Mechatronics Department - TTU

Mechatronics Department - TTU

Share

နည်းပညာတက္ကသိုလ် (သန်လျင်) မက္ကာထရောနစ် အင်ဂျင်နီယာဌာန

Photos from Mechatronics Department - TTU's post 05/08/2025

ရဲရင့်၍စွန့်လွှတ်စွန့်စားသော မက္ကာထရောနစ် အင်ဂျင်နီယာ
အာဇာနည်သူရဲကောင်း ကိုဟိန်းဇော်ထွန်း ကျဆုံးခြင်း
သုံးနှစ်ပြည့် ထုတ်ပြန်ကြေညာချက်
(ဝါခေါင်လဆန်း ၁၁ ရက် ၊ ၁၃၈၇ ခုနှစ် )
(ဩဂုတ်လ ၅ ရက် ၊ ၂၀၂၅ ခုနှစ် )

၁။ သန်လျင် နည်းပညာ တက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာဌာန မှ နောက်ဆုံးနှစ် မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦးဖြစ်သော ကိုဟိန်းဇော်ထွန်း (၂၀၁၄-၁၅ ပညာသင်နှစ်ဝင်၊ VI MC - 37 ) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ရဲရင့်သော စွန့်လွှတ် စွန့်စားသည့် တော်လှန်မှုများ၊ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း လက်နက်စွဲကိုင် တိုက်ပွဲ ဝင်မှုများ ဆောင်ရွက်နေလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့ ည တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအတွင်းတွင် ဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အမြင့်မြတ်ဆုံးသော ပေးဆပ်မှုဖြစ်သည့် အသက်ကိုပင် စွန့်လွှတ်လှူဒါန်းသွားခဲ့သည်မှာ ယနေ့ ဩဂုတ်လ (၅) ရက်နေ့၊ ၂၀၂၅ ခုနှစ် တွင် သုံးနှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါသည်။
၂။ မိမိတို့ ယနေ့ယခု ရရှိနေကြသော တော်လှန်ရေး အောင်မြင်မှုများအပါအဝင် မိမိတို့၏ ယနေ့ ရှင်သန်နေထိုင်ခွင့်၊ ပြည်သူ့ခုခံတော်လှန်စစ်တွင် ဝင်ရောက်ဆင်နွှဲနိုင်ခွင့်၊ ချစ်သူခင်သူအပေါင်းတို့နှင့် ပြန်လည် ဆုံစည်းနိုင်ခွင့်၊ အိမ်ပြန်နိုင်ခွင့် တို့သည် ကိုဟိန်းဇော်ထွန်းနှင့်တကွ အာဇာနည် သူရဲကောင်းအပေါင်းတို့၏ စွန့်လွှတ်စွန့်စားမှုများကြောင့်ပင်ဖြစ်သည်။
၃။ သန်လျင် နည်းပညာ တက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား၊ကျောင်းသူများ မှလည်း အာဇာနည်သူရဲကောင်း ကိုဟိန်းဇော်ထွန်း၏ စွန့်လွှတ်စွန့်စားမှုအား အစဥ်အမြဲ သတိရအောက်မေ့လျက် တော်လှန်ရေး ကဏ္ဍအသီးသီးတွင် လိုအပ်သမျှအား ထောက်ပံ့ကူညီခြင်း၊ ပါဝင်တိုက်ပွဲဝင်ခြင်းတို့ဖြင့် ကိုဟိန်းဇော်ထွန်း လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်လာသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
ပူးတွဲပါ - ကိုဟိန်းဇော်ထွန်းအား ဂုဏ်ပြုမှတ်တမ်းတင်၍ ကူညီထောက်ပံ့ခဲ့မှုများ
မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ
သန်လျင် နည်းပညာ တက္ကသိုလ်

Photos from Mechatronics Department - TTU's post 05/08/2024

ရဲရင့်၍စွန့်လွှတ်စွန့်စားသော မက္ကာထရောနစ် အင်ဂျင်နီယာ
အာဇာနည်သူရဲကောင်း ကိုဟိန်းဇော်ထွန်း ကျဆုံးခြင်း
နှစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်
(ဝါခေါင်လဆန်း ၁ ရက် ၊ ၁၃၈၆ ခုနှစ် )
(ဩဂုတ်လ ၅ ရက် ၊ ၂၀၂၄ ခုနှစ် )

