26/05/2022
❌❌❌Social Punishment ❌❌❌
EC Final Year တွင် ယခင်ကကြေငြာထားခဲ့သော ဘွဲ့ခိုးယူခဲ့သော လောက်ကောင်သုံးဦးတို့မှာ သူတို့ကိုသာ တင်၍ဆဲဆိုခြင်းကြောင့် မတရားကြောင်း ၊ သူတို့၏ batch တွေ တခြားလူများရှိသေးကြောင်း ၊ တခြားသူတွေကိုပါ Social Punishment Post တင်စေချင်သည့်သဘောများပါနေသည့်အတွက် ပထမတစ်သုတ်တွင် ဘွဲ့ယူခဲ့သည့် ကျန်ရှိသော list များကို ထပ်၍ကြေငြာပါမည်။
Post မတင်ပေးပါက သူတို့အား Social Punishment လုပ်ခဲ့သည့် post များကို ဖျက်ပေးပါရန် ဖိအားပေးနေသည့် အတွက်ကြောင့် ထိုလုပ်ရပ်မှာ မှန်ကန်သည့်လုပ်ရပ်မဟုတ်သည့်အတွက် ကျန်ရှိနေသေးသည့် သူများကိုပါ ကြေငြာသွားမည် ဖြစ်ပါသည်။
လာရောက်တောင်းဆိုသော ပထမဆုံးလောက်ကောင်များစာရင်း -
https://www.facebook.com/499946080125709/posts/4146452235475057/
28/11/2021
Business Essential & Employability Skills Course အားတက်ရောက်လိုသူများအနေဖြင့် အောက်တွင် ဖော်ပြထားသော link မှ တဆင့် register လုပ်နိူင်ပါသည်။
* လူဦးရေအားဖြင့် အယောက် (20)သာကန့်သတ်ထားပါသဖြင့် သင်တန်းကာလပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်လိုသူများသာ လျှောက်ထားရန် မေတ္တာရပ်ခံအပ်ပါသည်။
👉 https://bit.ly/314gosM
TTU EC Family-Students
Business Essential & Employability Skills Course
06/11/2021
မင်္ဂလာပါ
အရင်နေ့က "Stepping Stones For Career" virtual webinar လေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီ virtual webinar ဟာ အလုပ်ခွင်နဲ့ပတ်သက်တဲ့ skillset sharing တွေအပြင် virtual working experience ကိုရလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Virtual Professional Program ကိုပါမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
"Stepping Stones For Career" webinar မှာ
မိမိမှာရှိတဲ့ skills တွေကို ဘယ်လို maintain လုပ်ပြီး career အတွက်အသုံးချမလဲ၊ global skill set တွေကို ဘယ်လိုမျိုး nurture လုပ်မလဲဆိုတာတွေ ကို ယခုလက်ရှိလုပ်ငန်းခွင် မှာ လုပ်ကိုင်နေတဲ့ professional ကနေ ပြောကြားပေးသွားမှာဖြစ်ပါတယ်။
Virtual working experience နဲ့ internship ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Virtual Professional Program ကိုအသေးစိတ်ပြောပြပေးမယ့်အပြင် ရှိတဲ့ opportunity တွေနဲ့ ရွေးချယ်စရာနိုင်ငံတွေအကြောင်းကိုလဲထည့်သွင်းပြောကြားပေးသွားမှာပါ။
ဒါကြောင့် တက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့
ရှိပြီးသား skill တွေ ကို improve လုပ်ဖို အတွက် နည်းလမ်းကောင်းတွေနဲ့ Global skill set improvement နဲ့ပတ်သက်ပြီး tips တွေ နဲ့ speaker ရဲ့ experience တွေကို သိရှိနိုင်မှာပါ။
