Little Jewel Preschool

Little Jewel Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Little Jewel Preschool, Nursery, Thaton.

22/07/2026

Jewel လေးများရဲ့ ဝါဆိုကန်တော့ပွဲ.. 🙏🙏🙏

ပုံလေးတွေအားလုံး အရမ်းချစ်ဖို့ကောင်းနေလို့ ပုံအများကြီးမို့ video လေးနဲ့ပဲ တင်ပေးလိုက်မယ်နော် .. ❤️


Myanmar 79th Martyrs’ Day 2026ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို လေးစားဂုဏ်ပြုလျက်… 🙏🙏🙏အလေ...
19/07/2026

Myanmar 79th Martyrs’ Day 2026

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို လေးစားဂုဏ်ပြုလျက်… 🙏🙏🙏

အလေးပြုနေကြတဲ့ အာဇာနည်နေ့အကြိုအခမ်းအနားက ချစ်ဆုံးလေးတွေ.. ❤️❤️



ကလေးကို မူကြိုထားပြီဆိုရင်ညအိပ်ချိန်မှန်ပါစေဒါမှမနက်နိုးချိန်ပုံမှန်ဖြစ်မှာပါနေ့ခင်းအိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက...
26/06/2026

ကလေးကို မူကြိုထားပြီဆိုရင်

ညအိပ်ချိန်မှန်ပါစေ

ဒါမှမနက်နိုးချိန်ပုံမှန်ဖြစ်မှာပါ

နေ့ခင်းအိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါလိမ့်မယ်

မနက်စာကိုအာဟာရဖြစ်အောင်ကျွေးပါ မနက်စာသေချာမစားလာတဲကလေးဟာ Activities တွေမှာ စိတ်မဝင်စားနိုင်ပါဘူး

ကျောင်းမှန်မှန်ပို့ပေးပါ

နေ့စဉ်ကျောင်းပို့မှသာ ကျောင်းရဲ့လုပ်ဆောင်ချက်တွေမှာပုံမှန်ပါဝင်ခွင့်ရပြီး ကျောင်းပျော်လာမှာပါ တစ်လမှာ လတစ်ဝက်လောက်သာကျောင်းတက်တဲ့ကလေးတွေရှိပါတယ် ကလေးကမသွားချင်ရင်မပို့ပါဘူးတဲ့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မူကြိုထားပါသလဲ??? မဖြစ်သင့်ပါ မူကြိုမှာလည်းသူ့စည်းကမ်းနဲ့သူမို့ လေးစားသင့်ပါတယ်

ကလေးကိုဖုန်းပေးသုံးရင် အချိန်သတ်မှတ်ပေးပါ လုံးဝမသုံးတာအကောင်းဆုံးပါပဲ မူကြိုအရွယ်ကို ည ၁၂ ထိ game ပေးဆော့တဲ့အမေမျိုးတွေ့ဖူးပါတယ်

ကလေးဟာ လက်ကိုတစ်ချိန်လုံးဖုံးပွတ်သလိုလုပ်နေပြီး မကြာခဏမျက်ရည်ပူကျပါတယ် attention လုံးဝမရပါ စာအုပ်နဲ့အစားထိုးနိုင်ပါတယ် ကလေးနဲ့အတူနေတဲ့လူကြီးဟာ တီဗီအတူကြည့်မယ်ဆိုရင် ဇာတ်လမ်းကိုရွေးချယ်သင့်ပါတယ် ကလေးဟာသင်ယူနေတာမို့သတိထားသင့်ပါတယ် ပိုကောင်းတာက စာအုပ်အတူဖတ်တာ ပုံပြောပြတာ အတူကစားတာ လုပ်ပေးနိုင်ပါတယ်

ကလေးကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့ ကလေးဟာ တခြားသူကိုလည်း ဒီအတိုင်းပြန်ဆက်ဆံပါတယ် ကျမမူကြိုမှာ ကလေးတစ်ယောက် “သတ်ပစ်လိုက်မယ် ခေါင်းရိုက်ခွဲပစ်မယ်” ဆိုပြီး ဒေါသတကြီးရေရွတ်နေတာ… တစ်နေ့သူ့အိမ်ရှေ့ကဖြတ်တော့ လူကြီးက ကလေးကိုလက်ညှိုးထိုးပြီး အဲဒီအတိုင်းအော်ဟစ်ကြိမ်းမောင်းနေတာ တွေ့ခဲ့ရပါတယ်

