သဘာဝစာသင်ခန်း Nature Classroom

သဘာဝစာသင်ခန်း Nature Classroom

Share

ကစားရင်းသင်ယူသဘာ၀နဲ့အတူကြီးပြင်း

29/07/2026

🌕 "အေးမြချမ်းမြေ့စရာ လပြည့်နေ့ အခါသမယ" ✨🌿
​ယနေ့ကျရောက်သော မြင့်မြတ်လှသည့် လပြည့်နေ့ အခါသမယမှာ -
​ကျောင်းသား/သူ ကလေးငယ်များ၊ မိဘများနှင့်တကွ ချစ်ခင်ရပါသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း သဘာဝစာသင်ခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ 💚
​လပြည့်ဝန်းကြီး၏ အေးမြသော ရောင်ခြည်ကဲ့သို့ပင် ကလေးငယ်များ၏ စိတ်နှလုံးတွင်လည်း အေးချမ်းတည်ငြိမ်မှု၊ မေတ္တာတရားများနှင့်အတူ လှပစွာ ကြီးပြင်းရှင်သန်နိုင်ကြပါစေ။ 🌕🍃
​"ကစားရင်းသင်ယူ သဘာ၀နဲ့အတူကြီးပြင်း" 🧡
​ #လပြည့်နေ့ #မေတ္တာဆုမွန်ကောင်း #သဘာဝစာသင်ခန်း #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း

Photos from သဘာဝစာသင်ခန်း Nature Classroom's post 24/07/2026

🌱 ကလေးတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို သဘာဝတရားက ဘယ်လိုပျိုးထောင်ပေးလဲ? 🎨🪵
​ကလေးတွေကို "ငြိမ်ငြိမ်ထိုင်၊ စာသေချာကြည့်" လို့ အမိန့်ပေးတာထက်... သဘာဝပစ္စည်းလေးတွေကို ကိုယ်တိုင် လက်တွေ့ဖန်တီးခွင့် ပေးလိုက်တဲ့အခါ အာရုံစိုက်နိုင်စွမ်း (Attention Span) က အလိုလို တိုးတက်လာပါတယ်ရှင်။ ✨
​🧠 သဘာဝစာသင်ခန်း၏ လက်တွေ့စူးစမ်းမှုမှ ရရှိမည့် အကျိုးကျေးဇူးများ -
​၁။ 🔍 အနက်ရှိုင်းဆုံး အာရုံစူးစိုက်မှု (Deep Focus): သဘာဝပစ္စည်းလေးတွေကို အာရုံစိုက် ကိုင်တွယ်ရင်း ဦးနှောက်၏ စူးစိုက်နိုင်စွမ်း ကြာရှည်လာစေခြင်း။
​၂။ 🖐️ လက်နှင့် မျက်လုံး ဟန်ချက်ညီမှု (Hand-Eye Coordination): လက်ချောင်း ကြွက်သားငယ်လေးများ (Fine Motor Skills) သန်မာလာပြီး စာရေးရာတွင် ပိုမိုကျွမ်းကျင်လာခြင်း။
​၃။ 💡 လွတ်လပ်သော စိတ်ကူးစိတ်သန်း (Creativity): ပုံသေနည်းမရှိဘဲ လွတ်လပ်စွာ ဖန်တီးခွင့်ရသဖြင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာခြင်း။
​"ကစားရင်းသင်ယူ သဘာ၀နဲ့အတူကြီးပြင်း" ဆိုသည့် ဆောင်ပုဒ်အတိုင်း ကလေးတို့၏ အနာဂတ်အတွက် သဘာဝတရားနှင့်အတူ အမြဲ ရှိနေပေးလျက်ပါရှင်။ 🧡
​ #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း #သဘာဝစာသင်ခန်း

