Light Computer Training Center Yangon

Light Computer Training Center Yangon #တစ်ဦးခြင်း သီးသန့် အမြန်သင်တန်းမျ?
(2)

25/08/2026

အလုပ်အတွက် ဆယ်ရက်
အမြန်သင်တန်းမှာ လာတက်ချင်သူများက အချိန်ညှိဖို့ Hi လိုက်ပါနော်

24/08/2026

Laptop Keyboard ကို ဘယ်လိုလေ့လာကြမလဲ?

Laptop စသုံးတဲ့သူတွေထဲမှာ
Keyboard ခလုတ်တွေက ဘာအတွက်လဲ မသိသေးတာ၊ Shortcut Key တွေ မမှတ်မိတာ၊ Typing လုပ်ရင် လက်ချောင်းနေရာမမှန်တာ၊ Fn Key, Ctrl, Alt, Shift စတာတွေ ဘယ်လိုသုံးရမလဲ မသိတာတွေ ရှိတတ်ပါတယ်။

ဒါကြောင့် Keyboard ကို လေ့လာမယ်ဆိုရင် ဒီအဆင့်လေးတွေနဲ့ စလေ့လာပါနော်

– Keyboard Layout ကို သိအောင်လုပ်ပါ
A-Z စာလုံးတွေ၊ Number Key တွေ၊ Function Key (F1–F12) တွေ ဘယ်နေရာမှာရှိလဲ သိအောင် လေ့လာပါ။
– Special Keys တွေကို လေ့လာပါ
Enter၊ Backspace၊ Delete၊ Shift၊ Ctrl၊ Alt၊ Tab၊ Esc စတဲ့ Key တွေ ဘာလုပ်ပေးလဲ သိထားပါ။
– Shortcut Key တွေ လေ့လာပါ
Ctrl + C → Copy
Ctrl + V → Paste
Ctrl + X → Cut
Ctrl + Z → Undo
Ctrl + S → Save
စတဲ့ Shortcut တွေကို လက်တွေ့အသုံးချပြီး မှတ်ပါ။
– Typing Practice လုပ်ပါ
Keyboard ကို ကြည့်ပြီးရိုက်တာထက် တဖြည်းဖြည်းနဲ့ Keyboard မကြည့်ဘဲ ရိုက်နိုင်အောင် လေ့ကျင့်ပါ။
– လက်တွေ့ Software တွေမှာ အသုံးချပါ

Word၊ Excel၊ PowerPoint စတာတွေမှာ Shortcut Key တွေကို အသုံးပြုပြီး လေ့ကျင့်ပါ။

✨Keyboard ကို သိရုံနဲ့ Computer Skill မပြည့်စုံသေးပါဘူး။ Keyboard ကို မြန်မြန်နဲ့ မှန်မှန်အသုံးချနိုင်မှ Computer သုံးတဲ့အခါ ပိုမိုမြန်ဆန်လာမှာပါ။ Computer စတင်လေ့လာမယ့်သူတိုင်း Keyboard ကနေ စလေ့လာသင့်ပါတယ်နော်။

သင်တန်းကိစ္စများစုံစမ်းလိုပါကလည်း Hi လိုက်လို့ ရပါတယ်နော်

လက်ကွက်မြန်အောင် ဘယ်လိုလေ့ကျင့်ရမလဲ ?Keyboard ရိုက်တာ မြန်ချင်တယ် ဆိုရင် အမြန်ရိုက်ဖို့ပဲ အာရုံစိုက်မနေပါနဲ့။မှန်မှန်ရို...
24/08/2026

လက်ကွက်မြန်အောင် ဘယ်လိုလေ့ကျင့်ရမလဲ ?

Keyboard ရိုက်တာ မြန်ချင်တယ် ဆိုရင် အမြန်ရိုက်ဖို့ပဲ အာရုံစိုက်မနေပါနဲ့။

မှန်မှန်ရိုက်နိုင်အောင် လေ့ကျင့်တာက ပိုအရေးကြီးပါတယ်။

လက်ကွက်မြန်လာဖို့ ဒီအချက်တွေကို နေ့တိုင်းလေ့ကျင့်ကြည့်ပါ

1️⃣ လက်ချောင်းနေရာမှန်အောင် လေ့ကျင့်ပါ

ဘယ်လက်၊ ညာလက်ကို သတ်မှတ်ထားတဲ့ Key တွေပေါ်မှာ မှန်မှန်ထားပါ။

2️⃣ Keyboard ကို မကြည့်ဘဲ ရိုက်ကြည့်ပါ

အစပိုင်းမှာ နှေးနေပေမယ့် နောက်ပိုင်းမှာ လက်ကွက်ကို မှတ်မိလာပါလိမ့်မယ်။

3️⃣ နေ့တိုင်း 15–20 မိနစ် လေ့ကျင့်ပါ

တစ်ရက်တည်း အချိန်အများကြီး လေ့ကျင့်တာထက် နေ့တိုင်းနည်းနည်းစီ လေ့ကျင့်တာက ပိုထိရောက်ပါတယ်။

