26/11/2021
USB အကြောင်းသိကောင်းစရာများ (Part – 3)
USB Port Color များအကြောင်း
USB Interface များ USB Port များတွင် အသုံးပြုသော Color များကိုကြည့်ပြီး မည်သည့် Port များကို မည်သည့်အတွက်သုံးသည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့တွေ့ရသည့် port များသည် မည်သည့်နှုန်းထားဖြင့် အလုပ်လုပ်သနည်း/ မည်သည့်အတွက်ထည့်ထား သည်ကို သိရှိနိုင်စေရန်ရည်ရွယ်ပါသည်။ ကျွန်တော်တို့အသုံးပြုသည့် USB interface/Port များသည် အများအားဖြင့် အမည်းရောင်/အဖြူရောင်နှင့် အပြာရောင် တွေ့ရပါသည်။ထို့အပြင် အနီရောင်၊ အဝါရောင်၊ အစိမ်းပုတ်ရောင်၊ လိမ္မော်ရောင် တို့ကိုအသုံးပြုသည်များလည်းရှိပါသည်။ လက်ရှိအချိန်တွင် အချို့ laptop/ Desktop များတွင် Computer Power ဖွင့်ထားစရာမလိုပဲ Charging သွင်းလို့ရသည့် Port များပေါ်လာပြီဖြစ်ပါသည်။ Port color တစ်ခုချင်းစီအကြောင်းကိုအောက်တွင်ဖတ်ရှူနိုင်ပါသည်။
21/11/2021
USB အကြောင်းသိကောင်းစရာများ (Part – 2)
USB Connector (Interface) အမျိုးအမည်များနှင့်သူတို့၏အကြောင်း
USB Connector (Interface) ဆိုသည်မှာ ကျွန်ပ်တို့အသုံးပြု သော Device များ၏ USB Cable ရဲ့ အစွန်းဘက်များတွင်ရှိသော connector များကိုဆိုလိုသည်။ ဆိုပါစို့ ကျွန်တော်တို့က USB Keyboard တစ်ခုကို ဝယ်လာပြီး မိမိ၏ Computer တွင်တပ်ဆင်အသုံးပြုတော့မည်ဆိုလျှင် USB Keyboard တွင်ပါလာသော Connector type ကို USB Type – A ဟုခေါ်သည်။ သို့ရာတွင် ကျွန်တော်တို့ အသုံးပြုသော mobile phone USB Cable များတွင် Connector ၂ခုပါဝင်သည်။ တစ်ခုမှာ ကျွန်တော်တို့၏ ဖုန်းတွင် တပ်ဆင်ရပြီး နောက်တစ်ခုမှာ ကျွန်တော်တို့၏ Computer (သို့) Power connector တွင် တပ်ဆင်အသုံးပြုရသည်။
ကျွန်တော်တို့တွေ့ရသော Connector အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။
USB Type – A
USB Type – B
USB Mini - B
USB Micro – B
USB Micro – B Superspeed (USB 3.0)
USB Type – C
Thunderbolt တို့ဖြစ်ပါသည်။
တစ်ခုချင်းစီကိုအောက်ပါပုံတွင်လည်းတွေ့ရမည်ဖြစ်ပါသည်။
17/11/2021
USB အကြောင်းသိကောင်းစရာများ (Part – 1)
USB 1.0,2.0,3.0 and 4.0 တို့ရဲ့သိကောင်းစရာများ
