15/08/2026
လွယ်တုန်းက မဆွဲရင် ခက်တဲ့အခါ ဒုက္ခရောက်တတ်တဲ့ Bar Model
_______
Singapore Maths သင်ရင် Model Drawing က သင်ကို သင်ရမှာပါ။ ပထမပိုင်း ပုစ္ဆာလေးတွေ လွယ်နေလို့ Bar Model မဆွဲဘဲ တွက်ခိုင်းလိုက်ရင် နောက်ပိုင်းကျ Bar Model ဆွဲမှကို အဖြေထွက်တဲ့ ပုစ္ဆာတွေရောက်တဲ့အခါ မဆွဲတတ်ကြတော့ပါဘူး။
"ဒီလောက် လွယ်တဲ့ ပုစ္ဆာလေးကို ဘာလို့ ဒီအချောင်းတွေ လိုက်ဆွဲနေရတာလဲ… ရှုပ်ရှုပ်ရှပ်ရှပ်!" လို့ တွေးကောင်းတွေးနိုင်ပါတယ်။
ခပ်တိုတို ဖြေရရင် လိုအပ်လို့ ဆွဲခိုင်းတာပါ။ ဒီပုစ္ဆာတွေကို တွက်လို့ရတဲ့ နောက်ထပ်နည်းလမ်းက မသိကိန်း(variable)ထားတာပါ။ အက္ခရာ သင်္ချာ(algebra) မသင်ရသေးဘဲ မသိကိန်းထားပြီး သင်လို့မရပါ။ အတန်းကြီးလာရင်တော့ မသိကိန်းတွေနဲ့ တွက်တာက ပိုပြီး နေရာယူလာပါတယ်။
Singapore math primary ကလေးတွေအတွက်တော့ အက္ခရာသင်္ချာကို မသင်ရသေးတဲ့အတွက် မသိကိန်းထားပြီး တွက်မယ့်အစား Bar model တွေနဲ့ Visualise လုပ်ပြီး သင်ရပါတယ်။ နောက်တချက်က Singapore Math ကို သင်နေရတဲ့ ကလေးတွေ တွက်တဲ့ ပုစ္ဆာတွေက ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ စာတွေထက် ပိုပြီး မြင့်ပါတယ်။ (စကားလုံးကို ဒီ့ထက်လှအောင် ရွေးလို့လည်း မရပါ၊ ဆိုလိုတဲ့သဘောက ကျွန်မတို့ ၅တန်းလောက်မှာ သင်ခဲ့ရတဲ့စာကို သူတို့က ၃တန်းလောက်မှာ တွက်နေရတဲ့သဘောပါ) ဒီတော့ bar model visualization နဲ့ သင်မှပဲ အဆင်ပြေပါတယ်။ သူတို့လေးတွေလည်း နားလည်လွယ်လာပါတယ်။
ပုစ္ဆာတပုဒ်မှာ ပေးထားတဲ့ အချက်အလက်တွေကို စုံအောင် ဖတ်နိုင်ဖို့၊ ဖတ်ပြီးရင် ပုစ္ဆာထဲက အချက်အလက်တွေကို ဘယ်လို စကိုင်တွယ်ပြီး အသုံးချမလဲ၊ ပုစ္ဆာကို ဖြေရှင်းဖို့အတွက် ဘယ်လို အဆင့်လိုက် အစီအစဉ် ချမလဲစတဲ့ အခြေခံတွေ အားလုံးကို Bar Model ဆွဲခြင်းအားဖြင့် လေ့ကျင့်ပေးရပါတယ်။ ဒါက Model Method ရဲ့ အားသာချက်ပါ။
1 + 1 တို့ 5 - 2 တို့လောက်ကို Model ဆွဲခိုင်းတာသည် Bar Model Method ရဲ့ အခြေခံကို ပြပေးနေတာဖြစ်သလို ပေတံကိုင်တတ်အောင် မျဉ်းဆွဲတတ်အောင် အတိုအရှည်ချိန်ဆ တတ်အောင် တပါတည်း သင်နေတာပါ။ လွယ်လွယ်ကူကူ တွက်လို့ ရပါလျက်နဲ့ အပိုတွေလုပ်ပြီး သင်ရတာမျိုး မဟုတ်ပါဘူး။
လွယ်လွယ်ကူကူ ပုစ္ဆာတွေမှာ Bar Model ဆွဲနည်းနဲ့ အသားတကျ ရှိနေမှ၊ Fraction Word Problem တွေ၊ Ratio word problem တွေမှာ အဆင်ပြေပြေ တွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ Step to Math မှာဆိုရင် bar model ပုစ္ဆာတွေကို ရင်းနှီးကျွမ်းဝင်နေစေဖို့အတွက် Singapore math ပင်တိုင် သင်ရိုးတင်မကဘဲ၊ သက်ဆိုင်ရာ Topic အလိုက် Extra Work Sheet တွေကိုပါ စီစဉ်ထားပြီး ဖြည့်တင်း လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်ရှင်။
ဆက်သွယ်စုံစမ်း အပ်နှံရန်
• Phone: 09751977505, 09940405515
• Viber: +959968750501
• Messenger: Step to Maths Page