သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း

  • Home
  • Myanmar
  • Thaton
  • သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း

သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း, Education, Shwe Sar yan pagoda, Thaton.

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (သဠာယတနဝဂ္ဂ)၁၇.၂.၂၀၂၆သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှ...
17/02/2026

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (သဠာယတနဝဂ္ဂ)

၁၇.၂.၂၀၂၆

သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှေစာရံစေတီပရဝဏ်၊ သထုံမြို့

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (နိဒါနဝဂ္ဂ)၁၇.၂.၂၀၂၆သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှေ...
17/02/2026

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (နိဒါနဝဂ္ဂ)

၁၇.၂.၂၀၂၆

သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှေစာရံစေတီပရဝဏ်၊ သထုံမြို့

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (သဂါထာဝဂ္ဂ)၁၇.၂.၂၀၂၆သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှေ...
17/02/2026

သံယုတ္တနိကာယ် မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း (သဂါထာဝဂ္ဂ)

၁၇.၂.၂၀၂၆

သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ၊ ရွှေစာရံစေတီပရဝဏ်၊ သထုံမြို့

၂၀၂၅ သာသနာရေးဦးစီးဌာန၏ သထုံစာဖြေဌာန အောင်စာရင်းများအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်
07/02/2026

၂၀၂၅ သာသနာရေးဦးစီးဌာန၏ သထုံစာဖြေဌာန အောင်စာရင်းများ

အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်

1.2.2026 တပို့တွဲလပြည့်သံယုတ္တနိကာယ မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနား
01/02/2026

1.2.2026 တပို့တွဲလပြည့်
သံယုတ္တနိကာယ မြန်မာပြန် ကုသိုလ်ဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနား

သံယုတ္တနိကာယ မြန်မာပြန်သင်တန်း************** ဖွင့်ပြီ **************သထုံမြို့ ရွှေစာရံစေတီ ပရဝဏ်ရှိ သာသနာ့ရောင်ခြည်သင်တန...
31/01/2026

သံယုတ္တနိကာယ မြန်မာပြန်သင်တန်း
************** ဖွင့်ပြီ **************

သထုံမြို့ ရွှေစာရံစေတီ ပရဝဏ်ရှိ သာသနာ့ရောင်ခြည်သင်တန်းဓမ္မာရုံတွင် နှစ်စဥ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားမြဲဖြစ်သော ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ထဲက နိကာယ်တစ်ရပ်ဖြစ်သော သံယုတ္တနိကာယ် မြန်မာပြန်သင်တန်းကို အောက်ပါအစီအစဥ်အတိုင်း ကုသိုလ်ဖြစ်ဖွင့်လှစ်မည်ဖြစ်ပါ၍ မည်သူမဆို လာရောက်သင်ကြားနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

နေ့ရက်... ၁.၂.၂၀၂၆ တနင်္ဂနွေနေ့
အချိန်.... ညနေ ၅ နာရီ
သင်တန်းကာလ... တစ်လကျော်
နေရာ... သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည်ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံ

စာမူဖိတ်ခေါ်ခြင်း      သထုံမြို့ရှိ လူပုဂ္ဂိုလ်များဆိုင်ရာ သာသနာပြုအဖွဲ့အစည်းများထဲတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သော  #သုဝ...
13/01/2026

စာမူဖိတ်ခေါ်ခြင်း

သထုံမြို့ရှိ လူပုဂ္ဂိုလ်များဆိုင်ရာ သာသနာပြုအဖွဲ့အစည်းများထဲတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သော #သုဝဏ္ဏဘူမိ_သာသနာ့ရောင်ခြည်_ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း သည် အသင်းတည်ထောင်ကာစမှစ၍ ယခုနှစ် ၂၀၂၆ ဆိုလျှင် (၇၅)နှစ် သက်တမ်းရှိပြီဖြစ်ပါ၍ အမှတ်တရ အထိမ်းအမှတ်စာစောင်လေး ထုတ်ဝေရန် စာစောင်ဖြစ်မြောက်ရေးအဖွဲ့က စီစဥ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ စာမူရှင်များအနေဖြင့် ဓမ္မစာပေနှင့်ပတ်သတ်သော ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုများကို ၂၀၂၆ သင်္ကြန်ကာလမတိုင်ခင်အထိ အောက်ပါအတိုင်း ပေးပို့နိုင်ပါကြောင်းနှင့် စာစောင်တွင်ဖော်ပြခံရမည့် စာမူရှင်များအတွက် စာမူခနှင့် အမှတ်တရစာစောင်ကိုပါ ပူဇော်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း စာမူရှင်များကို တိုက်တွန်းဖော်ပြအပ်ပါသည်။