USB ရဲ့အရှည်ကောက်ကတော့ (Universal Serial Bus) ဖြစ်ပါတယ်။ Universal လို့သတ်မှတ်ထားတဲ့အတိုင်းပါပဲ Device မျိုးစုံမှာ စံတစ်ခုအနေနဲ့သုံးကြပါတယ်။ ကွန်ပျူတာ Hardware အခြေခံဖြစ်သော keyboard, Mouse တွေ printer, scanner များသာမက ကျွန်တော်တို့ရဲ့ Mobile phone များအထိပါသုံးနေကြပါတယ်။ ထို့အပြင်အသစ်အသစ်ထွက် လာသောComputer ပစ္စည်းအများစုသည် USB interface များနှင့်သာ လာလေ့ရှိပါသည်။ ယခုနောက်ပိုင်းထွက်လာသော USB Device များသည် storage, Power အပြင် Display များတွင်ပါအသုံးပြုလာကြပြီဖြစ်ပါသည်။
History
လွန်ခဲ့သော ၂၆ နှစ်ဝန်းကျင်လောက်ကပေါ့ဗျာ အတိအကျပြောရရင် တော့ ၁၉၉၅ ခုနှစ်ဝန်းကျင်လောက်မှာပေါ့ Personal Computer လို့ခေါ်တဲ့ PC တွေ မှာ External Device (PC ပြင်ပကနေတပ်ဆင်မယ့်ပစ္စည်း(e.g printer,scanner ပေါ့)) တခုကိုတပ်ဆင်ဖို့အတွက် မြောက်မြားစွာသော connector (interface) တွေကို သုံးရမယ့်အစား interface တစ်ခုကို စံ(standard) အနေနဲ့ထားပြီးလုပ်ကြဖို့အတွက် Company ကြီး (7) ခုက ပူးပေါင်းပြီးတီထွင်ခဲ့ကြတာပေါ့ဗျာ။ အဲ့ဒီCompanyအထဲမှာ အခုနာမည်ကြီးနေတဲ့ Microsoft, Intel, NEC တို့လည်းပါတယ်ဗျ။ အဲ့ဒီ interface (USB) ကိုထွင်တဲ့အခါမှာ အဲ့ဒီအချိန်ကသုံးနေတဲ့ ပစ္စည်းတွေမှာလည်းအသုံးပြုလို့ရရမယ်။ ပြီးတော့ ပိုမြန်တဲ့ မြန်နှုန်းလည်းပေးနိုင်ရမယ်။ အဲ့ဒါအပြင် လိုသလိုဖြုတ်တပ်(Plug and Play) လုပ်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့ဗျာ။ ပထမဆုံး USB ကို support ပေးတဲ့ chipset ကို Intel က 1995 မှာပဲစတီထွင်ခဲ့တာဗျ။ ပထမဆုံး USB 1.0 ကို ၁၉၉၆ ခုနှစ် January လမှာ စပြီးမိတ်ဆက်ခဲ့ကြပါတယ်။
USB 1.0 ထွက်လာတဲ့အချိန်မှာ သူ့ရဲ့အလုပ်လုပ်တဲ့ speed ကစစထွက်ချင်းက 1.5 mbps နဲ့ပဲအလုပ်လုပ်ပါတယ်။ နောက်တော့ USB 1.1 ဆိုပြီးထပ်ထွက်လာပါတယ်။ သူကတော့ 12 mbps နဲ့အလုပ်လုပ်တယ်ဗျ။ သူတို့တွေက 1.5 mbps နဲ့ အလုပ်လုပ်တဲ့ USB ကိုတော့ Keyboard တို့ Mice တို့ Joystick တွေမှာသုံးကြတယ်ပေါ့ဗျာ။ 12 mbps နဲ့အလုပ်လုပ်တဲ့ USB 1.1 ကိုတော့ printer တို့ Scanner တို့မှာသုံးတယ်ပေါ့။ အဲ့ဒီ USB 1.1 ကို 1998 လောက်မှသာ တွင်တွင်ကျယ်ကျယ်သုံးလာကြတာပါဗျာ။ အဲ့ခေတ်က Apple ကထုတ်တဲ့ iMac မှာတောင် USB မတိုင်ခင်မှာ သုံးခဲ့တဲ့ port တွေကို ဖြုတ်ပစ်လိုက်တယ်ပေါ့ဗျာ။ အဲ့အချိန်လောက်ကစပြီးတော့ Computer ထုတ်တဲ့ စက်ရုံတွေ company တွေက USB ကို စံ (Standard) အနေနဲ့စပြီးသုံးလာတာပေါ့။ USB 1.0 အတွက် အသုံးပြုသော Connector များမှာ USB-A နှင့် USB-B တို့ဖြစ်ပါသည်။အခုအထိတိုင်အောင် USB version 1 ကို ကျွန်တော်တို့သုံးနေတဲ့ keyboard, Mouse တွေမှာသုံးနေကြဆဲပါ။ မဟောင်းနွမ်းသေးပါဘူး။
