Happy birthday 🎉🎁🎈🎊 သားလေးသီဟကျော်ဇော❤️မွေးနေ့မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီး အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ🥰
Smart Kids Montessori Preschool
Preschool for 2 to 6 years old children 👶👧🧑🦰
သားသားမီးမီးလေးတွေအိမ်မှာ အလွယ်တကူ လိုက်ကစားလို့ရတဲ့ shapes game လေးဖြစ်ပါတယ်
ဒီ game လေးကိုကစားခြင်းအားဖြင့် ကလေးငယ်လေးတွေဟာ ကြွက်သားကြီးဖွံ့ဖြိုးမှု (Gross motor skills) အပြင် ဦးနှောက်နှင့်မျက်လုံးချိတ်ဆက်ကစားရသည့်အတွက် ကလေးငယ်တို့လိုအပ်တဲ့ဖွံ့ဖြိုးမှုလေးတွေကိုတိုးတတ်လာစေမှာဖြစ်ပါတယ်ရှင်
01/06/2026
Pre-kg activity
Learning about shapes
01/06/2026
Nursery activity
Learning about shapes
🌦️ကျောင်းအပ်ရာသီရောက်ပြီဆိုတော့တီချယ်ကမူကြိုကလေးကျောင်းထားတာနဲ့ပတ်သတ်လို့ စဉ်းစားရမဲ့အချက်လေးတွေကို ခြုံငုံပြီးပြောပြပေးသွားမှာဖြစ်ပါတယ်
🍀ပထမအချက်🍀
🌼ကိုယ့်ကလေးကိုမူကြိုပို့တော့မယ်လို့စဉ်းစားလိုက်ပြီဆိုတာနဲ့ ကလေးဟာငိုမယ်ဆိုတဲ့အချက်ကိုအဓိကထားပြီးစဉ်းစားရပါတော့မယ် သားသမီးငိုသံကိုမခံစားနိုင်တာမိဘတိုင်းပါပဲ ဒါပေမဲ့ ကျောင်းပို့မယ်လို့စဉ်းစားလိုက်ရင်တော့ ငိုငို/မငိုငို ရအောင်ပို့မယ်လို့စိတ်ကိုကြိုတင်ပြီးပိုင်းဖြတ်ထားဖို့လိုပါတယ် မငိုရင်ပို့မယ် ငိုရင်တော့ နားလိုက်ပါမယ်လေ မူကြိုပဲရပါသေးတယ်ဆိုရင် ကလေးဟာငိုရင်ကျောင်းမတတ်ရဘူးဆိုတဲ့အတွေးဖြစ်သွားပါလိမ့်မယ် အဲဒီတော့ ပို့မယ်လို့စဉ်းစားရင် စိတ်ခိုင်ဖို့အရင်ပြင်ဆင်ရပါမယ်ရှင်
🍀ဒုတိယအချက်🍀
🌼ကျောင်းရွေးချယ်တဲ့အခါမှာ အသိရဲ့ကလေးကတော့ ဒီမှာတတ်လို့ အဖော်ရအောင်ဒီမှာပဲထားလိုက်မယ် သူငယ်ချင်းရဲ့ကလေးကဒီမှာတတ်လို့ ဟိုလူရဲ့ကလေး ဒီလူရဲ့ကလေး ဒီကျောင်းမှာတတ်လို့ဆိုပြီး ကိုယ်ပါလိုက်ထားလိုက်တာမျိုးရှိပါတယ် တခြားသူရဲ့ကလေးနဲ့အဆင်ပြေပေမဲ့ မိမိကလေးနဲ့အဆင်ပြေချင်မှပြေနိုင်မှာပါ အဲဒီတော့ကျောင်းရွေးတဲ့အခါ မိဘကိုယ်တိုင်ကျောင်းကိုသွားပြီးစုံစမ်းမေးမြန်း မိမိစိတ်တိုင်းကျမှသာထားပါလို့အကြံပြုပါရစေ နောက်ပြီး တစ်ကျောင်းကြည့် တစ်ကျောင်းအပ်ဆိုတာထက် ကျောင်းများကိုလှည့်ပြီး school visit လုပ်ကြည့်ပါ ပြီးမှ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပါရှင်
