Thanlyin Co-operative University Students Union
Thanlyin Co-operative University Students Union
Share
12/02/2024
စကစရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းတာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်
၁။ ပြည်သူ့စစ်မှုထမ်းဥပ​ဒေ ပြဌာန်းတယ်ဆိုတာ တိုင်းပြည်ကို​ နောက်ထပ်ငရဲတွင်းတခုထဲကို တွန်းပို့လိုက်တာပဲဖြစ်တယ်။
၂။ ဒီဥပ​ဒေ​ကြောင့် ရဟန်းရှင်လူ မိဘပြည်သူ​တွေရဲ့​ သွေး​​၊ ချွေး၊ မျက်ရည်​တွေ ပိုပြီးကျ​ဆင်းကြရ​တော့မှာပါ။
၃။ အခန့်မသင့်ရင် လူမျိုး​ပေါင်းစုံ​​သွေးစည်းညီညွတ်​ရေး ပြိုကွဲတဲ့အထိ၊ လူ့အဖွဲ့အစည်း နာလန်မထူနိုင်တဲ့အထိ၊ ကျရှုံးနိုင်ငံဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
၄။​ တဖက်က​ပြောရရင်လည်း စကစရဲ့အကျပ်အတည်း​ပေါင်းစုံက မ​ဖြေရှင်းနိုင်​လောက်​အောင် ကြီးမားလာတာ ပိုပြီးသွေးရူး​သွေးတန်းနိုင်လာတာက အထင်အရှားပါပဲ။
၅။ အခက်အခဲ အကျပ်အတည်း​တွေထဲမှာပဲ ပြည်သူ့​လွတ်​မြောက်​ရေးတိုက်ပွဲ ပိုအား​ကောင်း​စေမယ့်အ​ခြေအ​နေနဲ့ အချက်အလက်တချို့လည်း သေချာ​ပေါက်ရှိ​နေပါတယ်။
၆။ စစ်အာဏာရှင်စနစ်ကို နှစ်​ပေါင်းများစွာဆန့်ကျင်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်အ​နေနဲ့ ဒီဥပ​ဒေကို စစ်သုံးစစ်ရဲ့ အသက်ဝိညာဥ်​တွေထဲကတခု၊ စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်​တွေထဲကတခုလို့ သ​ဘောထားပြီး ပြည်သူလူထုနဲ့အတူလက်တွဲပြီး ​နောက်မဆုတ်တမ်း တိုက်ပွဲဝင်သွားမှာပါ။
၇။ ရဲဘော်အပေါင်းတို့ ပြည်သူအ​ပေါင်းတို့ နိုးနိုးကြားကြားရှိကြကုန်​လော့။
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
14/02/2022
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရင်း ဂုဏ်ပြောင်စွာ ကျဆုံးသွားသော
သန်လျင်သမဝါယမတက္ကသိုလ် စာရင်းအင်းပညာဌာနမှ CDM ဌာနမှူး ဒေါ်အေး‌အေးမာသို့
အောက်မေ့သတိရဂုဏ်ပြုကြောင်း သဝဏ်လွှာ
သဝဏ်လွှာအမှတ်- ၁/၂၀၂၂
ရက်စွဲ- ၁၄/၂/၂၀၂၂
သန်လျင်သမဝါယမတက္ကသိုလ်၊ စာရင်းအင်းဌာနတွင် ဌာနမှူးအဖြစ် တာ၀န်ထမ်းဆောင်နေသော တီချယ်ကြီး ဒေါ်အေးအေးမာ သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် (၉၆) ပါးသော‌ရောဂါဖြင့် ဆုံးပါးသွားကြောင်း ကြားသိရသည်။
တီချယ်ကြီး ‌‌ဒေါ်အေးအေးမာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူချိန်မှစ၍ ယနေ့အချိန်ထိ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) တွင်ပါဝင်နေသော ပြည့်သူ့ဝန်ထမ်းကောင်း တစ်ဦးဖြစ်ပါသည်။ ထို့အပြင် သန်လျင်သမဝါယမတက္ကသိုလ်တွင် တစ်ဦးတည်းသော CDM ပြုလုပ်ထားသည့် ပါမောက္ခ ဌာနမှူးလည်း ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ မတရားပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခံထားရသူလည်း ဖြစ်သည်။
ထိုသို့ ဂုဏ်ပြောင်စွာကျဆုံးမှုအပေါ် ကျွန်ုပ်တို့ သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အနေဖြင့် အစဥ်အမြဲသတိရနေမည်ဖြစ်ကြောင်းနှင့် မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းမည့် တော်လှန်ရေးတာဝန်များကို ကျေပွန်သည်အထိထမ်းဆောင်ကာ ပြည်သူလူထုတရပ်လုံးနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
05/02/2022
၆၁ နှစ်ပြည့် ကချင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်သို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၂ / ၂၀၂၂
ရက်စွဲ - ၅ / ၂ / ၂၀၂၂
ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ကချင်လူထု၏ အခွင့်အရေးအရပ်ရပ်တို့အတွက် တိုက်ပွဲဝင်ရန် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ခဲ့သော ကချင့်တော်လှန်ရေးသည် ယနေ့တွင် ၆၁ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ၆၁ နှစ်တာ တော်လှန်ရေးအတွင်း၌ ကချင်လူထုအတွက် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကချင်အာဇာနည်များနှင့် ခေတ်အဆက်ဆက် ဖက်ဆစ်များ၏ ဖိနှိပ်မှုမှ ကချင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော ကချင်ပြည်လူထုအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အလေးအမြတ်ပြုပါသည်။
