Information Technology Engineering Department- TTU

Information Technology Engineering Department- TTU

Share

IT Engineering Department TTU Page

24/12/2020

Honda Y-E-S Award Program 2020 တွင် ဆုရရှိပါသော မချောသီရိခိုင် (V.IT) အား သုတနည်းပညာအင်ဂျင်နီယာ ဌာနမှ အထူးဝမ်းမြောက်ဂုဏ်ပြုအပ်ပါသည်။

18/07/2020

Coursera ကနေ ကျောင်းသားတွေအတွက်
Course တွေကို July 31 ရက်နေ့အထိ
Free Enroll လုပ်ခွင့်ပေးထားရာကနေ
ကမ္ဘာတစ်ဝှမ်း က Covid 19
အခြေအနေကြောင့် Spetember 30 ရက်နေ့
အထိရက် တိုးမြှင့် ထားပေးပါတယ် 😍

15/07/2020

ဒီတစ်ခေါက်မှာတော့ တော်တော်များများလဲ
သိနေပြီဖြစ်တယ့် Coursera Course လေးအကြောင်းလေးပြောပြချင်ပါတယ်
ဒါပေမယ့် ဒီအကြောင်းမပြောခင်
University Mail တွေ အကြောင်းကို
အကျဉ်းချုပ်လေး ပြောပြပေးသွားပါမယ်

University Mail ဆိုတာက
ကျနော်တို့ မှာ ပုံမှန် ရှိကြတယ့်
[email protected] လိုမျိုး မဟုတ်ဘဲ
[email protected] ဆိုတာမျိုးကိုပြောတာပါ 🤠

ကျောင်းသားတစ်ချို့လဲ University Mail တွေ
ရနေကြပြီ ဆိုတာကို လဲ သတိထားမိပါတယ်
ဒီတော့ University Mail ကို
မိမိရဲ့ ကိုယ်ပိုင်နာမည်နဲ့ ရတယ့်အခါမှာ
Office 365 မှာ သွားပြီးတော့ Login ဝင်ရပါတယ်

သူတို့ပေးလိုက်တယ့် [email protected] နဲ့ Pw ကို ရိုက်ထည့်ပြီး Activate အရင်ဆုံး
လုပ်ပေးရပါတယ် ပြီးတယ့်အခါမှာ
ကိုယ်ပြောင်းချင်တယ့် Password ကို
ပြောင်းလို့ရပါပြီ 😍

University Mail ရှိရင် ဘယ်လိုဟာတွေ လုပ်လို့ရလဲ?? 🤔

ပြောရရင် မြန်မာနိုင်ငံက
ကျောင်းသားတစ်ယောက်အနေနဲ့
နိုင်ငံတကာနည်းတူ အကျိုးခံစားခွင့်တွေရပါတယ်

Office 365 ကို တစ်နှစ်တိတိ အလား သုံးခွင့်ရမယ်
1 TB Cloud Storage (One Drive) ရမယ်
တစ်ချို့ Course တွေ Free တက်ခွင့်ရမယ်
Premium Version တွေဝယ်ရတာမျိုးဆို
Discount တွေရမယ် စသဖြင့် ရှိပါတယ်

ဒီမှာ အဓိကပြောချင်တဲ့ အပိုင်းရောက်ပါပြီ
Coursera က Course တွေ Free တက်ခွင့်ရမယ် ဆိုတဲ့ အကြောင်းပါ

Coursera ဆိုတာ ဘာလဲပေါ့ !!!

Coursera ဆိုတာက သင်ရိုးများ၊ အထူးပြုသင်ရိုးများနှင့် ဘွဲ့ဒီဂရီများကို အင်တာနက်မှ လေ့လာနိုင်ရန် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ အန်ဒရိုး (Andrew Ng) နှင့် Daphne Koller တို့မှ ပြုလုပ်ပေးထားတဲ့ အင်တာနက်ပညာသင်ကြားရေး စနစ် တစ်ခုဖြစ်ပါတယ်

Coursera က တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ အင်တာနက်အသုံးပြု၍ သင်ကြားနိုင်သည့် သင်ရိုးများ၊ အထူးပြုသင်ရိုးများ နှင့်ဘွဲ့ဒီဂရီများကို ဘာသာရပ်များစွာအတွက် ပေးအပ်နေပါတယ် ဥပမာအားဖြင့် ပြောရရင်အင်ဂျင်နီယာ၊ လူမှုသိပ္ပံ၊ ဆေးပညာ၊ ဇီဝဗေဒ၊ သင်္ချာ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ဒစ်ဂျစ်တယ် မားကတ်တင်း၊ ဒေတာဆိုင်းရင့် စသဖြင့် ဘာသာရပ် မျိုးစုံပါဝင်တယ်

Coursera က Covid 19 စဖြစ်တည်းက
နိုင်ငံတကာကကျောင်းသားတွေကို ပညာတွေ ဆက်လက်သင်ကြားနိုင်အောင်နဲ့
University Mail ရှိတယ့်သူတိုင်း တက်ခွင့်ရအောင်ဆိုပြီး
Coursera for Campus အစီအစဉ်နဲ့
Course ပေါင်း ၃၈၀၀ကျော် ကို
Free Access & Free Certificate
ပါပေးနေတာပါ

အရင်က free course ပေါင်း ၁၀၀ ကျော်ဘဲ ပေးခဲ့ပြီး certificate ယူချင်ရင် ပိုက်ဆံပေးရပါတယ်။ အခု Coursera for Campus အစီအစဉ်နဲ့ free Course ပေါင်း ၃၈၀၀ ကျော်ကို free certificte ပါ ပေးပါတယ်။
ဘယ်အချိန်ထိရမလဲ ဆိုတော့ July 31 ရက်မတိုင်ခင် enroll လုပ်ရမှာပါ။
မိမိနှစ်သက်ရာ course တွေကို September 30 မတိုင်ခင်
အပြီးတက်ရောက်ရ မှာပါ။
September 30 မတိုင်ခင် ပြီးတဲ့ course တွေကို
certificate free ရမှာပဲ ဖြစ်ပါတယ်နော်