USB 2.0 ကတော့ ၂၀၀၀ ခုနှစ် April လလောက်မှာစပြီးတော့ ထွက်ခဲ့ပါတယ်။ သူကတော့ USB 1.1 ထက်အဆ (၄၀) လောက်ပိုမြန်သွား တယ်။ USB 2.0 ရဲ့ Data Transfer rate က 480mbps လောက်နဲ့အလုပ် လုပ်ပါတယ်။ USB 2.0 မှာအသုံးပြုသော USB Connector များမှာ USB-A, USB-B, USB Micro A, USB Micro B, USB Mini A, USB Mini B တို့ဖြစ်ကြပါတယ်။
USB 3.0 ကတော့ 2008 ခုနှစ် November လောက်မှာ စပြီး မိတ်ဆက်ခဲ့ပါတယ်။ USB 3.0 ကျတော့ အလုပ်လုပ်တဲ့ speed ကပိုမြန်သွားတယ်။ USB 3.0 ကို SuperSpeed USB လို့လည်းခေါ်ပါတယ်။5.0 Gbps နဲ့အလုပ်လုပ်ပြီးသူ့ကို USB 3.1 Gen1 လို့သတ်မှတ်ပါတယ်။ အဲ့ဒါပြီးတော့ သူ့ထက်ပိုမြန်တဲ့ USB 3.1 Gen2 ထွက်လာခဲ့ပါတယ်။ USB 3.1 Gen 2 ကျတော့ ၂ ဆ လောက်ပိုမြန်သွားပြီး 10 Gbps နဲ့အလုပ်လုပ်ပါတယ်။ USB 3.1 Gen 2 ကိုတော့ July လ ၂၀၁၃ ခုနှစ်မှာထုတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် September လမှာ USB 3.2 ကိုထုတ်ပြီး သူ့အမြန်နှုန်းကတော့ 20 Gbps လောက်အထိရှိပါတယ်။ လက်ရှိအသုံးပြုနေသော USB Type-C (USB-C) သည် data rate မှာ 10 Gbps နဲ့ 20 Gbps ရှိနေပြီဖြစ်ပါသည်။ ၄င်း USB Type-C (USB-C) အမျိုးအစားကို Display အနေနဲ့လည်းအသုံးပြုနေပြီး အချို့ laptop များသည် Power connector အနေဖြင့်အသုံးပြုနေပြီဖြစ်ပါသည်။
USB 4 ကတော့ ၂၀၁၉ ခုနှစ် March လမှာ official စထွက်လာပါတယ်။ သူကတော့ အခုလောလောဆယ်အထိ storage အတွက်ထုတ်တာတော့ မရှိသေးပါဘူး။ သူ့ကို display နဲ့ Power အတွက်ပဲသုံးပါသေးတယ်။ သူအလုပ်လုပ်တဲ့ speed က 40 Gbps အထိရှိပါတယ်။ သူကတော့အခုနောက်ဆုံးထွက်လာတဲ့ Thunderbolt 3 interface နဲ့လာပါတယ်။ Thunderbolt 3 interface သည် USB Type-C နှင့် Backward compatible ဖြစ်ပါတယ်။ ဆိုလိုသည်မှာ Thunderbolt 3 port မှာ USB Type – C သုံးလို့ရသလို Thunderbolt 3 ကိုလည်း USB Type-C port မှာ တပ်လို့ရပါတယ်။ Thunderbolt 3 သည် အခု နောက်ဆုံးထွက်လာတဲ့ Apple Macbook Pro နှင့် အချို့သော Microsoft Surface Pro တို့မှာပါဝင်ပါတယ်။