🍀တတိယအချက်🍀
🌼အခုခေတ်ကာလအနေထားအရ ကျောင်းဟာ ငလျင်ဒဏ်ခံနိုင်ရဲ့လား၊အရေးပေါ်ထွက်ပေါက်အတွက်ရော ဘယ်လိုပြင်ဆင်ထားလဲ ၊ကျောင်းမှာ ဆရာ/ဆရာမအရေအတွက်နဲ့ကလေးတွေရဲ့လုံခြုံရေးစီစဉ်ထားရှိမှု စသဖြင့်မေးမြန်းရပါမယ်
❤️❤️❤️နောက်ဆုံးအနေနဲ့မှသာ သင်ကြားရေးကိုကြည့်ပါမယ် မူကြိုကလေးတစ်ယောက်အတွက်အရေးကြီးဆုံးက စာပေသင်ကြားရေးထက် ကလေးကိုချစ်ခြင်းမေတ္တာ၊စိတ်လုံခြုံမှုနဲ့နွေးထွေးပြီးမိသားစုနဲ့တူတဲ့ရပ်ဝန်းလေးမှာသာကြီးပြင်းစေဖို့အရေးကြီးတယ်လို့ တီချယ်ကတော့ထင်ပါတယ် ဒီအရွယ်ကလေးဆိုတာဘယ်ကျောင်းမှာတတ်ချင်ပါတယ်လို့မပြောတတ်ဘဲ ဖေဖေမေမေတွေထားတဲ့နေရာမှာသာနေရတာမို့ သေချာလေးရွေးချယ်နိုင်စေဖို့ ကိုယ်တိုင်လဲသမီးလေးမေမေဖြစ်လို့မိဘတစ်ယောက်နေရာကနေတွေးပြီး ဒီစာလေးကိုရေးလိုက်ရပါတယ်ရှင်
မိမိတစ်ယောက်တည်းရဲ့အမြင်ဖြစ်လို့ လိုအပ်ချက်များရှိကောင်းရှိနိုင်ပါတယ်ရှင့်
❤️ချစ်တဲ့
ကလေးတို့ဆရာမ❤️
28.5.2026(ကြာသပတေးနေ့)သည် “Eid”နေ့ဖြစ်သောကြောင့် ကျောင်း(၁)ရက်ပိတ်ပါတယ်ရှင်
22/05/2026
ကလေးများနှင့်ပတ်သတ်သော ပညာရေး၊ကျန်းမာရေးနှင့် ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများ၊ အထွေထွေအကြောင်းအရာများ ပြုလုပ်ဆောင်ရွက်မှုရှိ/မရှိ ခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများလာရောက်စစ်ဆေးပြီး လိုအပ်သည်များမှာကြားခြင်း
20/05/2026
မူကြိုစစထားခြင်း - မူကြိုစစထားချင်းမှာကလေးတိုင်းလိုလိုဖြစ်တတ်သောအခြေအနေလေးကိုဘယ်လိုလုပ်ပေးရင် အကူအညီရနိုင်မလဲဆိုတာ နည်းနည်းပြောပြပါရစေနော်။
မူကြိုမှာချက်ချင်းကျောင်းပျော်ဖို့ဆိုတာ ကလေးတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။
ကလေးတွေအတွက် ဘယ်လောက်ကောင်းမွန်တဲ့ အဆောက်အဦးကြီးဖြစ်နေပါစေ သူတို့ငယ်ငယ်ထဲက ပျော်ရွှင်ရင်းနှီးခဲ့တဲ့အိမ်လိုမျိုး ချက်ချင်းပျော်ရွှင်ဖို့ခက်ခဲပါတယ်။ပြီးတော့ ဘယ်လောက်နွေးထွေးပျူငှာတဲ့ဆရာမဖြစ်ပါစေ သူတို့ငယ်ငယ်ထဲက ချစ်ခင်တွယ်တာတဲ့သူတွေလို ချက်ချင်းရင်းနှီးဖို့မလွယ်ကူလှပါ။
ဒါကြောင့် နေရာသစ် လူအသစ် ပတ်ဝန်းကျင်အသစ် အရာအားလုံးအသစ်တွေ ဖြစ်နေတဲ့နေရာတစ်ခုမှာ မိဘတွေ အားကိုးရသူတွေမရှိဘဲ တစ်ယောက်ထဲနေခဲ့ရတဲ့ကလေးတစ်ယောက်ရဲ့ ပထမဆုံးအချိန်တွေဟာ တိုက်ပွဲတစ်ခုကိုရင်ဆိုင်ကြုံတွေ့နေရသလို ခက်ခဲလွန်းလှတာအမှန်ပါ။