4️⃣ အမြန်ထက် အမှန်ကို ဦးစားပေးပါ

စာလုံးမှားတာများနေရင် Speed တက်လာလည်း အလုပ်မှာ အသုံးမဝင်ပါဘူး။

5️⃣ ကိုယ်ရိုက်နိုင်တဲ့ Speed ကို မှတ်ထားပါ

ဒီနေ့ 20 WPM ဆိုရင် နောက်တစ်ပတ် 25 WPM ဖြစ်လာအောင် ကိုယ့်ရဲ့တိုးတက်မှုကို တိုင်းတာပါ။

💡 လက်ကွက်မြန်တာက မွေးရာပါအရည်အချင်းမဟုတ်ပါဘူး။

မှန်မှန်လေ့ကျင့်ရင် ဘယ်သူမဆို မြန်လာနိုင်ပါတယ်။

👉 တစ်နေ့ 15 မိနစ် × ရက် 30 = လက်ကွက်သိသိသာသာ တိုးတက်လာနိုင်ပါတယ်။

သင်တန်းစာအုပ်များ မှာယူလိုပါက hi လိုက်ပါနော်

24/08/2026

online zoom class တက်ချင်သူများက အချိန်ညှိလို့ရပါပီနော်

24/08/2026

Excel မှာ Formula နဲ့တွက်ထားတဲ့ Cell တွေကို ဘယ်လိုရှာရမလဲ?

Excel Sheet ကြီးတစ်ခုထဲမှာ Formula တွေ ဘယ်နေရာမှာ ရေးထားလဲ မသိတော့ဘူးလား?

Formula ပါတဲ့ Cell တွေကို တစ်ကွက်ချင်းလိုက်ရှာနေစရာမလိုပါဘူးနော်။

- Ctrl + G နှိပ်ပါ
- Special… ကိုရွေးပါ
-Formulas ကိုရွေးပါ
- OK နှိပ်လိုက်ပါ

ဒါဆို Formula ပါတဲ့ Cell တွေအားလုံးကို တစ်ခါတည်း Select လုပ်ပေးမှာပါ။

✨ Excel ကို အလုပ်မှာအသုံးချနေသူတွေအတွက် ဒီလို Shortcut နဲ့ Function လေးတွေ သိထားရင် အလုပ်ပိုမြန်ပြီး အချိန်လည်း သက်သာစေပါတယ်။

သင်တန်းကိစ္စများနှင့် စာအုပ်များ စုံစမ်းလိုပါက Hi လိုက်လို့ရပါတယ်နော်

PowerPoint ရတာနဲ့ ဘာတွေ လုပ်တတ်မလဲ? PowerPoint ဆိုတာ Presentation ပြဖို့ Slide လုပ်ရုံပဲလို့ ထင်နေသေးလား? တကယ်တော့ Power...
24/08/2026

PowerPoint ရတာနဲ့ ဘာတွေ လုပ်တတ်မလဲ?

PowerPoint ဆိုတာ Presentation ပြဖို့ Slide လုပ်ရုံပဲလို့ ထင်နေသေးလား?

တကယ်တော့ PowerPoint တတ်ထားရင်

- Presentation Slide တွေကို လှလှပပ ဖန်တီးနိုင်မယ်
- စာ၊ ပုံ၊ Shape တွေကို စနစ်တကျ Design ချနိုင်မယ်
- Animation & Transition တွေ ထည့်နိုင်မယ်

- Chart / Table / SmartArt တွေ အသုံးပြုနိုင်မယ်

- သင်ခန်းစာတွေကို Slide အဖြစ် ပြင်ဆင် နိုင်မယ်

- အလုပ်ခွင်မှာ Report / Project Presentation ပြုလုပ်နိုင်မယ်

- Company Meeting / Training တွေအတွက် Slide ပြင်ဆင်နိုင်မယ်

- ကိုယ်ပိုင်လုပ်ငန်းအတွက် Product / Service Presentation ဖန်တီးနိုင်မယ်

- Presentation ကို Video အဖြစ် Export လုပ်ပြီး အသုံးပြုနိုင်မယ်

PowerPoint တတ်ထားတာက ကျောင်းသားတွေအတွက်သာမက အလုပ်ခွင်ဝင်မယ့်သူတိုင်းအတွက် အသုံးဝင်တဲ့ Computer Skill တစ်ခုပါ။

👉 "Slide လေးတွေ လှလှပပ လုပ်တတ်ရင် အလုပ်မှာလည်း ကိုယ့်ရဲ့ Professional ပုံစံကို ပိုမြင်သာစေပါတယ်"