(ယခုပြောသော Speed များသည် maximum speed ကိုပြောပါသည်။ မိမိတို့အသုံးပြောသော Device rating ပေါ်မူတည်ပြီး ကွာခြားနိုင်ပါသည်။ မိမိအသုံးပြုသော USB Storage Device များရဲ့ Speed ကို စစ်ဆေးလိုပါက Command line မှ winsat disk -drive e ('e'ဆိုသည်မှာ မိမိ storage drive letter ဖြစ်ပါသည်။ ပုံတွင်လည်းပြထားပါသည်။)
22/12/2016
ADCS (Active Directory Certificate Service) Part-2
data တွေကို encrypt / decrypt လုပ်တဲ့အခါမှာသုံးတဲ့ method ၂ခုရှိတယ်။
Symmetric encryption နဲ့ Asymmetric encryption ပါ။
Symmetric encryption
သူကတော့ data တွေကို encrypt နဲ့ decrypt လုပ်တဲ့အခါကျရင် တူညီတဲ့ key တခုကိုသုံးတာပါ။ စောစောက example လိုပေါ့ car ကားဆိုတဲ့ data ကို
နောက်4 လုံး တိုးပြီး encrypt လုပ်တယ်။ အဲ့ဒီတော့ GEV ဆိုတဲ့ encrypt လုပ်ပြီးသား data ရတယ်။ အဲ့ဒါကို decrypt ပြန်လုပ်ချင်တော့ 4 လုံးပြန်လျော့
တဲ့အခါ car ဆိုတဲ့ data ပြန်ရပါတယ်။ အဲ့ဒီမှာ သုံးသွားတဲ့ key က 4 လုံးတိုးတယ်။ 4 လုံးလျော့တယ်။ အဲ့ဒါကို symmetric encryption လို့ခေါ်ပါတယ်။
Asymmetric encryption
သူကတော့ data တွေကို encrypt လုပ်ရင် key တမျိုး decrypt လုပ်ရင် key တမျိုး မတူတော့ပါဘူး။ different key ပေါ့။ သူကတော့ သချာင်္method တခုကို
သုံးပြီးkey တခုထုတ်ထားတာပါ။ ဆိုပါစို့ x ဆိုတဲ့ key နဲ့ yဆိုတဲ့ key ကိုပေါင်းပြီး မှ data ကို encrypt လုပ်ပြီး တော့ Z ဆိုတဲ့ encrypt လုပ်ပြီးတဲ့ data ရပြီဆိုပါတော့။ decrypt ပြန်လုပ်ဖို့ဆိုရင် x အစား w ဆိုတဲ့key နဲ့ y ဆိုတဲ့key ပေါင်းပြီးမှ Z ဆိုတဲ့ data ကို decrypt လုပ်လို့ရတယ်ဆိုပါတော့။ အဲ့ဒီ မှာ encrypt / decrypt လုပ်တဲ့ key မတူတော့ဘူး။ အဲ့ဒီနည်းဆိုရင် Asymmetric encryption လို့ခေါ်ပါတယ်။ Encrypt / decrypt လုပ်ဖို့ အတွက် က key တစုံ ထွက်လာပြီလေ။ အဲ့ဒီ key တစုံက public key နဲ့ private key ပေါ့။ EFS သုံးတယ် ဆိုရင် user တယောက်အတွက်က key 2ခုရတယ်။ public key နဲ့ private key လေ။ public key ကသူများတွေကိုပေးလို့ရပါတယ်။ ဒါပေမယ့်သူတို့က data ဖွင့်ဖတ်
ဖို့ဆိုရင် အဲ့ဒီ user ရဲ့ private key မရှိဘူးလေ။ အဲ့ဒီတော့ အဲ့ဒီdata ကို ဖွင့်လို့မရတော့ဘူးပေါ့။ အဲ့ဒီမှာ သတိထားကြည့်ပါ။ encrypt / decrypt လုပ်တာ ဘယ် method ကပိုမြန်မယ်ထင်သလဲ။
?