ဒီအခြေအနေမှာ သူတို့လေးတွေရဲ့ အားငယ်စိတ် ကြောက်စိတ် အထီးကျန်စိတ် အိမ်လွမ်းစိတ်လေးတွေ အစုံပါပဲ တွေးရင်းဝမ်းနည်း မျက်ရည်ဝဲတတ်ကြပါတယ်။တချို့ကတော့ ငိုကြမယ်။တချို့ကြတော့ ပြဿနာရှာကြမယ်။အမျိုးမျိုးသော အခြေအနေတွေနဲ့ သူတို့မပျော်ရွှင်မှုတွေကိုဖော်ထုတ်ပြသတတ်ကြပါတယ်။
ဒါကတော့ သူတို့လေးတွေရဲ့လုပ်ပိုင်ခွင့်အပိုင်းပါ။ မေမေတွေနဲ့ မိသားစုတွေကို နည်းမျိုးစုံပြောပြီး မူကြိုမတက်ရဖို့ နည်းလမ်းတွေရှာပြီးပြောတတ်ကြပါသေးတယ်။ သူတို့လေးတွေအိမ်နဲ့မခွဲချင်ကြဘူးလေ။
ဒါကသူတို့ခံစားမှုအပိုင်းတွေ
* ခုပြောပြမှာက မေမေနှင့်မိသားစုတွေ ကြိုတင်ပြင်ဆင်ထားရမယ့်အပိုင်း
#သင့်ကလေးအသက် ၃နှစ်ပြည့်ပြီးနောက်ပိုင်းမှာတော့ မူကြိုထားဖို့အဆင်ပြေတဲ့ အရွယ်တစ်ခုလို့ပြောလို့ရနေပါပြီ။
#မူကြိုမပို့ခင် ကျောင်းမှာဆရာမတွေက ဘယ်လိုဂရုစိုက်မှာ ချစ်မှာဆိုတာရယ် သူငယ်ချင်းတွေရှိနေမှာရယ်။ တခြားကလေးတွေကို ဘယ်လိုမိတ်ဖွဲ့ရမယ်ဆိုတာလေးတွေရယ် စတဲ့အကြောင်းအရာလေးတွေကို ကြိုပြီးတော့ ပုံပြင်လေးတွေပြောပြထားပေးလို့ရပါတယ်။
#သူတို့လေးတွေကို မူကြိုမထားခင် ထားချင်တဲ့ မူကြိုကျောင်းတွေကို ကြိုတင်စုံစမ်းလေ့လာသုံးသပ်ပါ။ အကြိုက်ဆုံးကျောင်း ၂ကျောင်းလောက်ရွေးပြီး သူနှင့်အတူတူသွားလည်ပါ။လေ့လာပါ။ကျောင်းကိုမိတ်ဆက်ပါ။ ကလေးအကြိုက်ကိုရွေးခြယ်ပြီး သူရွေးခြယ်တဲ့ကျောင်းကိုတက်ပါစေ။
#သူတို့ရွေးခြယ်ထားတာဆိုရင်တောင်မှ အခက်အခဲလေးတွေရှိလာနိုင်ပါသေးတယ်။ ဥပမာ ကျောင်းမှာပထမနေ့ကမငိုဘူး။ နောက်ရက်မှမသွားချင်တော့လို့ငိုတာမျိုးပါ။
အဲ့ဒီလိုအချိန်မျိုးမှာ မေမေတွေအနေနဲ့ ကလေးကဘာကိုအဆင်မပြေဖြစ်တာလဲ မေးနိုင်ပါတယ်။ဖြေရှင်းချက် (ဥပမာ ကျောင်းမှာမအိပ်ချင်ဘူး။ သူငယ်ချင်းတွေကအရမ်းအသံဆူတယ်။)စသဖြင့်အဖြေရလာခဲ့ရင် ဆရာမနှင့်ဆွေးနွေးတိုင်ပင်ပါ။ တကယ်လို့ အကြောင်းပြချက်ကလေးကကောင်းကောင်းမပြပေးနိုင်ပါက သူကိုဆရာမတွေ၊သူငယ်ချင်းတွေနှင့်
သံယောဇဉ်တွယ်နိုင်စေဖို့ ရင်းနှီးစေဖို့ အချိန်ပေးရပါမယ်။ အနည်းဆုံး ၁ပါတ် အများဆုံး၁လလောက်ပါ။
#ဒါကြောင့်မူကြိုထားဖို့ ဆုံးဖြတ်ပြီးရင်တော့ စပို့ပြီးတဲ့နေ့ကစပြီး ပုံမှန်ပို့နိုင်ရန်ကြိုးစားပါ။ကလေးငိုလို့ ပျက်တောင်းပျက်တောင်းပို့ရင် ဆရာမတွေအနေနဲ့ ရင်းနှီးမှုယူရတာ ခက်ခဲတတ်ပါတယ်။
