17/11/2025
International Relations ဆိုတာ
အရင်တုန်းက တီဗီမှာ သတင်းတွေလာရင်
နိုင်ငံတော် အကြီးအကဲတွေရဲ့ဘေးက
ကျက်သရေ ရှိပြီး သန့်သန့်ပြန့်ပြန့် နဲ့ ကြည့်လို့ ကောင်းတဲ့ သံအမတ်တွေ ကို ငေးကြည့်ပြီး သံအမတ် ဖြစ်ချင်တဲ့ စိတ်ကူးမျိုးတွေ ရှိခဲ့ဖူးတယ်။ နောက်တော့ International Relations လို့ ခေါ်တဲ့ နိုင်ငံတကာ ဆက်ဆံရေးပညာရပ်နဲ့ ကျောင်းပြီးတဲ့ သူတွေက သံအမတ် လုပ်လို့ရတယ်လို့ သိခဲ့ရတယ်။ ဒီလိုကနေ International Relations ဘာသာရပ်ရဲ့ အကြောင်းကို ဆက်လက်ပြီး လေ့လာတဲ့ အခါမှာ သံအမတ် ဖြစ်နိုင်တာ တစ်ခုထဲ မဟုတ်ဘဲ အခြား စိတ်ဝင်စားစရာ ကောင်းတဲ့ IR မေဂျာ ရဲ့ အရေးပါပုံတွေ ကို လေ့လာ ခဲ့ ရတာမို့ ကျွန်တော့်လို သိချင်နေမဲ့ သူတွေအတွက် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် (International Relations) ရဲ့ အကြောင်းကို ဒီတခေါက် Useful Subject အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။
၁။ International Relations ဆိုတာ
နိုင်ငံတကာဆက်ဆံရေးပညာရပ်ဟာ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ လူမျိုးတွေကြားထဲက နိုင်ငံရေး၊ စီးပွားရေး နဲ့ ယဉ်ကျေးမှုဆက်ဆံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုတွေကို လေ့လာတဲ့ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ပဲ ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ပညာရေး အဖွဲ့အစည်း သို့မဟုတ် တက္ကသိုလ်ရဲ့ နည်းစနစ်ပေါ်မူတည်ပြီး နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို နိုင်ငံရေး သိပ္ပံ (Political Science) ရဲ့ ဌာနအောက်က ဘာသာရပ်ခွဲ တစ်ခုအနေနဲ့ ဖြစ်စေ၊ သီးခြားဘာသာရပ် တစ်ခုအနေနဲ့ ဖြစ်စေ သတ်မှတ်ထားတတ်ကြပါတယ်။ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဟာ နိုင်ငံရေးရာ အချက်အလက်တွေအပြင် နိုင်ငံခြားရေးမူဝါဒတွေ လူမှုရေး သိပ္ပံနဲ့ လူမှုရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စပ်ဆိုင်တဲ့ သင်ခန်းစာတွေကိုလည်း သင်ယူရမှာ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဖွဲ့ အစည်းတွေ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပြင် နိုင်ငံစုံက လုပ်ငန်း အဖွဲ့ အစည်းတွေ နဲ့ အစိုးရအဖွဲ့ အစည်း တွေ ကြားထဲက အပြန်အလှန်ဆက်ဆံရေးတွေကိုလည်း လေ့လာရပါသေးတယ်။ IR ဘာသာရပ်မှာ နိုင်ငံတကာလုံခြုံရေး၊ စီးပွားရေး၊ သဘာ၀ပတ်ဝန်းကျင်၊ လူ့အခွင့်အရေး စတဲ့ နယ်ပယ်တွေကို ခြုံငုံ လေ့လာ နိုင်ဖို့ အတွက် diplomatic relations, economic development, international security, ecological sustainability, nationalism, global finance, terrorism, and human rights စတဲ့ ဘာသာရပ်တွေအပြင် အခြား နိုင်ငံတကာရေးရာ အကြောင်းအရာများကိုလည်း အသေးစိတ်သင်ယူရတာပဲ ဖြစ်ပါတယ်။
၂။ International Relations ဘာကြောင့် အရေးကြီးတာလဲ
ကျွန်တော်တို့ ကိုယ့်ရဲ့နိုင်ငံတော်ကြီးကို တိုးတက်စေချင်ရင် နိုင်ငံတွင်းမှာပဲ ကြိုးစားလို့တော့ မပြည့်စုံနိုင်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေ အခြား သော ကမ္ဘာ့နိုင်ငံတွေနဲ့ လည်း ကဏ္ဍအသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ ထိုနည်းတူပဲ တကမ္ဘာလုံးက လူ့အဖွဲ့အစည်း တစ်ခုလုံး တိုးတက်ဖို့ အတွက်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေးပညာရပ်ဟာ နိုင်ငံတိုင်းအတွက် အထူးအရေးပါတဲ့ ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ ခေတ်မီတိုးတက်လာတဲ့ နည်းပညာ တွေ လွယ်ကူမြန်ဆန်တဲ့ လမ်းပန်းဆက်သွယ်ရေး စနစ် တွေရဲ့ အကူအညီကြောင့် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား ဆက်ဆံရေး ဟာလည်း ပိုပြီး လွယ်ကူလာသလို ကမ္ဘာကြီးဟာလည်း ပိုပြီးကျဉ်းမြောင်းလာပြီဖြစ်လို့ ယနေ့ ကမ္ဘာကြီးမှာ နိုင်ငံတကာ ဆက်ဆံရေး ရဲ့ လက်တွေ့ အသုံးဝင်မှုဟာ ပိုပြီးပေါ်လွင်နေပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပညာရပ်အားဖြင့် နိုင်ငံအချင်းချင်းကြားက ငြိမ်းချမ်းရေး တည်ဆောက်မှုတွေ စီးပွားရေး ကုန်သွယ်မှု့မူဝါဒတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးမှတဆင့် လူ့ယဉ်ကျေးမှု နဲ့ ကျင့်ဝတ်တွေ သံတမန်ရေးရာ နဲ့ မူဝါဒဖွံ့ ဖြိုး မှုတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးမှာ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ဖို့ လူသားအဖွဲ့ အစည်း ကြီးတစ်ခုလုံး ဖွံ့ ဖြိုး တိုးတက်ဖို့ရန်အတွက် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဟာ သင်ယုူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
၃။ International Relations နဲ့ လူမှုပတ်ဝန်းကျင်
နိုင်ငံတကာဆက်ဆံရေးပညာရပ်ဟာ လူမှုပတ်ဝန်းကျင်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေး ဘောဂဗေဒ၊ ကမ္ဘာ့ရေးရာ စီမံခန့်ခွဲမှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း၊ လူမျိုးရေးနှင့် နိုင်ငံရေး အထောက်အထား၊ နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းစိတ်ဖြာမှု၊ ဖွ့ဖြိုးတိုးတက်မှု လေ့လာရေး၊ နိုင်ငံတကာ လုံခြုံရေးကဏ္ဍ၊ သံတမန်ရေးရာ၊ အကြမ်းဖက်မှု၊ သတင်းမီဒီယာ၊ လူမှုရေး လှုပ်ရှားမှုများ၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဥပဒေ၊ ကမ္ဘာတစ်ဝှမ်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ နိုင်ငံတကာ ကုန်သွယ်ရေး အစရှိတဲ့ ကဏ္ဍတွေမှာ အဓိက ပါဝင်နေလျက်ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာရပ်ဟာ နိုင်ငံများအကြား ကုန်သွယ်မှု မူဝါဒတွေကို မြှင့်တင်ပေးသလို တစ်ဖက်ကနေ စီးပွားရေး၊ ခရီးသွားလာရေး၊ ပြောင်းရွှေ့နေထိုင်ရေး ကိစ္စရပ်တွေကို အားပေးတဲ့အပြင် နိုင်ငံများ ပူးပေါင်း လက်တွဲကြဖို့နဲ့ အချက်အလက်တွေ ဖလှယ်ဖို့ လမ်းဖွင့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ နိုင်ငံတကာဆက်ဆံရေးကနေတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်း ဖြေရှင်းကြသလို စီးပွားရေး၊ ကုန်သွယ်ရေး အရလည်း ယဉ်ကျေးမှုတွေ ဖလှယ်ပြီး လက်တွဲလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာဆက်ဆံရေးပညာရပ်က နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးလည်ပတ်မှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ အဓိက အကျဆုံး အချက်အဖြစ် ပါဝင် နေတာကြောင့် ဒီဘာသာရပ်ကိုသာ သေချာလေ့လာ အားထုတ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒီ့ထက်မက အဆပေါင်းများစွာ တိုးတက်လာနိုင်မှာ အသေအချာပါပဲ။
၄။ International Relations နဲ့ အနာဂတ်
