Learn GED with G-Owls

Learn GED with G-Owls We teach GED course, basic English 4skills and other educational services.

🪩🪩 နိုင်ငံခြားမှာ တက္ကသိုလ်ဆက်တက်ချင်တယ် ဘယ်ကစရမှန်းမသိဘူး 🪩🪩ယခုခေတ် လူငယ်အများစုရဲ့ အိမ်မက်က Ranking မြင့်တဲ့ အပြည်ပြည်...
07/11/2024

🪩🪩 နိုင်ငံခြားမှာ တက္ကသိုလ်ဆက်တက်ချင်တယ် ဘယ်ကစရမှန်းမသိဘူး 🪩🪩

ယခုခေတ် လူငယ်အများစုရဲ့ အိမ်မက်က Ranking မြင့်တဲ့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကြီးတွေက ဘွဲ့ရပြီး Global Citizen အဖြစ် နိုင်ငံတကာမှာ လှည့်လည် အလုပ်အကိုင်လုပ်ကာ ကြီးပွားချမ်းသာဖို့ပဲ၊

ဒါပေမဲ့ ဘယ် လမ်းကြောင်း Pathway က သွားရမှန်းမသိဖြစ်နေတယ်။ အာမခံချက် ရှိရဲ့လားလည်း ဆိုးရိမ်ကြပါတယ်။

ဒါဆိုရင် ဘယ်က စလုပ်ရမလဲ? လွယ်ပါတယ်!

အရင်ဆုံး အမေရိကန် ၁၂ တန်း GED -General Education Development အရင် အောင်မြင်အောင် ကြိုးစားလိုက်ပါနော်၊ GED အောင်ရင် အမေရိကန်ရဲ့ အထက်တန်း/ တက္ကသိုလ်ဝင် စာမေးပွဲ အောင်တာနဲ့ အတူတူပါပဲ။ နိုင်ငံတကာက အသိအမှတ်ပြုပါတယ်။

၈ တန်း အရွယ်မှ ၁၂ တန်း အရွယ်တွေ ဒါမှမဟုတ် ကျောင်းပြင်ပ ရောက်လူငယ်တွေ တက်သင့်တယ်။

စာကို နှုတ်တိုက် အလွတ်ကျက်မှတ်ရသည့် စနစ်မဟုတ်ပဲ နားလည်မှုကို အခြေခံ၍ စဉ်းစားတွေးခေါ်နိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်လို့ စာကျက်ရမှာ မကြိုက်တဲ့ ကျောင်းသားတွေအတွက် ကွက်တိပဲပေါ့။

စာလေ့လာရတဲ့ ကာလက ၅ လမှ ၁ နှစ်လောက်သာ ကြာမယ်။ ကြာချိန်က ကျောင်းသားအပေါ်မှာ မူတည်တယ်။ GED အောင်ရင် American, Australia, Canada, England အပါအဝင် Thailand, Singapore, Malaysia, India နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ရာခိုင်နှုန်းကျော်မှာ တက္ကသိုလ် ပထမနှစ် တက်လို့ရပြီ။

အဲ့ဒိတော့ ပထမအဆင့် GED ကို အရင် အောင်မြင်အောင်ဖြေဆိုပြီး ဒုတိယ အဆင့် English Language skills စစ် စာမေးပွဲတွေတွက် ပြင်ဆင်၊ ဥပမာ - IELTS, TOFEL and Duolingo ၊ ဒါပြီးရင် ကျောင်းလျှောက်ပေါ့။

ဒါပြီးရင်လည်း Passport နဲ့ Education Visa လျှောက်ပါ။ ကျောင်းလျှောက်တဲ့ အခါ အဆင်ပြေဖို့က ကိုယ်နဲ့ ရည်ရွယ်ချက် တူတဲ့ GED ဖြေတဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ပါ။ အချင်းချင်း အချက်အလက်မျှဝေပါ။ Education Consultant တွေနဲ့ ချိတ်ဆက် နိုင်ပါတယ်။ နိုင်ငံတကာ ပညာရေး ပွဲတော် International Education Event မှာ လေ့လာပါ။ အဲ့ဒိမှာ Resource တွေ အများကြီးရှိပါတယ်နော်။

ဒါဆိုရင်တော့ ဘယ်က စရမယ်မှန်း သိလောက်ရောပေါ့နော်။

အခမဲ့ ပညာရေး အတိုင်ပင်ခံအတွက်ဆိုရင် ၀၉၄၀၀၃၇၈၇၁၁ သို့ ၀၉၉၈၆၁၈၁၃၂၄ ကို ဖုန်းဆက်မေးပါ။

Our creativities bring you the heart of victory.

