15/05/2026
အဝေးကနေလာပြီးသေချာကန်တော့သွားကြတဲ့
ကျမရဲ့
ထမင်းရှင်ကျေးဇူးရှင်လေးများ
သင်တန်းသူလေးတွေဟာတွေဟာ
ကျမရဲ့ထမင်းရှင်အစစ်တွေပါ
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
စိတ်ကြည်လင်လန်းဆန်းပြီး
လိုအင်ဆန္ဒပြည့်ဝကြပါစေ
19/11/2025
သင်ခန်းစာတစ်ခုသင်တယ်တီချယ်နဲ့အတူလက်တွေ့တစ်ထည်ချုပ်တယ်
ပြီးရင်နောက်ထပ်ကိုယ့်ဘာသာလက်တွေ့တစ်ထည်ချုပ်ရတယ်
ရမှနောက်သင်ခန်းစာတစ်ခုကိုထပ်သွားတယ်ဆိုတာ
တီချယ်ကသင်တန်းသူတွေကိုအချိန်ဆွဲပြီးသင်တာမျိုးမဟုတ်ရပါဘူးရှင်
သင်တန်းတက်နေရင်းနဲ့ကိုအပ်ထည်လက်ခံခိုင်းပြီး
အပ်ထည်သဘောတရားအရ
တွေကြုံလာတတ်တဲ့အခက်အခဲတွေကို
တီချယ်ကူညီဖြေရှင်းရင်းနဲ့
အပ်ထည်ဆိုတာဒီလိုလက်ခံရတယ်
ဒီလိုအခက်အခဲမျိုးကြုံရတတ်တယ်
ဒီလိုအဆင်ပြေတယ်
ဒီလိုငွေ၀င်တယ်
စသည်ဖြင့်အပ်ထည်ကိုမကြောက်တတ်အောင်အသေးစိတ်တွေသင်ပေးခဲ့တာဟာ
တီချယ့်ရဲ့လုပ်သက်နှစ်၃၀နီးပါးအတွေ့အကြုံအရ
စက်ချုပ်ပညာဟာဒီလိုသင်မှ
တကယ်တတ်တာမို့ပါ
စာတွေ့လက်တွေ့တွေအရမ်းလုပ်ခဲ့ရတော့
ကိုယ်တစ်ယောက်ထဲအပ်ထည်လက်ခံတဲ့အခါမှာသင်တန်းသူခလေးတို့စိတ်မပင်ပန်းတော့ဘူးပေါ့
သင်တန်းတက်နေရင်းနဲ့
အပ်ထည်အတွေ့အကြုံတပွေ့တပိုက်ကြီးလက်တွေ့တွေချုပ်ခဲ့ပြီးပြီဆိုတော့ဆိုတော့
သင်တန်းလည်းဆင်းပြီးတာနဲ့အပ်ထည်တွေဆက်တိုက်လက်ခံမယ့်သမီးလေး၂ယောက်ပါရှင်
မခွဲနိုင်သော်လည်း
ပညာတွေပြည့်၀နေပြီမို့
ပျံသန်းကြပါတော့မယ်
Certificateတော့မယူကြသေးဘူးတဲ့ရှင်
KML Fashion Design School
ရဲ့သင်တန်းကြေးကတော့
အခြေခံ၁၀သိန်း
အခြေခံ+အဆင့်မြင့်=အတတ်သင်၃၀သိန်းပါရှင်
တစ်ယောက်ချင်းစီကိုသင်တန်းကာလမသတ်မှတ်ထားပဲမတတ်မချင်းသင်ပေးပါတယ်ရှင်
လိပ်စာ
No.35/1
မင်းဒင်လမ်း
29ရပ်ကွက်
သုဝဏ္ဏ
သင်္ကန်းကျွန်းရန်ကုန်
09761696681
13/10/2025
စက်ချုပ်ခလေးတွေကအကယ်ဒမီအခေါက်ရွှေတွေပါနော်
စက်ချုပ်ခတွေရတိုင်းရတိုင်း
၁သောင်း၁သောင်းအမြဲဖယ်ဖယ်ထားပြီး
၅သောင်းပြည့်ရင်
ငဲငဲလေးအကယ်ဒမီရွှေဆိုင်ကိုလွှဲလွှဲပြီးရွှေ၀ယ်တာပါတဲ့ရှင်
ရွှေနည်းနည်းချင်းစီ၀ယ်ရင်း
အခုလိုအကယ်ဒမီတံဆိပ်
၁၆ပဲရည်အခေါက်လက်စွပ်လေးရလာတာပါ