Globalization အားကောင်းလာတဲ့ ၂၁ ရာစုခေတ်မှာ ကမ္ဘာကြီးက ရွာကြီးတစ်ခုလို ဖြစ်လာပြီး နိုင်ငံတကာမှာလည်း စီးပွားရေးအရ ပေါင်းသင်းဆက်ဆံရမယ့် အခြေအနေတွေ ပိုမိုများပြားလာပါတယ်။ ဒီလိုမျိုး နိုင်ငံတွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတဲ့အခါ နှစ်နိုင်ငံကြား အကျိုးအမြတ် ရရှိနိုင်တဲ့အပြင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေလည်း ပိုမိုဖြေရှင်းနိုင်ပြီး စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေး၊ ခရီးသွားလာရေးနဲ့ ကုန်သွယ်ရေးပိုင်းမှာလည်း ပိုမိုတိုးတက်လာနိုင်ပါတယ်။ ဥပမာ Apple Company က တရုတ်မှာ စက်ရုံဖွင့်ပြီး လုပ်လာတာမျိုး အစရှိတဲ့ စီးပွားရေးအရသော်လည်းကောင်း၊ သံတမန်ရေးအရသော်လည်းကောင်း၊ ချစ်ကြည်ရေး အရသော်လည်းကောင်း၊ အကျိုးအမြတ် အရသော်လည်းကောင်း လက်တွဲမှုတွေ ပြုလုပ်လာရတဲ့အခါ ပညာရှင်တွေက မဖြစ်မနေ လိုအပ်လာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာတယ်၊ နိုင်ငံတကာနဲ့ ကုန်သွယ်မှုပိုင်းမှာ ပိုမိုအားကောင်းလာတယ်၊ ခရီးသွားလာရေးနဲ့ သံတမန်ရေးရာမှာလည်း ပိုကျယ်ပြန့်လာတယ် ဒါကြောင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး လက်တွဲဆောင်ရွက် ဆွေးနွေးကြတဲ့အခါ လူမှုဆက်ဆံရေး ပညာရှင်တွေက အရမ်းကို အရေးပါပါတယ်။ ဒီလိုမျိုး လူမှုဆက်ဆံရေး ဘာသာရပ်ကို လူငယ်တွေ အနေနဲ့ ပိုမိုလေ့လာကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဆက်ဆံရေးဟာလည်း ရေရှည်ခိုင်မာ တည်တံ့နိုင်ပြီး နိုင်ငံတော်ဟာလည်း ပိုမိုကျယ်ပြန့် ဖွံ့ဖြိုးလာနိုင်မှာပါ။ ဒါကြောင့် လူမှုဆက်ဆံရေး ဘာသာရပ်က ကျွန်တော်တို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေ အနာဂတ်အတွက် မရှိမဖြစ် အရေးပါတာဖြစ်လို့ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို တန်ဖိုးထားကြဖို့နဲ့ လေ့လာကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
17/11/2025
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးပညာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အောင်စာရင်းရလဒ်များ။
13/11/2025
2025-2026 ပညာသင်နှစ် မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၄၃ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၄၆၈ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၅၁ မှတ်
13/11/2025
2025-2026 ပညာသင်နှစ် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၁၀၀ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၄၅၄ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၇၁ မှတ်
13/11/2025
2025-2026 ပညာသင်နှစ် မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၁၀ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၄၂၃ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၂၂ မှတ်
13/11/2025
2025-2026 ပညာသင်နှစ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၄၀ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၃၉၀ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၄၀ မှတ်
13/11/2025
2025-2026 ပညာသင်နှစ် ရတနာပုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၈၀ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၄၃၅ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၄၀ မှတ်
13/11/2025
2025-2026 ပညာသင်နှစ် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တက်ရောက်ခွင့်ရသူများစာရင်း။
ဝင်ခွင့်ရဦးရေ - ၅၆ ဦး
အမြင့်ဆုံးဝင်ခွင့်ရမှတ် - ၄၁၂ မှတ်
အနိမ့်ဆုံးဝင်ခွင့်ရမှတ် - ၃၄၀ မှတ်
11/11/2025
ပထမနှစ်တက္ကသိုလ်ဝင်ခွင့်ထွက်မည့်ရက်- ၁၃-၁၁-၂၅
ကျောင်းအပ်လက်ခံမည့်ရက်- ၁၇-၁၁-၂၅
စတင်ဖွင့်လှစ်မည့်ရက် - ၂၄-၁၁-၂၅
15/09/2024
International Relations ဆိုတာ
15/09/2024
IR ဆိုတာ ဘာလဲ 💬
IR မှာ ဘာတွေသင်ရတာလဲ 💬
IR နဲ့ ကျောင်းပြီးရင် ဘာအလုပ်အကိုင် အခွင့်အလမ်းတွေ ရမှာလဲ 💬
IR ဆိုတာ ဘာလဲ ???