-ဘာသာရေးနှင့် သက်ဆိုင်သောကိုယ်တိုင်ရေး စာမူဖြစ်ရမည်။
-ကိုယ်တိုင်ရေးကြောင်း ဝန်ခံချက်ပါရှိရမည်။
-မည်သည့်စာနယ်ဇင်း လူမှုကွန်ရက်များတွင်ဖော်ပြပြီးသော စာမူမဖြစ်စေရပါ။
-စာမူအောက်တွင် အမည်ရင်း၊ ကလောင်ခွဲ၊ ဖုန်းနံပါတ်နှင့် လိပ်စာများ ပြည့်ပြည့်စုံစုံဖော်ပြပေးရပါမည်။
-စာမူ(မူရင်း)များကို e mail, viber, telegram စသော နေရာများမှ ပေးပို့ခြင်း မလက်ခံပါဘဲ စာရွက်စာမူ(မူရင်း)များဖြင့် အမြန်ချောပို့တစ်ခုတည်းနှင့်သာ ပို့ခကိုပါ တပါတည်းပေးချေပြီး ပေးပို့နိုင်ပါသည်။ ပို့ခ မပေးချေလာသောစာမူများကို ရောက်လာသော်လည်း စာစောင်ဖြစ်မြောက်ရေးအဖွဲ့က ရွေးချယ်ပေးမည်မဟုတ်ပါ။ (မရွေးချယ်ဖြစ်သော စာမူများကိုလည်း ပြန်လည်ပေးပို့မည်မဟုတ်ပါ၍ မိမိစာမူများကို မိတ္တူယူထားကြပါရန်)

-ပေးပို့ရန်လိပ်စာကိုအောက်ပါအတိုင်းရေးသားပြီး ပေးပို့နိုင်ပါသည်။
*****************************
သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည်ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းနှစ်ပတ်လည်စာစောင်အတွက် စာမူပေးပို့ခြင်း
ဦးသူရကျော်(အတွင်းရေးမှူး)
ယူနီယံစတိုး သထုံမြို့
09264411122
*****************************
ဟု ပြည့်စုံစွာရေး၍ ပေးပို့နိုင်ပါသည်။

သထုံမြို့တွင်းက စာမူရှင်များကတော့ သထုံမြို့မစျေးရှိ ယူနီယံစတိုးဆိုင်တွင် အထက်ဖော်ပြပါလိပ်စာအတိုင်း စာရွက်စာမူ(မူရင်း)များကို အိတ်ပိတ်လျက် လာရောက်ပေးပို့နိုင်ပါသည်။

ပေးပို့လာမည့် စာမူရှင်များကိုလည်း ဗုဒ္ဓစာပေပြန့်ပွားရေးအတွက် ယခုထဲက ကြိုတင်၍ အထူးတလည်ကျေးဇူးတင်ရှိပါကြောင်း 🙏🙏🙏

၁၀.၁.၂၀၂၆ စနေနေ့မှစ၍"ပဋ္ဌာန်းအကြောင်း သိကောင်းစရာ" ရက်တိုသင်တန်းကို ရွှေစာရံစေတီပရဝဏ်ရှိ  #သုဝဏ္ဏဘူမိ_သာသနာ့ရောင်ခြည်_ဗု...
05/01/2026

၁၀.၁.၂၀၂၆ စနေနေ့မှစ၍
"ပဋ္ဌာန်းအကြောင်း သိကောင်းစရာ" ရက်တိုသင်တန်းကို ရွှေစာရံစေတီပရဝဏ်ရှိ #သုဝဏ္ဏဘူမိ_သာသနာ့ရောင်ခြည်_ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း ဓမ္မာရုံတွင် ညနေ ၅ နာရီမှ ညနေ ၆ နာရီအထိ ၁၅ ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