ပြုပြင်သင့်ပါတယ် မကောင်းတဲ့အပြုအမူတွေဟာ ကလေးတွေမှာပိုလို့ကူးစက်လွယ်ပါတယ်

ကလေးရှေ့မှာ ညစ်ညမ်းတွေဆဲလုံးတွေမပြောပါနဲ့ တခြားက ကူးစက်လာရင်လည်း လူကြီးကစိတ်မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကြည့်ပါ သူ့ကိုအာရုံမစိုက်မှန်းသိတဲ့အခါ အလိုလိုပျောက်သွားပါလိမ့်မယ်

ကလေးက ကျောင်းရဲ့အတွေ့အကြုံတွေကိုပြန်ပြောပြတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ ချီးကျူးပေးပါ ဒါလည်းကျောင်းသွားချင်စိတ်ဖြစ်အောင်ပံ့ပိုးပေးပါတယ် ပုံပြောချိန်တွေမှာ ကလေးက

“မကြားချင်ဘူး တိတ်တိတ်နေ နားငြီးတယ်” ပြောလို့အံ့သြခဲ့ရဖူးပါတယ်

ချော့မေးကြည့်တော့မှ အိမ်မှာသူ့စကားနားထောင်ပေးမယ့်သူမရှိပါဘူးတဲ့ တစ်ခုခုပြောလိုက်တိုင်း လူကြီးတွေက အဲလိုပဲပြောပါတယ်တဲ့ ဝမ်းနည်းစရာပါ

ကလေးပြောတိုင်း အမှန်မထင်ပါနဲ့

ကလေးတွေဟာ ၃ နှစ်ကျော်လာရင် စကားကိုလိုရာဆွဲပြီး လှည့်ပတ်ပြောတတ်လာပါပြီ ဘာသာစကားဖွိံ့ဖြိုးလာခြင်းဖြစ်ပါတယ်

ချင့်ချိန်ပါ စဉ်းစားပါ ဆရာမနဲ့ဆွေနွေးပါ ကလေးအတွက် sensitive ဖြစ်တတ်ရင်လျှော့ပါ အများနဲ့လိုက်လျောညီထွေနေထိုင်တတ်အောင် ပုံပြင်စာအုပ်တွေနဲ့ဆွဲဆောင်နိုင်ပါတယ်

ကလေးက သိပ်စိတ်လှုပ်ရှားတတ်ရင် ထိခိုက်ခံစားလွယ်ရင် ကလေးရှေ့မှာကလေးချင်းနှိုင်းယှဉ်ပြောတာမျိုး ရုပ်ဝတ္တုတွေပြိုင်ဆိုင်တာမျိုးမလုပ်ပါနဲ့ ဆိုးကျိုးသာဖြစ်စေမှာပါ မလုပ်ပေးနိုင်တဲ့အရာတွေအတွက် အလွယ်တကူကတိမပေးမိပါစေနဲ့

ကလေးအတွက် အတူနေမိသားစုဟာ အရေးကြီးဆုံးပတ်ဝန်းကျင်ပါ သင့်ဆီကအရာအားလုံးကို ကလေးက တသွေမတိမ်းသင်ယူနေတာမို့ အမှတ်တမဲ့မနေပါနဲ့ အရေးတယူဆက်ဆံပေးပါ

သင့်ကလေးကျောင်းမပျော်ဘူးဆိုရင် ဒါလေးသေချာဖတ်ပြီးပြန်သုံးသပ်ကြည့်ပါ

ကလေးတို့ကျန်းမာပျော်ရွှင်ပါစေ

2025-2026 Academic year Graduation concert 🧑‍🎓 👩‍🎓 တစ်နှစ်လုံးရဲ့ မလုပ်ချင်ဆုံးပွဲလေးပေါ့.. အကြောင်းအရာအမျိုးမျိုးနဲ့ ခွ...
31/05/2026

2025-2026 Academic year

Graduation concert 🧑‍🎓 👩‍🎓

တစ်နှစ်လုံးရဲ့ မလုပ်ချင်ဆုံးပွဲလေးပေါ့..

အကြောင်းအရာအမျိုးမျိုးနဲ့ ခွဲခွါခဲ့ကြရပေမယ့် အမြဲသတိရနေပါတယ်.. ကျောင်းတံခါးဝမှာ ငိုတတ်တဲ့ သေးသေးလေးကနေ ခုတော့ အရွယ်ရောက်လာကြပြီ..