?
?
?
?
Symmetric encryption ဆိုရင်တော့ အဖြေမှန်ပါတယ်။ ပမာဏများတဲ့ data တွေကို encrypt လုပ်ထားတာက symmetric နည်းနဲ့လုပ်ထားတာပါ။ ဒါပေမယ့် security အားနည်းတာပေါ့။ အဲ့ဒီတော့ security ရှိအောင်ဘယ်လိုလုပ်မလဲ။
?
?
?
?
?
symmetric encryption မှာသုံးမယ့် key ကို Asymmetric encryption method ကိုသုံးပြီး encrypt လုပ်လိုက်မယ်။ရလာတဲ့ encrypt လုပ်ထားတဲ့ keyသုံးမယ်ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာ။ အဲ့ဒီတော့ data က symmetric encryption သုံးပြီး encrypt လုပ်တယ်။ symmetric key ကိုတော့ asymmetric encryption သုံးပြီး encrypt လုပ်လိုက်တာပေါ့။
ဒါဆိုuser ကဘယ် ပာာကို decrypt အရင်လုပ်ရမလဲ။
?
?
?
?
?
Asymmetric encryption လုပ်ထားတာကို decrypt အရင်လုပ်ရမယ်ဆိုရင်တော့မှန်ပါတယ်။ အဲ့ဒါကို decrypt လုပ်ပြီးရင် symmetric key ရပါပြီ။ အဲ့ဒီတော့မှ data ကို decrypt လုပ်ပါတယ်။
ခဏနားပါမည်။
15/09/2016
DFS ဆိုတာဘာလဲ။
DFS (Distributed File System)
DFS သည်ရှုပ်ထွေးလှသော UNC (Uniform Naming Convention) Pathများကို ရိုးရှင်းလွယ်ကူစွာအသုံးပြု၍ရစေနိုင်အောင်ပြုလုပ်ပေးသော
Server 2012 ၏ feature တခု ဖြစ်ပါသည်။
UNC ဆိုတာဘာလဲ။ UNC ဆိုတာ ကျွန်တော်တို့သုံးနေကျ share folder path
များကိုဆိုလိုခြင်းဖြစ်ပါသည်။ (e.g \\servername\sharename) ကို သုံးကြလေသည်။ သင့်company မှာ Data တွေ အလွယ်တကူ sharing လုပ်
စေချင်သဖြင့် သင်ဟာ file server တစ်လုံးထောင်ခြင်းဖြစ်စေ NAS (Network Attach Storage) တစ်ခုကိုသုံး၍ဖြစ်စေ share လေသည်။ သင့်Company
သည် နယ်များတွင်ပါ company အခွဲ ( Branches ) များဖွင့်လေသည်။
ထိုအခါသင်သည် ထိုBranches များတွင်ပါ sharing system အတွက်
file server (or) NAS တွေအသုံးပြုလေသည်။အဲ့ဒီအခါသင်တွေ့ရမယ့်ပြဿ နာ
တွေရှိပါသည်။အဓိကသည် UNC Format သည် \\servername ဖြစ်သော
ကြောင့် share လှမ်းယူသုံးမယ့် user သည် ထို server များ၏ Name တွေ
အကုန်သိအောင်ကြိုးစားရတော့မည်။ ထိုသို့server များ၏ Name တွေ အားလုံး
ကိုသိရမယ့်အစား Name တစ်ခုတည်းပဲမှတ်ရပါက ပိုအဆင်ပြေစေနိုင်ပါသည်။
DFS ကအဲ့ဒီ ပြဿ နာတွေကိုဖြေရှင်းပေးပါလိမ့်မည်။
DFS မှာ feature ၂ ခုရှိပါတယ်။
1. DFS Namespaces (DFS-N) နှင့်
2. DFS Replication (DFS-R) တို့ဖြစ်ပါသည်။
DFS Namespaces (DFS-N)
