Khaing Family Private School

Khaing Family Private School တွံတေးမြို့မှာ Dual curriculum နဲ့သင်ကြားတဲ့ ပထမဆုံးကျောင်းဖြစ်ပါတယ်

🔷 Join Our Academic Team at KHAING FAMILY             Private High School 🔷ကလေးငယ်များ၏ အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေး...
26/08/2026

🔷 Join Our Academic Team at KHAING FAMILY Private High School 🔷
ကလေးငယ်များ၏ အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးလိုသော ဆရာ၊ဆရာမများကို KHAING FAMILY Private School၏ Academic Team တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။ စနစ်ကျသော သင်ကြားရေးပတ်ဝန်းကျင်တွင် ပညာရေးကို အတူတကွ ဖန်တီးတည်ဆောက်လိုပါက လျှောက်ထားနိုင်ပါသည်။

💼 ခေါ်ယူမည့် ရာထူးများ (Open Positions):

🔔 Receptionist -(၂) ဦး

📌English 4 Skills ကောင်းစွာအသုံးပြုနိုင်ရမည်။
📌Computer အခြေခံအသုံးပြုတတ်ရမည်။ (ရုံးစာ၊ Word, Excel ကျွမ်းကျင်သူဦးစားပေးမည်)
📌စကားပြောပြေပြစ်ပြီး ချိုသာစွာပြောဆိုတတ်ရမည်။
📌ကလေးများကို ချစ်ခင်ပြီး စိတ်ရှည်ကြင်နာတတ်ရမည်။
📌ရုပ်ရည်အသင့်အတင့်ရှိရမည်။
📌တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

🔹𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐓𝐞𝐚𝐜𝐡𝐞𝐫 (Homeroom Teacher) - (၃) ဦး

• တက္ကသိုလ်မှဘွဲ့ရရှိပြီးသူများ၊ တက္ကသိုလ်တက်ရောက်ကျောင်းသားဆဲ /သူများ နှင့် အခြေခံပညာအထက်တန်း အောင်မြင်ထားသူ (High School Graduate) များ လျှောက်ထားနိုင်ပါသည်။
• လုပ်ငန်းအတွေ့အကြုံမရှိသူများ လျှောက်ထားနိုင်ပြီး မူကြိုအရွယ် ကလေးငယ်များနှင့် ရင်းနှီးကျွမ်းဝင်သူများကို ဦးစားပေးမည်။
• Lead Teacher ၏ သင်ကြားရေးလုပ်ငန်းစဉ်များ၊ သင်ထောက်ကူပစ္စည်း ပြင်ဆင်မှုများနှင့် စာသင်ခန်း ထိန်းကျောင်းမှုများတွင် တက်ကြွစွာ ကူညီပံ့ပိုးပေးနိုင်ရမည်။
• အင်္ဂလိပ်စာ အသင့်အတင့် နားလည်ပြောဆိုနိုင်သူကို ဦးစားပေးမည်။
• ကလေးငယ်များအပေါ် နားလည်မှုရှိပြီး စိတ်ရှည်သည်းခံနိုင်သူ၊ အလုပ်အပေါ် စိတ်အားထက်သန်ပြီး (Passion) လုပ်ဖော်ကိုင်ဖက်များနှင့် အဖွဲ့အစည်းလိုက် ပူးပေါင်းဆောင်ရွက်နိုင်သူ၊ ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။

🔹 သန့်ရှင်းရေးဝန်ထမ်း - (၂ )ဦး

•တစ်ပတ်လျှင် (၆) ရက်ဆင်းနိုင်ရမည်။
•ရေရှည်လုပ်နိုင်သူဖြစ်ရမည်။
• ကလေးများအပေါ် စိတ်ရှည်သည်းခံနိုင်ရမည်။ •ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
•မူးယစ်ဆေးဝါးသုံးစွဲခြင်း ကင်းရှင်းရမည်။ •အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
•စကားချိုသာစွာပြောဆိုနိုင်ရမည်။
• အလုပ်ကိုမခိုမကပ်ဘဲသန့်သန့်ရှင်းရှင်းဖြင့် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ရမည်။
•ရိုးသားပြီးအကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

