Thoughts by May Oo

Thoughts by May Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thoughts by May Oo, Thanlyin.

“ရထားတဲ့အရာတွေနဲ့ ကျေးဇူးတင်တတ်ခြင်း" ဆိုတာ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ပေးတဲ့ အခြေခံစိတ်နေစိတ်ထားတစ်ခုပါ။❤️❤️လူတော်တော်မ...
26/07/2026

“ရထားတဲ့အရာတွေနဲ့ ကျေးဇူးတင်တတ်ခြင်း" ဆိုတာ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ပေးတဲ့ အခြေခံစိတ်နေစိတ်ထားတစ်ခုပါ။❤️❤️
လူတော်တော်များများဟာ မရှိသေးတဲ့အရာတွေကိုပဲ အာရုံစိုက်ရင်း ကိုယ့်မှာရှိပြီးသား အရာလေးတွေကို မေ့လျော့သွားတတ်ကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့ခန္ဓာကိုယ်၊ မိသားစုရဲ့ မေတ္တာ၊ စားစရာရှိခြင်း၊ နေစရာရှိခြင်း၊ ပညာသင်ယူခွင့်ရခြင်း။ ဒီအရာတွေကပဲ တန်ဖိုးအရှိဆုံး လက်ဆောင်တွေပါ။
ရထားတဲ့အရာတွေနဲ့ ကျေးဇူးတင်တတ်တဲ့သူဟာ အမြဲတမ်း "ဘာမရှိသေးဘူး”ဆိုတာထက် "ဘာတွေရှိနေပြီလဲ" ဆိုတာကို အရင်မြင်တတ်ပါတယ်။ ဒါကြောင့် မကျေနပ်မှုထက် ကျေနပ်မှုက ပိုများပြီး မနာလိုစိတ်ထက် တန်ဖိုးထားစိတ်က ပိုကြီးမားလာပါတယ်။
ကျေးဇူးတင်တတ်ခြင်းဆိုတာ ရောင့်ရဲတတ်ခြင်း မဟုတ်ပါဘူး။ ပိုကောင်းတဲ့ဘဝကို ကြိုးစားရင်း ကိုယ့်မှာရှိပြီးသား အရာတွေရဲ့ တန်ဖိုးကို မမေ့သွားခြင်းပဲ ဖြစ်ပါတယ်။
အဲဒီစိတ်လေးကပဲ ဘဝတစ်လျှောက်လုံး ပိုပျော်ရွှင်စေပြီး၊ ပိုနွေးထွေးတဲ့ လူတစ်ယောက် ဖြစ်လာစေမှာပါ။

မည်သူမဆို ရထားတဲ့အရာတွေကို တန်ဖိုးထားတတ်ပါစေ။ ရထားသမျှအတွက် ကျေးဇူးတင်
တတ်တဲ့ စိတ်လေးနဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေ။




#ရသစာ

#

Motivational speaker တွေပြောတဲ့ လောကမှာကြိုးစားတိုင်းဖြစ်ရမယ်ဆိုတာသဘာဝမကျပါ။ကြိုးစားတိုင်းလည်းဖြစ်ချင်မှဖြစ်မှာပေါ့။ဒီသဘ...
22/07/2026