================================
နိုင်ငံတကာဆက်ဆံရေး ဆိုသည်မှာ နိုင်ငံများ
အစိုးရအဖွဲ့အစည်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် နိုင်ငံစုံအဖွဲ့အစည်းများ (MNCs)ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာစနစ်ပုံစံအတွင်းရှိ နိုင်ငံများ၏ နိုင်ငံခြားရေးရာကိစ္စများနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စများကို ဆိုလိုသည်။ နိုင်ငံတကာဆက်ဆံရေးသည် ပညာရပ်တခုဖြစ်သလို လူအများနှင့်သက်ဆိုင်သော မူဝါဒတစ်ရပ်လည်း ဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးပညာရပ်သည် နိုင်ငံတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို လေ့လာရုံသာမက ၄င်းမူဝါဒရေးဆွဲရန် ကြိုးပမ်းခြင်းလည်းရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးသည် နိုင်ငံရေးသိပ္ပံဘာသာရပ်၏ ဘာသာခွဲတခုလည်းဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးကို နားလည်ရန်အတွက် နိုင်ငံရေးသိပ္ပံအပြင် စီးပွားရေးပညာ၊ သမိုင်း၊ ဥပဒေ၊ ဒသနိက၊ ပထဝီ၊ လူမှုဗေဒ၊ ရှေးဟောင်းသုတေသန ပညာ၊ စိတ်ပညာနှင့်
ယဉ်ကျေးမှုလေ့လာရေးဆိုင်ရာ ဘာသာရပ်များကိုလညိး နားလည်ထားရန် လိုအပ်သည်။
နိုင်ငံတကာဆက်ဆံရေးသည် တနေ့တခြား ကမ္ဘာဆန်လာမှု၊ နိုင်ငံတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နျူကလီးယား လက်နက်မပြန့်ပွားရေး၊ အမျိုးသားရေးဝါဒ၊ စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ အကြမ်းဖက်ဝါဒ၊ အုပ်စုဖွဲ့ရာဇဝတ်မှု၊
လူသားဘဝလုံခြုံရေး၊ ပြည်ပကျူးကျော်တိက်ခိုက်မှု၊ လူ့အခွင့်အရေးစသည်ဖြင့် အလွန်တရာမှ ကျယ်ပြန့်သောအကြောင်းအရာများကို လေ့လာသင့်ပေသည်။
IR မှာဘာတွေ သင်ရမှာလဲ
=====================================
DU IR ပထမနှစ်ကနေ စတုတ္ထနှစ်အထိ သင်ရတဲ့ ဘာသာတွေပါ။
(ဂုဏ်ထူးတန်းအတွက်ကနောက်မှ တင်ပေးပါမယ်ခင်ဗျ)
#ပထမနှစ်
ပထမနှစ်ဝက်
မြန်မာစာ
English
IR-1101
IR-1102
History or Geography
Aspects of Myanmar
ဒုတိယနှစ်ဝက်
မြန်မာစာ
English
IR-1104
IR-1103
History or Geography
မြန်မာ့ရေးရာ
#ဒုတိယနှစ်
ပထမနှစ်ဝက်
English
IR-2101
IR-2102
IR-2103
Law
Eco
ဒုတိယနှစ်ဝက်
English
IR-2104
IR-2105
IR-2106
Law
Eco
#တတိယနှစ်
ပထမနှစ်ဝက်
Eco
IR-3101
IR-3102
IR-3103
IR-3104
Law
ဒုတိယနှစ်ဝက်
Eco
IR-3206
IR-3207
IR-3208
IR-3209
Law
#စတုတ္ထနှစ်
ပထမနှစ်ဝက်
Eco
IR-4201
IR-4202
IR-4203
IR-4204
Law
ဒုတိယနှစ်ဝက်
Eco
IR-4206
IR-4207
IR-4208
IR-4209
Law
