်ပြောကြည့်ပါ ။

・ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပြောတဲ့ စကားတွေမှာ ဂျပန်လိုပြောကြည့်ပါ ။
ဉပမာ:
今日は出かけたくない。映画みようかなあ!
いや、外に出て買わなきゃいけないものがあるんだけど
~~~~~~~~~~~~~~~~~~~~~~~
အထက်ပါအချက်သုံးချက်နဲ့တင် အချိန်တိုအတွင်း ဂျပန်စကားပြောတိုးတက်မှုကို ရရှိနိူင် ပါတယ်ရှင့်။ ဂျပန်စကားပြောတိုးတက်အောင် ကြိုးစားခဲ့တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုလည်း Commentမှာဝေမျှပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

သင်ယူလေ့လာရင်း သက်ဆိုင်ရာ နိုင်ငံရပ်ခြား လုပ်ငန်းခွင်မှာယုံကြည်ချက်ရှိရှိ ဦးဆောင်နိုင်သူတွေဖြစ်ကြပါစို့လားရှင်။

頑張ってくれてありがとございます。おめでとうございます🎉🎊🎉
22/01/2024

頑張ってくれてありがとございます。
おめでとうございます🎉🎊🎉

JLPT 合格🈴おめでとうございます👏👏👏
22/01/2024

JLPT 合格🈴
おめでとうございます👏👏👏

合格したみなさん おめでとうございます。🎉🎉 #合格率 100%👏👏👏
22/01/2024

合格したみなさん 
おめでとうございます。🎉🎉
#合格率 100%👏👏👏

N4 အတန်းသစ်သင်တန်းစတင်မည့်ရက်  :  25.3.2023သင်တန်းရက်                  :  စနေ၊ တနင်္ဂနွေသင်တန်းကြာချိန်            :  ၅လ...
16/03/2023

N4 အတန်းသစ်

သင်တန်းစတင်မည့်ရက် : 25.3.2023
သင်တန်းရက် : စနေ၊ တနင်္ဂနွေ
သင်တန်းကြာချိန် : ၅လ
အချိန် : နေ့လည် ၁:၃၀-၃:၃၀
သင်တန်းကြေး : ၁၅၀,၀၀၀ကျပ်

သင်တန်းနေရာ။ ။ ရွှေပြည့်စတိုး၊ ကံဘဲ့ကျောင်းရှေ့၊ ကံဘဲ့ကျေးရွာ။

စုံစမ်းရန်
09956493424

おめでとうございます@ThihaZawさん👏🎊🎉
23/01/2023

おめでとうございます@ThihaZawさん👏🎊🎉

おめでとうございます@AungPaingOoさん🎉㊗️🎊
23/01/2023

おめでとうございます@AungPaingOoさん🎉㊗️🎊

おめでとうございますOakSoeHtut さん🎉🎊
23/01/2023

おめでとうございますOakSoeHtut さん🎉🎊

おめでとうございますAungKyawMyoさん🎉🎊
23/01/2023

おめでとうございますAungKyawMyoさん🎉🎊

FYI
14/08/2022

FYI

NHK မှ ဂျပန်စကားပြော သင်ခန်းစာများ
အခမဲ့ လေ့လာရန်
👇
https://www.nhk.or.jp/lesson/en/pdf/textbook_lesson_all.pdf

SU Myanmar ❤️

Address

No. 5, Kanbae, Shwe Pyae Store
Twante

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SYH Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share