Motivational speaker တွေပြောတဲ့ လောကမှာကြိုးစားတိုင်းဖြစ်ရမယ်ဆိုတာသဘာဝမကျပါ။

ကြိုးစားတိုင်းလည်းဖြစ်ချင်မှဖြစ်မှာပေါ့။
ဒီသဘောလေးက်ိုလက်ခံတတ်အောင် ကျွန်မတို့တွေက စိတ်ထားလေ့ကျင့်ဖို့လိုပါတယ်။
ကျွန်မ၁၆/၁၇နှစ်လောက်က ဟဲမင်းဝေးရဲ့
“The old man and the sea”ကိုဖတ်ဖူးတယ်။ ဒါမယ့်အများကြီးမတွေးမိခဲ့ဘူး။
စာအုပ်က နိုဘယ်ဆုရော၊ Pulitzer ဆုပါရထားတော့စိတ်ဝင်စားပြီးဖတ်လိုက်တာပါ။
အဲ့ထဲမှာ ဆန်တီယာဂိုဆ်ိုတဲ့တံငါသည်အဖိုးကြီးက ငါးရှာထွက်တယ်။
၈၅ရက်ကြာမှာငါးကြီးတစ်ကောင်ချိတ်မိတယ်။
တစ်ခါမှငါးမရဖူးတဲ့အဖိုးကြီးက
ကြိုးစားတယ်။ရုန်းကန်ခဲ့တယ်။
ငါးကြီးကိုရဖို့ ငါးကြီးနဲ့ဘတစ်ပြန်၊ကျားတစ်ပြန်အမျိုးမျိူးတိုက်ရတာပေါ့။
ဒါပေမယ့်
သူရခဲ့တဲ့ငါးကြီးဟာ အဖတ်မတင်ခဲ့ဘူး။
လှေပေါ်တင်လို့မရအောင် ကြီးလွန်းတဲ့ငါးကြီးကို
ငါးမန်းတွေကလာစားရော။
သူ့ရဲ့မှိန်းတွေရော၊လှော်တက်တွေရောက
ငါးမန်းတွေနဲ့တိုက်ခိုက်ရင်းပင်လယ်ထဲကျသွားတယ်။
သူလည်းကမ်းပြန်ကပ်ရော သူဖမ်းမိလာတဲ့ငါးကြီးကအရိုးပဲကျန်တယ်။
ဒီဟာဖတ်ပြီးနောက် သူ့ရဲ့လက်မလျှော့တဲ့ အားမာန်ကိုမြင်ရတယ်ပေါ့။
ဒါပေမယ့်အခုအတွေးသစ်တွေထပ်ရတယ်။
ဒီရက်ပိုင်းဖတ်တဲ့စာအုပ်လေးမှာ
ဟဲမင်းဝေးရဲ့ စာအုပ်အကြောင်းလေးတစ်စွန်းတစ်စပြန်ပါတယ်။
စာအုပ်လေးနာမည်က “လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း”တဲ့ ။
ဆရာချစ်ဦးညိုရဲ့စာအုပ်ပဲ။
ဆရာက
အဖိုးကြီးက ငါးမရဘဲ တဲကိုပြန်ရောက်လာတယ်။
ပြီးတော့လှေကိုကြိုးချည်ပြီးတဝကြီး
အိပ်ပစ်လိုက်တယ်။
သူငယ်ငယ်က တွေ့ဖူးတဲ့အာဖရိကက ခြင်္သေ့တွေကိုအိပ်မက်မက်နေတယ်တဲ့။
အဖိုးကြီးက ငါဒီလောက်တောင်အားထုတ်ပြီးမှကွာ၊ဖြစ်ရလေခြင်းဆိုပြီး ပူပန်သောကလည်းမရောက်ဘူး။
အရှူံးလောကဓံကိုအေးဆေးကြီးရင်ဆိုင်သွားတာ
ခြင်္သေ့တွေကိုတောင်အိပ်မက်မက်လိုက်သေး။
ဒီအဘိုးကြီးလောကကိုရင်ဆိုင်တာဘယ်လောက်စတိုင်ကျလိုက်လဲလို့အတွေးရစေပါတယ်။
ကြိုးစားတိုင်းအောင်မြင်ရမယ်ဆိုတာ ဟုတ်ချင်မှဟုတ်လိမ့်မယ်။
ဒါပေမယ့် မည်သို့သော ရလဒ်ပဲထွက်ပါစေ
ကျေနပ်စွာလက်ခံတတ်တဲ့စိတ်ဟာ ကြီးမြတ်ပါတယ်။
အားရှိပါတယ်။
ကျွန်မတို့တတွေဟာလောကမှာကိုယ်နိုင်တဲ့ဘက်ကတော့စွမ်းသလောက်အားထုတ်နေတာပဲ။
ရလဒ်ကိုတော့မတုန်လှုပ်တဲ့နည်းနဲ့ လက်ခံခြင်းဟာ
အနိုင်နဲ့ပိုင်းခြင်းပါပဲ။
အကောင်းလောကဓံ၄ပါး၊အဆိုးလောကဓံက ၄ပါး။
ဘာလာလာဒေါင်းဆိုတဲ့ ဝင်ဒေါင်းစိတ်ဓာတ်ကလေးပဲလိုပါတယ်။😍



Mray Yadanar Oo

“ယူရင်လည်းယူပါစေပေါ့မမက်ပါဘူး”တဲ့သူငယ်ချင်းဆီက ဒီစကားကြားပြီးနောက်မှာဆက်တိုက် ပြောနေတဲ့ကျွန်မစကားတွေရပ်သွားပါတယ်။ကိစ္စကတ...
18/07/2026

