Khin Nyo Win

Khin Nyo Win ကိုယ်၊ နှုတ် ၊စိတ် ၃ပါးလုံးကို အသုံးချပြီး ပျော်ရွှင်အောင်မြင်သော ဘဝကို တည်ဆောက်ကြမယ်။

ညိုတို့ရဲ့ အလုပ်လုပ်ပုံက ကာယ၊ဉာဏ ဘယ်အရာကိုအားပြုဦးတည်ပြီးလည်ပတ်နေပါစေ Energy (၄) မျိုးကိုအုတ်မြစ်ချပြီးမှ အလုပ်လုပ်ဖို့...
14/09/2024

ညိုတို့ရဲ့ အလုပ်လုပ်ပုံက ကာယ၊ဉာဏ ဘယ်အရာကိုအားပြုဦးတည်ပြီးလည်ပတ်နေပါစေ Energy (၄) မျိုးကိုအုတ်မြစ်ချပြီးမှ အလုပ်လုပ်ဖို့လိုအပ်တဲ့အရည်အသွေးထွက်ပေါ်လာပါတယ်။

ဒီ Psychology အရသတ်မှတ်ထားတဲ့ စွမ်းရည် (၄) မျိုးထဲက တစ်ခုခုချို့ယွင်းတဲ့အခါ ကိုယ့်ရဲ့အလုပ်စွမ်းဆောင်ရည် တစ်နည်း ကိုယ့်ရဲ့ဆုံးဖြတ်၊ပိုင်းခြား၊တီထွင်နိုင်စွမ်းတွေ ပင်ပန်းလျော့ကျစေပါတယ်။

ဒီလောက်အရေးကြီးထဲ စွမ်းရည်တွေထဲမှာ ပထမအရေးပါဆုံးက-

⚪𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆

❝ကျန်းမာခြင်းသည် လာဘ်တစ်ပါး❞ ဆိုတဲ့စကားဟာ မမာမကျန်းဖြစ်လာတဲ့အချိန်မှာဆို လူတွေရဲ့သတိလက်လွတ်ခြင်းတွေကို မီးမောင်းထိုးပြလေ့ရှိပါတယ်။

အပြင်ပန်း "ကာယကျန်းမာခြင်း"ဟာ လူတစ်ယောက်စွမ်းရည်ပြည့်ဝနေခြင်းရဲ့ ပထမဦးဆုံးအမှတ်လက္ခဏာဖြစ်တာကြောင့် ခန္ဓာကျန်းမာနေတဲ့အခါ စိတ်သွားတိုင်း ကိုယ်ပါတဲ့အတွက် လိုသလို အလုပ်ကိုပိုတွင်စေပါတယ်။

ဒါ့ကြောင့် လူတွေနေ့စဥ် တက်တက်ကြွကြွအလုပ်လုပ်နိုင်တာဟာ 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ပြည့်ဝနေလို့ပါလို့ ဆိုနိုင်ပြီး အစားအချိန်မှန်ခြင်း၊အိပ်ချိန်စက်ဝန်းမှန်ကန်ခြင်း၊ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ခြင်းဖြင့် 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ကိုဖြည့်စွမ်းရာရောက်ပါတယ်။

⚪𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆

ဘယ်သူကမှ ဝမ်းနည်းဖို့ရှင်သန်နေကြတာမဟုတ်ဘူး။ကျင်းထဲကျပ်ထဲရောက်နေတဲ့အခြေအနေမှာတောင် ပျော်ရွှင်ဖို့၊စိတ်သက်သာရာရဖို့ ကြိုးစားနေထိုင်နေကြတာဟာ လူသားတွေပါ။

လူသားတွေမှာမပျော်ရွှင်စရာ Negative Emotion တစ်ခုခုလွှမ်းမိုးခံရတဲ့အခါ တိတ်ဆိတ်သွားတာ၊ဒေါသထွက်တာ၊ခွန်းတုံ့ပြန်တာ ၊လူတွေနဲ့မတွေ့ချင်တာ စသဖြင့်ပုံစံမျိုးစုံပြပြီး Negative Emotion နေ့စဥ်လုပ်ငန်းဆောင်တာတွေအထိ အနှောက်အယှက်ပေးပါတယ်။