ဆန္ဒမွန်ဖြင့်
G-Owls Team

💙💙 အထက်တန်း အရွယ်လူငယ်များအတွက် နိုင်ငံတကာ အဆင့်မြင့် ပညာရေး လမ်းကြောင်း 💙💙လူငယ်များက နိုင်ငံတကာ တက္ကသိုလ်များကို တက်ချင...
04/11/2024

💙💙 အထက်တန်း အရွယ်လူငယ်များအတွက် နိုင်ငံတကာ အဆင့်မြင့် ပညာရေး လမ်းကြောင်း 💙💙

လူငယ်များက နိုင်ငံတကာ တက္ကသိုလ်များကို တက်ချင်ကြပါတယ်။ ဒါပေမဲ့ ဘယ် Pathway က သွားရမှန်းမသိ ဖြစ်နေကြပါတယ်။

အထူးသဖြင့် ၈ တန်းကနေ ၁၂ တန်း အရွယ် နဲ့ ကျောင်းပြင်ပ ရောက်လူငယ်များ အတွက်ပေါ့။

ဒါဆိုရင် GED Course (American Grade 12) လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါက အမေရိကန် အစိုးရက ပြုလုပ်ပေးတဲ့ အမေရိကန် ၁၂ တန်း အဆင့် ပညာရေးပါ။

စာမေးပွဲဖြေဆိုလို့ အောင်ရင် နိုင်ငံတကာက တက္ကသိုလ်တွေမှာ ပညာဆက်လက် သင်ယူလို့ရပါတယ်။

စာကလည်း အရမ်းမခက်သလို စာလေ့လာတဲ့ ကာလလည်း တိုပါတယ်။ ဘာသာရပ်က RLA (အင်္ဂလိပ်)၊ သင်္ချာ၊ သိပ္ပံ နဲ့ Social Studies ဆိုပြီး (၄) ဘာသာရှိပါတယ်။ တစ်ဘာသာ အတွက် အမှတ် ၂၀၀ ပေးထားပါတယ်။

စာမေးပွဲက ကိုယ်ကြိုက်တဲ့ အချိန်မှာ စာရင်းပေးပြီး ဖြေဆိုရတယ်၊ ကိုယ်စာရမှ (၁) ဘာသာချင်း စာရင်းပေးပြီးဖြေရတာ။ လွတ်လပ်တာပေါ့။ စာမေးပွဲကြေးကတော့ ပေးရတယ်။ (၁) ဘာသာ ဒေါ်လာ ၈၀ ပါ။ လွယ်လားမေးရင် နည်းလမ်းသိရင် လွယ်ပါတယ်။ စာကျက်ရတာ မကြိုက်တဲ့ လူငယ်တွေအတွက် အဆင်ပြေတယ်။ စာသိပ်ကျက်စရာမလိုဘူး။ စာဖတ် Skill နဲ့ ဉာဏ်ကို လွှာသုံးရတာ။

Self-study လည်း လေ့လာလို့ရသလို သင်တန်းကျောင်းတွေလည်းရှိပါတယ်။ အိမ်မှာ နေရင်း Online နဲ့ သင်တာ တွေလည်းရှိတယ်။ သိပ်ပြီး စာမလိုက်နိုင်သေးဘူး ထင်ရင်လည်း Pre-GED ကနေစတက်လို့ရတယ်။

ကဲ ဒါဆို GED ဆိုတာ ဘာလဲအသေအချာ သိချင်ရင် page လေးကို follow and Like ပေးပြီး လေ့လာလိုက်ပါ။ အသေးစိတ် သိချင်တာ ရှိလည်း မေးပါ ဖြေပေးပါမယ်။ အားမနာနဲ့နော်။

ဖုန်းက ၀၉၄၀၀၃၇၈၇၁၁ နဲ့ ၀၉၉၈၆၁၈၁၃၂၄ ပါ။

အောင်မြင်ထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်ပါစေ။

Our creativities bring you the heart of victory.

