Focus Learning Centre - Thanlyin

Focus Learning Centre - Thanlyin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Focus Learning Centre - Thanlyin, Campus Building, No. 56, Maggin Street, Pagosu Quarter, Thanlyin.

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် မိဘဆရာတွေ့ဆုံပွဲ  Class #23.8.2026               သားသားမီးမီးတို့အတွက...
23/08/2026

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက်
ဒုတိယအကြိမ်မြောက် မိဘဆရာ
တွေ့ဆုံပွဲ Class #23.8.2026

သားသားမီးမီးတို့အတွက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဆရာမများနှင့်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ချက်များကိုလည်း အကြံပေး၊ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအတွက် မိဘအုပ်ထိန်းသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်
🩵🤍

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် မိဘဆရာတွေ့ဆုံပွဲ  Class #23.8.2026            သားသားမီးမီးတို့၏ဖွံ့ဖြိုးတိုး...
23/08/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် မိဘဆရာတွေ့ဆုံပွဲ Class #23.8.2026
သားသားမီးမီးတို့၏ဖွံ့ဖြိုးတိုးတက်မှုများကို
ဝမ်းသာအားရဆွေးနွေးပြောပြပေးပြီး ကျောင်းပိုမိုတိုးတက်ရေးအတွက် အကြံပြုဆွေးနွေး
ပေးကြသည့်အတွက် မိဘအုပ်ထိန်းသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🤍🩵

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် မိဘဆရာတွေ့ဆုံပွဲ  Class #23.8.2026             သားသားမီးမီးတို့ ဘက်စုံဖွံ့ဖြ...
23/08/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် မိဘဆရာတွေ့ဆုံပွဲ Class #23.8.2026
သားသားမီးမီးတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဆရာမများနှင့်ပူးပေါင်းပါဝင်
ဆောင်ရွက်ပေးကြပြီး လိုအပ်ချက်များကိုအကြံပြုဆွေးနွေးပေးကြသည့်အတွက် မိဘအုပ်ထိန်းသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်…
🤍🩵

Happy birthday သမီးလေး အေးမြနဒီထူး 🎂🎈"May your day be filled with lots of love, happiness and joy…🎉🎉🎉”
17/08/2026

Happy birthday သမီးလေး အေးမြနဒီထူး 🎂🎈
"May your day be filled with lots of love, happiness and joy…🎉🎉🎉”

သားသားမီးမီးတို့၏ မိဘအုပ်ထိန်းသူများရှင့်….               ၂၉.၇.၂၀၂၆ (ဗုဒ္ဓဟူးနေ့)သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသဖြင့် ကျောင်းတ...
28/07/2026

သားသားမီးမီးတို့၏ မိဘအုပ်ထိန်းသူများရှင့်….
၂၉.၇.၂၀၂၆ (ဗုဒ္ဓဟူးနေ့)သည်
ဝါဆိုလပြည့်နေ့ဖြစ်ပါသဖြင့် ကျောင်းတစ်ရက်ပိတ်ပါသည်။

Happy birthday သမီးလေး ဆုလင်းခြယ် 🎂🎈"May your journey ahead be filled with love, happiness and the fulfillment of your d...
27/07/2026

Happy birthday သမီးလေး ဆုလင်းခြယ် 🎂🎈
"May your journey ahead be filled with love, happiness and the fulfillment of your dreams…🎉🎉🎉”

🔎🔎 We are hiring Assistant Teachers 👩‍🏫 👩‍🏫
21/07/2026

🔎🔎 We are hiring Assistant Teachers 👩‍🏫 👩‍🏫

🤝🤝🤝 Focus Learning Centre မိသားစုနှင့်အတူ လက်တွဲလုပ်ကိုင်ရန် Assistant Teacher (၂ )ဦး 👩‍🏫👩‍🏫 အလိုရှိပါသည် 🤩🤩🤩