တစ်နေ့တာကို စိတ်ပျော်နေဖို့၊စိတ်မချမ်းမြေ့တာမျိုးရှိမနေဖို့ကြိုးစားခြင်းဖြင့် သင့်ရဲ့ 𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ကိုအကောင်းဖက်ဆီ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

⚪𝗠𝗲𝗻𝘁𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆

စိတ်ထိခိုက်စေတဲ့ ပြဿနာ၊အကြောင်းအရာ၊အဖြစ်အပျက်တွေကြုံရတဲ့အခါ
-ညာဘက်ဦးနှောက်က "စိတ်ခံစားမှု"
-ဘယ်ဘက်ဦးနှောက်က "သိမြင်မှု" နဲ့ "တုံ့ပြန်ဖို့လှုံ့ဆော်မှု" ပေးပါတယ်။ ဒါက 𝗠𝗲𝗻𝘁𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ဖြစ်ပေါ်လာပုံပါပဲ။

သင်သာပြဿနာတစ်ခုကြုံရတိုင်း အရေးမပါတဲ့အရာကိုဖယ်နိုင်ပြီး အရေးပါတဲ့ရွေးချယ်မှုကို Focus ထားနေတယ်ဆိုရင် တစ်နေ့တာအလုပ်မှာပိုမိုအောင်မြင်မယ်လို့ပြောရင် ငြင်းမယ်မထင်ပါဘူး။

အရေးပါတဲ့အရာတွေပိုသိဖို့ ရင့်ကျက်မှုအတွက် အချိန်ပေးရမှာဖြစ်ပြီး ပြဿနာတွေအပေါ်တွေးတောဆင်ခြင်နိုင်စွမ်း အားကောင်းလာတာနဲ့အမျှသင့်ရဲ့ 𝗠𝗲𝗻𝘁𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ပိုပြီးအားကောင်းလာတာကို သင်ကိုယ်တိုင်ခံစားမိပါလိမ့်မယ်။

⚪𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆

ကိုယ့်ရဲ့ခံယူချက်၊သဘောထားနဲ့အခြားသူတွေအပေါ်အမြင်ဟာ သိစိတ်နဲ့မသိစိတ်ကိုဦးဆောင်နေပြီး ကိုယ်ဘယ်သူလဲဆိုတာ ဖော်ပြနေပါတယ်။

𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ကညိုတို့ရဲ့ Inner Side ကလာတာဖြစ်ပြီး အဲ့ဒီစွမ်းအင်ရဲ့အားကြီးမှုအဆင့်ကို ညိုတို့ရဲ့အမူအကျင့်တွေနဲ့ဆုံးဖြတ်နိုင်ပါတယ်။အစုအဖွဲ့နဲ့သွားတဲ့ ​အလုပ်ခွင်မှာလည်းအများကြီးကို သက်ရောက်မှုရှိတဲ့ Energy တစ်ခုပါ။

တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေတဲ့ Behavior နည်းပါးလေ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ကြီးမားလေလို့ဆိုရမှာပါ။

ဒီ Energy (၄) မျိုးမှာ 𝗣𝗵𝘆𝘀𝗶𝗰𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 နဲ့ 𝗠𝗲𝗻𝘁𝗮𝗹 𝗘𝗻𝗲𝗿𝗴𝘆 ကတစ်ခုကိုတစ်ခု တိုက်ရိုက်မှီခိုနေပါတယ်။တစ်ခုပြိုလဲတာနဲ့ နောက်တစ်ခုကအလိုလိုအားပျော့လာတတ်ပြီး တစ်ခုကိုသန်မာစေရင်တော့နောက် Energy တစ်ခုကပါ ပြန်အားပြည့်လာနိုင်တာမျိုးပါ။

အားလုံးပဲ မပြိုလဲသင့်တဲ့ ဒီ Energy တွေကိုစောင့်ရှောက်ဖို့ မမေ့ပါနဲ့နော်။

Resilience (ခံနိုင်ရည်ရှိခြင်း) အခုချိန်မှာ အကျပ်အတည်းကာလတစ်ခုကို အများနဲ့ ဖြတ်သန်းနေရတဲ့ အချိန်ပါ။ ဒီကာလမျိုးကို တုံ့ပြ...
14/09/2024