၁။ သန်လျင် နည်းပညာ တက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာဌာန မှ နောက်ဆုံးနှစ် မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦးဖြစ်သော ကိုဟိန်းဇော်ထွန်း (၂၀၁၄-၁၅ ပညာသင်နှစ်ဝင်၊ VI MC - 37 ) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ရဲရင့်သော စွန့်လွှတ် စွန့်စားသည့် တော်လှန်မှုများ၊ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း လက်နက်စွဲကိုင် တိုက်ပွဲ ဝင်မှုများ ဆောင်ရွက်နေလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့ ည တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအတွင်းတွင် ဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အမြင့်မြတ်ဆုံးသော ပေးဆပ်မှုဖြစ်သည့် အသက်ကိုပင် စွန့်လွှတ်လှူဒါန်းသွားခဲ့သည်မှာ ယနေ့ ဩဂုတ်လ (၅) ရက်နေ့၊ ၂၀၂၃ ခုနှစ် တွင် နှစ်နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါသည်။
၂။ မိမိတို့ ယနေ့ယခု ရရှိနေကြသော တော်လှန်ရေး အောင်မြင်မှုများသည် ကိုဟိန်းဇော်ထွန်း အပါအဝင် အသက်ကို စွန့်လွှတ်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်း၏ ပေးဆပ်မှုများ ကြောင့်ပင်ဖြစ်သည်။
၃။ မိမိတို့၏ ယနေ့ ရှင်သန်နေထိုင်ခွင့်၊ ပြည်သူ့ခုခံတော်လှန်စစ်တွင် ဝင်ရောက်ဆင်နွှဲနိုင်ခွင့်၊ ချစ်သူခင်သူအပေါင်းတို့နှင့် ပြန်လည် ဆုံစည်းနိုင်ခွင့်၊ အိမ်ပြန်နိုင်ခွင့် တို့ အတွက် ကိုဟိန်းဇော်ထွန်းသည် အသက်ကိုပင် ပေးလှူလျက် ဖန်တီးပေးခဲ့ရခြင်း ဖြစ်သည်။
၄။ သန်လျင် နည်းပညာ တက္ကိသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပေးဆပ်မှုများအားလုံးကို မမေ့မလျော့ဘဲ မိမိတို့ ကျရာနေရာများတွင် ရရာတာဝန်များ ထမ်းဆောင်လျက် မပြီးသေးသော တော်လှန်ရေးခရီးကြမ်းအား ဆက်လက် ချီတက်လျက် ကိုဟိန်းဇော်ထွန်း လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်လာသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။

မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ
သန်လျင် နည်းပညာ တက္ကသိုလ်

04/12/2023

Non-CDM သစ္စာဖောက်များ စာရင်းထုတ်ပြန်ခြင်း
(တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ၁၃၈၅ ခုနှစ်)
(ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်)

Photos from Mechatronics Department - TTU's post 01/12/2023

Non-CDM သစ္စာဖောက်များ စာရင်းထုတ်ပြန်ခြင်း

05/08/2023

ရဲရင့်၍စွန့်လွှတ်စွန့်စားသော မက္ကာထရောနစ် အင်ဂျင်နီယာ
အာဇာနည်သူရဲကောင်း ကိုဟိန်းဇော်ထွန်း ကျဆုံးခြင်း
တစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်
(ဒုတိယ ဝါဆိုလပြည့်ကျော် ၄ ရက် ၊ ၁၃၈၅ ခုနှစ် )
(ဩဂုတ်လ ၅ ရက် ၊ ၂၀၂၃ ခုနှစ် )

၁။ သန်လျင် နည်းပညာ တက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာဌာန မှ နောက်ဆုံးနှစ် မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦးဖြစ်သော (၂၀၁၄-၁၅) ပညာသင်နှစ်ဝင် ကိုဟိန်းဇော်ထွန်း ( VI MC - 37 ) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ရဲရင့်သော စွန့်လွှတ် စွန့်စားသည့် တော်လှန်မှုများ၊ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း လက်နက်စွဲကိုင် တိုက်ပွဲ ဝင်မှုများ ဆောင်ရွက်နေလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့ ည တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအတွင်းတွင် ဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အမြင့်မြတ်ဆုံးသော ပေးဆပ်မှုဖြစ်သည့် အသက်ကိုပင် စွန့်လွှတ်လှူဒါန်းသွားခဲ့သည်မှာ ယနေ့ ဩဂုတ်လ (၅) ရက်နေ့၊ ၂၀၂၃ ခုနှစ် တွင် တစ်နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါသည်။
၂။ သန်လျင် နည်းပညာ တက္ကိသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ကျရာနေရာများတွင် ရရာတာဝန်များထမ်းဆောင်လျက် မပြီးသေးသော တော်လှန်ရေးခရီးကြမ်းအား ဆက်လက်ချီတက်လျက် ကိုဟိန်းဇော်ထွန်း လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်လာသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။

မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ
သန်လျင် နည်းပညာ တက္ကသိုလ်

06/08/2022

ရဲရင့်၍စွန့်လွှတ်စွန့်စားသော မက္ကာထရောနစ် အင်ဂျင်နီယာ
အာဇာနည်သူရဲကောင်းဘွဲ့ထူးအား ချီးမြှင့်ခြင်း
(ဝါခေါင်လဆန်း ၁၀ ရက် ၊ ၁၃၈၄ ခုနှစ် )
(ဩဂုတ်လ ၆ ရက် ၊ ၂၀၂၂ ခုနှစ် )

သန်လျင် နည်းပညာ တက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာဌာန မှ နောက်ဆုံးနှစ် မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦးဖြစ်သော (၂၀၁၄-၁၅) ပညာသင်နှစ်ဝင် မောင်ဟိန်းဇော်ထွန်း ( VI MC - 37 ) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ရဲရင့်သော စွန့်လွှတ် စွန့်စားသည့် တော်လှန်မှုများ၊ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း လက်နက်စွဲကိုင် တိုက်ပွဲ ဝင်မှုများ ဆောင်ရွက်နေလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့ ည တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအတွင်းတွင် ဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အမြင့်မြတ်ဆုံးသော ပေးဆပ်မှုဖြစ်သည့် အသက်ကိုပင် စွန့်လွှတ်လှူဒါန်းသွားခဲ့သဖြင့် ရဲရင့်၍ စွန့်လွှတ်စွန့်စားသော မက္ကာထရောနစ် အင်ဂျင်နီယာ အာဇာနည်သူရဲကောင်း ဘွဲ့ထူးအား ဩဂုတ်လ (၆) ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် ချီးမြှင့်လိုက်သည်။

မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ
သန်လျင် နည်းပညာ တက္ကသိုလ်

28/07/2022

Non-CDM အဖြစ်ကူးပြောင်းစေရန် အလို့ငှာ သွေးထိုးလှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းပေးခြင်းများ ဆောင်ရွက်ပါက ယခင် ရှိနှင့်ပြီးသော ပြစ်ဒဏ်များအပြင် ထပ်တိုးပြစ်ဒဏ်များပါ ချမှတ်ခြင်းခံရမည် ဖြစ်သည်။

Non-CDM ဖြစ်ရန်လှုံ့ဆော်နေမှုများနှင့် စပ်လျဥ်းသော ထုတ်ပြန်ချက်
(ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၂ ခုနှစ်)
(နတ်တော်လပြည့်ကျော် ၁၀ ရက်နေ့၊ ၁၃၈၃ ခုနှစ်)


17/04/2022

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်သစ်ကူးအချိန်ကာလတွင်
သန်လျင်နည်းပညာတက္ကသိုလ် မက္ကာထရောနစ်အင်ဂျင်နီယာ
ကျောင်းသားကျောင်းသူများမှ ပေးပို့အပ်သော သဝဏ်လွှာ
( မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၊ ၁၃၈၄ ခုနှစ် )
( ဧပြီလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ် )

17/04/2022

သန်လျင် နည်းပညာ တက္ကသိုလ် ရဲရင့်မြင့်မြတ်သော မက္ကာထရောနစ် အင်ဂျင်နီယာ ကျောင်းသား သူရဲကောင်းဘွဲ့ထူးအား ချီးမြှင့်ခြင်း
( နှစ်ဆန်းတစ်ရက်နေ့၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ၁၃၈၄ ခုနှစ် )
(ဧပြီလ ၁၇ ရက် ၊ ၂၀၂၁ ခုနှစ် )

Photos from Mechatronics Department - TTU's post 16/04/2022

" သန်လျင် နည်းပညာတက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ Non-CDM စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အမိန့်အမှတ် (၂/၂၀၂၂) "
ဤ အမိန့်ကြေညာစာအား ယနေ့ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အောက်ဖော်ပြပါ တရားခံများသည် သန်လျင်နည်းပညာတက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ ဌာနမှ Non-CDM ကျောင်းသားများဖြစ်ကြပါသည်။