သားသားမီးမီးတို့ရေ.. ရဲရင့်စွာ ပျံသန်းပါ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ.. စိတ်ထားလေး ဖြူစင်ပါနော် …

နေရာတိုင်းမှာ အဆင်ပြေမယ်ဆိုတာ တီချယ်ယုံကြည်ပါတယ်.. ❤️❤️❤️

သားသားမီးမီးတို့ရဲ့ ပုံလေးတွေ ရတဲ့ခါ ထပ်တင်ပေးပါ့မယ်.. ခုလည်း ဖေဖေမေမေတို့ တင်ပေးနေတာ စုံသလောက်ရှိနေပါပြီ. 😁😁

အစစအရာရာပါဝင်ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးပါလို့…

ဒီကျောင်းလေးကနေ သားသားမီးမီးတို့ တိုးတက်လာခဲ့ကြတယ်ဆိုရင် comments လေးတွေ မန့်ပေးပါနော် … 🥰🥰🥰





Edit —- ဒီနှစ်အတွက်တော့ သတ်မှတ်ကလေးဦးရေ ပြည့်ပြီမို့ form လေးပိတ်ပါစေနော် .. 🥰🥰🥰📣School Admission Open for 2026 - 2027 A...
05/05/2026

Edit —- ဒီနှစ်အတွက်တော့ သတ်မှတ်ကလေးဦးရေ ပြည့်ပြီမို့ form လေးပိတ်ပါစေနော် .. 🥰🥰🥰

📣School Admission Open for 2026 - 2027 Academic Year!📣

အသက် ၂ နှစ်ခွဲအရွယ်မှ စတင်ပြီး ကျောင်းအပ်လက်ခံနေပါပြီရှင်။

💎မေမေဖေဖေတို့ရဲ့ ရင်သွေးရတနာများအတွက် လုံခြုံစိတ်ချရပြီး အဖက်ဖက် မှ သေချာဂရုစိုက်သင်ကြားပေးနိုင်သော မူကြိုကျောင်းရှာနေတယ်ဆိုရင်တော့ Little Jewel ရှိပါတယ်ရှင့် ။

💎ဆရာမဦးရေ နှင့် ကျောင်းသားဦးရေကို အချိုးကျ မျှတစွာထားရှိပြီး အသေးစိတ်ဂရုစိုက်ပေးသည့်ကျောင်း

💎ကလေးငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဂရုတစိုက် မှတ်တမ်းပြုစု ဆောင်ရွက်ပေးပြီး လိုအပ်ချက်များ တိုးတက်မှုများကို မိဘနှင့်အတူ တစ်ဦးချင်း ဆွေးနွေးပေးသည့်ကျောင်း

💎International Curriculum နှင့် ECCD နည်းလမ်းကိုအခြေခံ၍ Theme အလိုက်ကလေးအသက်အရွယ်နှင့်ကိုက်ညီသော Lesson Plan နှင့် အတူ Class Activity များစွာဖြင့် သင်ကြားပေးနေတာကြောင့် foundation ခိုင်ခိုင်မာမာတည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။

💎ကလေးဗဟိုပြုသင်ကြားရေးစနစ်ဖြင့် သင်ကြားပေးခြင်း တို့ဖြင့်

အပတ်စဉ်တိုင်း ပါဝင်သည့် activities လေးတွေကတော့

♥️Art & Craft
♥️Jolly Phonics
♥️Early Literacy & Math
♥️Science
♥️Music & Movement
♥️Outdoor Play
♥️Story Time
♥️Physical Game
♥️Kids Yoga
♥️Myanmarsar တို့ပဲဖြစ်ပါတယ်။

💎 အသက်အရွယ်အလိုက် တန်းခွဲလေးတွေအနေနဲ့ကတော့
🐣 Nursery Class
🐣 Pre KG Class
🐣 KG Class ဆိုပြီး ခွဲထားပါတယ်ရှင့်

*️⃣*️⃣*️⃣ကလေးတစ်ဦးချင်းစီကို ဂရုစိုက်မူပေးနိုင်ရန် ကျောင်းသားဦးရေ ကန့်သတ်လက်ခံမှာဖြစ်တာကြောင့် လူပြည့်ဖို့ ဘယ်လောက်မှ မလိုတော့တာမို့

💎ကျောင်းအပ်လိုပါက
💎💎 Little Jewel Preschool သို့ကျောင်းဖွင့်ရက် မနက် ၉ မှ ၁၀ နာရီခွဲအတွင်း ကလေးနှင့်အတူ လာ၍ဖြစ်စေ
💎💎 09 783826671 သို့ ကြိုတင်ဖုန်းဆက်၍ ဖြစ်စေ လာအပ်လို့ ရပါတယ်ရှင့်..