➡ လျှောက်ထားလိုသူများအနေဖြင့်➡ 𝘾𝙑 𝙁𝙤𝙧𝙢 တွင် လျှောက်ထားလိုသည့်ရာထူး နှင့်တကွ ကျောင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်.....
📝ရုံးချိန် - နံနက် (၉း၀၀) မှ ညနေ (၃း၀၀) နာရီအတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
🏫 𝙆𝙃𝘼𝙄𝙉𝙂 𝙁𝘼𝙈𝙄𝙇𝙔 𝙋𝙧𝙞𝙫𝙖𝙩𝙚 𝙎𝙘𝙝𝙤𝙤𝙡ကန်သာယာလမ်းမကြီးနှင့် ကန်သာယာ(၅)လမ်း ထိပ်၊ ကျွန်းတောရပ်ကွက်၊ တွံတေးမြို့
☎️ ဖုန်း -09790388382 / 𝟎𝟗𝟓𝟎𝟒𝟕𝟔𝟔𝟑

Khaing Family Private School
TopFan

24/08/2026

ထပ်တူဝမ်းနည်းခြင်း🕊️🤍
KHAING FAMILY Private School မိသားစုနဲ့အတူ ရင်းနှီးချစ်ခင်စွာအတူတူလုပ်ကိုင်နေပါသော တီချယ်ငြိမ်း၏ ဖခင် ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် KFGမိသားစုဝင်ဆရာ၊‌ဆရာမများ အားလုံးက အလွန်ဝမ်းနည်းကြေကွဲရပါတယ်။ယခုလို ခက်ခဲ နာကျင်ရတဲ့အချိန်မှာ တီချယ်ငြိမ်းနဲ့အတူ ကျန်ရစ်သူမိသားစုဝင်အားလုံးရဲ့ ဝမ်းနည်းမှုကို ကျွန်တော်၊ကျွန်မတို့ KFG မိသားစုကလည်း ထပ်တူထပ်မျှခံစားရပါတယ်။ 🤍တီချယ်ငြိမ်းနဲ့ မိသားစုအားလုံး ဒီအချိန်ကာလကို စိတ်ခွန်အားအပြည့်နဲ့ KFG မိသားစုရဲ့ မေတ္တာတရားတွေကိုရရှိခံစားရပြီး ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ကွယ်လွန်သူ ဖခင်ကြီးလည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း KHAING FAMILY Private School မိသားစုမှ ဝမ်းနည်းခြင်းများစွာဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏🏻🕊️🤍

Khaing Family Private School
TopFans

🌟 KHAING  FAMILY Private School ၏                                ပညာဒါန  🌟ကလေးများအတွက်အထူးအခွင့်အရေးKHAING FAMILY Priva...
18/08/2026

🌟 KHAING FAMILY Private School ၏
ပညာဒါန 🌟

ကလေးများအတွက်အထူးအခွင့်အရေး

KHAING FAMILY Private School မှအနယ်နယ် အရပ်ရပ်မှ ကျောင်းသားကျောင်းသူတိုင်း အတွက် ပညာဒါနသင်တန်း (၃) ခု ဖွင့်လှစ်သင်​ကြားပေးသွားမည်ဖြစ်ပါသည်။

🏆မြန်မာစာ -လက်ရေးလှနှင့် စာလုံးပေါင်းသတ်ပုံ
🏆 English - အခြေခံအင်္ဂလိပ်စာနှင့် နေ့စဉ်သုံး Grammar အသုံးအနှုန်းများ
🏆 သင်္ချာ - အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားနှင့် လက်တွေ့အသုံးချ သင်္ချာဆိုင်ရာအတွေးအခေါ်များကိုစနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်၍ တက်ရောက်နိုင်ပါသည်။

ပညာဒါနဖြင့် အခြေခံခိုင်မာ၊ အနာဂတ်လှပစေဖို့ KHAING FAMILY Private School နှင့်လက်တွဲစို့

📅 စတင်မည့်နေ့ – 6.9.2026 မှ 12 လပိုင်းအထိ
🗓️ နေ့ရက် – တနင်္ဂနွေနေ့တိုင်း
⏰ အချိန်- နံနက် ၉:၀၀ နာရီ မှ ၁၁:၃၀ နာရီအထိ
📍 နေရာ – KHAING FAMILY Private School

🏆🏆KHAING FAMILY Private School ပညာဒါန မြန်မာစာအတန်း
>>>> အသက် ၆ နှစ်မှ ၉ နှစ်အရွယ် ကျောင်းသားကျောင်းသူတိုင်းအတွက် > အသက် ၈နှစ်မှ၁၆ နှစ်အရွယ် ကျောင်းသားကျောင်းသူတိုင်းအတွက် > အသက် ၆ နှစ်မှ ၉ နှစ်အရွယ် ကျောင်းသားကျောင်းသူတိုင်းအတွက်

"ပတ်ဝန်းကျင်ရှိသက်ရှိများ(အပင်နှင့်သတ္တဝါ)များ" သင်ခန်းစာမှ  အင်းဆက်များ၊ငှက်များ၊ကုန်းပေါ် ရေပေါ် ပေါက်သောအပင်များအကြော...
15/08/2026