အခုအောက်က Link လေးကနေ Sign In ဝင်မှသာ ရရှိမှာ ဖြစ်ပါတယ်နော်

https://www.coursera.org/programs/7ede4813-37cb-43fe-8989-6a0b5c15ca2a?utm_medium=email&utm_source=other&utm_campaign=programId:kcAgw7TWEeq4rAr_d9jzNQ;day:1594738800000;invitation

Technological University Thanlyin Myanmar 11/07/2020

Edu Mail Registration အတွက် Student Contact Email များ ကောက်ယူခြင်း
-------------------------
နည်းပညာတက္ကသိုလ်(သန်လျင်) တွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများ အားလုံး ဆက်သွယ်နိုင်ရန် Email address နှင့် Phone နံပါတ်များ ကို အောက်ပါ သက်ဆိုင်ရာအတန်းအလိုက် Link များသို့ ဝင်ရောက်၍ (၃၁-၀၇-၂၀၂၀) နောက်ဆုံးထား ဖြည့်သွင်းကြပါရန် နှိုးဆော်ပါသည်။

http://ttu.edu.mm/news/registration

အဆိုပါ Link များကို edu mailဖြင့် Online Learning System အသုံးပြုရန်နှင့် အခြား ဆက်သွယ်ဆောင်ရွက်ရမည့် စနစ်များတွင် ကနဦးအသုံးပြုရန် ကောက်ယူခြင်းဖြစ်ပြီး ဝင်ရောက်လာမည့် Message, Notification များကို အမြဲဖတ်ရှု၍ လုပ်ဆောင်ရန်ကိစ္စများကို အချိန်မီလုပ်ဆောင်ကြရန် လိုအပ်ပါသည်။

ဖြည့်သွင်းထားသော Email နှင့် Phone နံပါတ်များသို့ ဆက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Technological University Thanlyin Myanmar Thanlyin Technology University Myanmar

Photos from Information Technology Engineering Department- TTU's post 30/06/2020

Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဖြေဆိုရန်ကျန်ရှိခဲ့သော ဘာသာရပ်များအတွက် Stay home ကာလအတွင်း 4BE-IT(Fourth year) ၏ 1st semester အတွက် revision ကို 22.6.2020, 23.6.2020နှင့် 24.6.2020 တို့တွင် Zoom Application အား အသုံးပြု၍ ပြုလုပ်ခဲ့ပါသည်။

Revision ပြုလုပ်စဥ် ပုံရိပ်များကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

Photos from Information Technology Engineering Department- TTU's post 27/06/2020

Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဖြေဆိုရန်ကျန်ရှိခဲ့သော ဘာသာရပ်များအတွက် Stay home ကာလအတွင်း 3BE-IT(Third year) ၏ 1st semester အတွက် revision ကို 22.6.2020 နှင့် 23.6.2020 တွင် Zoom Application အား အသုံးပြု၍ ပြုလုပ်ခဲ့ပါသည်။

Revision ပြုလုပ်စဥ် ပုံရိပ်များကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

Photos from Information Technology Engineering Department- TTU's post 24/06/2020

Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဖြေဆိုရန်ကျန်ရှိခဲ့သော ဘာသာရပ်များအတွက် Stay home ကာလအတွင်း 2BE-IT(Second year) ၏ 1st semester အတွက် revision ကို 17.6.2020 နှင့် 18.6.2020 တွင် Zoom Application အား အသုံးပြု၍ ပြုလုပ်ခဲ့ပါသည်။

Revision ပြုလုပ်စဥ် ပုံရိပ်များကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

11/05/2020

နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ သိစေရန်

နည်းပညာတက္ကသိုလ် (သန်လျင်) မှ
နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများအားလုံး
သည် သက်ဆိုင်ရာဌာနမှူးများနှင့် (31-05-2020) နေ့ နောက်ဆုံးထား၍ ဆက်သွယ်ကြရမည်။
Mini Thesis အတွက် လိုအပ်သည်များကို
သက်ဆိုင်ရာ ဌာနမှူးများ ၊ supervisor များ၊
co-supervisor များနှင့် Online မှ ဆက်သွယ်ဆောင်ရွက်သွားရန်ဖြစ်ပါသည်။
ဆက်သွယ်လာသော ကျောင်းသား၊ကျောင်းသူ များအတွက် အချိန်ဇယားနှင့် အသုံးပြုရန် Link များ ပြန်လည် ပေးပို့ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
Online အသုံးပြုရန် အဆင်မပြေမှုများ အခက်အခဲရှိသူများအနေဖြင့် ဌာနမှူးများနှင့် ပါမောက္ခချုပ်ထံ
ဆက်သွယ်တင်ပြနိုင်ပါသည်။

23/03/2020

ပထမနှစ်ဝက် စာမေးပွဲ ယာယီရပ်ဆိုင်းခြင်း

18/03/2020

ပထမနှစ်ဝက် စာမေးပွဲဖြေဆိုခြင်းကိစ္စ

18/03/2020

Photos from Information Technology Engineering Department- TTU's post 28/02/2020

2019-2020 Mid-term Time Table

Want your school to be the top-listed School/college in Thanlyin?

Click here to claim your Sponsored Listing.

Location

Address


Thanlyin
11291-11293

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 16:00
Saturday 09:00 - 16:00