ပဋ္ဌာန်းကို ကြားဖူးနားဝသာရှိပြီး မည်မည်ရရ မသိရှိသူများ၊ ဗုဒ္ဓစာပေစိတ်ဝင်စားသူများ၊ ပဋ္ဌာန်းအကြောင်းကို အနည်းငယ်သာ သိပြီး ပိုမိုသိရှိလိုသူများ၊ ဗုဒ္ဓ၏ အခက်ခဲဆုံးတရားဆိုတာဘာလဲ သိလိုသူများအတွက် အခြေခံမှစ၍ သင်ရိုးစာအုပ်နှင့်တကွ ကုသိုလ်ဖြစ်သင်ကြားပို့ချမည်ဖြစ်ပါ၍ မည်သူမဆို တက်ရောက်သင်ကြားနိုင်ပါကြောင်း အကျိုးမျှော် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

30/12/2025

၁.၁.၂၀၂၆ မင်္ဂလာနှစ်သစ်
နှစ်ဦးအစည်းအဝေး (၁/၂၀၂၆)

သထုံမြို့ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီ ပရဝဏ်ရှိ သာသနာ့ရောင်ခြည်အသင်းဓမ္မာရုံတွင် အသင်းကြီး၏ အဓိက လုပ်ငန်းစဥ်များထဲက တစ်ခုဖြစ်သော နှစ်စဥ်ဖွင့်လှစ်ကျင်းပနေကျဖြစ်သည့် သံယုတ္တနိကာယ်သင်တန်းဖွင့်လှစ်ရန်နှင့် အသင်း၏ ၇၅ နှစ်ပြည့် စိန်ရတုပွဲအတွက် အပြီးသတ်လုပ်ငန်းစဥ်များ ပြုလုပ်မည့်ရက် သတ်မှတ်ခြင်းများအတွက် ၁.၁.၂၀၂၆ မင်္ဂလာနှစ်ဦးရက်၏ ညနေ ၅ နာရီအချိန်တွင် အသင်းဓမ္မာရုံ၌ အမှုဆောင်အစည်းအဝေး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အသင်းအမှုဆောင်များ၊ သင်တန်းသား/ သူများပါ သာသနာတော်ကြီးကို ချစ်မြတ်နိုးသည့်အနေဖြင့် မပျက်မကွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ကိုဗစ်ဖြစ်ကတည်းက အခမ်းအနားနဲ့ မပေးဖြစ်ခဲ့သော အဘိဓမ္မာ၊ဂုဏ်ထူးဆောင်အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်၊ မစိုးရိမ်အဘိဓမ္မာ၊ သံယုတ္တနိကာယ...
14/12/2025

ကိုဗစ်ဖြစ်ကတည်းက အခမ်းအနားနဲ့ မပေးဖြစ်ခဲ့သော အဘိဓမ္မာ၊ဂုဏ်ထူးဆောင်အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်၊ မစိုးရိမ်အဘိဓမ္မာ၊ သံယုတ္တနိကာယ် စာမေးပွဲများတွင် သာသနာ့ရောင်ခြည်အသင်းမှ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့ကြသော စာအောင်ပုဂ္ဂိုလ်များကို အောင်လက်မှတ်ချီးမြှင့်ပွဲအခမ်းအနား

14.12.2025
3:00(PM)

၂၀၂၅ ခုနှစ် စာသင်နှစ်အတွက်သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အာစရိယပူဇော်ပွဲ အခမ်းအနား၁၄.၁၂.၂၀၂၅...
14/12/2025

၂၀၂၅ ခုနှစ် စာသင်နှစ်အတွက်
သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အာစရိယပူဇော်ပွဲ အခမ်းအနား

၁၄.၁၂.၂၀၂၅ ညနေ ၃ နာရီ

သာသနာ့ရောင်ခြည်သင်တန်းသား/သူ အပေါင်းတို့ခင်ဗျာ...14.12.2025 တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင် သာသနာ့ရောင်ခြည်အသင်းဓမ္မာရ...
12/12/2025

သာသနာ့ရောင်ခြည်သင်တန်းသား/သူ အပေါင်းတို့ခင်ဗျာ...

14.12.2025 တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင် သာသနာ့ရောင်ခြည်အသင်းဓမ္မာရုံတွင် မဟာဘောဂဆရာတော်ဘုရားနှင့် ဆရာ၊ ဆရာမများကို အာစရိယပူဇော်ပွဲနှင့် ယခင်နှစ်များက ပေးအပ်ဖို့ကျန်ရှိနေသော စာအောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားရှိပါ၍ မပျက်မကွက် တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်မံသက ပြုအပ်ပါသည်ခင်ဗျာ....

Address

Shwe Sar Yan Pagoda
Thaton

Website

Alerts

Be the first to know and let us send you an email when သုဝဏ္ဏဘူမိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category