Emerald Education Excellence

Emerald Education  Excellence We'd like to share Health and educational information.

27/08/2015

ရွှေဇနကအများနှင့် သက်ဆိုင်သော ကုမ္ပဏီ နှင့် အမေရိကန်နိုင်ငံ (Global Health Services Network) တို့ပူးပေါင်းစီစဉ်ကျင်းပသော "Optimizing Nursing Care for Acute and Critically Ill Patient Conference" ကို ၂၀၁၅၊ အောက်တိုဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။
Eastern Michigan University and The University of Michigan တို့မှ အတွေ့အကြုံရှိ Faculty member များမှ ပို့ချမည့် အခမဲ့ conference ဖြစ်ပြီး သူနာပြုများ၊ သူနာပြုကျောင်းသား၊ ကျောင်းသူများ၊ နှင့် အခြားစိတ်ဝင်စားသူ ကျန်းမာရေးဝန်ထမ်းများ လည်းတက်ရောက်နိုင်ပါသည်။
စာရင်းသွင်းရန်- ရွှေစင်နေလင်း ([email protected])၊ ဖုန်း- ၀၁-၈၅၅၀၆၀၈၊ ထံသို့ 22nd September 2015 နောက်ဆုံးထား၍စာရင်းသွင်းနိုင်ပါသည်။
နေရာ - မြပညာ့ရိပ်မွန် အသက်မွေးမှုလေ့ကျင့်သင်ကြားရေးကျောင်း၊ အမှတ် ၆၂ (က)၊ သံသုမာလမ်းမကြီး၊ သွားဆေးတက္ကသိုလ်အနီး၊ သစ်စက်မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၁၈၅၅၀၆၀၈။
ဟောပြောမည့်သူများ-
1. Sandy Hines, PhD, RN, WHNP-BC
Associate Professor,
Eastern Michigan University, USA
2. Christeen Holdwick, MA, RN
Director of Clinical Services,
ANI & Global Health Services Network
3. Stephen Strobbe, PhD, RN, PMHCNS-BC, CARN-AP
Clinical Associate Professor,
University of Michigan School of Nursing, Department of Psychiatry, USA
4. Martha L. Tanicala, EdD, MSN, RN
Director of Academic Programs,
ANI & Global Health Services Network
Professor Emeritus, Eastern Michigan University, USA
5. Michael Williams, PhD, RN, CCRN, CNE
Director & Associate Professor,
Eastern Michigan University, USA

25/04/2015

သူနာပြုအကူ CERTIFIED NURSE-AIDE (CNA) တယောက်
အဖြစ်အသက်မွေးဝမ်းကြောင်း ပြုလိုပါသလား?
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအမျိုးမျိုးတွင် ဝင်ရောက် လုပ်ကိုင်လိုပါသလား?

Emerald Education Excellence Training Center မှ ဖွင့်လှစ်သောသူနာပြုအကူ (Certified Nurse Aide) သင်တန်းကိုတက်ရောက်ခြင်းဖြင့် သင့်ဆန္ဒများ ပြည့်ဝနိုင်မည် ဖြစ်ပါသည်။
ခိုင်မာသော သင်ရိုးညွှန်းတမ်း နိုင်ငံတကာ အဆင့်မှီ သူနာပြုအကူသင်ရိုးညွှန်းတမ်း
ရှင်းလင်းသော စာတွေ့သင်ကြားမှုအတွေ့အကြုံ ပြည့်ဝသော ဆရာဝန်ကြီး/သူနာပြုဆရာမကြီးများ
သူနာပြုစုခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုလက်တွေ့ လေ့လာမှု ပါရမီအထွေထွေရောဂါကု ဆေးရုံကြီး၊ ရန်ကုန်
သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ခြင်းနှင့်ဆိုင်ရာလက်တွေ့ လေ့လာမှုနှင်းဆီကုန်း နှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာများ

