Aung Mingalar - Private School

Aung Mingalar - Private School ပညာဝေဖြာ " အောင်မင်္ဂလာ "

အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့ကမ္ဘာ့ဆရာများနေ့အကြိုဟောပြောပွဲအခမ်းအနားကို  (၄.၁၀.၂၀၂၅ ) ရက်နေ့မှာ ပြုလုပ်ကျင်းပ...
15/10/2025

အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့
ကမ္ဘာ့ဆရာများနေ့အကြိုဟောပြောပွဲအခမ်းအနားကို (၄.၁၀.၂၀၂၅ ) ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်ရှင့်

ကျောင်းတွင်းပန်းချီပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲများမှာဆုရရှိခဲ့ကြတဲ့ အောင်မင်္ဂလာ ကျောင်းသား၊ကျောင်းသူလေးများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါတယ်ရှင့်

ဒီနေ့ပွဲလေးအောင်မြင်ဖြစ်မြောက်အောင် အစစအရာရာစီစဉ်ပေးခဲ့ကြတဲ့ အောင်မင်္ဂလာရဲ့ ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်း၊ ဆရာကြီးဦးတင်ငွေ၊ ဆရာကြီးဦးမြတ်ကိုကို နှင့် ဆရာ/ဆရာမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင့်

မင်္ဂလာပါဆရာ၊ဆရာမ မျှဝေခဲ့တဲ့ ပညာများနဲ့ အနာဂတ်ကို ပုံဖော်မယ်ရရှိခဲ့တဲ့ ကရုဏာများနဲ့ အများအကျိုးကို သယ်ပိုးမယ်ပေးဆပ်ခဲ့တ...
15/10/2025

မင်္ဂလာပါဆရာ၊ဆရာမ

မျှဝေခဲ့တဲ့ ပညာများနဲ့
အနာဂတ်ကို ပုံဖော်မယ်

ရရှိခဲ့တဲ့ ကရုဏာများနဲ့
အများအကျိုးကို သယ်ပိုးမယ်

ပေးဆပ်ခဲ့တဲ့ စေတနာများနဲ့
ဂုဏ်ကျေးဇူးကို ပူဇော်မယ်

မညှိုးနွမ်းခဲ့တဲ့ မေတ္တာပန်းနဲ့
အပြုံးတွေကို လှစေမယ်

(၅၊၁၀၊၂၀၂၅) ရက်နေ့မှာကျရောက်ခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် Aung Mingalar - Private School မှာ အာစရိယပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။

အောင်မင်္ဂလာရဲ့ ကျောင်းသား၊ကျောင်းသူလေးများ စိတ်ဓါတ်၊စည်းကမ်းနဲ့ပညာရေး ထူးချွန်၊ထက်မြတ်တဲ့လူတော်၊လူကောင်းလေးများဖြစ်အောင် စေတနာ၊ကရုဏာ၊မေတ္တာရှေ့မှာထားပြီး လမ်းပြသွန်သင်ပေးနေတဲ့ ဆရာကြီးနှင့်ဆရာ၊ဆရာမများကိုလည်း အထူးလေးစားဂါရဝပြုအပ်ပါတယ်ရှင်

ချစ်စရာတပည့်၊သားသမီးတွေရဲ့ သိတတ်လိမ္မာမှုလေးတွေကြောင့် ဆရာ၊ဆရာမတို့ရဲ့ အပြုံးပီတိတွေဝေစေခဲ့တဲ့ နေ့လေးတစ်နေဖြစ်ခဲ့ပါတယ်ရှင်

#ပညာ



အောင်မင်္ဂလာရဲ့ ပထမနှစ်ဝက် စာပေထူးချွန်ဆုရကျောင်းသား၊ကျောင်းသူလေးများအတွက် မှတ်တမ်းဂုဏ်ပြုလွှာများပေးအပ်ခဲ့ပါတယ်ကြိုးစား...
15/10/2025