Resilience (ခံနိုင်ရည်ရှိခြင်း)

အခုချိန်မှာ အကျပ်အတည်းကာလတစ်ခုကို အများနဲ့ ဖြတ်သန်းနေရတဲ့ အချိန်ပါ။ ဒီကာလမျိုးကို တုံ့ပြန်တဲ့ ပုံစံချင်း တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ အကြောင်းကတော့ Resilience လို့ခေါ််တဲ့ ခံနိုင်ရည်ရှိမှုတွေ တစ်ဦးနဲ့တစ်ဦး ကွာသွားလို့ ဖြစ်ပါတယ်။

ခံနိုင်ရည် ရှိခြင်းဆိုတာ Mental Strength စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကို အခြေခံပါတယ်။ ညိုလေ့လာထား‌သလောက် စိတ်ပိုင်းဆိုင်ရာကြံခိုင်မှု ရှိတဲ့ လူတွေမှာ တူညီတဲ့ အချက်တချို့ ရှိနေပါတယ်။

၁) လူတစ်ယောက်ဟာ ခံနိုင်ရည်ရှိဖို့ အတွေးအခေါ် ပွင့်လင်းပြီး ဖြစ်ပျက်နေတဲ့ အခြေအနေအလိုက် လိုက်လျောညီထွေစွာ ပြောင်းလွယ်ပြင်လွယ်ဖို့ လိုမယ်။ ဒီလိုဖြစ်ခြင်းအားဖြင့် အကြံဥာဏ်ကောင်းတွေ ထွက်စေတယ်၊ အခွင့်အရေးတွေ ပိုမြင်စေတယ်၊ ပြဿနာတွေရဲ့ အဖြေတွေကို ရှာဖို့ ရွေးချယ်စရာ နည်းလမ်းတွေ များစေတာပဲ ဖြစ်ပါတယ်။

၂) စိတ်ရှည်ခြင်းက မပါမဖြစ် စွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲမှာ စိတ်ရှည်တတ်တဲ့လူတွေပဲ ရှင်သန်ကျန်ရစ်ပါတယ်။ အရာရာကို စိတ်ပျက်လွယ်၊ ဒေါသထွက်လွယ်တဲ့လူတွေရဲ့ ဆုံးဖြတ်ချက်က ရလဒ် အဆိုးတွေကို ဦးတည်ဖို့များပါတယ်။ စိတ်ရှည်တယ်ဆိုတာ တစ်နည်းအားဖြင့် အခွင့်အလမ်းတံခါးများကို ဖွင့်ထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘဝမှာ တကြိမ်တခါလောက် စိတ်ရှည်ခြင်းကို ကျင့်ကြံလိုက်ကြရ‌အောင်လား... !

၃) ကြင်နာတတ်တာ နှလုံးသား မွေးမြူပါ။ စိတ်နှလုံး ကြည်လင်နေတဲ့ လူက အမြဲရွှင်လန်းနေပါလိမ့်မယ်။ ဒီလို အကြည်ဓာတ်နဲ့ ရွှင်လန်းနေခြင်းက အလုပ်အတွက်ဖြစ်စေ၊ လူမှုဆက်ဆံရေး အတွက် ဖြစ်စေ အကျိုးရှိပါတယ်။ ဘဝက ခက်ခဲနေတယ်လို့တွေးမိတိုင်း ကြီးတယ် သေးတယ် မတွေးဘဲ ကိုယ့်ပတ်ဝန်းကျင်ကို ကြင်နာတဲ့ ကိစ္စတစ်ခု ပြုမူလုပ်ဆောင်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ပြီးတော့ အထူးတလည် မှာချင်တာက ကိုယ့်ကိုယ်ကို ကြင်နာတတ်ဖို့လည်း မမေ့ပါနဲ့ ။