“ယူရင်လည်းယူပါစေပေါ့
မမက်ပါဘူး”တဲ့
သူငယ်ချင်းဆီက ဒီစကားကြားပြီးနောက်မှာ
ဆက်တိုက် ပြောနေတဲ့ကျွန်မစကားတွေရပ်သွားပါတယ်။
ကိစ္စကတော့ဒီလိုပါ။
တိုတိုပြောရရင်
သူတို့အိမ်တွင်းရေးပေါ့လေ။
သူရရမယ့်ပမာဏကိုသူမရဘူး။
မတရားသဖြင့်မိသားစုထဲကတစ်ယောက်ယောက်ကယူဖို့ကြံတယ်ပေါ့။
ကြီးမားတဲ့ပမာဏလည်းမဟုတ်ရပါ။
ကျွန်မကတော့ မဟုတ်မခံစိတ်ကလေးရှိတာပေါ့။
“မဖြစ်သင့်ဘူး၊ဒီလိုလုပ်လို့ရတယ်၊ဟိုလိုလုပ်လို့ရတယ်”စသဖြင့်နည်းလမ်းတွေရှာပေး၊စကားတွေအများကြီးပြောနေတာပေါ့။
သူငယ်ချင်းက “အဲ့လောက်ကတော့ ငါ့ပါငါလည်းရှာန်ိုင်ပါတယ်။ယူရင်လည်းယူပါစေ။မမက်ပါဘူး”တဲ့လေ။
အဲ့တော့မှ မီးခဲကိုရေနဲ့လောင်းလိုက်သလို ရှဲခနဲပဲ ကျွန်မစိတ်တွေငြိမ်သွားတယ်။
ဟုတ်တာပဲ။
ဆယ်သက်စားမကုန်တဲ့ပမာဏဖြစ်ပါစေဦးတော့။
မတရားယူရက်ရင်ယူပါစေပေါ့လေ။
သူ့လိုတွေးနိုင်တော့ မအေးဆေးဘူးလား။
လက်လွှတ်ရမှာကိုကြောက်ပြီးလူတွေကရုန်းကန်ပင်ပန်းနေလိုက်ကြတာ။
လက်လွှတ်လိုက်တော့ငြိမ်းချမ်းသွားတာပဲ။
တခါတခါ လက်လွှတ်တတ်အောင်လည်းသင်ယူရပေဦးမယ်။✅✅


Mray Yadanar Oo

လူဖြစ်ရတဲ့အဓိပ္ပာယ်နဲ့ လူ့စံနှုန်းဆိုတာဘာလဲ?ဘာသာတရားရဲ့ အဆုံးအမတွေရှိမှသာ လူတွေက မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြမှာလား?ဘုရ...
16/07/2026

လူဖြစ်ရတဲ့အဓိပ္ပာယ်နဲ့ လူ့စံနှုန်းဆိုတာဘာလဲ?

ဘာသာတရားရဲ့ အဆုံးအမတွေရှိမှသာ လူတွေက မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြမှာလား?
ဘုရားမရှိရင် လူတွေဟာ မကောင်းမှုတွေကိုရှောင်နိုင်မှာသေချာရဲ့လား။
ဒီရက်ပိုင်း တရုတ်ပြည်က Wang Wang ဆိုတဲ့ ခွေးမလေးနဲ့ ခွေးလေးတွေ ရက်ရက်စက်စက် ခံရတဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး လူအများက

“ဝဋ်လည်လိမ့်မယ်…”
“ကံအကျိုးပေးလိမ့်မယ်…”
ဆိုတဲ့ စကားတွေ ပြောကြတာတွေ့ရင်း ဒီအကြောင်းကို စဉ်းစားမိပါတယ်။
ဝဋ်၊ Karma၊ နောက်ဘဝအကျိုးဆက်တွေ ရှိမှသာ လူတွေဟာ မကောင်းတာကို ရှောင်ကြတာလား?