အောင်မင်္ဂလာရဲ့ ပထမနှစ်ဝက် စာပေထူးချွန်ဆုရကျောင်းသား၊ကျောင်းသူလေးများအတွက် မှတ်တမ်းဂုဏ်ပြုလွှာများပေးအပ်ခဲ့ပါတယ်

ကြိုးစားအားထုတ်မှုတိုင်းအတွက် ရလာဒ်ကောင်းတွေဟာ အနာဂတ်မှာအမြဲစောင့်ကြိုနေပါတယ်။

ကျောင်းသား၊ကျောင်းသူတိုင်း ပညာရေးမှာစိတ်အားထက်သန်ကြိုးစားမှုရှိလာစေဖို့အတွက် မိဘ၊ဆရာ၊ကျောင်းသား စုပေါင်းပုံဖော်နိုင်ဖို့အတွက်
ကျွန်တော်တို့အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ





#သာစည်

သီတင်းကျွတ်အားလပ်ရက်လေးမတိုင်ခင်က အောင်မင်္ဂလာရဲ့ကျောင်းသား၊ကျောင်းသူလေးများဟာ ပွဲတော်အမှတ်တရအလှဆင်ပစ္စည်းလေးများကို ကို...
15/10/2025

သီတင်းကျွတ်အားလပ်ရက်လေးမတိုင်ခင်က
အောင်မင်္ဂလာရဲ့ကျောင်းသား၊ကျောင်းသူလေးများဟာ ပွဲတော်အမှတ်တရအလှဆင်ပစ္စည်းလေးများကို ကိုယ်တိုင်ပါဝင်ပြုလုပ်ခဲ့ကြပြီး
သီတင်းကျွတ်လက်ဆောင်အနေနဲ့ အချင်းချင်းမျှဝေခဲ့ကြတဲ့ ပျော်ရွှင်ကြည်နူးစရာရက်လေးတစ်ရက်ရှိခဲ့ပါတယ်

ကျောင်းသား၊ကျောင်းသူလေးများရဲ့ ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ တိုးတက်စေဖို့အတွက်
1. ဆက်သွယ်ပြောဆိုခြင်း ( Communication Skill)
2. ပူးပေါင်းဆောင်ရွက်ခြင်း ( Collaboration Skill )
3. ဆန်းသစ်တီထွင်ဖန်တီးခြင်း ( Creativity & Innovation Skill )
4. လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း ( Critical Thinking Skill )
5. နိုင်ငံသားကောင်းစိတ်ဓါတ်ရှိခြင်း
( Citizenship Skill ) ___ ဆိုတဲ့ 5C ကို ငယ်စဉ်ကတည်းကရင်းနှီးကျွမ်းဝင်မှုရှိအောင် Activities လေးတွေဖန်တီးပြီး လေ့ကျင့်ပေးလျက်ရှိနေပါတယ်ရှင့်။


#သာစည်


အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနားကို ဒီကနေ့ (၁၈.၇.၂၀၂၅ ) ရက်နေ့မှာ ပြုလုပ်ကျင်းပ...
18/07/2025

အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့
အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနားကို ဒီကနေ့ (၁၈.၇.၂၀၂၅ ) ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်ရှင့်

ကျောင်းတွင်းပန်းချီပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲများမှာဆုရရှိခဲ့ကြတဲ့ အောင်မင်္ဂလာ ကျောင်းသား၊ကျောင်းသူလေးများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါတယ်ရှင့်

ဒီနေ့ပွဲလေးအောင်မြင်ဖြစ်မြောက်အောင် အစစအရာရာစီစဉ်ပေးခဲ့ကြတဲ့ အောင်မင်္ဂလာရဲ့ ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်း၊ ဆရာကြီးဦးတင်ငွေ၊ ဆရာကြီးဦးမြတ်ကိုကို နှင့် ဆရာ/ဆရာမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင့်

အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများ၏ အာဇာနည်နေ့အကြို ပန်းချီဆေးခြယ်နှင့်စာစီစာကုံးပြိုင်ပ...
16/07/2025

အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများ၏ အာဇာနည်နေ့အကြို ပန်းချီဆေးခြယ်နှင့်စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သောပုံရိပ်လေးများကိုမျှဝေပေးလိုက်ပါတယ်

12.7.2025 ရက်နေ့ကပြုလုပ်ခဲ့တဲ့ အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့ တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်အလှူကို ပြုလုပ်ကျ...
12/07/2025

12.7.2025 ရက်နေ့ကပြုလုပ်ခဲ့တဲ့ အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းရဲ့ တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်အလှူကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်
အလှူဖြစ်မြောက်အောင်
ကူညီဆောင်ရွက်ပေးခဲ့သော ကျောင်းသားကျောင်းသူ မိဘ ဆရာ၊ဆရာမများအားလုံးကို
ကျေးဇူးတင်ရှိပါတယ်။
တရား ဟောကြားပေးပါသော
ကြာကန်ကျောင်းတိုက်ဆရာတော်ဘုရားကိုလည်း ကျေးဇူးဦးပကာရပြုအပ်ပါတယ်ဘုရား🙏
ပြုလုပ်ခဲ့ကြတဲ့ ကောင်းမှုကုသိုလ်များကို (၇)ရက်သားသမီးအားလုံးတို့ကို အမျှ၊အမျှ၊အမျှပေးဝေလိုက်ရပါတယ်။
ဒီအလှူလေးကို သာဓုခေါ်ဆိုနိုင်ရန်အတွက်လည်း အမှတ်တရပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်

[ကဆုန်လပြည့် ဗုဒ္ဓနေ့] ဆု . ဖွား . ပွင့် .စံ ဤလေးတန် မှတ်ရန် ကဆုန်လပြည့်နေ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့နေ့ထူးနေ့မြ...
11/05/2025

[ကဆုန်လပြည့် ဗုဒ္ဓနေ့]

ဆု . ဖွား . ပွင့် .စံ ဤလေးတန်
မှတ်ရန် ကဆုန်လပြည့်နေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။

(၁) " ဆု "
------
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ
ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။

(၂) " ဖွား "
------
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး
မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

(၃) " ပွင့် "
-------
ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား
ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

(၄) " စံ "
------
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု ၊ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ် ။

ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော
ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိုင်ကြပါစေကြောင်း အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။.............




#သာစည်

#မူလတန်း
#ကဆုန်လပြည့်နေ

မေလ (၁) ရက်နေ့တွင်ကျရောက်သောအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုလျက်။
01/05/2025

မေလ (၁) ရက်နေ့တွင်ကျရောက်သော
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုလျက်။


🎓  2025-2026 ပညာသင်နှစ်အတွက်Aung Mingalar - Private  School မှာကျောင်းအပ်ပြီး သင့်ကလေးရဲ့ ပညာရေးကိုစိတ်ချလိုက်ပါ🩵🩵သားသမီ...
30/04/2025

🎓 2025-2026 ပညာသင်နှစ်အတွက်
Aung Mingalar - Private School မှာကျောင်းအပ်ပြီး သင့်ကလေးရဲ့ ပညာရေးကိုစိတ်ချလိုက်ပါ🩵

🩵သားသမီး ပညာရေးခရီးလမ်းတစ်လျောက်လုံး အခြေခံတွေခိုင်မြဲသွားစေဖို့ ကျွန်တော်တို့ “အောင်မင်္ဂလာ” ကိုယ်ပိုင်မူလတန်းကျောင်းက စစ်မှန်တဲ့ပညာရေးနည်းစနစ်သစ်တွေကို အသုံးပြုပြီး ခလေးတစ်ဦးတစ်ချင်းစီကို ဂရုတစိုက်နွေးနွေးထွေးထွေး သင်ကြားပြုစုပျိုးထောင်ပေးလျက်ရှိပါတယ် ။ 🤗

