22/06/2022
“ရင်သွေးငယ်တို့ အနာဂတ် ပိုမိုထွန်းလင်းတောက်ပစေဖို့ Trinity International School မှာ ကျောင်းအပ်နှံကြပါစို့”
အားလုံးပဲ မင်္ဂလာပါရှင်.....
မိတ်ဆွေတို့ရဲ့ ၃နှစ်မှ ၅နှစ်အရွယ် သားသား မီးမီး
လေးတို့အတွက် သတင်းကောင်းလေးလာပါပြီ 👏
ကျွန်မတို့ Trinity International School
မှ အသက် ၃နှစ်မှ ၅နှစ်အရွယ်ရှိတဲ့ ရင်သွေးလေးများအတွက် ကျောင်းစတင်လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ။
Trinity International School အနေနဲ့ 21ရာစု နိုင်ငံတကာအဆင့်ဆင့်မှာ တိုးတက်ပြောင်းလဲလာတဲ့ STEM method education (Science , Technology, Engineering, Mathematic) နှင့် Early Childhood Care Education တို့ကိုအခြေပြု ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများကို အသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြု TESOL TKT, Cambridge Examနှင့် ECCD လက်မှတ်ရရှိထားပြီးသော ဆရာမများမှ ဦးစီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်ကြားမည့်ဘာသာရပ်များ -
👉Language & Literacy
👉Mathematics ( STEM )
👉Early Science (STEM)
👉Technology
👉Engineering
👉Phonics
👉Moral Education
👉Cognitive Development
👉Motor Skill Development
👉Social Skills & Independence
👉Music & Movement
👉Arts & Craft
👉Cookery Class
👉Yoga
🌟 ရရှိမည့်အကျိုးကျေးဇူးများ နှင့် အထူးအစီအစဉ်များ 🌟
👉 ကလေးဗဟိုပြုသင်ကြားရေး နည်းစနစ်များကြောင့် လွတ်လပ်ပျော်ရွှင်စွာ စာသင်ကြားနိုင်ခြင်း၊ ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များ ဖြစ်လာနိုင်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး ကိုယ့်အားကိုယ်ကိုးတတ်လာခြင်းနှင့် စူးစမ်းလေ့လာတတ်ခြင်း။
👉Jolly Phonics သင်ရိုးများ ထည့်သွင်း သင်ကြားပေးသောကြောင့် ကလေးငယ်များ၏ အသံထွက်ကောင်းမွန်လာခြင်း၊ အင်္ဂလိပ်စာဘာသာစကား အရေးအဖတ် စွမ်းရည်တိုးတက်ကောင်းမွန်လာခြင်း၊ ဝေါဟာရစကားလုံးများကြွယ်ဝလာခြင်း။
👉 မြန်မာကဗျာများ၊ မြန်မာ ဗျည်းအက္ခရာများ
နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုလည်း လေ့လာသင်ယူစေခြင်း။
👉ကလေးငယ်များ၏ ပြောင်းလဲတိုးတက်မှုများကို ဆွေးနွေးနိုင်ရန် Parents-Teachers meeting များ စီစဉ်ထားခြင်း။
👉အခန်းတိုင်းတွင် လေအေးပေးစက်များတပ်ဆင်ထားခြင်း။
👉 စာဖတ်ခြင်း အလေ့အကျင့်ရစေရန် Library ထားရှိပေးထားခြင်း။
👉ခေတ်မီသင်ထောက်ကူပစ္စည်းများ အသုံးပြု သင်ကြားပေးခြင်း။
👉ကစားကွင်းသီးသန့် ထားပေးခြင်း၊ လုံခြုံသောပတ်ဝန်းကျင် ဖန်တီးပေးထားခြင်းတို့ကြောင့် ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ခြင်း အစရှိတဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ Trinity International School မှာ မိတ်ဆွေတို့ရဲ့ သားသား မီးမီးလေးတို့ကို ယုံကြည်စွာနဲ့ အပ်နှံနိုင်ပါတယ်။
📝 ဇူလိုင်လ ၂ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာမို့ အမြန်ဆုံးလာရောက် စာရင်းသွင်း အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်။
International School