Yaung Zin Private School

Yaung Zin Private School ``လူချွန်လူမွန် ဖြစ်စေဖို့ ရောင်စဉ်ကျောင်းကို လှမ်းကြစို့``

၂၂.၅.၂၀၂၅ရောင်စဥ်ကိုယ်ပိုင်ကျောင်း၏ကျောင်းအပ်လက်ခံနေမှုမှတ်တမ်းပုံများရောင်စဥ်ကိုယ်ပိုင်ကျောင်းအောင်သာယာရပ်၊သံဖြူဇရပ်မြိ...
22/05/2025

၂၂.၅.၂၀၂၅
ရောင်စဥ်ကိုယ်ပိုင်ကျောင်း၏
ကျောင်းအပ်လက်ခံနေမှု
မှတ်တမ်းပုံများ
ရောင်စဥ်ကိုယ်ပိုင်ကျောင်း
အောင်သာယာရပ်၊သံဖြူဇရပ်မြို့။
စုံစမ်းဆက်သွယ်လိုပါက
☎️09255911798

ဓာတ်ပြုနှုန်းအား လေ့လာခြင်းရောင်စဥ် (ကပက)အောင်သာယာရပ်၊သံဖြူဇရပ်မြို့။
26/09/2024

ဓာတ်ပြုနှုန်းအား လေ့လာခြင်း
ရောင်စဥ် (ကပက)
အောင်သာယာရပ်၊
သံဖြူဇရပ်မြို့။

ရောင်စဥ် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ကျောင်းကောင်စီဥက္ကဌဖလား ဖူဆယ်ဘောလုံးပြိုင် ဗိုလ်လုပွဲ        အနော်ရထား  နဲ့   ...
22/09/2024

ရောင်စဥ် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း
ကျောင်းကောင်စီဥက္ကဌဖလား ဖူဆယ်ဘောလုံးပြိုင် ဗိုလ်လုပွဲ
အနော်ရထား နဲ့ ဘုရင့်နောင်
၆. ၁.

ယနေ့ ကိုယ်ပိုင်အထက်တန်းကျောင်းရောက်စဥ်ကျောင်းကောင်စီ ဖူဆယ်ဘောလုံးပြိုင်ပွဲ     အနော်ရထာ       ကျန်စစ်သား              ၄....
13/09/2024

ယနေ့ ကိုယ်ပိုင်အထက်တန်းကျောင်းရောက်စဥ်
ကျောင်းကောင်စီ ဖူဆယ်ဘောလုံးပြိုင်ပွဲ
အနော်ရထာ ကျန်စစ်သား
၄. ၂.

ရောင်စဥ် ကိုယ်ပိုင်ကျောင်းကျောင်းကောင်စီ ဖူဆယ်ဘောလုံးပြိုင်ပွဲ          ယနေ့ဘုရင့်နောင် နဲ့ အလောင်းဘုရား       ၁.       ...
13/09/2024

ရောင်စဥ် ကိုယ်ပိုင်ကျောင်း
ကျောင်းကောင်စီ ဖူဆယ်ဘောလုံးပြိုင်ပွဲ
ယနေ့
ဘုရင့်နောင် နဲ့ အလောင်းဘုရား
၁. ၀.

ရောင်စဥ်ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီဥက္ကဌဖလား မိုးရာသီ ဘော်လုံးပြိုင်ပွဲ ဖ...
09/09/2024

ရောင်စဥ်ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီဥက္ကဌဖလား မိုးရာသီ ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နှင့် ပွဲစဥ် (၁) အနော်ရထာအသင်း နှင့် ဗန္ဓုလအသင်းတို့ အောက်ပါအစီအစဥ်အတိုင်း ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်သောကြောင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ကျောင်းရှိ ကျောင်းသားကျောင်းသူများ၊ကျောင်းသားမိဘများနှင့် ဘော်လုံးဝါသနာရှင် မိဘပြည်သူများ လာရောက်အားပေးနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်ပါသည်။

ကျောင်းကောင်စီဖလားဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲပွဲစဥ်(၁)တွင်လိမ္မော် ၅ အနီ ၃ နှင့် လိမ္မော်အသင်းအနိုင်ရရှိခဲ့ပြီးပွဲစဥ်(၂)တ...
18/09/2023

ကျောင်းကောင်စီဖလား
ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲ
ပွဲစဥ်(၁)တွင်
လိမ္မော် ၅ အနီ ၃ နှင့် လိမ္မော်အသင်းအနိုင်ရရှိခဲ့ပြီး
ပွဲစဥ်(၂)တွင်
အပြာ ၃ အစိမ်း ၁ ဖြင့် အပြာအသင်းအနိုင်ရရှိခဲ့ပါသည်
ရောင်စဥ်ကိုယ်ပိုင်ကျောင်း
အောင်သာယာရပ်
သံဖြူဇရပ်မြို့
09255911798