သင်တန်းပြီးဆုံးပါက တစ်ဦးချင်းစီ၏ အရည်အချင်းပေါ်မူတည်၍
ဆေးရုံ၊ ဆေးခန်းများတွင် သူနာပြုအကူ တစ်ဦးအနေနှင့် လည်းကောင်း၊
သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများပြုစုခြင်း၊
မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း၊
အိမ်တိုင်ယာရောက် သူနာပြုစုခြင်း
စသည့်လုပ်ငန်းများကို မိမိ ကြိုက်နှစ်သက်ရာ ရွေးချယ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ရှိပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် သူနာပြုအကူအဖြစ် လျှောက်ထားလိုပါကGZP Emerald Education Excellence Training Center မှ အောင်လက်မှတ်ရရှိထားသောသူနာပြုအကူများကိုသာဦးစားပေးရွေးချယ်မည် ဖြစ်ပါသဖြင့် လက်မလွှတ်သင့်သောအခွင့်အရေးကောင်းတရပ်ဖြစ်ပါသည်။

သင်ကြားမည့်ဘာသာရပ်များ -ခန္ဓာဗေဒနှင့်ဇီဝကမ္မဗေဒ၊အဏုဇီဝပိုးမွှားဗေဒ၊ဆေးဝါးဗေဒ၊
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းဆိုင်ရာသူနာပြုစုခြင်း၊လူမှုဆက်ဆံရေး၊အခြေခံသူနာပြုစုခြင်း၊အဟာရပညာ၊
စိတ်ကျန်းမာရေ၊မိခင်နှင့်ကလေးကျန်းမာရေး

သင်တန်းကြေး (၂၀၀,၀၀၀)
(နယ်မှ လာသူများအတွက် အဆောင် စီစဉ်ပေးပါမည်)
လစဉ် လဆန်းရက်များတွင် တန်းခွဲသစ်များရှိသဖြင့် တန်းခွဲသစ်အတွက် ယခု စာရင်းပေးသွင်းနိုင်ပါသည်။ဆက်သွယ်ရန် -ဖုန်း ၀၁ ၈၅၅၀၆၀၈ (မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း) သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
GZP Emerald Education Excellence သင်တန်းခန်းမ၊ အမှတ် (၆၂/ က) သံသုမာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့

25/04/2015

စင်္ကာပူနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကောင်း

စကာင်္ပူနိုင်ငံရှိ Aging Home များမှ ဒါရိုက်တာများကိုယ်တိုင်လာရောက်၍ လူတွေ့စစ်ဆေးခြင်းကို ပါရမီ အထွေအထွေရောဂါကုဆေးရုံကြီး (၁၂)လွှာ ၊အမှတ်(၆၀) ၊G-1။ချော်တွင်းကုန်း မီးပွိုင့်အနီး ၊မရမ်းကုန်းမြို့နယ် ၊ရန်ကုန်မြို့တွင် မေလ(၃)ရက် ၊နံနက် (၉)နာရီမှ ညနေ(၄)နာ၇ီအထိ ပြုလုပ်မည်ဖြစ်ပါသည်။

လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများသည် စကာၤပူနုိင္ငံရွိ CSM Academy International မွ စကာၤပူနုိင္ငံသား ဆရာများကိုယ်တိုင် လာရောက်သင်ကြားပေမည့် လုပ်ငန်းခွင်အကြိုသင်တန်း (Intrernship Training for Care Giver of Old Ailed Person) ကို (၄)လ တက်ရောက်သင်ကြားရမည်ဖြစ်ပါသည်။

သင်တန်းပြီးဆုံသည်နှင့် တစ်ပြိုင်နက် စကာင်္ပူနိုင်ငံရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး စင်တာများတွင် သေချာပေါက် အလုပ်အကိုင်ရရှိ လုပ်ကိုင်ရမည်ဖြစ်သည်။

အင်တာဗျူးကြေးမရှိ အခမဲ့ ဖြစ်ပါသည်။
အမည်စာရင်းကို လူကိုယ်တိုင် သို့မဟုတ် တယ်လီဖုန်းဖြင့် ဖြစ်စေ အမြန်ဆုံး စာရင်းပေးသွင်းမှ စိတ်ချရမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်
GZP Emerald Education Excellence Training Center
(မြ ပညာ့ရိပ်မွန် ၊အသက်မွေးမှု လေ့ကျင့်သင်ကြားရေးကျောင်း)
အမှတ် ၆၂/(က) ၊သံသုမာလမ်းမကြီး ၊သွား/ဆေးတက္ကသိုလ် အနီး ၊သစ်စက်မှတ်တိုင်၊သင်္ဃကျွန်း မြို့နယ် ၊ရန်ကုန်မြို့ ၊ ဖုန်း -၀၁-၈၅၅၀၆၀၈