ဆန္ဒမွန်ဖြင့်
G-Owls Team

လမ်းပျောက်တယ် မပြောပါနဲ့ လူငယ် ခေတ်ကာလ အခြေအနေအရ လူငယ်တွေရဲ့ ပညာရေးက ရပ်တန့်နေတယ်၊ ပညာ ဆက်မသင်ပဲ အလုပ်ထဲရောက်တဲ့သူက ရောက...
02/11/2024

လမ်းပျောက်တယ် မပြောပါနဲ့ လူငယ်

ခေတ်ကာလ အခြေအနေအရ လူငယ်တွေရဲ့ ပညာရေးက ရပ်တန့်နေတယ်၊

ပညာ ဆက်မသင်ပဲ အလုပ်ထဲရောက်တဲ့သူက ရောက်၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူက လုပ်၊ အပေါင်းအသင်းတွေနဲ့ ဝေလေလေ လုပ်တဲ့သူကလုပ်၊ စာလုပ်ရမည့် အရွယ်မှာ စာမလုပ်တော့ပဲ အပြင်စိတ်တွေ များနေတယ်၊

ဒါပေမဲ့ ယခုလို နည်းပညာခေတ်ကြီးထဲ နိုင်ငံတကာက လူငယ်တွေ ကြိုးစားနေကြတဲ့ အချိန်မှာ ကိုယ်ပညာရေး နောက်ကျ မကျန်ခဲ့ဖို့တော့ လိုတာပေါ့။

အဲ့ဒါဆို ဘာလို လုပ်ရမှာလဲ

အဖြေက လွယ်ပါတယ်။ ပညာရေးက တစ်လမ်းတည်း ရှိတာမှာမှ မဟုတ်ပဲ။ မြန်မာ နိုင်ငံမှာ ၁၂ တန်းက တက္ကသိုလ် ဝင်စာမေးပွဲ ဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာ က လက်ခံတဲ့ အမေရိကန် ၁၂ တန်း - General Education Development (GED) Course ကို တက်ပြီး နိုင်ငံခြားမှာ တက္ကသိုလ် ပထမနှစ် ဆက်တက်လို့ ရသလို၊ England နိုင်ငံက ၁၂ တန်း ဖြစ်တဲ့ The International General Certificate of Secondary Education (IGCSE) ကိုလည်း ဆက်တက်ပြီး နိုင်ငံတကာ တက္ကသိုလ် တွေ ဆက်တက်လို့ရတယ်။

ဒါဆို သင့်ပညာရေးအတွက် သိန်းငှက်တစ်ကောင်လို အဆုံးအစမဲ့တဲ့ ပညာရေး လမ်းကြောင်းမှာ ပျံသန်းလို့ရပြီပေါ့။

GED ရဲ့ အားသာချက်က စာလေ့လာချိန်တိုပြီး မြန်မြန် ၁၂ တန်းအောင်တယ်၊

IGCSE ရဲ့ အားသာချက်က ကိုယ်ကြိုက်တဲ့ ဘာသာရွေးလို့ရတယ်။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ဇွဲသတ္တိရှိဖို့သာပဲလိုတာပါ။

ကဲဘယ်လိုလဲ ပျံသန်းချင်ပြီလား။

သိချင်တာရှိရင် ဒီ Page ကို follow လုပ်ပြီး Content တွေကို သေးစိတ် ဖတ်ကြည့်ပါ။

အခမဲ့ ပညာရေး အတိုင်ပင်ခံအတွက်ဆိုရင် ၀၉၄၀၀၃၇၈၇၁၁ သို့ ၀၉၉၈၆၁၈၁၃၂၄ ကို ဖုန်းဆက်မေးပါ။ ပြန်ဖြေပေးမယ်။

Our creativities bring you the heart of victory.