ဒီအကြောင်းစဉ်းစားမိရင်း Dostoevsky ရဲ့ The Brothers Karamazov ထဲက Grand Inquisitor အခန်းကို ပြန်သတိရမိတယ်။

ဒီအခန်းမှာ Grand Inquisitor က ယေရှုကို ဝေဖန်ပါတယ်။
သူ့အမြင်အရ လူသားတွေဟာ လွတ်လပ်မှုရဲ့ အလေးချိန်ကို မခံနိုင်ကြဘူးတဲ့။
ဘာကြောင့်လဲဆိုတော့…
လွတ်လပ်မှုဆိုတာ ကိုယ်ကြိုက်တာလုပ်ခွင့် ရှိရုံနဲ့ မပြီးပါဘူး။
ကိုယ်ရွေးချယ်ခဲ့တဲ့အရာတွေရဲ့ အကျိုးဆက်ကိုလည်း ကိုယ်တိုင် ခံယူရပါတယ်။
မှားသွားရင် ကိုယ်တာဝန်ယူရမယ်။
နာကျင်ရင် ကိုယ်ခံရမယ်။
ကိုယ်ရွေးချယ်ခဲ့တာအတွက် တခြားသူကို အပြစ်တင်လို့ မရဘူး။

ဒါကြောင့် တချို့လူတွေက လွတ်လပ်မှုထက် လုံခြုံမှုကို ပိုရွေးချယ်ချင်ကြတယ်။

တစ်ယောက်ယောက်က လမ်းညွှန်ပေးပါစေ။
တစ်ယောက်ယောက်က ဆုံးဖြတ်ပေးပါစေ။
တစ်ယောက်ယောက်က တာဝန်ယူပေးပါစေ။
ကိုယ်မှားခဲ့ရင်တောင် အပြစ်တင်စရာ တစ်စုံတစ်ယောက် ရှိပါစေဆိုတဲ့ စိတ်မျိုးပေါ့။
ဒါကြောင့် လူတွေဟာ ဘာသာရေးကို အားကိုးရာတစ်ခုအဖြစ် ရှာဖွေကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်မကိုယ်တိုင်ကတော့ ဒီလိုစဉ်းစားမိတယ်။
လူတစ်ယောက်ဟာ လူဖြစ်ရကျိုးနပ်ဖို့ဆိုရင် အပြစ်ပေးခံရမှာကြောက်လို့ ကောင်းတာလုပ်တာထက်၊ ကိုယ်တိုင်နားလည်လို့ ကောင်းတာကို ရွေးချယ်နိုင်ရမယ်လို့။
“ဒါလုပ်ရင် အပြစ်ဖြစ်မယ်။”
“ဒါလုပ်ရင် Karma ပြန်လာမယ်။”
“နောက်ဘဝမှာ ခံရမယ်။”
ဆိုတဲ့ ကြောက်ရွံ့မှုကြောင့် မကောင်းတာကို ရှောင်တာထက်
“ငါဒီလိုလုပ်ရင် တစ်ယောက်ယောက် နာကျင်သွားမယ်။”
“ငါ့လုပ်ရပ်က သူ့အပေါ် ဘယ်လိုသက်ရောက်မလဲ။”
“ဒါဟာ ငါလုပ်သင့်တဲ့အရာလား။”
ဆိုပြီး ကိုယ်ချင်းစာတရားနဲ့ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ခြင်းက ပိုအရေးကြီးတယ်လို့ ထင်မိတယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ စည်းမျဉ်းတွေ၊ အပြင်ဘက်က ထိန်းချုပ်မှုတွေကြောင့် ကောင်းနေရခြင်းမှာ မဟုတ်ဘဲ၊ ဘယ်သူမှ မကြည့်နေတဲ့အချိန်မှာတောင် ကိုယ်တိုင်မှန်ကန်တဲ့အရာကို ရွေးချယ်နိုင်ခြင်းမှာ ရှိတယ်လို့ ထင်တယ်။
လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ပိုင်နိုင်လာတဲ့အခါ လွတ်လပ်မှုဟာ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ပါဘူး။
လွတ်လပ်မှုဆိုတာ ကိုယ်လိုချင်တာလုပ်ခွင့် မဟုတ်ဘဲ၊ ကိုယ်ရွေးချယ်တဲ့အရာရဲ့ တာဝန်ကို ကိုယ်တိုင် လက်ခံနိုင်ခြင်းပါ။
အဲ့ဒီလိုမှပဲ…
လူဖြစ်ရကျိုးနပ်လာမယ်လို့ ထင်မိပါတယ်။
လူသားတစ်ယောက်ရဲ့တန်ဖိုးဟာ တခြားသတ္တဝါတွေထက် မြင့်တယ်ဆိုတာထက်၊ ကိုယ်ချင်းစာတရား၊ ဆင်ခြင်တုံတရားနဲ့ တာဝန်ယူနိုင်စွမ်းတွေကြောင့် ပိုမိုထင်ရှားလာတယ်လို့ ယုံကြည်မိပါတယ်။