အခုပြထားတဲ့ပုံလေးတွေကတော့ Office Course က သင်တန်းသားလေးရဲ့ Slide လေးတွေ ဖန်တီးထားတာ ဖြစ်ပါတယ်

သင်တန်းကိစ္စများ စုံစမ်းချင်တာဘဲ ဖြစ်ဖြစ်၊ စာအုပ်လေးတွေ မှာယူလိုတာဘဲ ဖြစ်ဖြစ် Hi လိုက်လို့ရပါတယ်နော်

မလှူဖူးတဲ့ အလှူမရှိပါ 🌷အလှူဆိုတာ ငွေကြေးတတ်နိုင်မှ လှူလို့ရတာ မဟုတ်ပါဘူး။ကိုယ်တတ်နိုင်သလောက်🤍 အချိန်လေးပေးတာ🤍 အားပေးစကား...
23/08/2026

မလှူဖူးတဲ့ အလှူမရှိပါ 🌷

အလှူဆိုတာ ငွေကြေးတတ်နိုင်မှ လှူလို့ရတာ မဟုတ်ပါဘူး။

ကိုယ်တတ်နိုင်သလောက်
🤍 အချိန်လေးပေးတာ
🤍 အားပေးစကားလေးပြောပေးတာ
🤍 လိုအပ်နေသူကို ကူညီပေးတာ
🤍 စိတ်ရင်းနဲ့ မျှဝေပေးတာ
ဒါတွေလည်း အလှူပါပဲ။

အလှူရဲ့တန်ဖိုးက
ဘယ်လောက်များများ လှူနိုင်သလဲဆိုတာထက်
ဘယ်လောက်စိတ်ရင်းနဲ့ လှူသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ကိုယ်တတ်နိုင်သလောက် ကောင်းမှုလေးတွေ ပြုပြီး နေဖြစ်ပါတယ်😘

မနက်ဖြန်ကံထူးရှင် ထပ်ရွေးမယ်နော်Kpay 3000 သုံးယောက်Page ထဲက post တွေကို ကံစမ်းနေကြ အတိုင်းလေးပဲ😘
23/08/2026

မနက်ဖြန်ကံထူးရှင် ထပ်ရွေးမယ်နော်
Kpay 3000 သုံးယောက်
Page ထဲက post တွေကို ကံစမ်းနေကြ အတိုင်းလေးပဲ😘

အခုပုံမှာ ပြထားသော Design တွေကို ဖန်တီးတက်ချင်ရင် Microsoft Word ကို သုံးပေးရမှာ ဖြစ်ပါတယ်။- Microsoft Word မှာ Shape, W...
22/08/2026

အခုပုံမှာ ပြထားသော Design တွေကို ဖန်တီးတက်ချင်ရင် Microsoft Word ကို သုံးပေးရမှာ ဖြစ်ပါတယ်။

- Microsoft Word မှာ Shape, WordArt, Text Box, Symbol, Smart Art အကြောင်းတွေကို သေချာနားလည်ရမှာ ဖြစ်ပါတယ်။

- ကိုယ်က သင်တန်းတက်ခဲ့ပြီး မေ့နေပါက ပြန်လည်လေ့ကျင့်လို့ရအောင် ဖိုင်လေးတွေလည်း တင်ပေးနေပါတယ်နော်

စာအုပ်လေးတွေနဲ့ မှာယူလေ့လာမယ်ဆိုပါကလည်း အခြေခံကနေ ရုံးပိုင်းအထိပါတဲ့ သင်ရိုးစာအုပ်လေး မှာယူဖို့ Hi ခဲ့လို့ ရပါတယ်

အခုပုံလေးတွေကတော့ Online Class အတန်းက သင်တန်းသားတွေရဲ့ Microsoft Word အိမ်စာတွေ ဖြစ်ပါတယ် 😘

22/08/2026

Photoshop မသုံးဘဲ လိပ်စာကဒ်တွေ ဖန်တီးဖို့

- Microsoft Word ကို သုံးနေပြီဆိုရင် Group တွေ၊ Shape တွေ၊ Copy ပွားတာတွေကို သေချာသိရမှာ ဖြစ်ပါတယ်နော်။
- Ctrl Key ရဲ့ အလုပ်လုပ်ပုံကို ခုဖိုင်မှာ လေ့လာရမှာ ဖြစ်ပါတယ်နော်။

ဖိုင်လေးကြည့်ပြီး ထပ်သိချင်တာများ ရှိပါက Command မှာ မေးခဲ့လို့ရပါတယ်နော်။

သင်တန်းကိစ္စများ စုံစမ်းလိုပါကလည်း Hi ခဲ့ပါနော်

Address

Thamardi 4 Street, Sa/ka Ward
Thingangyun

Telephone

+959421002451

Website

Alerts

Be the first to know and let us send you an email when Light Computer Training Center Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category