၄) တချို့ကလဲ Big picture လို့ သုံးကြတယ်။ ညိုကတော့ ဒီနေရာမှာ ဘဝကို ငှက်တစ်‌ကောင်လို့ အမြင့် မြင်ကွင်း‌ကနေ ကြည့်နိုင်ပါစေလို့ ‌တင်စားပြောချင်ပါတယ်။ အခက်အခဲ ပြဿနာတွေကို အနီးကပ်ဆွဲပြီး ကြည့်လိုက်တဲ့ အခါ ပြဿနာတွေက များလွန်းလှပါတယ်။ အဝေးကနေ ခြုံငုံကြည့်မှသာ ပြဿနာက ပြဿနာမဟုတ်ကြောင်း သိရှိနားလည် လာပါလိမ့်မယ်။ တစ်နေ့တာမှာ အဖုအထစ်လေးတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ အဆင်မပြေတဲ့ ရက်လေး တစ်ရက်သာဖြစ်ပြီး အဆင်မပြေတဲ့ ဘဝပဲလို့ ခေါင်းစဥ်တပ်ဖို့ မထိုက်တန်ဘူးပါဘူး။

Resilience နဲ့ပတ်သက်ပြီး နောက်ထပ် အကြောင်းအရာတွေကို မျှဝေဖို့ Live video တစ်ခု လွှင့်ပါမယ် ။ ဒါ့အပြင် မိတ်ဆွေတို့ ကြုံနေရတဲ့ အခက်အခဲတွေထဲက တစ်ခု (သို့) နှစ်ခုကို Chat box သော်လည်းကောင်း ဒီ Post ရဲ့ Comment မှာသော် လည်းကောင်း လာရောက် ဆွေးနွေးနိုင်တဲ့ အကြောင်း အသိပေးအပ်ပါတယ်။

ဒီလိုအချိန်မှာ ညိုအတတ်နိုင်ဆုံးနဲ့ အကျွမ်းကျင်ဆုံးအရာကတော့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပဲ ဖြစ်ပါတယ်။

သာယာပျော်ရွှင်တဲ့နေ့မှသည် သာယာပျော်ရွင်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။

ခင်ညိုဝင်း (Life Coach & Trainer)

ကိုယ့်ကိုယ်ကို ယုံကြည်မှု (Confidence) ရှိချင်တယ်ဆိုရင် ဘယ်ကစမလဲ? ယုံကြည်မှု ရှိချင်ရင် လွယ်လွယ်‌လေး။ ပထမအဆင့် ကိုယ့်ကို...
14/09/2024

ကိုယ့်ကိုယ်ကို ယုံကြည်မှု (Confidence) ရှိချင်တယ်ဆိုရင် ဘယ်ကစမလဲ?

ယုံကြည်မှု ရှိချင်ရင် လွယ်လွယ်‌လေး။

ပထမအဆင့်

ကိုယ့်ကိုယ့်ကို ကတိပေးထားတာက စ။ လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာ ဘာတွေ ရှိနေလဲ စဉ်းစားကြည့် ။ အကြောင်းအရာ တော်တော်များများ ထွက်လာလိမ့်မယ်။ အဲ့ဒီထဲက တစ်ခုခုကို လုပ်လိုက်တိုင်း Super Power တွေ ရလာသလို ခံစားရလိမ့်မယ်။

ဒုတိယအဆင့်

သူများကို ပေးထားတဲ့ ကတိတွေကို ပြန်စဉ်းစား။ လုပ်နိုင်တာရှိရင် ချက်ချင်းအကောင်အထည်ဖေါ်။ တစ်ယောက်ယောက်နဲ့ တွေ့မယ်ပြောပြီး ပျက်ကွက်နေလား ? အလုပ် အကြွေးကျန်နေတာလား? ဘာတွေပဲ ရှိရှိ တတ်နိုင်သလောက် အခုထလုပ်ကြည့်။ ဒါလည်း တစ်ခု လုပ်ပြီးတိုင်း ထူးခြားမှု‌တွေ ဆက်တိုက်ဖြစ်တယ်