01/08/2023

ငှက်ပျောခိုင်နဲ့ လူငယ်လေး

ငှက်ပျောခိုင်ကြီး သယ်လာတဲ့ လူငယ်လေးကို တွေ့တော့ ပိန်လှီဖျော့တော့နေတဲ့ အဘိုးကြီးက '' အဘိုး အရမ်းဗိုက်ဆာနေလို့ ငှက်ပျောသီး နည်းနည်းလောက် ရနိုင်မလားကွယ်''လို့ မေးလိုက်တယ်။

လူငယ်လေးက ငှက်ပျောခိုင်ကို ချပြီး ငှက်ပျောသီး ၃ လုံး ဖြုတ်ပေးလိုက်တယ်။ ဒါပေမဲ့ အဘိုးကြီးက ဝမ်းသာအားရမရှိဘဲ မျက်မှောင်ကြုပ် ကြည့်ပြီး '' မှည့်မှ မမှည့်သေးတာ၊ ငါက ဘယ်လို စားရမှာလဲကွ''လို့ ပြောလိုက်တယ်။

လူငယ်လေးလည်း အားနာသွားပြီး '' အိမ်မှာတော့ ငှက်ပျောသီးမှည့်တွေ ရှိပါတယ် အဘ။ ကျွန်တော် သွားယူလိုက်ပါ့မယ်။ ခဏစောင့်နေပေးပါ''လို့ ဆိုတယ်။
'' အေး ဒါဆိုလည်း မြန်မြန်သွားယူချေကွာ''

ခဏကြာတော့ ငှက်ပျောသီးမှည့် ၃ လုံးယူပြီး လူငယ်လေး ပြန်ရောက်လာတယ်။ ငှက်ပျောသီးမှည့် ၃ လုံး ရတော့လည်း အဘိုးကြီးမျက်နှာက သုန်မှုန်နေတုန်းပဲ။

'' ဖြစ်ပုံများကွာ။ အမှည့်လွန်နေတာတွေကို ငါ ဘယ်လို စားမှာလဲကွ။ သက်ကြီးရွယ်အိုတွေက အမှည့်လွန်တာတွေနဲ့ မတည့်ဘူးဆိုတာ မင်း သိသင့်တာပေါ့''

'' အဆင်ပြေအောင် မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ရပါတယ် အဘ။ အဘ ကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ'' လို့ လူငယ်လေးက စိတ်ရှုပ်စွာ မေးလိုက်တယ်။

'' စောနက ငှက်ပျောသီး အစိမ်းတွေပဲ ယူခဲ့တော့ကွာ။ မြန်မြန်လုပ်။ ငါ့ခြေထောက်တွေ နာနေပြီ''လို့ အဘိုးကြီးက လေသံမာမာ ပြောလိုက်တယ်။

မိနစ်ပိုင်းအတွင်း လူငယ်လေး ပြန်ရောက်လာပေမဲ့ အဘိုးကြီးကတော့ ဒေါပွနေတယ်။ '' မင်း တော်တော်နှေးတာပဲကွ။ ငါ အဆာလွန်သွားပြီ။ မစားတော့ဘူး။ မင်း ငှက်ပျောသီးတွေ ပြန်ယူသွားတော့''လို့ ပြောလိုက်တယ်။ လူငယ်လေးလည်း စိတ်ပျက်သွားတယ်။

ဒါပေမဲ့ အဘိုးကြီး မျက်နှာက ပြုံးယောင်သန်းလာပြီး သူ ဆက်ပြောတဲ့ စကားတွေကြားမှ လူငယ်လေးလည်း အံ့အားသင့်သွားတယ်။

'' ဘဝရဲ့ အဖိုးတန်ဆုံးသင်ခန်းစာတွေကို သင်ပေးရုံနဲ့ မတတ်ဘူး လူလေး။ ကိုယ်တိုင်ကြုံဖူးမှ နားလည်တာ။ မင်းက အဘအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ငှက်ပျောသီးတွေကိုချည်း ပေးခဲ့တာပါ။ ဒါပေမဲ့ ငါ့စိတ်က မကျေနပ်နိုင်ဘူးလေ။ ဘဝမှာ လူတွေရဲ့ လိုဘမပြည့်မှုကြောင့် မင်းကိုယ်မင်း ငါ ဘာမှ လုပ်နိုင်စွမ်းမရှိပါလားလို့ ထင်ရတဲ့ အခိုက်အတန့်တွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ ကြိုးစားသည်ဖြစ်စေ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာတော့ သိထားဖို့လိုမယ်။ မင်းရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ စိတ်ကို ပျက်ပြားစေပြီး ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်ဆီသွားဖို့ သတ္တိကိုပါ ပျောက်ရှသွားစေနိုင်တယ်။ မင်းက လူတွေ နင်းလျှောက်လို့ရအောင် ခန္ဓာကိုယ်ကို တံတားတစ်စင်းလို မြေပေါ်ခင်းပေးထားရင်တောင် ညီညီညာညာ မရှိလိုက်တာကွာလို့ စောဒက တက်ကြဦးမှာပဲ။ ဒါကြောင့် လူတွေ ကျေနပ်ဖို့ ကိုယ့်ဘဝကို အစတေးမခံပါနဲ့။ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ နေထိုင်ပြီး ကိုယ်မှန်မယ်ထင်တာပဲ လုပ်ပါ''