ဆန္ဒမွန်ဖြင့်
G-Owls Team

💜💜💜 အခြေခံပညာအဆင့်မှာ ရပ်တန့်နေတဲ့ လူငယ်များအတွက် GED ခေါ် အမေရိကန် ၁၂ တန်း တက်ရောက်ဖြေဆိုပြီး နိုင်ငံခြားမှာ တက္ကသိုလ်ဆ...
29/10/2024

💜💜💜 အခြေခံပညာအဆင့်မှာ ရပ်တန့်နေတဲ့ လူငယ်များအတွက် GED ခေါ် အမေရိကန် ၁၂ တန်း တက်ရောက်ဖြေဆိုပြီး နိုင်ငံခြားမှာ တက္ကသိုလ်ဆက်တက်မယ် 💜💜💜

💜 အချို့က ကျောင်းထွက်လိုက်ပြီဆိုရင် ပညာရေးက ရပ်သွားပြီလို့ထင်ကြပါတယ်

💜 အဖြေက No! No! No! ယနေ့ခေတ်မှာ ရွေးချယ်စရာတွေက အများကြီးရှိပါတယ်။ အဲ့ဒိ ရွေးချယ်စရာတွေထဲမှာမှ နံပါတ် (၁) GED ပဲ ရွေးမလား နံပါတ် (၂) IGCSE ပဲရွေးမလား ရပါတယ်။ အခြား ရွေးချယ်စရာတွေလည်း ရှိပါသေး တယ်။

💜 GED ဆိုတာ အမေရိကန် အစိုးရက ချီးမြှင့်တဲ့ ၁၂ တန်း အောင်လက်မှတ်။ သင်တန်းကာလ (၇) လ လောက်ကြာမြင့်မယ်။ ကျောင်းထွက် လက်မှတ်မလိုဘူး။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း အရွယ် ကျောင်းသား အားလုံး တက်လို့ရတယ်။ သင်ကြားရမည့်ဘာသာတွေက English, Maths, Science နဲ့ Social Studies တို့ဖြစ်တယ်။ အောင်ရင် ပြည်တွင်း/ ပြည်ပ မှာ တက္ကသိုလ် ဆက်တက်လို့ရတယ်။ အောင်လက်မှတ်ကို နိုင်ငံအများစုက လက်ခံတယ်။

💜 IGCSE ကတော့ UK အစိုးရက ချီးမြင့်တဲ့ ၁၂ တန်း အောင်လက်မှတ်။ သင်တန်းကာလ (၁) နှစ်ခွဲလောက်ကြာမြင့်မယ်။ ကျောင်းထွက် လက်မှတ်မလိုဘူး။ အထက်တန်း အရွယ်တွေ အားလုံးတက်လို့ရတယ်။ ဘာသာရပ်တွေက စုစုပေါင်း ၆၀ ကျော်လောက်ရှိတယ်။ ကိုယ်ကြိုက်တာ ၆ ဘာသာ ရွေးတက်ရတာ။ အောင်ရင် သူလည်း ပြည်တွင်း/ ပြည်ပ တက္ကသိုလ် အားလုံးနီးပါး လက်ခံတယ်။ ထူးခြားချက်က ကိုယ်ကြိုက်တဲ့ ဘာသာ ရွေးလို့ရတာပဲ။ ရည်မှန်းထားတဲ့ တက္ကသိုလ် Major ရှိရင်တော့ သူ့ကိုရွေး။

💜 ဒါတွေအောင်ရင်ရော နိုင်ငံခြားတက္ကသိုလ်တွေ ဘယ်လို ချိတ်ဆက်ရမလဲ။ အဲ့ဒါအတွက်လည်းမပူနဲ့ အဆက်အသွယ်တွေ အများရှိတယ်။ ပိုက်ဆံမကုန်တဲ့ နည်းတွေလည်း ရှိပါတယ်။ ပညာသင်ဆု လျှောက်တဲ့ နည်းတွေလည်းရှိပါတယ်။

ကဲ ဘယ်လိုလဲ။ ပညာရေးက ရပ်တန့််မနေတော့ဘူးမဟုတ်လား?

💜 အောင်မြင်မှု သရဖူ ဆောင်းဖို့ကတော့ လူငယ်တွေ တာဝန်နော်။

သိချင်တာရှိရင် Messenger Box မှာ Message ချန်ထားလိုက်။ ဒါမှမဟုတ် ဖုန်းနံပါတ် 09400378711 နဲ့ 09986181324 ကို ဖုန်းဆက်လိုက်နော်။ Free ပဲ မေးလို့ရပါတယ်။ သေသေချာချာ ရှင်းပြပါမယ်။

Our Creativities bring you the heart of victory.