19/07/2026

🇲🇲 "အာဇာနည်နေ့ကို အောက်မေ့ သတိရခြင်း" 🕯️✨
​ဇူလိုင်လ (၁၉) ရက်နေ့ ရောက်တိုင်း ကလေးတို့ကို ကျွန်မတို့ သဘာဝစာသင်ခန်းကနေ အမြဲ မျှဝေပေးဖြစ်တာကတော့ "အာဇာနည်စိတ်ဓာတ်" အကြောင်းပဲ ဖြစ်ပါတယ်ရှင်။
​စာအုပ်ထဲက သမိုင်းကြောင်းကို ကျက်မှတ်ရုံတင်မကဘဲ -
​🤝 အများအကျိုးကို သယ်ပိုးလိုစိတ် (Altruism)
​🔥 မှန်ကန်ရာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲတဲ့စိတ် (Courage) စတဲ့ ...
​အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စံနမူနာပြ စိတ်ဓာတ်ကောင်းတွေကို မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ရင်ထဲမှာ စိမ့်ဝင်ရှင်သန်နေစေဖို့ လက်တွေ့ဘဝ သင်ခန်းစာတွေကတစ်ဆင့် ပြုစုပျိုးထောင်ပေးလျက် ရှိပါတယ်ရှင်။
​နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို လေးမြတ်စွာ ဦးညွှတ်အောက်မေ့အပ်ပါသည်။ 🙏
​ #၁၉ဇူလိုင်မမေ့နိုင် #အာဇာနည်နေ့ #သဘာဝစာသင်ခန်း #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း

Photos from The Leaf House Publishing's post 17/07/2026

တောအုပ်ငယ်လေးနဲ့ မြေနီလမ်း ကလေးကလည်း ငယ်ငယ်တုန်းကပါပဲ
အလွမ်းလည်းပြေ လက်ဆင့်လည်းကမ်း

14/07/2026

"ကလေးတိုင်းဟာ တူညီဖို့ မလိုပါဘူး။ နားလည်မှုပေးခံရဖို့တော့ လိုပါတယ်။"

ခုဆို Autism အကြောင်းကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ကားကြောင့် လူအများကြားမှာ ဆွေးနွေးမှုတွေ ပိုများလာတာကို တွေ့နေရတယ်။
တချို့က စိတ်မကောင်းဖြစ်ကြတယ်။
တချို့က နားလည်ဖို့ ကြိုးစားကြတယ်။
တချို့ကတော့ မေးခွန်းတွေ အများကြီး ရှိနေကြပါတယ်။ ရှိနေကြပါလိမ့်မယ်။

ဒီအချိန်မှာ ကျွန်တော်မေးချင်တဲ့ မေးခွန်းက—
“Autism ဆိုတာ ဘာလဲ" ထက် "Autism ရှိတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လို နားလည်ပေးနိုင်မလဲ"ဆိုတာပါ။

Autism က ရောဂါလား?
Autism Spectrum Disorder (ASD) ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

Autistic ကလေးတစ်ယောက်ဟာ
- ကမ္ဘာကို ပတ်ဝန်းကျင်ကို ရှုမြင်ခံစားပုံ
- ဆက်သွယ်ပုံ
- သင်ယူပုံ
- အာရုံခံစားပုံ
တွေမှာ တခြားကလေးတွေနဲ့ မတူနိုင်ပါဘူး

"မတူဘူးဆိုတာနဲ့ သာမာန်လူတွေလိုမခံစားနိုင်ဘူး…နည်းတယ်”လို့ မဆိုလိုပါဘူး။

“If they can't learn the way we teach, we teach the way they learn."
“ဒေါက်တာ O. Ivar Lovaas” နဲ့ နောက်ပိုင်း Inclusive Education ကို အားပေးတဲ့ ပညာရှင်များစွာက အလေးထားပြောခဲ့တဲ့ အယူအဆတစ်ခုပါ။
ကလေးကို ပြောင်းဖို့ မကြိုးစားခင်...
သင်ကြားတဲ့နည်းလမ်းကို ပြန်ကြည့်သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ

ကျွန်တော်ယုံကြည်တာကတော့
ကလေးတိုင်းမှာ သင်ယူနိုင်စွမ်း ရှိတယ်
ဒါပေမယ့်...
ကလေးတိုင်း သင်ယူတဲ့ လမ်းကြောင်းကတော့ တူမှာ မဟုတ်ဘူး။
တချို့က စကားနဲ့ သင်ယူတယ်။
တချို့က ကြည့်ပြီး သင်ယူတယ်။
တချို့က လက်တွေ့လုပ်ကြည့်ပြီးမှ သင်ယူတယ်။
တချို့က သဘာဝထဲမှာ ပိုပြီးမွှေ့လျှော်သင်ယူကြတယ်။
ကလေးဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနတွေမှာ “ဒေါက်တာ Barry Prizant”(စာအုပ် Uniquely Human) က Autism ကို "အပြုအမူပြဿနာ" အဖြစ် မမြင်ဘဲ၊ အပြန်အလှန်ဆက်သွယ်မှုအာရုံခံစားမှုဆိုင်ရာ ကွာခြားချက်အဖြစ် နားလည်သင့်ကြောင်း အလေးထား ရေးသားထားပါတယ်။
တချို့အပြုအမူတွေဟာ "မကောင်းတဲ့အပြုအမူ" မဟုတ်ဘဲ၊ ကလေးက သူ့ပတ်ဝန်းကျင်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နည်းလမ်းတခုရောမဖြစ်နိုင်ဘူးလား။

ဒေါက်တာ Temple Grandin ဆိုသူကလည်းAutism ရှိတဲ့သူတစ်ယောက်အနေနဲ့
“The world needs all kinds of minds."
လို့ ပြောခဲ့တယ်။
ကမ္ဘာကြီးဟာ အမျိုးမျိုးသော တွေးခေါ်ပုံတွေ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မိဘတွေလုပ်ပေးသင့်တာက
(ပတ်ဝန်းကျင်တခုလုံးကပါလုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ)

-ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
-ကလေးရဲ့ အားသာချက်ကို ရှာပေးပါ။
-သူတို့အပြုအမူရဲ့ နောက်က အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားပါ။
-လိုအပ်ရင် ကလေးဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။
-ကလေးရဲ့ အရှိတရားကို လေးစားပါ။

သဘာဝစာသင်ခန်းမှာ...
Autism ဆိုတာကို "တံဆိပ်" တစ်ခုလို မကြည့်ဘူး။
ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှုနဲ့ ဖွံ့ဖြိုးနှုန်းအလိုက်အပေါ် နားလည်ဖို့ကိုပဲကြိုးစားတယ်။

ဒါပေမယ့် တစ်ခုပြောချင်တာက
Autism ရှိတဲ့ ကလေးတိုင်းရဲ့ လိုအပ်ချက်က မတူနိုင်ဘူး။ တချို့က အထူးပြုအထောက်အပံ့၊ speech therapy၊ occupational therapy သို့မဟုတ် အခြားဝန်ဆောင်မှုတွေ လိုအပ်နိုင်ပါတယ်။
ဒါကြောင့် သဘာဝစာသင်ခန်းသည် အထူးကုသရေးဌာနမဟုတ်ပါ
ဒါပေမယ့် ကလေးတစ်ယောက်ချင်းစီကို လေးစားတဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ဖို့ ကိုပဲကြိုးစားပါတယ်
လိုအပ်တဲ့အခါ မိသားစုနဲ့ ပူးပေါင်းပြီး သင့်တော်တဲ့ ကျွမ်းကျင်သူတွေဆီ ညွှန်းပို့တာလည်း အရေးကြီးတယ်လို့ ယုံကြည်ပါတယ်

နောက်ဆုံး...
ကလေးတစ်ယောက်ကို ကြည့်တဲ့အခါ...
"ဒီကလေးမှာ ဘာလိုနေလဲ"
လို့ မေးမယ့်အစား...
“ဒီကလေး ဘာလိုအပ်နေလဲ"
လို့ မေးနိုင်ရင်...
ကျွန်တော်တို့ရဲ့ပညာရေးဟာ ပိုပြီးလူသားဆန်လာမယ်လို့ ယုံကြည်ထားပါတယ်

