18/08/2024
တစ်ကျော့ပြန် ခြိမ်းခြောက်လာတဲ့ မျောက်ကျောက်ရောဂါ ..
အခု နိုင်ငံတကာသတင်းတွေမှာ တစ်ကျော့ပြန် ရေပန်းစားနေတဲ့ ရောဂါကတော့ မျောက်ကျောက်ရောဂါ (Monkey Pox) ပဲ ဖြစ်ပါတယ်။ ထိုရောဂါမှာ ရောဂါအသစ် ဟုတ်မနေပဲ ရေရှားပြီး မိုးနည်းသော အာဖရိကနိုင်ငံတစ်ချို့မှာ ဖြစ်လေ့ရှိနေကျ ရောဂါ တစ်ခု ဖြစ်ပါသည်။
ယခုအခါ၌ ဖြစ်လေ့ဖြစ်ထမရှိသော နေရာဒေသတစ်ချို့မှာပါ ဖြစ်ပွါးလာသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြန်လည်ကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါ ကာကွယ်ဖို့အတွက် အဓိကတော့ ထုံးစံအတိုင်း ကျွန်တော်တို့တွေ နှာခေါင်းစည်း (mask) တွေ တပ်ဖို့ မမေ့သင့်ပါ။ လက်ကို သေချာစွာဆေးကြောပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း အလေးပေး ဆောင်ရွက်ရပါမည်။
လိင်မှတစ်ဆင့် ကူးစက်တယ်ဆိုတာ ထုတ်ပြန်ချက် အတိအကျမရှိသေးပေမယ့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပေးကြပါ။
ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ကြဖို့ မမေ့ပါနှင့်။
အားလုံး နေကောင်းကျန်းမာကာ ကပ်ရောဂါဘေး ဝေးကြပါစေ။
ဒေါက်တာ ထူးကိုကို