ဆန္ဒမွန်ဖြင့်
G-Owls Team

Christmas မှာ ပျော်ရွှင်စရာတွေ ပြည့်နှက်နေပါစေ..
25/12/2023

Christmas မှာ ပျော်ရွှင်စရာတွေ ပြည့်နှက်နေပါစေ..

ပြည်ပ တက္ကသိုလ် လျှောက်ထားရာတွင် လိုအပ်ချက်များပထမဆုံး အထက်တန်းအောင်လက်မှတ် High school transcripts ရထားရပါမယ် ဥပမာ- GED...
10/12/2023

ပြည်ပ တက္ကသိုလ် လျှောက်ထားရာတွင် လိုအပ်ချက်များ

ပထမဆုံး အထက်တန်းအောင်လက်မှတ် High school transcripts ရထားရပါမယ် ဥပမာ- GED, IGCSE သို့မဟုတ် SAT စသည်ဖြင့်ပေါ့၊ အထက်တန်း အောင်လက်မှတ်က GED ဆိုရင် အချို့ (၃) လလောက်နဲ့ အချိန်ယူပြီး အောင်မြင်တာ ရှိသလို၊ အချို့ (၁) နှစ်လောက် အချိန်ယူရတယ်၊ IGCSE ဆိုရင်တော့ (၁) နှစ်ခွဲ၊ (၂) နှစ်လောက် အချိန်ယူတယ် ဘယ်ဟာ ပိုကောင်းလဲ ဆိုရင်တော့ ကိုယ်ရွေးချယ်မဲ့ တက္ကသိုလ် နိုင်ငံတွေ အပေါ်မှာမူတည်တယ်

နိုင်ငံကူး လက်မှတ် (ခေါ်) Passport ကို ကြိုတင်လျှောက်ထားရန် လိုပါမယ် Online မှ QR Code ဖြင့် ရက်ချိန်းရယူစေပြီး သတ်မှတ်ထားသည့် နေ့ရက်/အချိန်တို့တွင် သွားရောက် လျှောက်ထားနိုင်ပါတယ်၊ ရက်ချိန်းနေ့မှာ အဓိက ယူသွားရမှာတော့ မှတ်ပုံတင် မူရင်း/ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း/ မိတ္တူနဲ့ ရက်ချိန်းယူထားတဲ့ QR Code တို့ကို ယူသွားဖို့လိုပါမယ်

CV Form ကိုယ်ရေး ရာဇဝင် ရေးရပါမယ် သင့်ရဲ့ အချက်အလက်များ၊ Educational Background၊ သင်ရရှိခဲ့တဲ့ သင်တန်းလက်မှတ်များ၊ သင်စိတ်ဝင်စားသည့် ဘာသာရပ်များ၊ သင့်ရဲ့ အတွေ့အကြုံများ၊ သင့်ရဲ့ ကျွမ်းကျင်မှုများ၊ ထူးချွန်မှုများ ထည့်ရေးရမှာဖြစ်ပါတယ် သင့်ရဲ့ ခန့်ညား လှပတဲ့ ပတ်စပို့ ဓါတ်ပုံလေး ထည့်လိုက်ရင်တော့ ပိုပြီး လူကြိုက်တာပေါ့

Letters of Recommendation, လျှောက်ထားသူ တက်ခဲ့တဲ့ ကျောင်း၊ သင်ယူခဲ့ဖူးတဲ့ ဆရာ/ဆရာမများ၊ ကျောင်းအုပ်ကြီး၊ အားကစားနည်းပြ (သို့မဟုတ်) ဂီတဆရာများ မှ ထောက်ခံပေးလို့ရတဲ့ Academic Recommendation လိုပါတယ်၊ အလုပ်ရှိသူ ဆိုရင်တော့ အလုပ်က အထက်အရာရှိ၊ သူဌေး စတဲ့သူတွေ ထောက်ခံပေးဖို့လိုပါတယ်

English Proficiency Test Scores, ဥပမာ - တက်ရောက်မည့် တက္ကသိုလ်က သက်မှတ်ထားသည့် IELTS, TOFEL (သို့မဟုတ်) Duolingo ရမှတ်စာရင်း လိုအပ်ပါမယ်၊ ဖြေရင်တော့ ဒေါ်လာ၊ ယူရိုတို့နဲ့ ရှင်းရမှာပါ၊ အခုကတည်းက E Skills ကြိုတင်လေ့ကျင့် ထားတော့၊ IELTS Score 6.5 လောက်ဆို သင်က ဆရာကြီးပဲ E Skills ကောင်းတယ်