လူ့အဖွဲ့အစည်းမှာ ဘာတွေလိုအပ်နေတာလည်းဆိုတာထက် ဘာတွေပေးရမလဲဆိုဆိုတဲ့ နှလုံးသား ရင်ဘတ်ထဲထည့်ထားဖို့လိုနေတာပဲမဟုတ်ဘူးလား

သဘာဝစာသင်ခန်း ဆိုတာက
“ကစားရင်း သင်ယူ၊ သဘာဝနဲ့အတူ ကြီးပြင်း”
အဲ့လိုအကောက်အယူရှိပါတယ်။
သဘာဝစာသင်ခန်းမှာ သစ်ပင်ပန်းပင်တွေကို လှပစွာ ဖော်ပြထားပေမယ့် အဲ့အပင်တွေရဲ့ ရေသောက်မြစ်/အဟာရမြစ်တွေကို စူးစူးစိုက်စိုက်ပျိုးထောင်နေသောနေရာတခုဖြစ်ပါတယ်။

Photos from The Leaf House Publishing's post 13/07/2026

သဘာဝစာသင်ခန်း စာစဉ်(၁)အဖြစ်ထွက်ရှိလာပါပြီ
အားပေးဝယ်ယူလိုသူများ သဘာဝစာသင်ခန်းမှာလည်း မှာယူနိုင်ပါသည်။

#မယ်ထွေးမပါတို့ချည်းသာ
#သစ်ရွက်အိမ်စာပေ

12/07/2026

သဘာဝစာသင်ခန်းဘာ့ကြောင့်ရှိနေတာလည်း

ကျွန်တော့်မှာ သားသမီးသုံးယောက်ရှိတယ်
အကြီးဆုံးကရော်ရွက်ဝါ@ရော်ရော်
ဒုတိယသမီးက လီလီရွက်ဝါ@လီလီ
အငယ်ဆုံးသားက ရဲရင့်ရော်ရွက်@ရရ
သစ်ရွက်သုံးရွက်ပေါ့
ဒီနေ့ဆို ရရက အသက်၇ နှစ်ပြည့်ပြီ
သဘာဝစာသင်ခန်းလေးကို တည်ထောင်ဖြစ်ခဲ့တာက သူတို့ကြောင့်ပါပဲ
ကလေးတွေကို အနာဂတ်အတွက် ပြင်ဆင်ပေးချင်ပါတယ်။ ဒါပေမယ့်... ကလေးဘဝကို မဆုံးရှုံးစေချင်ဘူး။**

ဒီနေ့ခေတ်မှာ ကလေးတွေဟာ အရင်ကထက် ပိုအလုပ်များလာကြပါတယ်။

စာသင်ခန်းတစ်ခုကနေ နောက်တစ်ခု၊ သင်တန်းတစ်ခုကနေ နောက်တစ်ခု...
တစ်နေ့တာအချိန်တွေဟာ အချိန်ဇယားတွေနဲ့ ပြည့်နေတတ်ပါတယ်။(ရော်ရော်လိုပေါ့😍)

ဒါပေမယ့် တစ်ခါတလေ ကျွန်တော်စဉ်းစားမိတယ်။

“ကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံးအလုပ်က ဘာလဲ။”

အဖြေကတော့...

“ကစားဖို့၊ စူးစမ်းဖို့၊ မေးခွန်းမေးဖို့၊ သဘာဝနဲ့ ချိတ်ဆက်ပြီး ကြီးပြင်းဖို့”ပဲ မဟုတ်ဘူးလား

အဲဒီစိတ်ကူးစိတ်သန်းကပဲ “သဘာဝစာသင်ခန်း”ကို မွေးဖွားစေခဲ့ပါတယ်။

သဘာဝစာသင်ခန်းမှာ...