ကချင်ပြည်သူလူထု၏ မျှော်မှန်းချက်ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ကချင့်တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပါစေကြောင်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆန္ဒပြုရင်း ၆၁ နှစ်ပြည့် ကချင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့အပ်ပါသည်။
ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ
ကချင့်တော်လှန်ရေး အဓွန့်ရှည်တည်တံ့ပါစေ
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
31/01/2022
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ၏ ၉၁ နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၁ / ၂၀၂၂
ရက်စွဲ - ၃၁ / ၁ / ၂၀၂၂
၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့တွင် ၉၁ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး အစရှိသည့်တိုက်ပွဲများတွင် အဖိနှိပ်ခံပြည်သူလူထု၊ ကျောင်းသားထုနှင့် တသားတည်းရပ်တည်ကာ တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က ရတကသရဲဘော်များအား ကျွန်ုပ်တို့မှ အလေးအမြတ်ပြုပါသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် အဖိနှိပ်ခံလူထုနှင့်ရပ်တည်ကာ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင် ရဲဘော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ယုံကြည်ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) အနေဖြင့် အဖိနှိပ်ခံကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအား ဆက်လက်သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ
ရတကသ အဓွန့်ရှည်တည်တံ့ပါစေ
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
21/01/2022
အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁၀ ထွက်ပြီ
___
ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ၁၀ ထွက်ရှိလာပါပြီ။ ဒီတပတ်အိုးဝေစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -
▪ ကဗျာ
ဖျားနာဆောင် - ကိုဘအုန်း၊ ကျပျောက်နေတဲ့သီချင်း - ခက်လက်သစ်၊ ဒီဇင်ဘာမြင်ကွင်း - ခွန်ဟိဏ်း
▪ ဆောင်းပါး
ကျူးကျော်ဟုအလွယ်ခေါ်ကြသည့် ပလပ်မြေပေါ်​နေထိုင်သူများ၏ အခက်အခဲ - ဥဿုံ၊ ချီလီပြည်မှ ကြယ်နီသစ် ဂေဘရီယယ်ဘိုးရစ် - စိမ်းမြင့် (မန္တလေး)၊ လူနှစ်သောင်းကျော်ကိုသတ်တဲ့ လူသတ်သမား - ဇော်ဝင်း ၈၈ ဗကသ၊ လေးကေ့ကော်ရဲ့ သင်ခန်းစာကိုအခြေပြု၊ တော်လှန်ရေးသတိအမြဲရှိကြ - အိုက်နီ (ဖြူး)
▪အတွေးအမြင်
ကြားကာလပညာရေးကို မြေပြင်ဘယ်လိုချမလဲ - ပိုင်ချိမ့်ခေါင်
▪️သရော်စာ
သိကြားမင်းကို တော်လှန်ကြဟေ့ - ခင်နှင်းဝိုင်
ဘာသာပြန်
▪ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး (အပိုင်း - ၅) - YUOPS
စတာတွေကို ဖတ်ရှုရမှာပါ
___
◾️ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁၀ ကိုဒေါင်းလုတ်ရယူရန် - https://bit.ly/3GSVNHy
◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n
အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
___
08/01/2022
စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တိုက်ဖျက်ကြရန် ကျောင်းသားထုနှင့် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်း
ကြေညာချက်အမှတ် - ၁၀/၂၀၂၁
ရက်စွဲ - ၂၁/၁၁/၂၀၂၁
စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တိုက်ဖျက်ကြရန် ကျောင်းသားထုနှင့် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်း
ကြေညာချက်အမှတ် - ၁၀/၂၀၂၁
ရက်စွဲ - ၂၁/၁၁/၂၀၂၁
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဓမ္မအာဏာသိမ်းပိုက်ခဲ့သော ဖက်ဆစ်အုပ်စုသည် ယခုဆိုလျှင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ စစ်ဗျူရိုကရေစီယန္တယားအား လည်ပတ်စေရန် ကြိုးပမ်းနေသည်။ ဖက်ဆစ်အုပ်စု၏ ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်ခြင်းသည် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ပြည်တွင်း/ပြည်ပတွင် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အမြတ်ထုတ်ရန် သက်သက်သာဖြစ်သည်။ ပညာရေး၊ စီးပွားရေးပြဿနာတို့သည် နိုင်ငံရေးပြဿနာနှင့် ဒွန်တွဲနေသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီး လုယက် သတ်ဖြတ်ခြင်း ဆက်တိုက်ကျူးလွန်နေသည့် ဖက်ဆစ်အုပ်စု၏ စစ်အာဏာရှင်စနစ်တွင် ပေါ်ထွက်လာမည့် ပညာရေးစနစ်သည်လည်း စစ်ကျွန်ပညာရေးသာဖြစ်မည်။ ထို့ကြောင့် ဖက်ဆစ်အုပ်စုမှ အသက်သွင်းနေသော စစ်ကျွန်ပညာရေးစနစ်အား ကျောင်းသားထုနှင့် လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးမှ ကျောင်းမတက် ကျောင်းမအပ်ဘဲ တခဲနက်ဆန့်ကျင်ကာ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် လိုအပ်ပေသည်။
စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယား (စစ်သုံးစစ်) တို့ဖြင့် အခိုင်အမာ တည်ဆောက်ထားသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်ရန်မှာ ကျွန်ုပ်တို့ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သကဲ့သို့ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်လည်း ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ အုံကြွဆန့်ကျင်တော်လှန်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ရရာနည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
30/12/2021
ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ
ဒီဇင်ဘာ ၃၀၊ ဗကသ
ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုအား မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်အပြီးတွင် ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထိုသို့ ပြောင်းရွှေ့ရာတွင် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ပုံ‌စံခန်းသို့ခေါ်ဆောင်ပြီး သပြေဆောင်မှူးမှ ဖိနပ်နှင့် ပါးရိုက်ခဲ့ပြီး အကျဉ်းသား ၅ ‌ယောက်မှ ၂ ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့မှုများကြောင့် ကိုဝေယံဖြိုးမိုး၏ လည်ပင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နံရိုးများကျိုးသည်ဟု သိရသည်။ ကိုဝေယံဖြိုးမိုး၏ အသက်အန္တရာယ်အထိ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာများအတွက်လည်း အင်စိန်ထောင် အာဏာပိုင်များမှ ယခုအချိန်အထိ ဆေးကုသခွင့် မပေးဘူးဟု သိရသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
https://www.facebook.com/482608191789267/posts/4939634842753224/
29/12/2021
ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအား ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်
ဒီဇင်ဘာ ၂၉၊ ဗကသ
ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မများအတွက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးကြောင်းလည်း သိရသည်။
ကမာရွတ်မြိုနယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးများတွင်လည်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
Photos from Thanlyin Co-operative University Students Union's post 29/12/2021
ဒီဇင်ဘာ ၂၉၊ ရန်ကုန်
ရန်ကုန်တွင် ဒီမိုကရေစီပညာ‌ရေး စာစောင်များနှင့် အိုးဝေ ဆောင်းပါးတချို့အား
သန်လျင်သမဝါယမတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က
ပြည်သူလူထုကြားဖြန့်ဝေခဲ့သည်။
သန်လျင်သမဝါယမတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
#ဗကသများအဖွဲ့ချုပ်
22/12/2021
၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၇/၂၀၂၁