Visa သက်ဆိုင်ရာ နိုင်ငံသို့ ပြည်ဝင်ခွင့် ကြိုတင်လျှောက်ထားရပါမယ် Student Visa အမျိုးအစားကို ရွေးချယ်လျှောက်ထားရပါမယ် Visa လျှောက်ထားမည့်သူက Passport ရှိထားဖို့လိုပါမယ် အချို့နိုင်ငံများဆို သူတို့ သတ်မှတ်ထားတဲ့ ပိုက်ဆံ Show Money ပြရတာ တွေလည်းရှိပါတယ် နိုင်ငံအလိုက် ကျန်းမာရေး ဆေးစစ်ချက်များ ယူတာလည်းရှိပါတယ် အထူးသဖြင့် ကူးဆက်‌ရောဂါ မရှိသူဖြစ်ရတာလည်းရှိပါတယ် Visa လျှောက်ထားခြင်း အတွက် ကျသင့်ငွေက နိုင်ငံနဲ့ Visa အမျိုးအစားအလိုက်မတူညီပါဘူး

A Statement of Purpose ဆိုတာကတော့ လျှောက်ထားသူရဲ့ ရွေးချယ်တဲ့ မေဂျာနှင့် တက္ကသိုလ်ကို ဘာကြောင့်ရွေးချယ်သလဲ၊ ရည်မှန်းချက် ပန်းတိုင်ကရော ဘာလဲ၊ ကျွမ်းကျင်မှု၊ ဝါသနာပါမှု၊ ပညာရေး အခြေအနေက တွေအကြောင်းကို ကိုယ်တိုင်ရေးသား ဖော်ပြချက်ပေါ့

ဒါဆိုရင်တော့ ပြည်ပမှာ တက္ကသိုလ်ဆက်တက်ဖို့အတွက် ဘာတွေ ဖြည့်ဆည်းထားရမယ် ဆိုတာ သိထားလောက်ပြီပေါ့နော်

Our Creativities bring you the heart of victory.
ဆန္ဒမွန်ဖြင့်
G-Owls Team

မြန်မာ အမျိုးသား အောင်ပွဲနေ့ (၂၀၂၃) အား ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ် 💛💛💛အားလုံး ရွှင်လန်း ပျော်ရွှင်ကြပါစေ 💚💚💚
07/12/2023

မြန်မာ အမျိုးသား အောင်ပွဲနေ့ (၂၀၂၃) အား ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ် 💛💛💛

အားလုံး ရွှင်လန်း ပျော်ရွှင်ကြပါစေ 💚💚💚

🌲 အေးမြလှတဲ့ December လ လေးမှာ အားလုံး ……🌲 ချမ်းမြ ကြည်သာ ရှိကြပါစေ🌲 ဘဝရဲ့ သာယာချမ်းမြေတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်က...
02/12/2023

🌲 အေးမြလှတဲ့ December လ လေးမှာ
အားလုံး ……
🌲 ချမ်းမြ ကြည်သာ ရှိကြပါစေ
🌲 ဘဝရဲ့ သာယာချမ်းမြေတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ

💝 💖 💖
Our Creativities bring you the heart of victory.
ဆန္ဒမွန်ဖြင့်
G-Owls Team

ယနေ့ခေတ်မှာ ပညာရေးလမ်းဆုံးတယ် ဆိုတာ မရှိပါဘူး ဒီလမ်းက မရရင် နောက်တစ်လမ်းဆိုတာ ရှိစမြဲပါ အချို့က ပြောပါတယ် Life Long Lear...
01/12/2023

ယနေ့ခေတ်မှာ ပညာရေးလမ်းဆုံးတယ် ဆိုတာ မရှိပါဘူး ဒီလမ်းက မရရင် နောက်တစ်လမ်းဆိုတာ ရှိစမြဲပါ

အချို့က ပြောပါတယ် Life Long Learning တဲ့ ဟုတ်ပါတယ် ဘဝတစ်သက်တာ အတွက် ပညာဆိုတာ လေ့လာနေရမှာပါ၊ စီးဆင်းနေတဲ့ ခေတ်ရေစီးချောင်းမှာ ကိုယ်နောက်ကျ မကျန်ရစ်စေဖို့ အမြဲမပျက် Smart Learning နဲ့ လေ့လာနေဖို့ လိုပါတယ်၊ ဒါကိုတော့ ကျောင်းပြင်ပ ပညာရေးပေါ့ နောက်ထပ်ကော ဘာတွေရှိဦးမလဲ …..