စာသင်ခြင်းဆိုတာ စာအုပ်ထဲမှာချည်းရှိမနေဘူး။

သစ်ရွက်တစ်ရွက်ကို ကောက်ယူကြည့်တဲ့အချိန်မှာလည်း သင်ယူနေတာပဲ။

မြေကြီးကို ထိတွေ့တဲ့အချိန်မှာလည်း သင်ယူနေတာပဲ။

သူငယ်ချင်းနဲ့ အရုပ်တစ်ခုကို မျှဝေဆော့ကစားတဲ့အချိန်မှာလည်း သင်ယူနေတာပဲ။

မေးခွန်းတစ်ခု မေးရဲတဲ့အချိန်မှာလည်း သင်ယူနေခြင်းဖြစ်တာပေါ့။

ကျွန်တော်တို့ ယုံကြည်တာက...

သင်ယူခြင်းဟာ စာမေးပွဲအတွက် မဟုတ်ဘဲ၊ ဘဝအတွက် ဖြစ်သင့်ပါတယ်

ကျွန်တော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်က

“သဘာဝနဲ့ ချိတ်ဆက်နိုင်တဲ့ ကလေးတွေကို မွေးထုတ်ဖို့ပါ”

သဘာဝကို ချစ်တတ်တဲ့...

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့...

အခြားသူတွေကို လေးစားတတ်တဲ့...

မေးခွန်းတွေ မေးရဲတဲ့...

စူးစမ်းလေ့လာဖို့ မကြောက်တဲ့...

အဲဒီလို လူငယ်လေးတွေ ကြီးပြင်းလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ကလေးတိုင်းကို

လုံခြုံတဲ့ နေရာတစ်ခု...

လွတ်လပ်စွာ ကစားနိုင်တဲ့ အချိန်တစ်ခု...

သဘာဝနဲ့ နီးကပ်တဲ့ အတွေ့အကြုံတွေ...

ကိုယ်တိုင် လုပ်ကြည့်နိုင်တဲ့ အခွင့်အရေးတွေ...

ပေးနိုင်ဖို့ပါ။

ဘာကြောင့်လဲဆိုတော့...

ကလေးတစ်ယောက်ဟာ ကိုယ်တိုင် ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကနေ အကောင်းဆုံး သင်ယူနိုင်တယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်မှာက

စာတော်တဲ့ ကလေးတွေကိုပဲ မွေးထုတ်ဖို့ မဟုတ်ပါဘူး။

ပျော်ရွှင်တဲ့ ကလေးတွေ...

စိတ်ကျန်းမာတဲ့ ကလေးတွေ...

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ ကလေးတွေ...

သဘာဝကို တန်ဖိုးထားတဲ့ ကလေးတွေ...

လူ့အဖွဲ့အစည်းအတွက် တာဝန်ယူတတ်တဲ့ လူကြီးတွေ...

ဖြစ်လာဖို့ပါ။

ကလေးအားလုံးကို ရော်လီလီရရ တို့လို ရင်ဝယ်သားကဲ့သို့ ပြုစုပျိုးထောင်ဖို့ရယ်
သူတို့လေးတွေရဲ့ အနာဂတ် ရလာဒ်များဟာ ကျတော်တို့ရဲ့ သမိုင်းမှတ်တမ်းတွေပါပဲ
---

သဘာဝစာသင်ခန်းက

အဖြေတွေ အကုန်ပေးတဲ့ နေရာတော့မဟုတ်ပါဘူး။

မေးခွန်းတွေ မေးရဲတဲ့ ကလေးတွေကို အားပေးတဲ့ နေရာပါ။

ယှဉ်ပြိုင်ဖို့ထက် ပူးပေါင်းလုပ်ဆောင်တတ်ဖို့ သင်ယူတဲ့ နေရာပါ။

မြန်မြန်ပြီးဖို့ထက် သေချာနားလည်ဖို့ အချိန်ပေးတဲ့ နေရာပါ။

---

ကျွန်တော်ယုံကြည်ပါတယ်။

ကလေးတိုင်းမှာ သူပိုင်ဆိုင်ထားတဲ့အရှိန်အဝါရှိပြီးသားပါ

ပန်းတစ်ပွင့်လိုပဲ...