Ref: Chima_Dickson

Team ( ရိုးရာလေး)

30/07/2023

ဆုပ်ကိုင်မထားသင့်တဲ့ ဘူး (၅) ဘူး

- မသိဘူး
- မလုပ်တတ်ဘူး
- ဝါသနာမပါဘူး
- မလုပ်ရဲဘူး
- မရှိဘူး

ဒါ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို
ကြားဖူးနေကြတဲ့ "ဘူး" တွေပေါ့

ပညာရေး/ စီးပွါးရေး/ လူမှုရေးကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ...

ဒီ "ဘူး" တွေကို ...

အကုန်လုံးမဟုတ်တောင် တစ်ခုမဟုတ်တစ်ခုတော့ လွယ်လွယ်လေးပြောတတ်ကြတယ်

အဲ့ဒီ ဘူး(၅)ဘူး က ...
ကြိုးစားလိုစိတ်မရှိတဲ့သူတွေရဲ့ ဆင်ခြေတွေ.

သိပ်အပြောလွယ်သလို လူသက်သာစေတဲ့
ဆင်ခြေတွေပေါ့

ဒါပေမယ့် အဲ့ဒီလို အလွယ်ပြောလိုက်တဲ့
ဆင်ခြေတွေက ...
ဆင်ခြေမပေးတတ်သူတွေထက် . ကိုယ့်ဘဝကို ... ခြေလှမ်းတွေ နောက်ကျစေတတ်ပါတယ်

ဒီတော့ ...
ကိုယ့်ဘဝတိုးတက်စေမယ့်အရာဆိုရင် ...
✅ မသိရင် သိအောင်လုပ်ပါ
✅ မလုပ်တတ်ရင် လုပ်တတ်အောင်လေ့လာပါ
✅ ဝါသနာမပါရင် ဝါသနာပါလာအောင် ကြိုးစား
ကြည့်ပါ
✅ မလုပ်ရဲရင် သတ္တိမွေးပါ
✅ မရှိသေးရင် ရှိအောင်ရှာပါ

အပေါ်မှာ ပြောထားတဲ့ ဘူး(၅) ဘူးကို ကြိုးစားပြီး ရှောင်ကြည့်ပါ
ရှောင်နိုင်လေ ကိုယ့်ဘဝတိုးတက်လေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်

ချစ်စွာဖြင့်❤️
ပြန်လည်မျှဝေခြင်းပါ

She Angel

၅ ဘာသာ ဂုဏ်ထူးရှင် မောင်ကျော်ကျော်ဉီး၄ ဘာသာ ဂုဏ်ထူးရှင် မောင်အောင်အောင်ပြည်နယ် (Top 10)ပြည်နယ်ခန်းမမှာ ဆုလက်ခံ တတ်ရောက်ယ...
28/07/2023

၅ ဘာသာ ဂုဏ်ထူးရှင် မောင်ကျော်ကျော်ဉီး
၄ ဘာသာ ဂုဏ်ထူးရှင် မောင်အောင်အောင်
ပြည်နယ် (Top 10)
ပြည်နယ်ခန်းမမှာ ဆုလက်ခံ တတ်ရောက်ယူခဲ့နိုင်ကြပါတယ်
ရောင်စဥ် ကပက မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်
၂၈.၇.၂၀၂၃

သွေးလွန်တုတ်ကွေး ရောဂါ ကာကွယ်တားဆီးရေး ပညာပေးဟောပြောပွဲ ကျောင်းအုပ်ကြီးမှ ဟောပြောဆွေးနွေး မှာကြားခြင်းရောင်စဥ် ကပက092559...
11/06/2023

သွေးလွန်တုတ်ကွေး ရောဂါ ကာကွယ်တားဆီးရေး
ပညာပေးဟောပြောပွဲ
ကျောင်းအုပ်ကြီးမှ ဟောပြောဆွေးနွေး မှာကြားခြင်း
ရောင်စဥ် ကပက
09255911798

Address

မင်းရဲကျော်စွာ လမ်းသွယ်(၃)၊ အောင်သာယာရပ်၊ သံဖြူဇရပ်မြို့။
Thanbyuzayat
12091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959255911798

Alerts

Be the first to know and let us send you an email when Yaung Zin Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yaung Zin Private School:

Shortcuts

Share

Category