အဖြေက ဒီလိုပါ .......

သင်က အလယ်တန်းနဲ့ အထက်တန်းမှာ ကျောင်းပြင်ပ ရောက်နေတယ်ဆိုရင်တောင် အလုပ်လုပ်ရင်းနဲ့ပဲ ဖြစ်ဖြစ် အခြားအသက်မွေးဝမ်းကျောင်း ပညာရေး သင်ရင်းနဲ့ပဲဖြစ်ဖြစ် အတန်းပညာကို ရှေ့ဆက်လို့ရပါတယ်

ထိုနည်းလမ်းတွေကတော့ အမေရိကန် နိုင်ငံက ကျင်းပတဲ့ အမေရိကန် (၁၂) တန်း American Grade (12), GED စာမေးပွဲ၊ United Kingdom ကကျင်းပတဲ့ IGCSE A Level and O Level နှင့် အလားတူ စာမေးပွဲတွေကို ဝင်ရောက်ဖြေဆို အောင်မြင်ရင်ပဲ ဖြစ်ဖြစ် သင်ရှေ့ဆက် ခရီးဆက်လို့ရပါပြီ

Self-study လား၊ သင်တန်းပဲ တက်မလား မြန်မာနိုင်ငံထဲမှာ အများကြီးပဲ

ထိုစာမေးပွဲတွေကို သင်မြန်မာပြည်တွင်းမှာရှိတဲ့ စာစစ်ဌာန Test Center တွေမှာ ဝင်ဖြေဆိုလို့ရပြီလေ အောင်ရင်တော့ နိုင်ငံအများစုက တက္ကသိုလ်ကြီးတွေမှာ တက္ကသိုလ်ဆက်တက်လို့ရပါပြီ Scholarship နဲ့ ဆက်တက်မလား၊ အလုပ်လုပ်ရင်း ကျောင်းဆက်တက်မလား OK တယ်

ဒါဆိုရင်တော့ ပညာရေးက လမ်းဖြောင့်သွားပြီပေါ့

Our Creativities bring you the heart of victory.
ဆန္ဒမွန်ဖြင့်
G-Owls Team

G-Owls အဖွဲ့မှ Online GED Class ကို ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်၊ မိမိတို့ အဖွဲ့နဲ့ ရေရှည်လက်တွဲသွားမယ်ဆိုရင် အမှတ်ကောင်းဖ...
20/09/2023

G-Owls အဖွဲ့မှ Online GED Class ကို ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်၊ မိမိတို့ အဖွဲ့နဲ့ ရေရှည်လက်တွဲသွားမယ်ဆိုရင် အမှတ်ကောင်းဖို့ အာမခံတယ်၊ ပထမဆုံး ဖွင့်တဲ့ Class ဖြစ်တဲ့အတွက် ဆရာ/ ဆရာမများ ရဲ့ အပြည့်အဝ ဂရုစိုက်သင်ကြားမှုကို ရရှိမှာတော့ ရတောင့်ရခဲ အခွင့်ရေးလို့ ဖြစ်ပါတယ်၊

သင်ကြားမည့် ဆရာ/ ဆရာများ
(၁) ဒေါက်တာနှင်း၊ Biotechnology
(၂) ဆရာပိုင်၊ Master of Mechanical Engineering, Ph.D. - Thesis
(၃) Tr. Richard, B.A English, Diploma in ELT, လိုင်စင်ရ နိုင်ငံခြားသား ဧည့်လမ်းညွှန်

သင်ကြားမည့် ပုံစံ
Platform - Zoom
Duration - 5 Months
Teaching Hour - 60 hours per month
Monthly Fee - 200000 MMK (25% Discount for first 3 Months)
Day - Monday to Friday (5 days per week)
Time - form 7:30 PM to 10:30 PM (3 hours a day)
အားသာချက်များ

နာရီပိုများခြင်း (၁) လတွင် ပုံမှန် အတန်းများသည် (၄၀) နာရီသာ သင်သော်လည်း မိမိတို့ အတန်းမှာ (၆၀) နာရီဖြစ်ခြင်း