#မေဦး

ကလေးတွေကိုသင်ပေးလိုက်သင့်တဲ့အရာ~~~~~“ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ခြင်းနှင့် သူတပါးအပေါ်မှာလေးစားခြင်း”ဆိုတာ ဘဝနေနည်းတွေထဲ...
30/04/2026

ကလေးတွေကိုသင်ပေးလိုက်သင့်တဲ့အရာ
~~~~~
“ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ခြင်းနှင့် သူတပါးအပေါ်မှာလေးစားခြင်း”ဆိုတာ ဘဝနေနည်းတွေထဲမှာ အခြေခံအဆင့်ပါ။
ကိုယ့်ကိုကိုယ်တန်ဖိုးထားမှသာ
ကိုယ့်သိက္ခာ၊ကိုယ့်နာမည်ကျဆင်းတဲ့လုပ်ရပ်တွေကိုရှောင်မှာဖြစ်သလို၊ သူများက ကိုယ့်ကိုချယ်လှယ်စိုးမိုးတာ၊လူပါးဝတာ၊အနိုင်ကျင့်တာတွေကို
လွယ်လင့်တကူမခံမှာပဲဖြစ်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာပဲ လူတွေရဲ့စိတ်တွေကမတူညီကြပါဘူး။ တချို့က စိတ်ပျော့တယ်၊တချို့ကစိတ်မာတယ်။ တချို့ကျ မိသားစုနဲ့ နေလာစဉ် ဟိုးငယ်ငယ်လေးတည်းက ကိုယ့်ကိုကိုယ် တန်ဖိုးထားဖို့ သင်ယူလာခဲ့ပေမယ့်၊ တချို့ကကျ မိဘတွေ၊မောင်နှမတွေကြားမှာ အနှိမ်ခံအဖြည့်ခံဘဝနဲ့နေလာသူတွေရှိပါတယ်။ဘယ်လိုပဲကြီးပြင်းခဲ့ပါစေဦး။ “ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို့”အချိန်နဲ့အမျှ သတိချပ်နေရမှာပါ။
နောက်တစ်ခု
သူတပါးအပေါ်မှာလေးစားခြင်းဆိုတာ ရှင်းရှင်းပြောရရင် ကိုယ်ချင်းစာတရားပါ။
“ကိုယ့်ကိုပြောတာမကြိုက်ရင် သူ့လည်းမပြောနဲ့”
“ကိုယ့်ကိုလုပ်တာမကြိုက်ရင် ကိုယ်လည်းမလုပ်
နဲ့၊မစော်ကားပါနဲ့”ဆိုတဲ့ အခြေခံသဘောတရားတွေဟာ
မိဘတွေအနေနဲ့ကလေးဘဝတည်းက သတိချပ်ပြီး သင်ပေးသင့်တဲ့အရာတွေဖြစ်ပါတယ်။
မည်သူမဆို “ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ပါစေ”
“သူတပါးကိုလေးစားတတ်ပါစေ”။
#မေဦး

“နာမည်တစ်လုံးနဲ့နေလာတာ “ဆိုတဲ့အဓိပ္ပာယ်ကို ငယ်ငယ်တုန်းကနားမလည်ခဲ့ဘူး။နာမည်တစ်လုံးနဲ့နေတယ်ဆိုတာ “ဆတ်ဆတ်ထိမခံအောင်စွာတာလား...
28/02/2026

“နာမည်တစ်လုံးနဲ့နေလာတာ “ဆိုတဲ့အဓိပ္ပာယ်ကို ငယ်ငယ်တုန်းကနားမလည်ခဲ့ဘူး။
နာမည်တစ်လုံးနဲ့နေတယ်ဆိုတာ “ဆတ်ဆတ်ထိမခံအောင်စွာတာလား””ပ်ိုက်ဆံဝက်ဝက်ကွဲချမ်းသာတာလား” “ဆိုင်ရာပိုင်ရာတွေရှိနေတာလား”ပေါ့ ဘယ်ဟုတ်မလဲ။