ကျောင်းအပ်ဖို့ လိုအပ်တာတွေကတော့ …

- ကလေးမွေးစာရင်းမိတ္တူ
- ကလေး၏ပတ်စပို့ဓါတ်ပုံ (၃)ပုံ
- အတူနေ မိသားစုဓါတ်ပုံ (4” x 6”) size - ၁ ပုံ
- ကလေးကို ကျောင်း ကြို/ပို့ မည့်သူ၏ ဓါတ်ပုံ ၁ ပုံ တို့ လိုအပ်ပါမည်ရှင့်

✅ June လမှာ ကျောင်းစတက်ရမှာ ဖြစ်ပါတယ်

✅ Monday to Friday
9:00 AM to 3:00 PM ကျောင်းတက်ရမှာ ဖြစ်ပါတယ်ရှင့်..

ကဆုန်လပြည့် အခါသမယမှာ နှစ်တိုင်း အစဉ်အလာမပျက် ကျေးဇူးရှင် မဟာဘောဂဆရာတော်ဘုရားကြီးရဲ့ ဩဝါဒနဲ့ ဦးဆောင်မှုအောက်မှာ သာယာအေးခ...
01/05/2026

ကဆုန်လပြည့် အခါသမယမှာ နှစ်တိုင်း အစဉ်အလာမပျက် ကျေးဇူးရှင် မဟာဘောဂဆရာတော်ဘုရားကြီးရဲ့ ဩဝါဒနဲ့ ဦးဆောင်မှုအောက်မှာ သာယာအေးချမ်းစွာနဲ့ ညောင်ရေသွန်းခွင့်ရတဲ့ သားသားမီးမီးတို့ရဲ့ ကုသိုလ်က ကြီးမားလှပါတယ်.. 🙏🙏🙏

ငယ်ဘဝရဲ့ အမှတ်တရလေးတွေ အဖြစ် သားသားမီးမီးတို့ကို ကုသိုလ်ပြုခွင့်ရအောင် ကူညီပေးသူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်… 🙏🙏🙏

ပြုခွင့်ရတဲ့ကုသိုလ်တွေကြောင့် မိသားစုတွေအားလုံးလည်း အေးချမ်းကြပြီး ကျန်းမာကြပါစေ… လူတိုင်းချစ်ရတဲ့ သားသားမီးမီးလေးတွေ ဖြစ်ကြပါစေနောာ်… ❤️❤️❤️🙏🙏🙏

#သားသားမီးမီးလေးတွေ

#ကဆုန်ညောင်ရေသွန်းပွဲ

မြန်မာနှစ်သစ် နှစ်ဆန်း ၁ ရက်နေ့ ဒီနှစ်သစ်မှာ Jewel လေးတို့ မိသားစုတွေအားလုံး ကျန်းမ ကြပါစေ.. ပျော်ရွှင်ကြပါစေ.. 🥰ဘေးအန္တ...
17/04/2026

မြန်မာနှစ်သစ် နှစ်ဆန်း ၁ ရက်နေ့

ဒီနှစ်သစ်မှာ Jewel လေးတို့ မိသားစုတွေအားလုံး ကျန်းမ ကြပါစေ..

ပျော်ရွှင်ကြပါစေ.. 🥰

ဘေးအန္တရာယ်အပေါင်းမှလည်း ကင်းဝေးပါစေ.. 🥰

ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ… 🥰

အလုပ်အကိုင်တွေလည်း အဆင်ပြေချောမွေ့ကြပါစေ.. 🥰

လို့ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်… ❤️❤️❤️

Jewel လေးတို့ရဲ့ 2026 သင်္ကြန် .. 💦💦💦ပေါ့ပါးလွတ်လပ်ပျော်ရွှင်စွာ သည်းလေးတို့ပျော်ဖို့ အတူတူကြိုးစားပေးကြတဲ့ ဖေဖေမေမေတို့...
10/04/2026

Jewel လေးတို့ရဲ့ 2026 သင်္ကြန် .. 💦💦💦

ပေါ့ပါးလွတ်လပ်ပျော်ရွှင်စွာ သည်းလေးတို့ပျော်ဖို့ အတူတူကြိုးစားပေးကြတဲ့ ဖေဖေမေမေတို့အားလုံးကို ကျေးဇူးပါ .. 🙏🙏🙏

သမီးလေးမွေးနေ့ကို အကြောင်းပြုပြီး ရွှေရင်အေးတိုက်ပေးတဲ့ သုဝဏ္ဏဘုံလျှပ်စစ်ကိုလည်း ကျေးဇူးပါ .. 🙏🙏🙏

ဘယ်တော့မှ ဓါတ်ပုံမရလိုက်တဲ့ တီချယ်တွေ အကြောင်းသိလို့ အမြဲတမ်း အားဖြည့်ပေးတဲ့ Photographer Ko Naychy ကိုလည်း ကျေးဇူးပါ … 🙏🙏🙏

အမြဲကြိုးစားပေး ကြည့်ရင်းချစ်ပေးကြတဲ့ တီချယ်တွေအားလုံးလည်း ကျေးဇူးပါ .. 🙏🙏🙏

နှစ်သစ်မှစပြီး Jewel မိသားစုအားလုံးရော တကမ္ဘာလုံးရော အေးချမ်းစွာနဲ့ သောကကင်း ပျော်ရွှင်ကြတဲ့ မိသားစုတွေမှာ စိတ်တိုင်းကျ ပျော်ခွင့်ရတဲ့ ကျန်းမာတဲ့ကလေးလေးတွေ ဖြစ်ကြပါစေ… 🙏🙏🙏



မနက်ဖြန်အတွက် ready ပဲလား သည်းလေးတို့ရေ… မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ …
09/04/2026

မနက်ဖြန်အတွက် ready ပဲလား သည်းလေးတို့ရေ…

မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ …



ကျောင်းပိတ်ရက်လေးမှာတောင် အားတက်သရောနဲ့ ကြိုးစားပေးကြတဲ့ Little Jewel လေးတွေရဲ့ တီချယ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်… ...
29/03/2026

ကျောင်းပိတ်ရက်လေးမှာတောင် အားတက်သရောနဲ့ ကြိုးစားပေးကြတဲ့ Little Jewel လေးတွေရဲ့ တီချယ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်… 🥰🥰🥰

Baby လေးတွေအပေါ် စိတ်ရောကိုယ်ရော နှစ်နိုင်ကြတယ်ဆိုပြီး ရန်ကုန်ကနေ Training လာပေးတဲ့ တီချယ့်ရဲ့ Comments အပေါ်မှာလည်း တီချယ်အားလုံးကို အစ်မက Appreciated လုပ်ပါတယ်လို့.. ❤️❤️❤️

Jewel လေးတွေကို တကယ်ချစ်ပေးကြတာကို သိပေမယ့် ချစ်လို့ နှစ်မိတာလေးတွေလည်း မဖြစ်အောင် လိုတိုးပိုလျော့လေးတွေ သိလာအောင်ရယ်.. ကလေးတွေကို ကိုယ်တွယ်ရာမှာ အရေးကြီးတဲ့ အချက်တွေ သိရှိစေဖို့ အမြဲလေ့လာရင်း ဒီတခါတော့ in person class နဲ့ ကိုယ်တိုင် ဆော့ရင်း စာမေးခံရင်းပေါ့. 🥰🥰🥰

အခြေခံအရ ECCD , Child Psychology သိမှ မူကြိုတီချယ်ဖြစ်တယ်ဆ်ိုတာထက် သိပြီးသားတွေကိုမှ ပြန်နွှေး အဆင့်မြင့်ရတဲ့ Advanced လေးပါ… 🥰🥰🥰 ဘယ်အချက်ကိုမဆို သူတို့ရဲ့ baby လေးတွေနဲ့ တွဲမြင်တတ်တာလေးကိုက ချစ်စရာ .. 😍

ကြိုးစားပေးကြတဲ့ တီချယ်လေးတွေအတွက် မေမေတို့ဆီကလည်း အားပေးစကား တစ်ခွန်းစီလောက် ပြောပေးသွားကြရင် ကောင်းမယ်နော် .. 😍



Address

Thaton

Website

Alerts

Be the first to know and let us send you an email when Little Jewel Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category