ပထမ (၃) လအတွက် First Batch ဖြစ်တဲ့အတွက် 25% Discount ရတော့ 150000 MMK သာ ကုန်ကျခြင်း

သင်ကြားရေး ကာလတိုခြင်း

ညပိုင်း သင်ကြားပေးခြင်းဖြစ်ခြင်း

သင်ကြားရေး အတွေ့အကြုံရှိသည့် ဒေါက်တာဘွဲ့ရ ဆရာ/ ဆရာမများ သင်ကြားခြင်း၊

လိုအပ်သည့် ဘာသာကို ခွဲ၍ သင်ကြားနိုင်ခြင်း

Telegram Group ဖွဲ့ပြီး အိမ်စာ assignment တွေလည်း နေ့စဉ် ပေးသွားမှာ ဖြစ်တဲ့ အတွက် လမ်းညွှန်တဲ့ အတိုင်း အလွယ်တကူ လိုက်လုပ်ရုံနဲ့ အမှတ်များများရမှာ ဖြစ်တယ်၊ ညပိုင်းသင်မှာ ဖြစ်လို့ နေပိုင်းကို လွတ်လပ်စွာ သင်ကိုယ်ပိုင် အချိန်အဖြစ်သတ်မှတ်နိုင်တာကလည်း အားသာချက် ဖြစ်ပါတယ်၊ ဒေါက်တာဘွဲ့ရ ဆရာ/ ဆရာမကြီးမျာမှ ဦးစီးသင်ကြားမည် ဖြစ်ပါတယ်၊

တစ်ဘာသာချင်းစီသီးခြား သင်မည်ဆိုပါက လည်းရနိုင်ပါတယ်

သင်ကြားမည့်ဘာသာများ
(၁) Mathematical Reasoning
(၂) Reasoning through Language Arts
(၃) Social Studies
(၄) Science

ဒါကြောင့် အခွင့်အရေးကို လက်မလွှတ်ရ‌အောင် 09400378711, 09986181324 ကို အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ လိုပြီနော်၊ အချိန်မရွေးဖုန်းဆက်ပြီး သိချင်တာမေးလို့ရပါတယ်

Our creativities bring you the heart of victory.
ဆန္ဒမွန်ဖြင့်
G-Owls Team

ဘယ်နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက GED အောင်လက်မှတ်ကို လက်ခံကြသလဲ? GED ကို နိုင်ငံတွေအများစုရှိ တက္ကသိုလ်တွေက လက်ခံကြပါတယ်။ ...
20/06/2023

ဘယ်နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက GED အောင်လက်မှတ်ကို လက်ခံကြသလဲ?

GED ကို နိုင်ငံတွေအများစုရှိ တက္ကသိုလ်တွေက လက်ခံကြပါတယ်။ အရေအတွက်အားဖြင့် စုစုပေါင်း (၈၅) နိုင်ငံလက်ခံကြပါတယ်။

သို့သော် တက္ကသိုလ်အားဖြင့်ပြောရရင်တော့ ခက်ပါတယ်။ နိုင်ငံတစ် နိုင်ငံတည်း ဖြစ်ရင်တောင် အများစုသော တက္ကသိုလ်တွေက လက်ခံကြပေမဲ့လို့ အချို့သောတက္ကသိုလ်တွေကတော့ အခြား High School Equivalency အောင်လက်မှတ်တွေ ထပ်တောင်းတာ တော့ရှိနိုင်ပါတယ်။ ဒါကတော့ လျှောက်ထားတဲ့ တက္ကသိုလ်အပေါ်မှာ မူတည်ပါတယ်။ များသောအားဖြင့် လက်ခံပါတယ်။

အထူးသဖြင့် American, Canada, U.K, Japan, Germany, Australia, New Zealand, Switzerland, India, Singapore, Thailand, Taiwan နှင့် China စတဲ့ နိုင်ငံတွေက လက်ခံကြတယ်။

American က Host လုပ်တဲ့ စာမေးပွဲမို့ America က (၈၉) ရာခိုင်နှုန်းသော တက္ကသိုလ်တွေက လက်ခံပါတယ်။ community colleges, အသက်မွေးဝမ်းကျောင်းