ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်
ဆဋ္ဌမ ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား
Thanlyin Buddhist University
To learn the Buddha teaching and ancient language ( Thanlyin Buddhist University ) Welcome to Thanlyin Buddhist University!
01/03/2026
သန်လျင်မြို့ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် ၂၀၂၆ ပညာသင်နှစ်တွင် ၂၀၂၄ပညာသင်နှစ်မှာ စာအောင်ကျမ်းပြု ကျောင်းသားများအား MA, BA, Diploma ဘွဲ့များ ချီးမြှင့်အပ်နှင်းသည် မဟာဘွဲ့နှင်းသဘင် အကြို အစမ်းလေ့ကျင့်မှု Rehearsal မှတ်တမ်း ဓာတ်ပုံများ။
25/02/2026
Rehearsal ကြိုတင်အစမ်းလေ့ကျင့်မှု ထုတ်ပြန်ချက်
24/02/2026
ကျောင်သားအားလုံးသိစေရန်
22/02/2026
ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်
၂၀၂၆ ပညာသင်နှစ်တွင် ၂၀၂၄ ပညာသင်နှစ်မှ MA မဟာဝိဇ္ဇာအောင်မြင်ပြီး MA thesis ကျမ်းပြုသူ နှစ်ဦးအား Viva voce လူတွေ့နှုတ်ဖြေ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
၂၂.၂ ၂၀၂၆ တနင်္ဂနွေနေ့
ဆရာကြီးဦးမြင့်ဆွေ {မဟာဝိဇ္ဇာ(လန်ဒန်) မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ} ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် သတိရအောက်မေ့ဖွယ် ရည်စူးကုသိုလ်ပြုလုပ်ခြင်း အခမ်းအနားမှတ်တမ်း။
16/02/2026
"ဆရာကြီးဦးမြင့်ဆွေ ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် အောက်မေ့ဖွယ် ရည်စူးကုသိုလ်ပြုလုပ်ခြင်းအခမ်းအနား"
မန္တလေး၊ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များတည်ထောင်သူ
ဆရာကြီးဦးမြင့်ဆွေ {မဟာဝိဇ္ဇာ(လန်ဒန်) မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ} ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် အောက်မေ့ဖွယ် ရည်စူးကုသိုလ်ပြုလုပ်ခြင်း အခမ်းအနားကို ဝိသုဒ္ဓါရာမ သန်လျင်ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆရာကြီး ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့်မှာ ဆရာကြီးအား ရည်စူးကုသိုလ်ပြုလုပ်ခြင်း၊ ပါမောက္ခချုပ်ဆရာကြီးဦးအောင်ဇော်နိုင်က အမှာစကားပြောကြားခြင်း၊ M.A(Part I)မှ မခင်စိုးသီက ဆရာကြီးဦးမြင့်ဆွေ၏ အတ္ထုပ္ပတ္တိကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားခြင်း၊ အင်္ဂလိပ်စာမွမ်းမံသင်တန်းတွင် ဂုဏ်ထူးဆုရ (၁၁)ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ စာတမ်းရှင်(၅)ဦးတို့က စာတမ်းများဖတ်ကြားခြင်း- စသောအစီအစဥ်များကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အတန်းအသီးသီးရှိ ကျောင်းသားကျောင်းသူများက ဆရာကြီးဦးမြင့်ဆွေအား ရည်စူး၍ သင်ကြားစီမံ ဆရာ၊ ဆရာမများအား သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပါသည်။
ကထိက ဆရာမဒေါ်မြင့်မြင့်လွင်က ပညာအာဘာအသင်းအတွက် သုံးသိန်းကျပ်လှူဒါန်းပါသည်။ ဒေါ်မြတ်စုယဥ် မိသားစုက အခမ်းအနားမှာ ကြွရောက်လာကြသည့် ရဟန်းသံဃာ လူပရိသတ်တို့အား Sunkist အအေးဘူးများကို လှူဒါန်းပါသည်။
အလှူရှင်များအားလုံး ဘေးဘယာများ ဝေးကွာကြပြီး