Virtual Professional Program နဲ့ available ဖြစ်တဲ့ opportunity တွေ အကြောင်း အပြင် program ကို လျှောက်ဖို လိုအပ်တဲ့ အချက်တွေကိုလဲ သိရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အ ပြင် တက်ရောက်တဲ့ Delegate တွေအတွက် workshop session လေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အပေါ်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင် webinar ကို တက်ရောက်လိုရပါတယ် ။
Webinar လေးက November 6th, 2021 ကို လုပ်မှာဖြစ်တာကြောင့် တက်ရောက်လိုတယ်ဆိုရင် အခုပဲ register ထားလိုရပါတယ်နော်။
Registration Link: https://bit.ly/Stepping_Stones_for_Career
Event Link - https://fb.me/e/H8UK2LNB
Date: November 6th, 2021
Time: 2 PM to 5 PM
Venue: Zoom
02/11/2021
မင်္ဂလာပါ 🙏
ဒီကြားထဲ Page လေး သိပ်ပြီး active မဖြစ်တာကြာသွားပြီဆိုတော့...ဒီနေ့မှာတော့ ကျောင်းသားကျောင်းသူတို့အတွက် အကျိုးရှိလောက်မယ်ထင်တဲ့ info လေးတစ်ခုလောက် share ပေးလိုပါတယ်။
အဲ့ဒါကတော့ “Stepping Stones for Career” ဆိုတဲ့ virtual webinar လေးပဲဖြစ်ပါတယ်။
ဒီ webinar လေးကတော့ AIESEC in Yangon နဲ့ AIESEC in NMDC ကပူးပေါင်းစီစဥ်ထားတာဖြစ်ပြီး အခုလိုကာလမှာ ကိုယ့်မှာရှိတဲ့ skills တွေကိုဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ ဆိုတာကို webinar လေးမှာ ဆွေးနွေးပေးသွားမှာပါ။
ဒါ့အပြင် Virtual Internship လုပ်ကိုင်နိုင်မယ့် opportunities တွေအပြင် career development အတွက်လိုအပ်မယ့် global skills တွေအကြောင်း knowledge sharing လုပ်ပေးသွားမယ့် webinar လေးဖြစ်ပါတယ်။
"Stepping Stones for Career" webinar ကနေဘယ်လို benefits တွေရမှာလဲ❓
1) Global skill set session ကနေ မိမိမှာရှိတဲ့ skills တွေကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲ၊ ကိုယ့်ရဲ့ career အတွက် လိုအပ်တဲ့ global skill set တွေ ကဘာတွေရှိလဲစတာတွေကို သိရမှာပါ။ ဒါ့အပြင် ယခုလက်ရှိမှာအလုပ်လုပ်နေတဲ့ professional ကနေ သေသေချာချာ session deliver ပေးမှာဖြစ်တာကြောင့် speaker ရဲ့ experience တွေ tips တွေကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။
2) ဒါ့အပြင် အလုပ်လျှောက်တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် CV preparation နဲ့ interview အတွက် workshop လဲပါဝင်တာကြောင့် ကိုယ့်ရဲ့ CV နဲ့ interview ကို ဘယ်လို improve လုပ်မလဲဆိုတဲ့ tips တွေကို ရရှိမှာပါ။