#ပို့ရတာခက်ခဲရင်လည်း ကြိုးစားပို့ပေးဖို့လိုပါတယ်။ သူ့ရဲ့လက်ကလေးမှာ အသည်းပုံလေး ဆွဲပေးလိုက်ပြီး မေမေ့ကိုယ်စားအဖော်ကလေးထည့်ပေးလိုက်တယ်ဆိုတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
#ဆရာမတွေကို ယုံကြည်ကြောင်း စိတ်ချကြောင်းပြသပါ။မိဘတွေအနေနဲ့ စိတ်ထဲစိုးရိမ်ပူပန်မှုတွေရှိနေရင် ကလေးအတွက် ကျောင်းပျော်ရန်ကြာတတ်ပါတယ်။
#မေမေတို့လည်း ငယ်ငယ်ကကျောင်းတက်ခဲ့ရပြီး သူငယ်ချင်းတွေနဲ့မခင်သေးတုန်း ခုလိုပဲ အိမ်ကိုသတိရခဲ့ဖူးကြောင်းပြောပြနိုင်ပါတယ်။ ကျောင်းမှာ တဖြည်းဖြည်းနဲ့ ပျော်လာမှာဖြစ်တဲ့အကြောင်းပြောပြပါ။
#ကလေးတွေကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ဆိုတာ မိဘတွေသူတို့ဘယ်လောက်ထိ ယုံကြည်လက်ခံပေးတယ်ဆိုတာပေါ်မှာလည်း မူတည်ပါတယ်။သား/သမီးလုပ်နိုင်တယ်လို့
များများပြောပေးပါ။
#ကလေးကို တနေ့တာကျောင်းမှာ ဘာလုပ်ရတာ အကြိုက်ဆုံးလဲ။အပျော်ဆုံးလဲမေးမေးပေးပါ။ သူ့မှာဖြေဖို့စကားလုံးတွေရှိနေခဲ့ရင် သေချာတယ် သူမကြာမီမှာကျောင်းပျော်လာတော့မှာပါ။
#ကလေးတွေဟာ မိသားစုတစ်စုချင်းစီတိုင်းရဲ့ အလေးပေးခံရသူတွေဖြစ်ကြတဲ့အတွက် ကျောင်းရောက်ရောက်ချင်းအများနဲ့ နေရတာသူတို့အတွက်ခက်ခဲပါသေးတယ်။
#ပြီးတော့ မူကြိုမှာ Sharing လုပ်တတ်ဖို့အချိန်ယူရပါမယ်။မူကြိုထားစမှာ ကလေးနှင့်
မူကြိုပတ်ဝန်းကျင်ရင်းနှီးမှု ရလာစေဖို့က ပထမဆုံးအရေးကြီးဆုံးအချက်ပါ။ တခြားသင်ယူရန်ကိစ္စအချို့အတွက် အချိန်ယူရပါဦးမည်။ မလောစေချင်ပါ။
ဘယ်လိုဘဲဖြစ်ဖြစ် မိမိရဲ့သားသမီး
တစ်ယောက်တကယ်ပဲ ဝမ်းနည်းပြီးငိုနေရင် မိဘတိုင်းရဲ့ရင်ထဲမှာ ဘယ်လောက်တောင်ခံရခက်တယ်ဆိုတာ မေမေတစ်ယောက်အနေနှင့် ကျွန်မကိုယ်ချင်းစာပါတယ်။
ဒါကြောင့်အရာရာတိုင်းမှာ အချိန်တစ်ခုပေးရပါမယ်။
ခုကျောင်းပို့ နောက်နေ့ကျောင်းပျော်တဲ့ ကလေးမရှိသလောက်ရှားလှပါတယ်။
မေမေများအားလုံး မူကြိုအစောပိုင်းကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေရှင်❤️
🙏မူရင်းရေးသားသူအားလေးစလေးစားစွာဖြင့်🙏
မူရင်းရေးသားသူအား လေးစားလျက် 😊
12/05/2026
Nursery 1,2 & pre-k
Coloring activity & tracing
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No-(33/34), Min Ye’ Kyaw Swar Street, Yone Taw (Pagosu)Qr
Thanlyin