"ပတ်ဝန်းကျင်ရှိသက်ရှိများ(အပင်နှင့်သတ္တဝါ)များ" သင်ခန်းစာမှ အင်းဆက်များ၊ငှက်များ၊ကုန်းပေါ် ရေပေါ် ပေါက်သောအပင်များအကြောင်းကိုပုံဖော်ထားသော ပုံရိပ်များ🌵🌾🕷🐢
-6

💥 ကျောင်းသား၊‌ ကျောင်းသူ၏လှုပ်ရှားမှု video နှင့် ဓါတ်ပုံများကို 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 နှင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 TikTok မှတဆင့် မျှဝေပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ‌၍ မိဘများအနေဖြင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 အား 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်၍ ပုံများ videoများ ကို ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်...။

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/khaingfamily

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏
TikTok Link 🖇️ https://www.tiktok.com/?_r=1&_t=ZS-96ql7SmcFYD

Khaing Family Private School

#အမြဲပိုကောင်းအောင်ကြိုးစားနေသောkhaingfamily
Khaing Family Private School

14/08/2026

💫💫"လေညွှန်တံဖြင့် လေတိုက်ရာအရပ်ကို တိုင်းတာနိုင်ကြောင်း" လက်တွေ့ပြုလုပ်ခြင်း💫💫
-3

Khaing Family Private School

#အမြဲပိုကောင်းအောင်ကြိုးစားနေသောkhaingfamily
Khaing Family Private School

🛡️ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး🤝 မိဘ၊ ဆရာ လက်တွဲပေးရန်ကုန်မြို့တွင်း အချို့မြို့နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရော...
13/08/2026

🛡️ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး
🤝 မိဘ၊ ဆရာ လက်တွဲပေး

ရန်ကုန်မြို့တွင်း အချို့မြို့နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများအနေဖြင့် ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးအပ်ပါသည်။
⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေနိုင်သည့် အဓိကအကြောင်းရင်းများ
💧 မသန့်ရှင်းသော ရေနှင့် အစားအစာများ
ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ သို့မဟုတ် ကပ်ပါးပိုးများ ပါဝင်နိုင်သည့် အစားအစာများနှင့် မကျိုချက်ထားသော ရေကို သောက်သုံးမိခြင်း။
🪰ယင်ကောင်များ အစားအစာပေါ်သို့ နားခြင်းမှတစ်ဆင့် ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားခြင်း။
🧼 တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းခြင်း
အိမ်သာတက်ပြီးချိန် သို့မဟုတ် အစားအစာမစားမီ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မဆေးကြောခြင်း။
🍱 မသန့်ရှင်းသော သို့မဟုတ်
မလတ်ဆတ်သော အစားအစာများ၊ ပုပ်သိုးလွယ်သော အစားအစာများ၊ လမ်းဘေးမုန့်များနှင့် ယင်မလုံသော စားသောက်ဖွယ်ရာများကို စားသုံးမိခြင်း။
👨‍👩‍👧‍👦 မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများ လိုက်နာရန်
🧼 လက်ကို စနစ်တကျ ဆေးကြောပါ။
အစားအစာ မစားမီ နှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ စင်ကြယ်အောင် သေချာစွာ ဆေးကြောပါ။
💧 သန့်ရှင်းသော အစားအစာနှင့် ရေကိုသာ သုံးဆောင်ပါ။
ကျက်အောင် ချက်ပြုတ်ထားသော ပူပူနွေးနွေး အစားအစာများကိုသာ စားသုံးပြီး ကျိုချက်ထားသော ရေ သို့မဟုတ် သန့်ရှင်းစိတ်ချရသော သောက်ရေသန့်ကိုသာ သောက်သုံးပါ။ ကျောင်းသို့ သန့်ရှင်းသော ရေဘူး ကိုယ်စီ ယူဆောင်လာရန် တိုက်တွန်းပါသည်။
🚫 လမ်းဘေးမုန့်များနှင့် ယင်မလုံသော အစားအစာများကို ရှောင်ကြဉ်ပါ။
ယင်ကောင်နားသော၊ ဖုန်ထူသော သို့မဟုတ် လတ်ဆတ်မှုမရှိသော လမ်းဘေးမုန့်များနှင့် အစားအစာများကို ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
✂️ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။
လက်သည်းများကို ပုံမှန်တိုတိုညှပ်ထားပြီး ကိုယ်တိုင်အသုံးပြုသော ပစ္စည်းများနှင့် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစွာ ထားရှိပါ။
🚨 အထူးသတိပြုရန်
ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် အားနည်းခြင်း၊ မူးဝေခြင်း စသည့် လက္ခဏာများ စတင်ပြသပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းသွားရောက်၍ ပြသကုသမှု ခံယူပါ။
❤️ ကျောင်းနှင့် မိဘများ ပူးပေါင်း၍ ကလေးများ၏ ကျန်းမာရေးကို အတူတကွ ကာကွယ်စောင့်ရှောက်ကြပါစို့။