ကိုယ်တိုင်လည်းအခုအသက်အရွယ်ရောက်ပြီး၊အလုပ်တွေလုပ်ရင်းနဲ့မှသိလာရတာ နာမည်တစ်လုံးနဲ့နေတယ်ဆ်ိုတာ “သူ့ဆိုရင်စိတ်ချရတယ်၊မာနရှိတယ်၊ကိုယ့်ကျင့်တရားကောင်းတယ်၊ငွေရေးကြေးရေးမှာ နာမည်ပျက်မရှိဘူး၊ သူ့သိက္ခာသူထိခိုက်ခံမယ့်သူမဟုတ်ဘူး”ဆိုတဲ့စတဲ့စတဲ့ လွယ်သလိုလိုနဲ့ ပျက်စီးဖို့လွယ်တဲ့ စည်းဘောင်တွေ၊ကိုယ့်ကိုကိုယ်အမြဲသတိချပ်ပြီး၊ကိုယ့်တန်ဖိုးကိုယ်တိုင်းတာတဲ့ ပေတံတွေကို လုံးဝမဖောက်ဖျက်ပဲနေနိုင်တဲ့သူတွေဟာ
“နာမည်တစ်လုံးနဲ့နေနိုင်တဲ့သူတွေ”ဖြစ်ပါတယ်။
အဲ့ဒီလူတွေက ချမ်းသာချင်မှချမ်းသာမယ်၊ဘယ်သွားသွားလူတောတိုးတဲ့သူတွေပေါ့။
ကိုယ့်ကိုကိုယ်စောင့်ထိန်းတဲ့ကျေးဇူးကြောင့်
ကိုယ့်သားသမီး၊ကိုယ့်မြေးမြစ်တွေအထိလည်း လွှမ်းမိုးမှုပေးနိုင်သလို၊
နာမည်တစ်လုံးနဲ့နေလာတဲ့မျိူးဆက်ဖြစ်အောင်လည်း သွန်သင်ဖို့အရေးကြီးပါတယ်။

အချိန်တန်ရင်ပြီးသွားမှာပါ။ရှောင်မပြေးနဲ့လက်ခံလိုက်။လွန်ခဲ့တဲ့ ၈နှစ်လောက်ကဖြစ်မယ်ထင်တယ်။အောင်စာရင်းတစ်ခုမှာကိုယ့်နာမည်မပါ...
26/02/2026

အချိန်တန်ရင်ပြီးသွားမှာပါ။
ရှောင်မပြေးနဲ့လက်ခံလိုက်။
လွန်ခဲ့တဲ့ ၈နှစ်လောက်ကဖြစ်မယ်ထင်တယ်။အောင်စာရင်းတစ်ခုမှာကိုယ့်နာမည်မပါလာလို့ ခေါင်းနားပန်းကြီးပြီး၊”ဒီနေ့ဟာငါ့ဘဝမှာအကြီးမားဆုံးကျရှုံးတဲ့နေ့ပဲ၊ဒီနေ့ကိုငါလုံးဝမမေ့ဘူး”ဆိုပြီးမှတ်ထားတာ အခုတော့ အဲ့ဒီနေ့က ဘယ်နှစ်ရက်နေ့လဲမမှတ်မိတော့ပါဘူး။ကျွန်မတို့တွေ ဟိုးအရင်နှစ်တွေတုန်းက သေမလိုအသဲကွဲခဲ့တာတွေ၊ဒုက္ခအကြီးအကျယ်ရောက်ပြီပဲလို့သတ်မှတ်ပြီး အပြင်းအထန်ငိုကြွေးခဲ့တဲ့ကိစ္စတွေက အခုအချိန်မှာတော့ခေါင်းထဲမှာ ဝိုးတိုးဝါးတားပုံရိပ်တွေလောက်ပါပဲ။ကျွန်မမှမဟုတ်ပါဘူး၊လူတိုင်းဒီလိုပဲထင်တယ်။ အချိန်ကာလတစ်ခုရောက်ရင် အဖြစ်အပျက်တွေ၊စိတ်ခံစားချက်တွေက အလိုလိုပျောက်ပျက်သွားကြတာပဲ။လုံးဝပျောက်သွားတာမဟုတ်ရင်တောင် စစဖြစ်ချင်းလောက်တော့ ဘယ်အရာမှမပြင်းထန်တော့ပါဘူး။သေတဲ့သူတွေကသေသွားရင်တောင်၊ရှင်ကျန်ခဲ့တဲ့သူတွေကရှင်ကျန်နေရမှာပဲ။ အကောင်းတွေလည်းလာမယ်။အဆိုးတွေလည်းကြုံမယ်။” အချိန်တန်ရင်ပြီးသွားမယ်”လို့သာယုံထားပြီးရှောင်မပြေးဘဲ လက်ခံလိုက်ရုံပါပဲ။ အကောင်းလောကဓံ၊အဆိုးလောကဓံတလှည့်စီကြုံရတာလောကဓမ္မတာပဲလေ။💕💕

တခါတလေမရင့်ကျက်လည်းရပါတယ်~~~~~လူဆ်ိုတာရင့်ကျက်လာခြင်းနဲ့ရှင်သန်နေကြတယ်လို့ထင်တယ်။အသက်၁၈နှစ်ကလုပ်ခဲ့တဲ့အမှားတွေဟာအသက်၃၀မှ...
25/02/2026

တခါတလေမရင့်ကျက်လည်းရပါတယ်

