AKM Education

AKM Education

Share

Math & More ...

28/09/2025

ဒီလိုနဲ့
တစ်ချိန်က စာသင်ခန်းဟာ ရယ်စရာ လွမ်းစရာများနဲ့

25/09/2025

ဖိုင်တွေပြန်ရှာရင်းနဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်က
မဟော်သဓာ အသံပြဇာတ် အသံဖိုင်တွေ ပြန်တွေ့လို့
အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်။
Grade 8 ကျောင်းသားတွေ Zoom ကနေပဲ အခက်အခဲတွေကြားကနေ ကြိုးစားမှုတွေပါ။
အားလုံးကိုလဲ သတိရပါတယ်။
(Video Cover Photo)

14/02/2022

Olympiad

https://www.facebook.com/106995167907844/posts/369747951632563/

OMMO is back!

Euclidiad အနေနဲ့ တတိယ အကြိမ်မြောက် ကျင်းပမယ့် 2022 Online Myanmar Mathematical Olympiad (2022 OMMO) နှင့် အတူ ပြန်လည် ရောက်ရှိလာပါပြီ။

Euclidiad နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်အားလုံးကို အခြေအနေ အရပ်ရပ်ကြောင့် အချိန်အတန်ကြာရပ်နားထားခဲ့ပါတယ်။ OMMO နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ပြန်လည် ဖော်ပြပေးချင်ပါတယ်။

◾️ ပြိုင်ပွဲ မိတ်ဆက်
…………………….
ဒီပြိုင်ပွဲရဲ့ပုံစံကတော့ SEAMO, AMC, TIMO အစရှိတဲ့ olympiad တွေရဲ့ပုံစံနဲ့ မြန်မာပြည်ရဲ့ national olympiad တွေရဲ့ပုံစံနှစ်မျိုးကို ပေါင်းစပ်ထားတာပါ။ ဒါကြောင့် ပုစ္ဆာတွေက လိုရင်းတိုရှင်း MCQ-type တွေအပြင် proof-type ပုစ္ဆာတွေပါ ပါဝင်မှာပါ။ International Mathematical Olympiad (IMO) က လုံးဝ proof-type only ပုစ္ဆာကြီးတွေပဲ ဖြစ်တဲ့အတွက်ကြောင့် proof-type problem တွေနဲ့ ရင်းနှီးလာဖို့က အရေးကြီးပါတယ်။ ဒီပြိုင်ပွဲက သာမန်တွေ့မြင်နေကျ MCQ-type တွေကနေ proof-type ကို ညင်ညင်သာသာ ကူးပြောင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ (Registration link below)

◾️ ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
…………………….
ပြိုင်ပွဲကို Newcomer level နဲ့ Intermediate level ဆိုပြီး level နှစ်ခုခွဲထားပါတယ်။ Newcomer ကိုတော့ အသက် ၁၅နှစ် နှင့်အောက် ကျောင်းသားများဝင်ဖြေနိုင်ပြီး Intermediate ကိုတော့ ၁၈ နှစ်နှင့်အောက် ကျောင်းသားများ ဖြေဆိုခွင့်ရှိပါတယ်။ Section တစ်ခုစီအတွက် ကျောင်းသား အယောက် 200 အထိသာ ကန့်သတ်ထားပါတယ်။ Level တစ်ခုစီအတွက် မေးခွန်းပုံစံတွေ၊ အသေးစိတ်အချက်အလက်တွေ၊ အဖြေလွှာပို့ရမယ့်ပုံစံတွေကို sample paper တွေထဲမှာ ဖတ်ရှုနိုင်ပါတယ်။

◾️ မေးခွန်းဟောင်းများနှင့် အဖြေများ
…………………….
OMMO Newcomer Sample.pdf
https://drive.google.com/file/d/1HyO5EjhtbGGjtPJXKzYn3xQZsujnVap8/view?usp=sharing
OMMO Intermediate Sample.pdf
https://drive.google.com/file/d/1yh26wKEQWgP2OvKfzP85FVuLCZI2v-7p/view?usp=sharing
Newcomer Sample Video Explanation
https://youtu.be/Sv5pS8Bjk8c
Intermediate Sample Video Explanation
https://youtu.be/zBps1_vwGCE
https://youtu.be/AuFHuwUhHF0
2020 Winter OMMO Newcomer Question Paper.pdf https://drive.google.com/file/d/1egGAYEQghJHsfLH6oXpXi6icrW819oWa/view?usp=sharing
2020 Winter OMMO Intermediate Question Paper
https://drive.google.com/file/d/10BcTzUeiOftXB3q5nrvxg1UTBxmxzLUr/view?usp=sharing
OMMO-Winter-2020-Solutions.pdf
https://drive.google.com/file/d/1KW2tsQ1An_fJoWwwmVNcSSm8IzGHKAMP/view?usp=sharing

🗓 Exam date – 26 February 2022 (Saturday)
⏰ Exam time – 9AM to 12PM for Newcomer (3 hours), 9AM to 1PM for Intermediate(4 hours)
💶 Exam fees – 7000 MMK

Payment Information
Kbz pay: 09 531 1328
Cb pay: 09 531 1328

🖊 REGISTER HERE --> https://forms.gle/kw9CBQWgTT4kKUSY8
❗️ Registration deadline – 11:59 pm, 22 February 2022

🥇 Awards
…………
ဆုအနေနဲ့ level တစ်ခုစီမှာ ဝင်ရောက်ဖြေဆိုသူတွေရဲ့ top 50% ကို 1:2:3 အချိုးအတိုင်းခွဲပြီး Gold, Silver, Bronze အနေနဲ့ virtually သတ်မှတ်ပေးပြီး Certificate ထုတ်ပေးမှာပါ။

📊 Results
………….
စာမေးပွဲပြီးဆုံးချိန်ကနေ နှစ်ပတ်အတွင်း result တွေကို ID နံပါတ်နဲ့တွဲပြီး ဖော်ပြပေးသွားပါမယ်။ ID number တွေကိုတော့ registration ပိတ်ပြီးနောက်နေ့မှာ Facebook post အနေနဲ့ တင်ပေးပါမယ်။

14/11/2021

IT Knowledge Episodes

06/11/2021

science

https://www.facebook.com/504374696259780/posts/4916209965076209/

🎉ကမ္ဘာ့ပထမဆုံး သိပ္ပံရုပ်ရှင်ပွဲတော် Application ကို မိတ်ဆက်လိုက်ပါတယ် 🎊

💁ကမ္ဘာတစ်ဝှမ်းကျင်းပနေတဲ့ သိပ္ပံရုပ်ရှင်ပွဲတော်ရဲ့ ပထမဆုံး Application ကို မြန်မာနိုင်ငံမှ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ် သိပ္ပံရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ထားတဲ့ရုပ်ရှင်အချို့ကို ဒီ SFF App လေးကနေ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

💁ဒီ App လေးကို ပထမဆုံးအကြိမ် စမ်းသပ်တာ ဖြစ်တဲ့အတွက် အသုံးပြုသူတွေရဲ့ အကြံပြုချက်တွေကိုလည်း တောင်းခံလိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ Google Form Link ကနေတစ်ဆင့် အကြံပြုချက်လေးတွေကို ပေးပို့နိုင်ပြီး ပထမဆုံးပေးပို့လာသူ အယောက် (၅၀) ကို သိပ္ပံရုပ်ရှင်ပွဲတော်မှ လက်ဆောင်ပစ္စည်းများပေးပို့သွားမှာဖြစ်ပါတယ်။ Application ကို Android ရော iOS မှာပါအသုံးပြုနိုင်‌အောင် ဖန်တီးထားတဲ့အတွက် အောက်ပါအဆင့်လေးတွေအတိုင်း ဒေါင်းလုပ်ဆွဲနိုင်ပါပြီ။

၁။ Android Version အတွက် ပေးထားတဲ့ လင့်ခ် ကို နှိပ်ပြီး SFF App ကို ‌ဒေါင်းလုပ်ဆွဲပါ။ Install လုပ်ပြီးပါက စတင်အသုံးပြုနိုင်ပါပြီ။
Link for Android - https://sffmyanmar.page.link/android

၂။ iOS Version အတွက် TestFlight ကိုအရင် ဒေါင်းလုပ်ဆွဲပါ။ ပြီးနောက် ပေးထားတဲ့လင့်ခ်ကိုနှိပ်ပြီး SFF App ကိုဒေါင်းလုပ်ဆွဲအသုံးပြုနိုင်ပါပြီ။
Link for iOS - https://sffmyanmar.page.link/ios

Feedback ပေးရန် Google Form Link : http://surl.li/apdhh

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Address


Thanlyin
50100