17/06/2026
Phonics သင်တာက စာဖတ်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
ဒါပေမယ့် Phonics တစ်ခုတည်း သိရုံနဲ့ စာဖတ်ကျွမ်းကျင်သွားမယ်လို့တော့ မဆိုလိုပါဘူး။
ကလေးက Letter Sounds တွေ သိနေပြီ။
ဒါပေမယ့် Word တွေ၊ Sentence တွေ ဖတ်တဲ့အခါ အခက်အခဲ ရှိနေသေးတယ်ဆိုရင် ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
အကြောင်းရင်း (၁)
အသံတစ်လုံးချင်း သိပေမယ့် အသံတွေကို ပေါင်းဖတ် (Blending) မလုပ်တတ်သေးလို့ပါ။
ဥပမာ
/c/ /a/ /t/ ကို သီးသန့် သိပေမယ့်
"cat" လို့ မြန်မြန်ဆန်ဆန် ပေါင်းမဖတ်နိုင်သေးတာမျိုးပါ။
အကြောင်းရင်း (၂)
Decodable Words လုံလောက်အောင် မဖတ်ရသေးလို့ပါ။
Phonics lesson ပြီးတာနဲ့ မရပ်သင့်ပါဘူး။
သင်ပြီးတဲ့ sounds တွေနဲ့ တည်ဆောက်ထားတဲ့ စကားလုံးတွေကို အများကြီး ဖတ်ဖို့ လိုပါတယ်။
Reading practice က မရှိမဖြစ် လိုအပ်ပါတယ်။
အကြောင်းရင်း (၃)
စာဖတ်နှုန်း (Reading Fluency) မရသေးလို့ပါ။
တချို့ ကလေးက စကားလုံးတွေ ဖတ်နိုင်ပါတယ်။
ဒါပေမယ့် တစ်လုံးချင်း အချိန်ယူပြီး ဖတ်နေတတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ စာရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ခက်ခဲလာနိုင်ပါတယ်။
Reading Fluency ဆိုတာ မှန်မှန်ကန်ကန် ဖတ်နိုင်ရုံမက ချောချောမွေ့မွေ့နဲ့ ယုံကြည်မှုရှိရှိ ဖတ်နိုင်တာကို ဆိုလိုပါတယ်။
ဒါကြောင့်
Phonics = စာဖတ်နိုင်ဖို့ အခြေခံ
Reading Practice = စာဖတ်ကျွမ်းကျင်ဖို့ လေ့ကျင့်မှု
Fluency = စာဖတ်တာကို သဘာဝကျစေတဲ့ စွမ်းရည်
ဒီသုံးခု ပေါင်းစပ်ပြီး လေ့ကျင့်ပေးမှ ကလေးရဲ့ Reading Skill က တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။
မေမေတို့ရဲ့ ကလေးက အခု ဘယ်အဆင့်မှာ ရှိနေသလဲ?
✔️ Letter Sounds သိနေပြီလား?
✔️ CVC Words ဖတ်နိုင်ပြီလား?
✔️ Story Books စဖတ်နေပြီလား?
Comment မှာ ပြောခဲ့ပေးပါဦးနော်။
စာဖတ်ခြင်းဟာ တစ်နေ့တည်းနဲ့ တတ်မြောက်သွားတဲ့ Skill မဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ပုံမှန်လေ့ကျင့်မှု ရှိမယ်ဆိုရင် ကလေးတိုင်း တိုးတက်လာနိုင်ပါတယ်။
Phonics ကို စနစ်တကျ သင်ယူပြီး ကလေးရဲ့ Reading Foundation ကို ခိုင်မာစေချင်ရင် Teacher Zinmo ရဲ့ Phonics Classes များကို တက်ရောက်နိုင်ပါတယ်။
🏡 မယ်ဆိုင်မြို့နှင့် အနီးတဝိုက်မှ ကလေးများအတွက် Home Teacher (အိမ်အရောက်သင်) စနစ်
💻 အခြားမြို့များနှင့် နိုင်ငံအသီးသီးမှ ကလေးများအတွက် Online Class စနစ်
နှစ်မျိုးလုံး ရွေးချယ်တက်ရောက်နိုင်ပါတယ်။
အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Teacher Zinmo
Online School