Khaing Family Private School

💫💫"လေညွှန်တံဖြင့် လေတိုက်ရာအရပ်ကို တိုင်းတာနိုင်ကြောင်း" ပုံဖော်ထားသော သားသားမီးမီးတို့၏ ပုံရိပ်များ💫💫 -3💥 ကျောင်းသား၊‌ ...
13/08/2026

💫💫"လေညွှန်တံဖြင့် လေတိုက်ရာအရပ်ကို တိုင်းတာနိုင်ကြောင်း" ပုံဖော်ထားသော သားသားမီးမီးတို့၏ ပုံရိပ်များ💫💫
-3

💥 ကျောင်းသား၊‌ ကျောင်းသူ၏လှုပ်ရှားမှု video နှင့် ဓါတ်ပုံများကို 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 နှင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 TikTok မှတဆင့် မျှဝေပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ‌၍ မိဘများအနေဖြင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 အား 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်၍ ပုံများ videoများ ကို ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်...။

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/khaingfamily

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏
TikTok Link 🖇️ https://www.tiktok.com/?_r=1&_t=ZS-96ql7SmcFYD

Khaing Family Private School

#အမြဲပိုကောင်းအောင်ကြိုးစားနေသောkhaingfamily
Khaing Family Private School

💖💖"လူ၏ခန္ဓာကိုယ်မှ လက်ချောင်းရိုး(လက်ဖဝါး) အရိုးအဆစ်များ "ကိုလက်တွေ့ပုံဖော်နေကြသော သားသားမီးမီးတို့၏ ပုံရိပ်များ💖💖Grade-...
12/08/2026

💖💖"လူ၏ခန္ဓာကိုယ်မှ လက်ချောင်းရိုး(လက်ဖဝါး) အရိုးအဆစ်များ "ကိုလက်တွေ့ပုံဖော်နေကြသော သားသားမီးမီးတို့၏ ပုံရိပ်များ💖💖
Grade-4

💥 ကျောင်းသား၊‌ ကျောင်းသူ၏လှုပ်ရှားမှု video နှင့် ဓါတ်ပုံများကို 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 နှင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 TikTok မှတဆင့် မျှဝေပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ‌၍ မိဘများအနေဖြင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 အား 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်၍ ပုံများ videoများ ကို ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်...။

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/khaingfamily

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏
TikTok Link 🖇️ https://www.tiktok.com/?_r=1&_t=ZS-96ql7SmcFYD

Khaing Family Private School

#အမြဲပိုကောင်းအောင်ကြိုးစားနေသောkhaingfamily
Khaing Family Private School

"ကာတွန်းဆရာကြီး ဦးဘဂျမ်း အတ္ထုပတ္တိ" သင်ခန်းစာအတွက် Project ပြုလုပ်နေကြသော သားသားမီးမီးလေးများ🥰🥰Grade-6💥 ကျောင်းသား၊‌ ကျ...
09/08/2026

"ကာတွန်းဆရာကြီး ဦးဘဂျမ်း အတ္ထုပတ္တိ" သင်ခန်းစာအတွက် Project ပြုလုပ်နေကြသော သားသားမီးမီးလေးများ🥰🥰
Grade-6

💥 ကျောင်းသား၊‌ ကျောင်းသူ၏လှုပ်ရှားမှု video နှင့် ဓါတ်ပုံများကို 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 နှင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 TikTok မှတဆင့် မျှဝေပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ‌၍ မိဘများအနေဖြင့် 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 အား 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်၍ ပုံများ videoများ ကို ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်...။

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐜𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/khaingfamily

🎯 𝐊𝐇𝐀𝐈𝐍𝐆 𝐅𝐀𝐌𝐈𝐋𝐘 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐒𝐂𝐇𝐎𝐎𝐋 ၏
TikTok Link 🖇️ https://www.tiktok.com/?_r=1&_t=ZS-96ql7SmcFYD

Khaing Family Private School

#အမြဲပိုကောင်းအောင်ကြိုးစားနေသောkhaingfamily
Khaing Family Private School

Address

Nyaung Wine Road, Kyuntaw Ward
Twante

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Alerts

Be the first to know and let us send you an email when Khaing Family Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share