# ဒုတိယနှစ်မှာ ဂုဏ်ထူးတန်းအတွက် ရွေးပါတယ်။
အကယ်၍ ဒုတိယနှစ်အောင်လို့ ဂုဏ်ထူးတန်း ဝင်ခွင့်ရရင် တတိယနှစ်မှာ မတက်ရပဲ။ ဂုဏ်ထူးတန်း ပထမနှစ်ဆိုပြီး ပြောင်းတက်ရမှာပါ။
# ဂုဏ်ထူးတန်း ပထမနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ ဂုဏ်ထူးတန်း တတိယနှစ်ဆိုပြီး သုံးနှစ် ထပ်တက်ရမှာပါ။ ရရှိမည့် ဘွဲ့ကတော့
B.A (Honours) ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ပါ။ ဂုဏ်ထူးတန်းဘွဲ့
B.A (Honours) ရပြီးတာနဲ့ မဟာဝိဇ္ဇာတန်းသို့ တိုက်ရိုက် ဆက်လက် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
# စတုတ္ထနှစ်မှာ မဟာအရည်အချင်းစစ်သင်တန်း (M.A Qualifying) အတွက် ရွေးပါတယ်။ အကယ်၍ မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ရရှိပါက (၁) နှစ် ဆက်လက်တက်ရောက်ရမှာပါ။ မဟာအရည်အချင်းစစ်သင်တန်း အောင်မြင်ပါက မဟာဝိဇ္ဇာတန်း (Master) သို့ ဆက်လက် တက်ရောက်လို့ ရပါတယ်။
# မဟာဝိဇ္ဇာတန်းကတော့ ၂ နှစ် တက်ရမှာဖြစ်ပါတယ်။
M1 က ကျောင်းတက်ရမှာပါ။
M2 က မဟာဝိဇ္ဇာတန်းအတွက် လိုအပ်တဲ့ ကျမ်းပြုရမှာပါဖြစ်ပါတယ်။ ကျမ်းတင်သွင်းပြီးပါက မဟာဝိဇ္ဇာဘွဲ့ (M.A) ရရှိမှာဖြစ်ပါတယ်ခင်ဗျ။
မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ် သမိုင်းအကျဉ်း
======================================
> ၁၉၅၅-၅၆ ပညာသင်နှစ်တွင် IR ဌာနကို ရန်ကုန်တက္ကသိုလ်၌ ဆရာကြီးဒေါက်တာခင်မောင်ညွန့်မှ စတင်တည်ထောင်ခဲ့။
> လူမှုရေးသိပ္ပံမဟာဌာန(Faulty of social science)တွင် ရုံးစိုက်ပြီး Geoography, Geology, Law, ,Eco, Oriental Studies, Modern History, Political Science တို့မှ Professor များအပြင် Foreign University များမှ Professor များဖြင့် သင်ကြားရေးအဖွဲ့ ဖွဲ့စည်းခဲ့။
> ၂နှစ် Diploma သင်တန်းစတင်ဖွင့်ပြီးနောက် မဟာဘွဲ့သင်တန်းထိ ဖွင့်လှစ်လာခဲ့။
> ထိုစဉ်က IR တွင်သင်ရသော မေဂျာများမှာ
1.ခေတ်သစ်နိုင်ငံတကာသမိုင်း
2.နိုင်ငံတကာဆက်ဆံရေး
3.နိုင်ငံရေးသိပ္ပံ
4.နိုင်ငံတကာ အဖွဲ့အစည်းများ
5.နိုင်ငံတကာဘောဂဗေဒ
6.အပြည်ပြည်ဆိုင်ရာ ဥပဒေ
7.နိုင်ငံဖွဲ့စည်းပုံများ
8.နိုင်ငံရေးပထဝီဝင်နှင့် ဘူမိနိုင်ငံရေး
9. သံတမန်ဆက်သွယ်ရေး နည်းပညာ
10.စစ်မဟာ ဗျူ ဟာနည်းပညာများ စသည်တို့ဖြစ်ပါတယ်။
> No.10တို့ကတော့ ယခုသင်ကြားခြင်းမရှိတော့ပါဘူး။
ဒါပေမဲ့ နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းများ၊ ပြည်တွင်းနိုင်ငံရေးဆိုင်ရာ ပြဿနာများ၊ လုံခြုံရေးဆိုင်ရာ ပြဿနာများ အစရှိတဲ့ ဘာသာရပ်တွေ ထပ်တိုးသင်ကြားခဲ့ပါတယ်။