23/04/2015

အိမ်တိုင်ယာရောက် သူနာပြု ဝန်ဆောင်မှုလုပ်ငန်း

ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် ပြုစုရန် သူနာပြုအကူ လိုအပ်နေပါသလား?
သက်ကြီးရွယ်အို အဖိုးအဖွားများကို မိသားစုသဖွယ် ပြုစုရန် စိတ်ချရမည့်သူ လိုအပ်ပါသလား?
မွေးကင်းစကလေး ပြုစုစောင့်ရှောက်မှု့အတွက် ကျွမ်းကျင်သော ကလေးစောင့်ရှောက်သူ လိုအပ်နေ ပါသလား?
နာတာရှည်လူမမာများကို ပြုစုစောင့်ရှောက်မည့်သူ လိုအပ်နေပါသလား?
မိတ်ဆွေတို့ ၏ လိုအပ်ချက်များ အားလုံးကို မြ ပညာ့ရိပ်မွန် အသက်မွေးမှု့ အတတ်သင်ကျောင်း ၏ အိမ်တိုင်ယာရောက် သူနာပြုစုမှု့ ဝန်ဆောင်လုပ်ငန်းမှ ဖြည့်ဆီးပေးနိုင်ပါသည်။
ဤ အိမ်တိုင်ယာရောက် သူနာပြုစုမှု့ဝန်ဆောင်မှု့ လုပ်ငန်းမှ သူနာပြုအကူများ ငှားရမ်းခြင်းဖြင့်
- ပထမဆုံးအကြိမ် လူနာနှင့်တွေ့ဆုံခြင်းတွင် ကျွမ်းကျင်သော သူနာပြုဆရာမကြီးများကိုယ်တိုင် လိုက်ပါ၍ လူနာအတွက် သူနာပြုစုမှု့ဆိုင်ရာ လိုအပ်ချက်များကို ဆန်းစစ်ပေးခြင်း
- မြ ပညာ့ရိပ်မွန် အသက်မွေးမှု့ အတတ်သင်ကျောင်း သင်တန်းကျောင်းမှ သင်တန်းပြီးမြောက်ထားသော သူနာပြု အကူများ၏ ကျွမ်းကျင်သော ပြုစုစောင့်ရှောက်မှု
- ထိုဆန်းစစ်မှုပေါ်မူတည်၍ သက်ဆိုင်ရာ သူနာပြုအကူမှ နည်းစနစ်မှန်စွာဖြင့် ပြုစုစောင့်ရှောက်မှု
- နာတာရှည် လူနာနှစ်ပတ်လျှင် တကြိမ်ကျ ကြီးကြပ်သူ သူနာပြုဆရာမကြီးများမှ လိုက်လံ၍ လူနာအခြေအနေဆန်းစစ်ခြင်း၊ သူနာပြုအကူများနှင့် ပတ်သက်သော လိုအပ်ချက်များကို မေးမြန်းခြင်း၊ လိုအပ်ချက်များ ရှိလျှင် ပြုပြင်ပေးခြင်း စသည့် စိတ်ကျေနပ်ဖွယ် သူနာပြု ဝန်ဆောင်မှု့များကို ရရှိနိုင်မည် ဖြစ်ပါသည်။

မြ ပညာ့ရိပ်မွန် အသက်မွေးမှု့ အတတ်သင်ကျောင်း
အမှတ် ၆၂ (က)၊ သံသုမာလမ်းမကြီး၊ သွား/ဆေးတက္ကသိုလ် အနီး၊ သစ်စက်မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဖုန်း- ၀၁၈၅၅၀၆၀၈ သို့ တနင်္လာနေ့မှ စနေနေ့ အထိ (မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း) ဆက်သွယ် ခေါ်ယူနိုင်ပါသည်။

Address

62 (A), Than Thu Mar Street
Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

01-8550608

Website

Alerts

Be the first to know and let us send you an email when Emerald Education Excellence posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Emerald Education Excellence:

Shortcuts

Share

Category