တတိယအဆင့်

ကိုယ်က ကမ္ဘာကြီးကို ပေးထားတဲ့ ကတိတွေအတွက် လုပ်။ စကားလုံးကြီးသွားလို့ မလန့်သွားနဲ့။ ဆိုလိုချင်တာ ဘယ်သူဘယ်ဝါရယ်မှ မဟုတ်ဘူး လူအများ အတွက် ကိုယ်ကပေးချင်နေတဲ့ ကိုယ့်ရဲ့ Value ၊ လောကကြီးမှာ ထားခဲ့ချင်တဲ့ ကိုယ့်ရဲ့ အကျိုးသက်ရောက်မှု (Impact) ကိုပြောတာ။ သဘောတရားနဲ့ပဲ ဆိုင်တယ် ၊ လုပ်ရပ်ရဲ ကြီးကျယ်ခမ်းနားမှုနဲ့ မဆိုင်ဘူး။ ဥပမာ လူတွေ အတွက် အလှပန်းပျိုးလေးတွေ ထားရှိချင်တဲ့ မိတ်ဆွေတစ်ယောက်ကို တွေ့ဖူးတယ်။ သူ့အိမ်မှာ ပျိုးပင်လေးတွေ စိုက်ထားပြီး မိတ်ဆွေတွေ လိုချင်ရင် လက်ဆောင်ပေး၊ သေချာပြုစုပျိုးထောင်ပါ့မယ်လို့ ကတိတောင်းတာမျိုးကို ဆိုလိုတယ်။

ဒီ (၃) ချက် ပြည့်မှီနေရင် ကိုယ်က အလိုလို Confidence ရှိလာလိမ့်မယ်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့ ရင်းနှီးမြှုပ်နံမှုပဲ ။ အစွမ်းဆုံး ယတြာပဲ။ ဒီစာကို ဖတ်ပြီးတာနဲ့ လုပ်ကြည့်ကြပါ။

Khin Nyo Win
Life Coach &Trainer

🏆🩵💫🌸
04/07/2024

🏆🩵💫🌸

ချစ်ခြင်းမေတ္တာကလွဲရင် ဘယ်အရာမှ ကြာကြာသိမ်းထားသင့်တဲ့ အရာထဲမပါဝင်ပါ။
08/06/2024

ချစ်ခြင်းမေတ္တာကလွဲရင် ဘယ်အရာမှ ကြာကြာသိမ်းထားသင့်တဲ့ အရာထဲမပါဝင်ပါ။

04/06/2024

ကြိုမမြင်နိုင်တဲ့ အပြောင်းအလဲတွေ​ကြောင့် လူတိုင်း လူတိုင်းစိတ်ဓာတ်ကျခွင့်ရှိပါတယ်။

စိတ်ဓာတ်ကျတာ အမှားတစ်ခုမဟုတ်သလို မှားယွင်းတဲ့ ခံစားချက်လည်း မဟုတ်ပါဘူး။

အချိန်အကြာကြီး ကိုယ့်ကိုယ်ကို ပြန်မထူမတ်တာကသာ မှားယွင်းခြင်းရဲ့အစပါ။

မင်းမှာစိတ်ဖိစီးမူ့တွေဆက်တိုက်... ဆက်တိုက်ရှိနေမယ်ဆိုရင်တော့.... အဲ့ဒီ့Chronic Stressက...ဉီးနှောက်ထဲမှာရှိတဲ့....အဆိုးမြ...
04/06/2024

မင်းမှာစိတ်ဖိစီးမူ့တွေဆက်တိုက်...
ဆက်တိုက်ရှိနေမယ်ဆိုရင်တော့....
အဲ့ဒီ့Chronic Stressက...
ဉီးနှောက်ထဲမှာရှိတဲ့....
အဆိုးမြင်ကွန်ယက်ကိုအားကောင်းစေပြီး....
ပိုပြီအဆိုးမြင်လာစေပါတယ်...
ဒါကြောင့်....ဘဝမှာအဆိုးမြင်တဲ့လူတစ်ယောက်...ကျရှုံးတဲ့...လူတစ်ယောက် မဖြစ်လာစေဖို့...
Coachတစ်ယောက်မဖြစ်မနေလိုအပ်ပါတယ်🧚‍♀🏆🏆💛💕
Khin No Win
Relationship Coach

ကလေးငယ်လေးတွေ နို့ဆာတဲ့အခါ ဘာကြောင့် ငိုယိုကြလဲ တွေးကြည့်ဖူးလား? ဒါမှမဟုတ် ပညာရှင် တစ်ယောက် အလုပ်ခန်းထဲမှာ အကြိမ်ပေါင်း ...
01/06/2024

ကလေးငယ်လေးတွေ နို့ဆာတဲ့အခါ ဘာကြောင့် ငိုယိုကြလဲ တွေးကြည့်ဖူးလား?

