27/09/2021
အပင်စိုက်သူတွေအတွက်သတိမထားမိတဲ့အချက်လေးတခုပြောပြချင်ပါတယ်။
အပင်စိုက်သူတွေအပင်စိုက်ရင် မြေဆွေး၊မြေဩဇာ စတာတွေပဲစိတ်ဝင်တစားမေးတာတွေ့ရပါတယ်။ဘယ်သူမှPotအိုးကိုဘယ်လိုအိုးမျိုးနဲ့စိုက်ရင်သင့်တော်မယ်ဆိုတာမမေးဖစ်ကြတာတွေ့ရပါတယ်။
အဓိကနှင်းဆီချစ်သူတွေကြုံတွေ့ရတဲ့ပြဿနာကမိုးရာသီမှာအမြစ်ပုပ်ပီးသေကုန်ကြတာပါပဲ။ဒီလိုအခက်အခဲတွေကိုဖြေ
ရှင်းဖို့ ရေဆင်းကောင်းပီးလေဝင်လေထွက်ကောင်းတဲ့ smart pot လေးတွေပေါ်လာပါပီ။fabric နဲ့ပြုလုပ်ထားတဲ့အတွက် ၇နှစ်ကာလမျှတာရှည်ခံပါတယ်။သယ်ယူရပေါ့ပါးပါတယ်။ရေဆင်းလဲကောင်းပါတယ်။လေဝင်လေထွက်ကောင်းတဲ့အတွက်အပင်ရှင်သန်ကြီးထွားနှုန်းလဲမြန်ပါတယ်။မြန်မာနိုင်ငံမှာလဲတင်သွင်းရောင်းချသူတွေများလာမယ်လို့ထင်ပါတယ်။
ဈေးလဲခန့်မှန်းချေ၅ဂါလံpot ကို၅၀၀၀ကျပ်လောက်ပဲရှိပါတယ်။လေ့လာသလောက်မင်မင်ကနှင်းဆီချစ်သူလေးတွေပြန်လည်မျှဝေပေးတာပါ။အားလုံးကိုနှင်းဆီလေးတွေချစ်သလိုချစ်ပါတယ်ခင်ဗျာ။