အောက်ဖော်ပြပါ No-CDM လောက်ကောင် ‌တရားခံများကို လူမှုရေး၊စီးပွားရေး၊နည်းပညာ ဆိုင်ရာ ပြစ်ဒဏ်များဖြင့်ဝိုင်းဝန်းဒဏ်ခတ်ကြရန်အထူးလိုအပ်ပါသည်။

၎င်းတရားခံများသည် စစ်ကောင်စီအား အားပေးထောက်ခံသူများဖြစ်ပြီး ၎င်းတရားခံများနှင့်ပြောဆိုဆက်‌ဆံနေခြင်းသည် လွန်စွာအန္တရာယ်များလှပါသည်။ ထိုအတွက်ကြောင့် မိမိတိုလုံခြုံရေးအား အဓိကထားပြီး ၎င်းတိုအား မိမိတို Facebook account များတွင် friend အဖြစ် ဆက်လက်မထားရှိရန်၊ comment နှင့် Messenger များတွင် ပြောဆိုဆက်ဆံခြင်းမပြုလုပ်ရန်၊ အခြားသော ဆက်သွယ်ရေး Application အသီးသီးတွင်လည်း ပြောဆိုဆက်ခံခြင်း မပြုလုပ်ရန်၊ ဖုန်းလက်ခံပြောဆိုခြင်းမပြုလုပ်ကြရန်နှင့် လမ်းတွင်တွေ့လျှင်ပင် နှုတ်ဆက်ပြောဆိုခြင်းမပြုလုပ်ကြရန် အထူးသတိပေးအပ်ပါသည်။


Photos from Mechatronics Department - TTU's post 16/04/2022

" သန်လျင် နည်းပညာတက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ Non-CDM စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အမိန့်အမှတ် (၁/၂၀၂၂) "

ဤ အမိန့်ကြေညာစာအား ယနေ့ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အောက်ဖော်ပြပါ တရားခံများသည် သန်လျင်နည်းပညာတက္ကသိုလ် မက္ကာထရောနစ် အင်ဂျင်နီယာ ဌာနမှ Non-CDM ကျောင်းသားများဖြစ်ကြပါသည်။ စစ်ကောင်စီမှဖွင့်လှစ်သော လောက်ကျောင်းများတွင် တက်ရောက်ပြီး တော်လှန်ရေးအတွက် အသက်ပေးသွားသော ပြည်သူများ၏ အသက်သွေး၊ချွေးများကို မျက်ကွယ်ပြုကာ တစ်ကိုယ်ကောင်းဆန်စွာ အတ္တကြီး၊ ယုတ်မာစွာဖြင့် ဧပြီလ 28 ရက်နေ့တွင် နောက်ဆုံးနှစ်အတွက် ဘွဲယူကြရန်ပြင်ဆင်နေကြသည်ဟု အတွင်းသတင်းပေးများမှတစ်ဆင့်ကြားသိရပါသည်။

အောက်ဖော်ပြပါ No-CDM လောက်ကောင် ‌တရားခံများကို လူမှုရေး၊စီးပွားရေး၊နည်းပညာ ဆိုင်ရာ ပြစ်ဒဏ်များဖြင့်ဝိုင်းဝန်းဒဏ်ခတ်ကြရန်အထူးလိုအပ်ပါသည်။

၎င်းတရားခံများသည် စစ်ကောင်စီအား အားပေးထောက်ခံသူများဖြစ်ပြီး ၎င်းတရားခံများနှင့်ပြောဆိုဆက်‌ဆံနေခြင်းသည် လွန်စွာအန္တရာယ်များလှပါသည်။ ထိုအတွက်ကြောင့် မိမိတိုလုံခြုံရေးအား အဓိကထားပြီး ၎င်းတိုအား မိမိတို Facebook account များတွင် friend အဖြစ် ဆက်လက်မထားရှိရန်၊ comment နှင့် Messenger များတွင် ပြောဆိုဆက်ဆံခြင်းမပြုလုပ်ရန်၊ အခြားသော ဆက်သွယ်ရေး Application အသီးသီးတွင်လည်း ပြောဆိုဆက်ခံခြင်း မပြုလုပ်ရန်၊ ဖုန်းလက်ခံပြောဆိုခြင်းမပြုလုပ်ကြရန်နှင့် လမ်းတွင်တွေ့လျှင်ပင် နှုတ်ဆက်ပြောဆိုခြင်းမပြုလုပ်ကြရန် အထူးသတိပေးအပ်ပါသည်။


Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Website

Address


Thanlyin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00