23/01/2026
ကျွန်တော်တို့တွေဟာ Facebook, TikTok, Instagram ကြည့်ရင်း အချိန်ကုန်တတ်ကြပါတယ်။ အဲဒီအချိန်တွေကို အကျိုးရှိအောင် သုံးကြည့်ရအောင် 💯
English Creators တွေကို Follow လုပ်ပါ 🎭
ဟာသလုပ်တဲ့သူဖြစ်ဖြစ်၊ အစားအသောက်ပြတဲ့သူဖြစ်ဖြစ် နိုင်ငံခြားသား Content Creator တွေကို Follow လုပ်ထားရင် သူတို့ပြောတဲ့ အသုံးအနှုန်းတွေကို အမှတ်မထင်ဘဲ ကြားနေရပါလိမ့်မယ်။
၂။ Thinking in English (အင်္ဂလိပ်လို တွေးကြည့်ပါ) 💬
ဒါက ဘယ်သူ့ကိုမှ ပြောပြနေစရာမလိုတဲ့ ကိုယ်ပိုင်လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်နော်။
🔸မနက်အိပ်ရာထရင်
I need to brush my teeth.
(ငါ သွားတိုက်ဖို့ လိုပြီ)
🔸လမ်းလျှောက်နေရင်း မြင်ရတာတွေကို
That's a beautiful flower.
(ဒီပန်းလေး လှလိုက်တာ)
စိတ်ထဲကနေ မြန်မာလို မတွေးဘဲ အင်္ဂလိပ်လို တွေးကြည့်တဲ့အကျင့်က စကားပြောတဲ့အခါ တုံ့ဆိုင်းမနေတော့ဘဲ လျင်မြန်လာစေပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် Reviewer လုပ်ပါ 💁
ကိုယ်စားတဲ့ မုန့်၊ ကိုယ်သုံးတဲ့ ဖုန်း ဒါမှမဟုတ် ကိုယ်ကြည့်တဲ့ ရုပ်ရှင်အကြောင်းကို Review ပေးတဲ့ပုံစံနဲ့ အသံသွင်းကြည့်ပါ။
This coffee is a bit sweet but I like it. စသဖြင့် ၁ မိနစ်စာလောက် ပြောကြည့်ပါ။
၄။ Shadowing နည်းလမ်းကို သုံးပါ 👄
ဒါက ကလေးလေးတွေ စကားစသင်သလိုမျိုး လိုက်ပြောတာပါ။
TED Talk ဒါမှမဟုတ် Podcast တစ်ခုခုကို နားထောင်ရင်း သူတို့ပြောတဲ့ လေယူလေသိမ်း (Intonation) အတိုင်း တစ်ထပ်တည်း လိုက်ပြောကြည့်ပါ။
စာလုံးပေါင်းထက် အသံအတက်အကျနဲ့ ဝါကျဖွဲ့စည်းပုံကို အလိုလို နားယဉ်သွားစေပါတယ်။
၅။ နေ့စဉ်သုံး ပစ္စည်းတွေကို နာမည်ကပ်ပါ (Labeling) 🔖
အိမ်က ပစ္စည်းတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဆိုတာ သိဖို့ Sticky Notes လေးတွေနဲ့ ကပ်ထားပါ။
ဥပမာ- ရေခဲသေတ္တာပေါ်မှာ Refrigerator၊ မှန်ပေါ်မှာ Mirror စသည်ဖြင့် နေ့တိုင်း မြင်နေရတဲ့အတွက် အလွတ်ကျက်စရာမလိုဘဲ မှတ်မိသွားပါလိမ့်မယ်။
အင်္ဂလိပ်စာဟာ တောင်ကြီးတစ်တောင်လိုမျိုး တစ်ခါတည်း တက်ရသလိုမျိုး မဟုတ်ပါဘူး။ တစ်နေ့ကို စာလုံးအသစ် ၃ လုံး ပဲ သိအောင်လုပ်ပါ။ တစ်နှစ်ဆိုရင် စာလုံးပေါင်း ၁,၀၀၀ ကျော် သိသွားပါလိမ့်မယ်။
💡သင်တန်းစုံစမ်းရန် -
📍 Location – SFL, Tamwe, Yangon
📞 Contact – 09 794 035 213 / 09 771 230 569
#မြန်မာလူငယ်တိုင်းအင်္ဂလိပ်စကားပြောတတ်ရမည်