> 1964 တွင် အင်္ဂလိပ်စာမှအပ ကျန်ဘာသာရပ်အားလုံးကို မြန်မာစာဖြင့် သင်ကြားရမယ်ဟူသော မူဝါဒကြောင့် အင်္ဂလိပ်လိုသာသင်ကြားရသော မိမိတို့ ဘာသာသည်လည်း ရပ်ဆိုင်းသွားရပါတယ်။ 😭
> 1984 မှာတော့ IRဘာသာရပ်ကို ပြန်စတင်ခဲ့ပါတယ်။ ၈၂-၈၃ လောက်တွင် မြန်မာစာမှ တပါး ဘာသာအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရေးမူဝါဒပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပါသည်။
😂
> ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ဝါရင့်ကထိကများကို Germany, England, Australia, USAနှင့် Japan နိုင်ငံများကို စေလွှတ်ကာ IR ဘာသာသင်ကြားမှု နည်းစနစ်များကို လေ့လာစေခဲ့ပါသည်။
> ၁၉၈၃-၈၄ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များတွင် IR ဌာနများကို ဖွင့်လှစ်ကာ ၁၀၀ ထက်မပိုသော ကျောင်းသားဦးရေကိုသာ လက်ခံသင်ကြားစေခဲ့ပါသည်။
IR နဲ့ ဘွဲ့ရပြီးရင် ဘယ်လို အလုပ်အကိုင်တွေ ရရှိနိုင်သလဲ။
=====================================
> လက်ရှိအချိန်တွင် IR ဖြင့် ဘွဲ့ရသူများကို အသက်မွေးဝမ်းကျောင်းပညာတတ် မြောက်သူများအဖြစ် သတ်မှတ်ထားပါသည်။
> IR နဲ့ ဘွဲ့ရရှိပြီးသူများသည် ပုံတွင် ဖော်ပြထားသည့် နယ်ပယ်ရပ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။
> ထို့ ကြောင့် IR ဖြင့် ဘွဲ့ရသူများကို နိုင်ငံခြားရေး၊ ပြည်ထဲရေး၊
ကာကွယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ပြန်ကြာရေး အစရှိသော ဝန်ကြီးဌာနများ၊ အကောက်ခွန်ဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကဲ့သို့သော နေရာများ၌ ဒုတိယ ဦးစီးအရာရှိ၊ ဦးစီးအရာရှိ၊ ဒုရဲအုပ်၊ ဒုဗိုလ်၊ ဒုတိယ စုံစမ်းစစ်ဆေးရေးမှူး အလုပ်များ ခန့်ထားလျက်ရှိပါသည်။
> 2002-2003 နောက်ပိုင်းတွင် ကျောင်းသားဦးရေ နည်းလာခြင်း၊ အင်္ဂလိပ်ဘာသာဖြင့် သင်ယူရန် ခက်ခဲလာခြင်း၊ အထက်တန်း၌ သမိုင်းဘာသာရပ်ယူခဲ့သူများ သာ လျှောက်ထားနိုင်ခြင်းတို့ကြောင့် ကျောင်းသားတို့၏ စိတ်ပါဝင်စားမှုကို ကန့်သတ်ထားခြင်းဖြစ်နေပါသည်။
> ၂၄.၅.၂၀၁၁တွင် ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်အဆင့် အမျိုးသားအလုပ်ရုံ ဆွေးနွေးပွဲ၌ IR ဘာသာရပ်ကို အလေးပေးရန် ပြောကြားခဲ့ပါသည်။
> ၂၀၁၃မှ စတင်ကာ မည်သူမဆို လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
***မူရင်းစာအုပ်အတိုင်း မဟုတ်ဘဲ ပုံစံပြောင်းကာ အချက်အလက်ဆန်ဆန် ပြင်ဆင်ရေးသားထားပါသည်။
***မူရင်းစာအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါသည်။
References
နိုင်ငံရေး၊ နိုင်ငံရေး သိပ္ပံနှင့် နိုင်ငံတကာ ဆက်ဆံရေး - မိမိကြီး IR
နိုင်ငံတကာဆက်ဆံရေးပညာနိဒါန်း - ဒေါက်တာစိုင်းခိုင်မျိုးထွန်း IR