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ၍
နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။
12/02/2026
၂၀၂၆ ပညာသင်နှစ်တွင် ၂၀၂၄မှ အောင်မြင်သူများကို ချီးမြှင့်မည့် မဟာဘွဲ့နှင်းသဘင်ကျင်းပနိုင်ရန်နှင့် ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်)ကွယ်လွန်ခြင်း (၁၂)နှစ်မြောက် အောက်မေ့ဖွယ် ကုသိုလ်ပြုပွဲပြုလုပ်ရန်၊ စာမေးပွဲရက်၊ ကျောင်းပိတ်ရက်၊ ကျောင်းဖွင့်ရက် သတ်မှတ်ရန် စည်းဝေးပွဲကျင်းပနေစဉ်။
06/02/2026
ပါမောက္ခ ဆရာတော် ဘဒ္ဒန္တ ကေလာသ (မဟာဌာနမှူး) ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်မှ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်၏ ပညာရေး ရံပုံငွေအတွက် အလှူတော်ငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ် လှူဒါန်းပါသည်။ ဤသို့လှူဒါန်းရသောကုသိုလ်ကံစေတနာတို့ကြောင့် ဘုန်းကံတန်ခိုး တိုး၍ ကြီးမားပါစေ ကျန်းမာချမ်းသာစွာ အသက်ရှည်ပါစေ ။ တရားထူးတရားမြတ်ရရှိပါစေ ။ သာသနာပြု ရဟန်းမြတ်ဖြစ်၍ သာသနာပြုနိုင်ပါစေ။
06/02/2026
ဆရာလေးဒေါ်သန္တဝတီ (ထိုင်းနိုင်ငံ)၏ မယ်တော်ကြီး
ဒေါ်ပရိပုဏ္ဏထေရိ၏မွေးနေ့ကုသိုလ်အဖြစ် ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင် ပညာရေးပဒေသာပင်အတွက်အလှူတော်ငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ်နှင့် ရေစက်ခွက်၅စုံတို့ကို လှူဒါန်းခဲ့ပါသည်။ ယခုလို လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့် ဆရာလေးဒေါ်သန္တဝတီနှင့် မယ်တော်ကြီး
ဒေါ်ပရိပုဏ္ဏထေရီတို့သည် အသက်ရှည် အနာရောဂါကင်း ကျန်းမာချမ်းသာကြပါစေ ဘုန်းကံတန်ခိုး တိုး၍ ကြီးမားပါစေ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ ပျော်ရွှင်ကြပါစေ တရားထူးတရားမြတ် သိရှိခံစားနိုင်ကြပါစေ။ 6.၂.၂၀၂၆ သောကြာနေ့
28/01/2026
ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်
၂၀၂၆ ပညာသင်နှစ်တွင် ၂၀၂၄ ပညာသင်နှစ်မှ MA မဟာဝိဇ္ဇာအောင်မြင်ပြီး MA thesis ကျမ်းပြုသူများအား Viva voce လူတွေ့နှုတ်ဖြေ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
28/01/2026
ယနေ့ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် သန်လျင်သို့ ဧည့်သည်တော် ငွေလှရတနာ ဓမ္မစာပေသင်တန်းမှူးဆရာမ ဒေါ်ခင်သန္တာဦး လာရောက်လည်ပတ်၍ ငွေလှရတနာ ဓမ္မစာပေသင်တန်း၏ (၂၀) ကြိမ်မြောက် ဇီဝိတဒါန သွေးလှူဒါန်းမှုတွင် ပါဝင်ကုသိုလ်ပြုလိုသူတို့အား ဖိတ်ခေါ်မှုနှင့်အတူ သွေးလှူဒါန်းမှုဆိုင်ရာသိဖွယ်ရာများကိုဟောပြော၍ ဓမ္မစာပေသင်တန်းဆိုင်ရာအကြောင်းအရာများကိုလည်း ဟောပြောခဲ့သည်။ ထိုနောက် သန်လျင်ဗုဒ္ဓတက္ကသိုလ် ကျောင်းသား ရဟန်းတော်များ ၊ သီလှရှင်များနှင့် လူပုဂ္ဂိုလ် အားလုံးတို့ကို Royal-D အအေးများကို ကပ်လှူခဲ့ကြသည်။ သန်လျင်ဗုဒ္ဓတက္ကသိုလ်မှ ရဟန်းတော် (၁၅)ပါး ပါဝင်ကုသိုလ်ပြု လှူဒါန်းကြမည်ဖြစ်သည်။
ဆရာမ ဒေါ်ခင်သန္တာဦး ဦးဆောင်သော အဖွဲ့ကို သန်လျင်ဗုဒ္ဓတက္ကသိုလ် မိသားစုမှ ကျေးဇူးတင်ရှိပါသည် ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Theikpan Street
Thanlyin
11291--11293