~~~~~
လူဆ်ိုတာရင့်ကျက်လာခြင်းနဲ့ရှင်သန်နေကြတယ်လို့ထင်တယ်။
အသက်၁၈နှစ်ကလုပ်ခဲ့တဲ့အမှားတွေဟာ
အသက်၃၀မှာရယ်စရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမယ့် အဲ့ဒီတုန်းကရှက်စရာကောင်းလိုက်တာ၊ငါဘာလို့များလုပ်ခဲ့တာလဲလို့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါဘူး။
ပြန်လိုချင်ရင်တောင်မရနိုင်တဲ့နှစ်တွေလေ။
၁၈နှစ်ဟာ၁၈နှစ်နဲ့ညီမျှတဲ့မရင့်ကျက်ခြင်းတွေကိုပိုင်ဆ်ိုင်သင့်တာပေါ့။၁၈နှစ်နဲ့ညီမျှတဲ့ရူးသွပ်ခြင်းလေးတွေလည်းရှိမှာပေါ့။ပေါတောတောနိုင်ခဲ့တဲ့ဖက်ရှင်တွေ၊အယူအဆတွေလည်းရှိခဲ့မှာပေါ့။
လူတွေက ဖြတ်သန်းလာတဲ့နှစ်တွေမှာ အတွေ့အကြုံတွေရဲ့တ်ိုက်စားခြင်းခံရပြီး တဖြည်းဖြည်းနဲ့ရင့်ကျက်လာရတယ်။
မကြုံချင်တာတွေနဲ့ကြုံရ
ကြုံချင်တာတွေနဲ့မကြုံရတဲ့ဘဝတွေမှာ
မရင့်ကျက်ချင်ဘူးဆ်ိုရင်တောင် သူ့အလိုလိုရင့်ကျက်သွားကြတယ်။နောက်ဆုံးတော့ သူ့အလိုလိုဆ်ိုတဲ့စက်ကွင်းကြီးထဲဝင်သွားကြရမှာပဲ။
တခါတလေအရမ်းပင်ပန်းလာရင်
၁၈နှစ်အရွယ်တုန်းကကိုယ့်ကိုကိုယ်လည်းချစ်စရာကောင်းခဲ့တာပဲလို့ချီးကျူးပေးရမယ်။
အခုလက်ရှိကိုယ့်ကိုကိုယ်လည်း “နင်ကြိုက်တာလေးတွေနင်လုပ်လို့ရပါတယ်”လို့အားပေးရမယ်။
အနာဂတ်ကကိုယ့်ကိုကိုယ်လည်း သိပ်ပြီး မရင့်ကျက်သေးလည်းရပါတယ်လို့ သတ်ိပေးရဦးမယ်။
ငါတို့ဟာတစ်နေ့တစ်နေ့အသက်တွေကြီးလာပေမယ့်
တစ်ခါတုန်းက ထင်ရာဒုန်းစိုင်းခဲ့တဲ့ချာတိတ်လေးတွေပဲလေ။
#မေဦး

ဆီးချိုရောဂါနှင့်ယှဉ်တွဲနေထိုင်ခြင်း~~~အသက်၂၇နှစ်မတိုင်ခင်မှာ ဆီးချိုရောဂါဖြစ်ပါတယ်။ဆီးချိုဖြစ်ပြီးခန့်မှန်း၆လလောက်ကြာမှ...
24/02/2026