အချိန်တန်ရင်ပွင့်လန်းလာမှာပေါ့

ကျွန်တော်တို့ရဲ့ တာဝန်က...

ဆွဲမတင်ဖို့ မဟုတ်ဘူး။

ရေ၊ နေရောင်နဲ့ ဂရုစိုက်မှု ပေးဖို့ပါ။

---

“သဘာဝစာသင်ခန်း”ရဲ့အမှတ်အသားက

❤️ကစားရင်း သင်ယူ၊ သဘာဝနဲ့အတူ ကြီးပြင်း❤️

သူတို့တွေ လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ ဆော့ကစားနေကြခြင်းကိုက ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်တခုပါပဲ

အဆောက်အအုံတွေမှာ အုပ်မြစ်က အရေးကြီးသလို
ကျွန်တော့်ရဲ့သစ်ပင်သစ်ရွက်လေးတွေအတွက် အမြစ်က အရေးကြီးလှပါတယ်
မြင်သာတဲ့အပေါ်ပိုင်းကိစ္စထက် မမြင်သာတဲ့လူ့ဘဝအတွက်အရေးပါလှတဲ့ မြေကြီးအောက်က ဖောင်ဒေးရှင်းကိစ္စကို ကျွန်တော်တို့ တစိုက်မက်မက်လုပ်နေပါတယ်


#သဘာဝစာသင်ခန်း

11/07/2026

🧠 ဦးနှောက်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီခြင်း (Motor Skills & Coordination)
​ကြိုးတန်းပေါ်မှာ ခြေထောက်ကို ဘယ်လိုချိတ်ရမလဲ၊ လက်ကို ဘယ်လိုအားပြုရမလဲဆိုတာ ကလေးက လက်တွေ့ဆော့ရင်း စဉ်းစားရပါတယ်။ 🧗‍♂️✨
​ဒါဟာ ကလေးရဲ့ အကြောအဆစ် ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဆက်နွှယ်မှု (Brain-Body Connection) ကို ပိုမိုကောင်းမွန်စေသလို၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ရဲရင့်မှုကိုလည်း တိုးတက်စေပါတယ်ရှင်။ 💪🌱
​"ကစားရင်းသင်ယူ သဘာ၀နဲ့အတူကြီးပြင်း" ဆိုတဲ့ ကျွန်မတို့ရဲ့ ဆောင်ပုဒ်အတိုင်း ဘယ်ရာသီဥတုမှာမဆို ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို လမ်းဖွင့်ပေးထားပါတယ်ရှင်။ 🧡