ဒါမှမဟုတ်

ပညာရှင် တစ်ယောက် အလုပ်ခန်းထဲမှာ အကြိမ်ပေါင်း တစ်သောင်းခန့် မအောင်မြင်မချင်း တီထွင်မှုတွေ ပြုလုပ်နေတာ ဘာကြောင့်ပါလဲ?

ဒါဟာ စိတ်အားထက်သန်မှုကြောင့်ပါပဲ။ စိတ်အားထက်သန်မှုက အံ့မခန်းတဲ့ အရာတွေကို ပြီးမြောက်စေနိုင်တယ်။ စိတ်အားထက်သန်မှုတွေကြောင့်ပဲ လူသားတွေဟာ တိုးတက်ခေတ်မှီလာခဲ့ကြတယ်။

ပျော်ရွှင်နေတဲ့ လူတစ်ယောက်နဲ့ စိတ်ဓာတ်ကျလမ်းပျောက်နေတဲ့ လူတစ်ယောက်မှာ ကွာခြားသွားတာလည်း စိတ်အားထက်သန်မှုပါပဲ။

စိတ်အားထက်သန်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက ယုံကြည်စိတ်ပါပဲ။ တစ်ခုခုကိုဖြစ်မြောက် အောင်မြင်မယ်လို့ ယုံကြည်စိတ် ဖြစ်တဲ့အခါ ဖြစ်နိုင်ချေရှိသမျှကို လူဟာ ကြိုးစားအားထုတ်တယ်။ ဒီကနေ စိတ်အားထက်သန်မှုဟာ လိုက်ပါလာတယ်။ အခက်အခဲတွေ ရှိလာရင်တောင် လှေကားထစ်တွေ အဖြစ်မြင်တတ်လာမယ်။

ဒါဆို စိတ်အားထက်သန်မှုကို လျော့ကျစေတဲ့ဘအကြောင်းအရင်းက ယုံကြည်စိတ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သံသယစိတ်ပါပဲ။ ဖြစ်ပါ့မလား ဆိုတဲ့ စိတ်တစ်ခုဝင်လာပြီး ဆိုတာနဲ့ လူဟာအလွယ်တကူ အားလျော့ချင်လာမယ်။ အခက်အခဲကို အခက်အခဲလို့သာ မြင်နေမယ်။

Team တစ်ခု တည်ဆောက်ရင်လည်း ထိုနည်း‌လည်းကောင်းပါပဲ။ စိတ်အားထက်သန်နေတဲ့ အဖွဲ့အစည်းတွေကို ကြည့်လိုက်ရင် အဖွဲ့ဝင်တွေက ဘုံရည်မှန်းချက်တွေ အပေါ်မှာ ယုံကြည်စိတ် အပြည့်ရှိကြတယ်။ ဒီလိုဖြစ်အောင် အဓိက မောင်းနှင်ဖို့ရာ စိတ်အားထက်သန်ဆုံး ခေါင်းဆောင်တစ်ယောက်တော့ အနည်းဆုံးလိုပါတယ်။ ဒီကနေမှ တဆင့် ခေါင်းဆောင်းကောင်းတွေ ထပ်ပွားများလာတဲ့အခါ ထူးချွန်ပြောင်မြောက်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်အားထက်သန်မှုကို မိမိကနေ စတင်ပါ။ တခြားသူတွေပါ ကိုယ့်လို ယုံကြည်စိတ် ဖြစ်လာတဲ့အထိ ထိန်းထားပါ။

အချိန်တန်တဲ့အခါ ထင်မှတ်မထားတဲ့ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ပါလိမ့်မယ်။
Khin Nyo Win
NLP Master Coach &Trainer.

Address

Thingangyun
THINGANGYUNYANGON

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09457308828

Website

Alerts

Be the first to know and let us send you an email when Khin Nyo Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category