27/03/2025
ကဲ… စာမေးပွဲတွေလည်း ပြီးကြပြီဆိုတော့ နွေရာသီ အားလပ်ရက်လေးမှာ ကွန်ပျူတာသင်တန်း တက်ချင်သူများတဲ့အတွက် ဧပြီလ (၁) ရက်နေ့ စဖွင့်မယ့် Microsoft Office Essentials Class ကို အခုပဲ အပ်နှံလိုက်ပါဗျ။
Microsoft Office Essential Course သင်တန်းကတော့ ကွန်ပျူတာကို အခြေခံမှ စပြီး လုပ်ငန်းများအထိပါ အသုံးချနိုင်သည်အထိ တက်မြောက်အောင် သင်ကြားပေးသော အတန်းဖြစ်ပါတယ်။ ဒါကြောင့် အသက် (၁၃) နှစ်နဲ့ အထက်ကနေစပြီး လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
အခြေခံကနေ စနစ်တကျသင်ကြားပေးမှာဖြစ်လို့ မတတ်မြောက်ဖို့ စိတ်ပူစရာလုံးဝမလိုတဲ့ သင်တန်းလေးလည်း ဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးရင် Microsoft Office Apps များအသုံးပြု၍ ကျောင်း Assignment များ၊ Project များကိုလည်း အဆင်ပြေချော့မွေ့စွာလုပ်နိုင်မှာဖြစ်ပြီး၊ လုပ်ငန်းခွင်ဝင်လိုသူ၊ အလုပ်လျှောက်လိုသူများအနေနဲ့လည်း အလုပ်ခွင်အတွင်း ရုံးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်သွားမှာဖြစ်လို့ ကျောင်းသားများ၊ ရုံးလုပ်ငန်းလုပ်ကိုင်နေသူများ၊ အလုပ်ဝင်ခွင့်လျှောက်ထားလိုသူများ တက်ရောက်ဖို့ အသင့်တော်ဆုံး သင်တန်းလေးလည်းဖြစ်ပါတယ်။
Microsoft Office Essentials Course မှာ ဘာတွေသင်ကြားမှာလဲ?
ICT Foundation Course ဖြစ်သည်နှင့်အညီ Basic Hardware & Software Knowledge များ၊ Windows OS 11 အသုံးချနည်းများ၊ File System အကြောင်းများ၊ ဖိုင်ကူးယူနည်းများ၊ အင်္ဂလိပ်လက်ကွက်များ၊ မြန်မာယူနီကုတ်လက်ကွက်များ၊ Microsoft Word 2023, Microsoft Excel 2023, Microsoft PowerPoint 2023 အစရှိတဲ့ ရုံးလုပ်ငန်းသုံး Software များကို လက်တွေ့လုပ်ငန်းခွင်တွင်အသုံးပြုသည့် လေ့ကျင့်ခန်းများစွာကို လေ့ကျင့်သင်ကြားရမှာ ဖြစ်ပါတယ်။
သင်တန်းကာလက ဘယ်လောက်ကြာမှာလဲ။
တစ်ရက်ကို (၂) နာရီ နဲ့ တစ်ပတ်ကို (၅) ရက် တက်ရောက်ရမှာဖြစ်ပြီး (၂) လတိတိ သင်ကြားရမှာ ဖြစ်ပါတယ်။
သင်တန်းကြေးက ဘယ်လောက်လဲ?
(၂) လစလုံးကိုမှ ၉၀၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ သင်တန်းကြေးကို သင်တန်းစတင်တက်ရောက်တာနဲ့ ပေးသွင်းရမှာဖြစ်ပါတယ်။
သင်တန်းက သင်တန်းသားတွေကို ဘာတွေထပ်ပေးဦးမှာလဲ?
သင်ရိုးစာအုပ်တစ်အုပ်၊ ဖိုင် နှင့် ဘောပင်များကို အခမဲ့ ပေးသွားဦးမှာ ဖြစ်ပါတယ်။
သင်တန်းဆင်းလက်မှတ် ပေးမှာလား?
ဟုတ်ကဲ့ သင်တန်းကိုပြီးဆုံးအောင် တက်ပြီး ကျွမ်းကျင်တတ်မြောက်ပါက သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမှာဖြစ်ပါတယ်။
သင်တန်းက ဘယ်အချိန်လဲ ဘယ်နေ့စဖွင့်မှာလဲ?
သင်တန်းစဖွင့်မည့်ရက် - 1.4.2025 (Tuesday)
သင်တန်းအချိန် - 1:00 - 3:00 PM (Monday to Friday) တက်ရောက်ရမှာဖြစ်ပါတယ်။
သင်တန်းက ဘယ်နေရာမှာလဲ၊ ဘယ်လိုဆက်သွယ်ရမလဲ?
Pyae Wa Learning Center
အမှတ် (၄၀၇)၊ ထားဝယ် - မြိတ်ကားလမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး (ပြည့်ဝ ဖုန်းဆိုင်နေရာ)
Ph: 09 973650211