​ #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း #သဘာဝစာသင်ခန်း

Photos from သဘာဝစာသင်ခန်း Nature Classroom's post 11/07/2026

🌧️ "မိုးစက်မိုးပေါက်တွေကြားထဲက Play Education က ကလေးတွေကို ဘာတွေသင်ပေးလဲ?" ☔🌱
​မိုးရွာပြီဆိုရင် "အပြင်မထွက်နဲ့ ဖျားလိမ့်မယ်"၊ "အဝတ်တွေ ညစ်ပတ်ကုန်မယ်" ဆိုပြီး ကလေးတွေကို စာသင်ခန်းလေးထောင့် (ဒါမှမဟုတ်) ဖုန်းမျက်နှာပြင်တွေရှေ့မှာပဲ ပိတ်လှောင်ထားမိနေသလား? 🤔
​ကျွန်မတို့ရဲ့ သဘာဝစာသင်ခန်း (Nature Classroom) မှာတော့ မိုးရာသီဟာ အကောင်းဆုံးသော သင်ရိုးညွှန်းတမ်းတစ်ခုပါပဲ။
​🌧️ မိုးရေထဲက ကစားခြင်းက ကလေးတွေကို ဘာတွေသင်ပေးလဲ?
​၁။ 🧠 အာရုံခံစားမှု ဖွံ့ဖြိုးခြင်း (Sensory Play):
မိုးရေရဲ့ အေးမြမှု၊ မြေကြီးရွှံ့တွေရဲ့ အထိအတွေ့၊ မိုးရွာသံ စတာတွေက ကလေးရဲ့ ဦးနှောက်အာရုံကြောစနစ်ကို အကောင်းဆုံး လှုံ့ဆော်ပေးပြီး စိတ်ကူးစိတ်သန်း (Creativity) ကို ပွင့်လန်းစေပါတယ်။
​၂။ 🤝 ခံနိုင်ရည်စွမ်းအား တိုးတက်ခြင်း (Resilience):
မိုးရွာလို့၊ အေးလို့၊ ညစ်ပတ်လို့ ဆိုပြီး အကြောက်တရားတွေနဲ့ မကြီးပြင်းစေဘဲ ရာသီဥတုရဲ့ အပြောင်းအလဲကို လက်တွေ့ရင်ဆိုင် ကြုံတွေ့စေတာဟာ ကလေးကို နောင်တစ်ချိန် အခက်တွေ ကြုံလာရင် ကြံ့ကြံ့ခံနိုင်တဲ့ "စိတ်ဓာတ်ကြံ့ခိုင်မှု" ကို ဖြစ်စေပါတယ်။
​"ကစားရင်းသင်ယူ သဘာ၀နဲ့အတူကြီးပြင်း" ဆိုတဲ့ ကျွန်မတို့ရဲ့ ဆောင်ပုဒ်အတိုင်း ဘယ်ရာသီဥတုမှာမဆို ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို လမ်းဖွင့်ပေးထားပါတယ်ရှင်။ 🧡
​မိုးရာသီမှာ ကလေးတို့ကို လွတ်လပ်စွာ ကြီးပြင်းခွင့် ပေးလိုက်ရအောင်။ ✨
​ #မိုးရာသီနဲ့သဘာဝစာသင်ခန်း #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း #သဘာဝစာသင်ခန်း

Photos from သဘာဝစာသင်ခန်း Nature Classroom's post 05/07/2026

🌱 "ကစားရင်းသင်ယူ သဘာ၀နဲ့အတူကြီးပြင်း" 💚
​"ကလေးတွေကို သဘာဝနဲ့အတူ ယှဉ်တွဲနေထိုင်စေပြီး အလုံးစုံဖွံ့ဖြိုးလာစေဖို့" ဆိုတာ ကျွန်မတို့ သဘာဝစာသင်ခန်းရဲ့ Founder ရည်ရွယ်ချက်ဖြစ်သလို ကျောင်းရဲ့ အဓိက ဆောင်ပုဒ်လည်း ဖြစ်ပါတယ်ရှင်။ ✨
​ပုံလေးတွေထဲကအတိုင်း...
သဘာဝတရားကြီးရဲ့ ရင်ခွင်အောက်မှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ စူးစမ်းခွင့် ပေးထားပါတယ်။ 🪵🎨
​အနုပညာနဲ့ သဘာဝတရားကို အချိုးကျပေါင်းစပ်ပြီး -
​🧠 ဉာဏ်ရည်ဉာဏ်သွေး သာမက
​🌱 စိတ်ပိုင်းဆိုင်ရာပါ ဘက်စုံဖွံ့ဖြိုးလာမယ့်
​ကျွန်မတို့ရဲ့ ကလေးလေးတွေရဲ့ အနာဂတ်အတွက် ဆရာမတို့ အမြဲ အဆင်သင့် ရှိနေပါတယ်ရှင်။ 🧡
​ #ကစားရင်းသင်ယူသဘာဝနဲ့အတူကြီးပြင်း #သဘာဝစာသင်ခန်း

Want your school to be the top-listed School/college in Thingangyun?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


၆၈/၂၊ ဦမောင်မောင်ခြံလမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
Thingangyun