မိမိ၏ များပြားလှသော UNC (share folder path) များကို ရိုးရှင်းအောင်ပြုလုပ်ပေး
သည်။ DFS-N ကိုသုံးပြီး Namespace တစ်ခုဖန်တီးပြီး ကိုယ့်ရဲ့ UNC Path များကို ထို Name space တွေမှာထပ်ပေါင်းထည့်ပေးလို့ရပါသည်။ ထိုUNC Path များကို DFS တွင် Folder Target ဟုခေါ်ပါသည်။ သဘောကဗျာ share လှမ်းယူသုံးမယ့် user က file server တွေ NAS တွေရဲ့ UNC လမ်းကြောင်းတွေကို မှတ်စရာမလိုတော့ဘူး။ DFS Server Name\sharename (or) Domain Name\sharename ပဲမှတ်စရာလိုပါ
တော့မယ်။ administrator ကDFS server မှာ UNC Path တွေ ပေါင်းထည့်ပေးရမှာ ဖြစ်ပါတယ်။ Administrator က Branch တွေမှာ ရှိတဲ့ UNC Path တွေကို DFS Server ရဲ့ Namespace မှာ လာပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။ သဘောကတော့ဗျာ user တွေသုံးရ လွယ်ကူအောင် UNC path တွေကို link (or) shortcut ဖန်တီးသလိုပေါ့ဗျာ။
DFS Replication (DFS-R)
DFS-R ကတော့ file server တွေကို replication လုပ်ပေးပါတယ်။ replication လုပ်ပေးတယ်ဆိုတာ file server တစ်လုံးက သိမ်းလိုက်တဲ့ data ကို နောက်file server
ကို copy ကူးပြီးသိမ်းပေးတယ်ပြောတာပါ။
ဆိုလိုချင်တာကမုံရွာမှာ file server တစ်လုံး ၊ ရန်ကုန်မှာ file server တစ်လုံးရှိတယ်ဆိုပါစို့ နှစ်ခုစလုံးမှာ project Team အလုပ်လုပ်ဖို့အတွက် project folder ကို share ထားတယ်ဆိုပါတော့။ DFS-R ကိုသုံးပြီး file server ၂ခု ကို replication Group ဖွဲ့ထားတယ်ဆိုရင် မုံရွာကproject file တစ်ခုဖန်တိးသိမ်းလိုက်တိုင်း အဲ့ဒီ file က
ရန်ကုန်က project folder ထဲကို auto copy ကူးပေးသွားပါမယ်။ တစ်ခုသတိထားရမှာ
က မုံရွာက project file ကို close လုပ်တဲ့အချိန်မှ copy ကူးသွားမှာဖြစ်ပါတယ်။
အဲ့ဒီလိုပဲ ရန်ကုန်က project file တစ်ခုကို ဖန်တီးလိုက်တယ်ဆိုရင် အဲ့ဒီ file ဟာ
မုံရွာက project folder ထဲကို copy ကူးသွားပါလိမ့်မယ်။
09/09/2016
FSRM (File Server Resource Manager) ရဲ့အသုံးဝင်ပုံ
FSRM ဆိုတာဘာလဲ။
FSRM ဆိုတာ windows server 2012 မှာ ပါဝင်တဲ့ file service နဲ့ပက်သက်
တဲ့ Feature တစ်ခုပါပဲ။ အဲ့ဒီ FSRM ကိုသုံးပြီးတော့ File Server ကို optimization ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာကိုပြောပါမယ်။
သင်ဟာသင့်Company မှာ sharing လုပ်ဖို့ File Server တစ်လုံး
ထောင်ပြီဆိုရင် သင်ခေါင်းခြောက်မယ့်ပြဿ နာလေးတွေ ရှိပါတယ်။