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ (သို့)
အဝေးသင်တက္ကသိုလ် တက်ရောက်နေသူများ လျှောက်ထားနိုင်သည်။
ကလေးများအပေါ် စိတ်ရှည်သည်းခံပြီး
ကလေးချစ်တတ်သူ ဖြစ်ရမည်။
ကျန်းမာရေးကောင်းမွန်ပြီး ကလေးများ၏ ဝေယျာဝစ္စများ ဆောင်ရွက်နိုင်ရမည်။
မူကြိုဆရာမအလုပ်ကို စိတ်ဝင်စားသူဖြစ်ပြီး ရေရှည်လက်တွဲလုပ်ဆောင်နိုင်ရပါမည်။အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်သူ
ဖြစ်ရမည်။
အတွေ့အကြုံရှိသူ ဦးစားပေးမည်။
*ECCDလက်မှတ်ရှိသူဦးစားပေးမည်။*

လစာ...အခြေခံလစာ+ရက်မှန်ကြေး+ဆုကြေး

လျှောက်ထားလိုပါက

ECCD လက်မှတ်
ပညာအရည်အချင်းအောင်လက်မှတ်
ဘွဲ့လက်မှတ်
မှတ်ပုံတင်
အိမ်ထောင်စုစာရင်း
ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ တို့ဖြင့် ကျောင်း (သို့) Page Messenger မှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

Happy birthday သားလေး ဇွဲနေလ 🎂🎈"May you have the happiest day today than all years before.Wishing you a sweet and memora...
13/07/2026

Happy birthday သားလေး ဇွဲနေလ 🎂🎈
"May you have the happiest day today than all years before.Wishing you a sweet and memorable day of your life….🎉🎉🎉”

Happy Birthday သမီးလေး အိမ့်ရတီကို 🎂🎈"May your life be filled with love, warmth and joy always…🎉🎉🎉”
10/07/2026

Happy Birthday သမီးလေး အိမ့်ရတီကို 🎂🎈
"May your life be filled with love, warmth and joy always…🎉🎉🎉”

သားသားမီးမီးတို့ကို ကျန်းမာရေးနှင့်ညီညွတ်ပြီးအာဟာရပြည့်ဝသော အစားအစားများပြင်ဆင်ပေးနိုင်ရန် မိဘအုပ်ထိန်းသူများနှင့် အသိပည...
25/06/2026

သားသားမီးမီးတို့ကို ကျန်းမာရေးနှင့်ညီညွတ်ပြီးအာဟာရပြည့်ဝသော အစားအစားများ
ပြင်ဆင်ပေးနိုင်ရန် မိဘအုပ်ထိန်းသူများနှင့် အသိပညာမျှဝေခြင်းသာ ဖြစ်ပါသည်။
Credit to original owner

‘’စားသောက်မှုအလေ့ကျင့်တွေကြောင့် မြန်မာနိုင်ငံမှာ အသက်ငယ်ငယ်နှင့် ကျောက်ကပ်ရောဂါဖြစ်ပွား"

မြန်မာနိုင်ငံမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာဟာ တကယ်ကို စိတ်မကောင်းစရာဖြစ်ပြီး သတိထားရမယ့် အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါဟာ ကလေးတွေ ကျန်းမာရေး မလိုက်စားလို့ထက် သူတို့ရဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ စားသောက်မှု အလေ့အကျင့်သစ်တွေ ကြောင့် ဖြစ်ဖို့ ပိုများပါတယ်။
အဓိက အကြောင်းရင်းတွေကို ပြောပြပေးပါမယ်။

၁။ အသင့်စား မုန့်မျိုးစုံနှင့် အရသာမှုန့်များ
အခုခေတ် ကလေးတွေဟာ သဘာဝအစားအစာထက် အရောင်အသွေးစုံတဲ့ ထုပ်ပိုးပြီးသား အသင့်စားမုန့်တွေ (Snacks) ကို ပိုစားလာကြပါတယ်။

အငန်ဓာတ် (Sodium) အလွန်များတဲ့ အာလူးကြော်၊ ထုပ်ပိုးမုန့်တွေမှာ တာရှည်ခံဖို့နဲ့ အရသာရှိဖို့ ဆားနဲ့ ဆိုဒီယမ်ဓာတ်တွေ အများကြီး သုံးထားပါတယ်။ ဒါဟာ ကျောက်ကပ်ကို အလုပ်အရမ်းလုပ်စေပါတယ်။