3) Internship ကို စိတ်ဝင်စားတဲ့လူတွေအတွက် Foreign Virtual Internship ဖြစ်တဲ့ Virtual Professional Program ကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး opportunity တွေ၊ requirement တွေကိုပြောပြပေးသွားမှာပါ။
webinar နဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်က delegate booklet လေးကို ဝင်ကြည့်လို့ရပါတယ်။
Delegate Booklet: https://bit.ly/DelegateBooklet-SteppingStoneforCareer
စိတ်ဝင်စားတယ်ဆိုရင်တော့ webinar အတွက် အောက်ပါ registration link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။
Registration Link: https://bit.ly/Stepping_Stones_for_Career
Date: 6th November 2021
Time: 2 pm to 5 pm
Venue: Zoom
Event Link: https://bit.ly/SteppingStoneforCareer-Event
09/07/2021
နည်းပညာတက္ကသိုလ် (သန်လျင်) ၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၏ CDM ဆရာ / ဆရာမများအား ဇွန်လအတွက် ဂုဏ်ပြုငွေများပေးအပ်ခြင်း
▪ အီလက်ထရောနစ်မေဂျာမှ ကျောင်းသား / သူများ နှင့် စီနီယာအကိုအမများစုပေါင်း၍ အီလက်ထရောနစ်အင်ဂျင်နီယာဌာနရှိ CDM ဆရာ / ဆရာမ ( ၁၇ ) ဦးတို့အား မေလမှ စတင်ကာ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည် ။
▪ ယခုအခါ ဇွန်လအတွက်လည်း အီလက်ထရောနစ်အင်ဂျင်နီယာဌာနရှိ CDM ဆရာ / ဆရာမ (၁၇) ယောက်အတွက် တစ်ဦးကို ( ၄၈၀၀၀) ကျပ်စီဖြင့် စုစုပေါင်းအလှူငွေ ( ၈၁၆၀၀၀)ကျပ်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ် ။
▪ နှစ်တွေအကြာကြီး မိသားစုနဲ့ ခွဲပြီး ကိုယ်တာဝန်ကျရာ ကျောင်းမှာ အကောင်းဆုံးစာသင်ကြားပေးပြီး စစ်အာဏာရှင်လက်အောက်မှာ မရပ်တည်လိုတဲ့ စစ်မှန်တဲ့သဘောထားတွေကြောင့် ရာထူးတွေကိုပါ စွန့်လွှတ်ထားတဲ့ CDM သူရဲကောင်းတွေအတွက် ကျောင်းသား / သူတွေက ဒီလောက်လေးနဲ့ ပြန်ပြီး ဂုဏ်ပြုခွင့်ရတာနဲ့တင် ဆရာ / ဆရာမတို့ကို အရမ်းကျေးဇူးတင်ပါတယ် လို့ ဒီနေရာကနေ ပြောပါရစေ ။ 🙇
▪ နောက်တစ်ခုကတော့ မိမိတတ်နိူင်သလောက် နည်းသည် ၊ များသည် သဘောမထားပဲ လှူဒါန်းပေးခဲ့ကြတဲ့ Senior အကို အမများ ၊ Junior လေးများကိုလည်း တစ်ယောက်ချင်းစီတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်နော် ။
▪ အီလက်ထရောနစ်အင်ဂျင်နီယာဌာနရဲ့ CDM သူရဲကောင်း (၁၇) ဦးလုံးအတွက်လည်း အမြဲ ဂုဏ်ယူနေမှာပါ ။
TTU EC Family-Students
15/06/2021
❌❌ Shame on You! ❌❌
▪ May Thu Kyaw (6EC - 4)
▪ Wint War War Naing ( 6EC-8)
▪ Tin Lin Mar (6EC-12)
ဒီနေ့တင် ဒီမောဆိုမှာ လူသေအလောင်းတွေ ပြန့်ကြဲနေတဲ့ သတင်းတွေ တွေ့ရ မြင်ရတဲ့ ကြားထဲက အပေါ်က ဖော်ပြထားတဲ့ သုံးယောက်ကတော့ ကျောင်းသွားအပ်ခဲ့ပါသတဲ့