1. User တစ်ယောက်ခြင်းဆီကို File Server မှာဘယ်လောက် GB အထိ
data ကိုပေးသိမ်းမှာပါသလဲ။ Quota ပေါ့ဗျာ။ Quota မသတ်မှတ်ရင်
မင်းရဲ့ File Server မှာ မင်းက 1TB share ပေးထားတယ်ဆိုရင်
အချို့ user တွေက တယောက်တည်းပဲ 500 GB လောက် လာပြီး store
လုပ်ရင် ဘယ်လိုလုပ်မလဲ။ဒါကြောင့် Quota ဘယ်လောက်သတ်မှတ်မှာလဲ။
2. User တွေက File Server မှာ dataသိမ်းတဲ့အခါ ကျရင် user တွေက သူတို့
ရဲ့ movie file တွေ mp3 သီချင်းfile တွေ ပြီးတော့ သူတို့ ကမြင်းကြောထပြီး
ရိုက်ထားတဲ့ ဓာတ်ပုံ jpeg file တွေကို သိမ်းခွင့်ပေးမှာလား။ မသိမ်းစေချင်ရင်
FSRM မှာ File Screening Feature ကိုသုံးပြီး လှမ်းကန့်ထားလို့ရပါတယ်။
3. ပြီးရင် မင်းက File server မှာ ဘယ်လောက် အထိသုံးထားလဲ။ ဘယ်
လောက်အထိ နေရာအလွတ်ကျန်သေးလဲ သိချင်တယ်။ဘယ်သူက
ဘယ်လောက်အထိသုံးထားလဲသိချင်တယ်ဆိုရင် FSRM ကိုသုံးပြီး
Storage Report ထုတ်လို့ရပါတယ်။
4. နောက်တစ်ချက်က မင်းအလုပ်မှာ အရေးကြီးတဲ့ doc တွေကို မင်းက တခြား
သူတွေမမြင်ရအောင် မင်းက လုံခြုံတဲ့နေရာမှာ ပြောင်းပြီးသိမ်းချင်တယ် ဆိုပါ
တော့ ဒါဆိုရင် မင်း အရေးကြီးတဲ့File တွေကို တစ်ဖိုင်ခြင်းလှမ်းရှာမလား။
ဥပမာကွာ ဘဏ်တွေမှာဆိုရင် ဘဏ်ဝန်ထမ်းတွေရဲ့ salary က Confidential information အနေနဲ့ထားရှိပါတယ်။ တယောက်ရတဲ့လစာကို
တယောက်ကမသိပါဘူး။ ဒါဆိုအဲ့ဒီလို Confidential ရှိတဲ့ File တွေကို မင်းdepartment တခုခြင်းဆီမှာ မင်းလိုက်မေးမလား။ သေချာတာ file တွေ အကုန်လုံးက တော့မင်းရဲ့ file server မှာပဲရှိမှာပေါ့။ ဒါဆိုမင်းက အဲ့ဒီလို File တွေကို စုစည်းထားချင်တယ်။ ဒါဆိုရင် FSRM မှာ File classification
Management Feature ဆိုတာပါတယ်။အဲ့ဒီ Feature သုံးပြီး မင်းစုချင်တဲ့
File အမျိုးအစားတွေကိုစုထားလို့ရပါတယ်။ ဟုတ်ပြီအဲ့ဒီfile တွေကို မင်းက
လုံခြုံတဲ့နေရာကို ရွေ့ ထားမယ်ဆိုရင် File Management Task Feature
ကို သုံးလို့ရပါတယ်။
24/07/2016
DNS knowledge (1)
Ping -a 10.10.10.5 ဆိုရင် reverse lookup
ကြည့်သလိုပဲ 10.10.10.5 က ဘယ် host name လဲဆိုတာကိုကြည့်လို့ရတယ်။
Authoritative dns server ဆိုတာ client ကို ဘယ် IP ဖြစ်ပါတယ်ဆိုတာကိုတန်းဖြေရှင်းပေးနိုင်တယ်။
Non-authoritative serverဆိုတာက client ကို ဘယ် IP လဲဆိုတာမပြောနိုင်လို့ အခြား dns server ဆီကိုမေးပြီးမှ client ကိုပြန်ပြောနိုင်တဲ့ server ဖြစ်ပါတယ်။
SRV record ဆိုတာက service ပေးတဲ့ server တွေကိုရည်ညွှန်းတာဖြစ်ပါတယ်။