ရက်စွဲ - ၂၂/၁၂/၂၀၂၁
၁၉၃၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သော အဖိနှိပ်ခံလူမျိုးပေါင်းစုံ တောင်သူလယ်သမားထုကြီးမှ ရရာလက်နက်ကိုင်စွဲ၍ နယ်ချဲ့အစိုးရကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၉၁ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့အား ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီး၏ “တောင်သူလယ်သမားနေ့” အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ အုပ်စိုးသူအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုကို ကြုံတွေ့ခံစားခဲ့ရသော တောင်သူလယ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။
အဖိနှိပ်ခံတောင်သူလယ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံတောင်သူလယ်သမားထုကြီးနှင့် လက်တွဲကာ ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
21/12/2021
ဒီမိုကရေစီပညာရေး
ဒီမိုကရေစီပညာရေးမှာ အခြေခံမူ သုံးချက်ရှိပါတယ်။ အမျိုးသားဆန်ရမယ်။ လူထုလက္ခဏာဆောင်ရမယ်။ သိပ္ပံနည်းကျရမယ် တို့ ဖြစ်ပါတယ်။ ဒါကို NPS လို့ အတိုကောက်သုံးပါတယ်။ National, Popular, Scientific လို့ ဆိုလိုတာပါ။
အမျိုးသားဆန်ရမယ်
အမျိုးသားဆန်ရမယ်ဆိုတာ ဗမာဆန်ရေးမဟုတ်ပါဘူး။ လူမျိုးစုံ စုပေါင်းနေထိုင်တဲ့နိုင်ငံမှာ လူမျိုးအသီးသီး ပြည်သူတွေရဲ့ ဘုံသဘောဆောင်တဲ့ စရိုက်လက္ခဏာကို ဖော်ဆောင်ဖို့ ဆိုလိုတာပါ။ လူမျိုးဆိုတာ အခြေခံအင်္ဂါလေးချက်နဲ့ သတ်မှတ်ပါတယ်။ (၁) တဆက်တစပ်တည်းဖြစ်တဲ့ နယ်မြေဧရိယာတခုအတွင်းမှာ နှစ်ပရိစ္ဆေဒများစွာ အတူနေထိုင်လာခဲ့သူတွေ ဖြစ်ရပါမယ်။ (၂) ဘုံဘာသာစကားနဲ့ စာပေရှိရမယ်။ (၃) တူညီတဲ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိရပါမယ်။ (၄) ပြည်သူလူထုဦးရေနဲ့ နှိုင်းဆနိုင်တဲ့ အချိုးအစားရှိရပါမယ်။ ဒီနေရာမှာ ပြည်သူလူဦးရေနဲ့ နှိုင်းဆနိုင်တဲ့အချိုးအစားဆိုတာ တိုင်းပြည်လူဦးရေ စုစုပေါင်းရဲ့ ၀.၀၁% ရှိရမယ်လို့ ဆိုလိုတာပါ။ ဗမာပြည်အဖို့ဆိုရင် လူဦးရေ ၆၀၀၀၀ လောက် ရှိရမယ်ပြောတာပါ။ အတိုချုပ်ပြောရမယ်ဆိုရင် အမျိုးသားဆန်ရမယ်ဆိုတာ ကိုယ့်တိုင်းပြည် ရေမြေ ယဉ်ကျေးမှု ဘာသာစကား လူများစုအကျိုး ဖော်ဆောင်ရမယ်လို့ ပြောတာပါပဲ။
လူထုလက္ခဏာဆောင်ရမယ်
လူထုလက္ခဏာ ဆောင်ရမယ်ဆိုတာက လူထုအတွက် အကျိုးရှိမယ့်ပညာရေး ဖြစ်ရမယ်။ လူနည်းစုသာ ပညာသင်နိုင်အောင် ကန့်သတ်ထားတဲ့ ရေပေါ်ဆီပညာရေး မဖြစ်ရဘူး။ လူထုကိုယ်တိုင် နိုးကြားတက်ကြွမှုနဲ့ ပူးပေါင်းပါ၀င်လာစေတဲ့ပညာရေး ဖြစ်ရမယ်။ အမိန့်ပေးခိုင်းစေတဲ့ ဗျူရိုကရက်ပညာရေး မဖြစ်ရဘူး။ ဗျူရိုကရက်လောင်းမွေးထုတ်တဲ့ပညာရေး မဖြစ်ရဘူး။ ဒါတင်မက ဒီပညာရေးဟာ လူထုပညာရေး ဖြစ်ရမယ်။ ကျောင်းစာသင်ခန်းအတွင်းမှာပဲ ဆုံးခန်းတိုင်သွားတဲ့ပညာရေး မဖြစ်ရဘူး။ တိုင်းပြည်လူထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ပညာရေး ဖြစ်ရမယ်။
သိပ္ပံနည်းကျရမယ်
သိပ္ပံနည်းကျရေးဆိုတာ သိပ္ပံပညာဇောင်းပေးတဲ့ပညာရေးကို ဆိုလိုတာမဟုတ်ဘူး။ သိပ္ပံနည်းကျတွေးခေါ်မျှော်မြင်နိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ပညာရေး ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ အဆုံးသတ်ခြုံပြီးပြောရမယ်ဆိုရင် One Way Method Education လို့ခေါ်တဲ့ တလမ်းမောင်းပညာရေး မဖြစ်ရဘူး။ All Round Development Education လို့ခေါ်တဲ့ ဘက်စုံပညာရေး ဖြစ်ရမယ်လို့ ပြောချင်တာပါပဲ။ ဒီမိုကရေစီပညာရေးစနစ် မုချ အကောင်အထည် ဖော်နိုင်ရမယ်။ အရေးတော်ပုံအောင်ရမယ်။
https://www.facebook.com/482608191789267/posts/4903344776382231/
Want your school to be the top-listed School/college in Thanlyin?
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Thanlyin Township
Thanlyin
11291
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00