▪️---------------------------------✅

🎓စနစ်သစ်သင်ရိုးညွှန်းတမ်းများအပြင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်ပါပေါင်းစပ်သင်ကြားပေးမှာဖြစ်ပြီး၊

🎓 English 4 Skills , Phonics , Math ( International Curriculum ) များကိုပါ ထပ်ဆောင်းဘာသာအဖြစ်ထည့်ဝင်သင်ကြားပေးမှာဖြစ်ပါတယ်။

🎓 ဝါရင့်အတွေ့အကြုံရှိသော ဆရာ၊ဆရာမများမှ တွေးခေါ်မှုကိုအခြေခံသည့် လေ့ကျင့်ရေးသဘောများ၊ ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းများဖြင့် သင်ရိုးစာပေပညာသင်ကြားရေးသာမက
စိတ်ဓါတ်၊စည်းကမ်း၊အနုပညာ၊အထွေထွေဗဟုသုတများတိုးပွားလာစေရန်အထူးလေ့ကျင့်သင်ကြားပေးမှာပဲဖြစ်ပါတယ်။

▪️--------------------------------✅

👉ဒါ့ကြောင့် ...... အသက် (၅)နှစ် မှစပြီး (၁၂) ဝန်းကျင်ရှိသားသားမီးမီးတို့ရဲ့
ပညာရေးအခြေခံကောင်းမွန်စေဖို့ ✅
စိတ်ဓါတ်ရေးရာခိုင်မာမှုတွေရှိလာစေဖို့✅
စည်းကမ်းဆိုင်ရာအားကောင်းမှုတွေတိုးတက်လာစေဖို့✅ အတွက်
ကျွန်တော်တို့ “ အောင်မင်္ဂလာ” မှ အမြဲအတူတကွ မိဘများနဲ့အတူ ပူးပေါင်းလက်တွဲကြိုးစားပေးလျက်ရှိမှာမို့🤝

🏫အမှတ်(၁) မင်းရန်နိုင်ရပ်ကွက်၊ သာစည်မြို့ မှာရှိတဲ့ “အောင်မင်္ဂလာ” ကိုယ်ပိုင်မူလတန်းကျောင်းသို့ ကြွလှမ်းခဲ့ပြီး ကိုယ့်ရဲ့သားသမီးပညာရေးအတွက်လာရောက်လေ့လာဆွေး‌နွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။.......

အသေးစိတ်ဖုန်းနဲ့ဆက်သွယ်မေးမြန်းလိုသူများအတွက်လည်း
☎️Phone/Viber နံပါတ်များဖြစ်တဲ့ ၀၉-၅၀၅၆၀၂၆ နှင့် ၀၉-၄၃၁၂၄၆၇၅ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

“ပညာဝေဖြာ ‌အောင်မင်္ဂလာ”




🕊️
17/04/2025

🕊️

အားလုံး သင်္ကြန်ကာလပိတ်ရက်အတွင်းမှာ ဘေးအန္တရာယ်အ‌ပေါင်းမှကင်းဝေးပြီး ရေလိုအေးချမ်းသာယာရှိကြပါစေ🙏🙏🙏👏
12/04/2025

အားလုံး သင်္ကြန်ကာလပိတ်ရက်အတွင်းမှာ ဘေးအန္တရာယ်အ‌ပေါင်းမှကင်းဝေးပြီး ရေလိုအေးချမ်းသာယာရှိကြပါစေ🙏🙏🙏👏

Address

အမှတ် (၁) ၊ မင်းရန်နိုင်ရပ်ကွက်၊သာစည်မြို့
Thazi

Telephone

+9595056026

Website

Alerts

Be the first to know and let us send you an email when Aung Mingalar - Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aung Mingalar - Private School:

Shortcuts

Share

Category