အဓိက AD တင်ရင် SRV record တွေကိုသိမ်းပါတယ်။ AD မှာဆိုရင် Global Catalog service တို့ kerbrose service Ldap service တို့ဟာ DC ကိုပြန်ညွှန်းထားပါတယ်။
10.10.10.5
24/07/2016
Keberos Delegation
- Purpose: Authenticate on behalf of user
- purpose single sign on (SSO)
Single sign on(SSO) ဆိုတာဘာလဲ။
- ဆိုပါစို့ AD sever တစ်လုံးရယ် SQL database ရယ် web server တလုံးရယ်ရှိတယ်ဆိုပါစို့။ web server ကိုသုံးဖို့က user name နဲ့ password ရိုက်ရမယ်ဆိုပါတော့။
User ရဲ့ username နဲ့ password က SQL database ထဲမှာ ရှိတယ်လေ။ ဒါဆို user က AD မှာတခါ logon ဝင်ရတယ်။ SQL မှာတခါ logon ဝင်ရမယ်။ လူကြီးတွေကျအဆင်မပြေဘူး။ အဲ့ဒီတော့ single sign on သုံးလိုက်ရင် ADမှာ logon ဝင်တယ်။ AD က user ရဲ့TGT (ticket gain ticket)ကိုပြန်ထုတ်ပေးတယ်။ user ဆီမှာသူ့အတွက်လက်မှတ်ရပြီ။ ပြီးတော့ web server ကိုလှမ်းချိတ်ရင်ပုံမှန်ဆို user name password တောင်းတယ်။ တကယ်လို့ SSO လုပ်ထားရင် user ရဲ့ လက်မှတ်ကို AD ဆီပြန်ပေးတယ်။ AD က SPN (Service Principal Name) နဲ့ service ticket ထုတ်ပေးတယ်။ webserver က SQL server မှာ အဲ့ဒီ service ticket ကိုပြပြီး Logon ဝင်လိုက်တယ်။ အဲ့ဒီတော့ successful ဖြစ်သွားတယ်။ user က username password ထပ်ရိုက်စရာမလိုတော့ဘူး။ တခါပဲ ရိုက်ယုံပဲ။အဲ့ဒါကို SSO လို့ခေါ်ပါတယ်။ အဲ့ဒါတွေလုပ်ချင်ရင် SQL server က member server ဖြစ်ဖို့လိုပါတယ်။ configuration ဘယ်လိုလုပ်သလဲဆိုတာ နောက်ထပ်တင်ပေးပါမယ်။ ကြားကနေ hacker က webserver ဆီက service ticket ကိုလှမ်းခိုးပြီးသုံးရင်ဘယ်လိုလုပ်မလဲ။
မပူပါနဲ့။secure ဖြစ်အောင်လို့ constrain delegation ရှိပါသေးတယ်။
15/07/2016
Hyper-V မှာ windows 7 တင်ပြီး windows ပြန်မတက်ပဲ cusor ပဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာကိုဖြေရှင်းခြင်း။
1. Hyper-V ရဲ့ windows 7 တင်ထားသော VM မှာ windows 7အခွေဖြင့် boot တက်ပါ။
2. Install လုပ်မလား repair လုပ်မလားမေးတဲ့နေရာရောက်ရင် shift နဲ့ f10 ကိုတွဲနှိပ်ပါ။
3. Commandline ပေါ်လာပါမည်။ ထိုအခါ c: လို့ရိုက်ပါ။ ပြီးပါက bootsect /nt60 all /force လို့ရိုက်ပါ။
4. ရိုက်ပြီးပါက restart ချပါ။ command များတွင် space ပါသည်။
5. ထိုအခါ windows 7 ပြန်ပြီး boot တက်လာပါမည်။