စစ်ဘေးရှောင်ကလေးတွေခမျာ ကိုယ့်လွယ်အိတ်နဲ့ကိုယ် နေ့ရော ညရော ပြေးလွှားနေတဲ့အချိန်မှာတောင် ဘွဲ့ယူဖို့ Thesis လုပ်ဖို့ ဆိုတဲ့ အဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကို တွေးနိူင်ကြသူတွေပါ ။
နောက်ဆုံးအကြိမ်ထ်ိ အတန်းသူအတန်းသားတွေအကုန်လုံးကို CDM ဟူ၍ လိမ်ညာပြီး ယုံကြည်မှုကို အခွင့်ကောင်းယူခဲ့ကြတဲ့ စစ်အကြမ်းဖက်အုပ်စုလက်အောက်မှာမှ ဘွဲ့ကိုအလွန်အမင်း လိုချင်နေကြသူ ထိုသုံးဦးတို့အား ယနေ့မှ စ၍ 6BE EC အတန်းနဲ့ မသက်ဆိုင်တော့ပါကြောင်း အသိပေးအပ်ပါသည် ။
ဘွဲ့ရပြီး လုပ်ငန်းခွင်ရောက်ရင်လည်း လိပ်ပြာလုံနိူင်ကြပါစေ ။
ြင့်သော်လည်းဦးနှောက်မရှိ
TTU EC Family-Students
08/06/2021
နည်းပညာတက္ကသိုလ် (သန်လျင်) ၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၏ CDM ဆရာ / ဆရာမများအား ဂုဏ်ပြုငွေများပေးအပ်ခြင်း
▪ ပထမဦးစွာ မေလအတွက် အီလက်ထရောနစ်အင်ဂျင်နီယာဌာနရှိ CDM ဆရာ / ဆရာမ (၁၇) ယောက်အတွက် တစ်ဦးကို ( ၅၀၀၀၀) ကျပ်စီဖြင့် စုစုပေါင်းရှစ်သိန်းခွဲ ဂုဏ်ပြုလှူဒါန်းနိူင်ခဲ့ပါတယ် ။
▪ ရရှိတဲ့ လှူဒါန်းငွေများအကုန်လုံးက အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှာရှိတဲ့ ကျောင်းသား / သူတွေအားလုံးရဲ့ မေတ္တာတွေ အလှူရှင်တွေရဲ့ ခွန်အားတွေကြောင့်သာ ပေးအပ်လှူဒါန်းနိူင်ခဲ့တာ ဖြစ်ပါတယ် ။
▪ တစ်ကျပ်မှစ၍ တစ်ထောင် မိမိတတ်နိူင်သလောက် နည်းသည် ၊ များသည် သဘောမထားပဲ လှူဒါန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်နော် ။
▪ တခြားလူတွေရဲ့ လစာတွေကတော့ လူရာပေါင်းများစွာရဲ့ အသက်တွေကို ရင်းထားရပေမဲ့ ဒီဂုဏ်ပြုလှူဒါန်းမှုကတော့ ပမာဏသေးငယ်နေရင်တောင် ကျောင်းသား / သူတွေအားလုံးစုပေါင်းပြီး လှူဒါန်းခဲ့ကြတာကြောင့် တီချယ်တို့ စိတ်ချလက်ချ လက်ခံလို့ရပါတယ် ❤
▪ အီလက်ထရောနစ်အင်ဂျင်နီယာဌာနရဲ့ CDM သူရဲကောင်း (၁၇) ဦးလုံးအတွက်လည်း အမြဲ ဂုဏ်ယူနေမှာပါ ။
▪ နောက်လတွေမှာလည်း သားတို့ သမီးတို့အားလုံး ဒီထက်မက ပိုလှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ် ။
TTU EC Family-Students
27/02/2021
TU သန်လျင်မှ ကျောင်းသား ကျောင်းသူတို့
ဆန္ဒပြနေစဉ် ဖမ်းဆီးထိန်းသိမ်းခံရပါက
095029410
092015703
09250375993
09450004608
အထက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဖမ်းဆီးခံရသော နေရာ၊အချိန်၊ မိမိအမည် နှင့် ခုံနံပါတ် ( သူငယ်ချင်း များပါ အဖမ်းခံရလျှင် တစ်ခါတည်း စုပေါင်း၍ ပြောပြပေးပါ။ )
များအား သတင်းပေးနိုင်ပါသည်။
မိမိတို့မေဂျာမှနေ၍ တတ်နိုင်သမျှ ချိတ်ဆက်၍ ဝန်းရံကူညီသွားမည်ဖြစ်ပါသည်။
ထို့အပြင် မိမိတို့ သက်ဆိုင်ရာ အုပ်ထိန်းသူများအား အထက်ပါဖုန်းနံပါတ်များအား ပြထားပေးပါ။ အလိုက်ခံရပြီဆိုပါက ဆက်သွယ်ခိုင်းပါ။
Credit