အရသာမှုန့်နှင့် ဆိုးဆေးများပါတဲ့မုန့်တွေပါ။ အဲ့မှာပါတဲ့ အရသာမှုန့် (MSG) နဲ့ ခွင့်မပြုဆိုးဆေးတွေဟာ ကလေးတွေရဲ့ နုနယ်တဲ့ ကျောက်ကပ်ဆဲလ်တွေကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

၂။ အချိုရည်နှင့် စွမ်းအင်ဖြည့်အချိုရည်များ
ကလေးတွေ ရေအစား အချိုရည် (Soft Drinks) တွေကို သောက်သုံးမှု များလာတာဟာ အဓိက တရားခံတစ်ခုပါ။

အချိုရည်အတော်များများမှာ ပါဝင်တဲ့ ဖော့စဖိတ်ဓာတ်ဟာ ကျောက်ကပ်မှာ ကျောက်တည်စေပြီး ရေရှည်မှာ ကျောက်ကပ်ပျက်စီးစေပါတယ်။

သကြားဓာတ်များတာ‌ကြောင့် ကလေးဘဝကတည်းက ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာပြီး အဲ့ဒီကတဆင့် ကျောက်ကပ်ကို ထိခိုက်တာပါ။

၃။ လမ်းဘေးစာများနှင့် တာရှည်ခံဆေးများ
ကျောင်းမုန့်ဈေးတန်းနဲ့ လမ်းဘေးမှာ ရောင်းတဲ့ အစားအစာအချို့မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တာမျိုး ရှိနိုင်ပါတယ်။

ဥပမာ- အသားတုများ၊ အသားချောင်း (Sausage) များ၊ ငါးဆုပ်များ မှာ တာရှည်ခံဖို့ သုံးတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ကျောက်ကပ်ကို ဝန်ပိစေပါတယ်။

၄။ မျိုးရိုးဗီဇနှင့် နောက်ဆက်တွဲ ရောဂါများ
တခါတရံ ကလေးတွေမှာ ငယ်ငယ်နဲ့ ဖြစ်ရတာဟာ မျိုးရိုးဗီဇကြောင့် ကျောက်ကပ်မှာ အိတ်တည်တာ (Polycystic Kidney Disease) ဒါမှမဟုတ် လည်ချောင်းနာခြင်း၊ အရေပြားပိုးဝင်ခြင်းတို့ ဖြစ်ပြီးနောက် ကျောက်ကပ်ရောင်တဲ့ ရောဂါ (Post-streptococcal Glomerulonephritis) ကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကာကွယ်ဖို့ ဘာတွေလုပ်ပေးရမလဲ?
အိမ်စာ (Home-cooked meals): ကလေးတွေကို အပြင်စာထက် အိမ်မှာချက်တဲ့ လတ်ဆတ်တဲ့ အစားအစာတွေကို ပိုကျင့်ပေးပါ။
✅အငန်လျှော့ပါ
ဟင်းချက်တဲ့အခါ ဆား၊ ငံပြာရည်နဲ့ ကြက်သားမှုန့် သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချပါ။
✅ရေများများတိုက်ပါ
အချိုရည်ထက် သန့်ရှင်းတဲ့ ရေရိုးရိုးကို သောက်တဲ့ အလေ့အကျင့် လုပ်ပေးပါ။
✅ဆေးစပ်မတိုက်ပါနဲ့
ကလေးနေမကောင်းရင် နားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီးမှ ဆေးတိုက်ပါ။

🚨ကလေးတွေမှာ ကျောက်ကပ်ရောဂါဖြစ်ရင် မျက်နှာဖောခြင်း၊ ခြေထောက်ဖောခြင်း၊ ဆီးအရောင်ပြောင်းခြင်း (လက်ဖက်ရည်ကြမ်းရောင်) နဲ့ ဆီးနည်းသွားခြင်း တို့ ဖြစ်တတ်တာမို့ ဒါမျိုးတွေ့ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။

Address

No. 56, Maggin Street, Pagosu Quarter
Thanlyin

Telephone

+959253529791

Website

Alerts

Be the first to know and let us send you an email when Focus Learning Centre - Thanlyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share