ဆီးချိုရောဂါနှင့်ယှဉ်တွဲနေထိုင်ခြင်း
~~~

အသက်၂၇နှစ်မတိုင်ခင်မှာ ဆီးချိုရောဂါဖြစ်ပါတယ်။
ဆီးချိုဖြစ်ပြီးခန့်မှန်း၆လလောက်ကြာမှ ဒီလထဲမှာမှဆီးချိုရှိကြောင်းသိရတာပါ။
ဆီးချိုရောဂါက မျိုးရိုးရှိတဲ့သူတွေ၊အစားကြူးသူတွေနဲ့ လှုပ်ရှားမှုနည်းပါးတဲ့သူတွေမှာတွေ့ရများပါတယ်တဲ့။
ကိုယ်က တော့အဲ့ဒီသုံးခုစလုံးပဲ။
အဖေရော၊အမေရောဆီးချိုရှိတဲ့အပြင်၊
အစားကြူးတာကလည်း ဘူဖေးဆိုင်တစ်ခါစားရင် ဝက်ဦးနှောက်ကြီးပဲ၅လုံးလောက်စားပါတယ်။ အချိုရည်မကြိုက်ပါ။အချိုသိပ်မကြိုက်ပါ။ဒါပေမယ့်အစားကြူးတာပါ။
တခါတခါအလွန်အကြူးစားပြီးသွားရင် လူကမူးမိုက်ပြီးခုံတွေပါဝင်တိုက်တဲ့အထိပါပဲ။ကံကောင်းလို့မသေ၊ဖေသန်းတို့အမေပါ။ဆီးချိုရှိမှန်းမသိခဲ့ပါ။တွေးကြည့်ရင်ကြောက်ဖို့ကောင်းပါတယ်။လက္ခဏာတွေကတော့ရေအလွန်အမင်းငတ်တယ်၊အာခေါင်ခြောက်တယ်။ညဘက်တွေဆိုဆီးခဏခဏသွားတယ်။ မိန်းမကိုယ်ယားယံခြင်းတွေဖြစ်တယ်။ပိုးဝင်တယ်ပဲထင်ပြီးပိုးသတ်ဆေးတွေသောက်တယ်။ဆီးသွားတာများလာတဲ့အခါမှာရေဓာတ်တွေခမ်းခြောက်လွန်းလို့ အချိုရည်တွေကိုလိုလိုလားလားတောင်းတလာပါတယ်။ တစ်ရက်မှာ ကံကောင်းချင်တော့ မျက်နှာကို Exosomes treatment သွားလုပ်ရင်း ဆီးချိုစစ်ကြည့်တော့မှ ဘာမှမစားရသေးခင် fasting blood sugar test တိုင်းတာမှာဆီးချိုက ၃၆၀ဖြစ်နေပါတယ်။
HbA1c (2-3လအတွင်းပျှမ်းမျှသွေးချို)ကိုတိုင်းတဲ့အခါ 8.9ထိဖြစ်နေပါတယ်။
အဲ့တာနဲ့ပဲသိသိချင်းယခုပေါ်နေတဲ့အစားစားချင်စိတ်ပျောက်တဲ့ဆေးထိုးလိုက်တယ်။ဆေးနဲ့ထိန်းလည်း ၄၀၀ကျော်တွေထိတက်တော့ ဆီးချိုဖြစ်တယ်လို့သိပြီး၁/၂ရက်အတွင်းမှာ ပါမောက္ခဆရာကြီးဒေါက်တာတင့်ဆွေလတ်နဲ့ပြပြီး၊ကုသမှုခံယူပါတယ်။
အစားကို control လုပ်ဖို့အဓိကကျတယ်လို့ဆိုပါတယ်။ နေ့စဉ်လိုအပ်တဲ့ပမာဏထက်ပိုပြီးစားဖြစ်နေတာတွေ၊ ကျန်းမာရေးနဲ့မကိုက်ညီမှန်းသိသိကြီးနဲ့ဆက်စားနေမယ်ဆိုမိုက်မဲရာကျမှာပေါ့လေ။ ဆင်ခြင်တုံတရားနဲ့အသိဥာဏ်တွဲပြီးလုပ်သင့်၊မလုပ်သင့်၊စားသင့်၊မစားသင့်တွေးဖို့ အားရသွားပါတယ်။
အခုတော့ဆီးချိုထိန်းထားနိုင်ပါပြီ။
မိတ်ဆွေတို့လည်း အသက်အရွယ်မရွေးဆီးချိုဖြစ်နိုင်တာကို သတိပြုပြီး၊အစားအသောက်အနေအထိုင်ဆင်ခြင်ကြပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးကြပါလို့။
#မေဦး

24/02/2026


#

Address

Thanlyin
11301

Website

Alerts

Be the first to know and let us send you an email when Thoughts by May Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thoughts by May Oo:

Shortcuts

Share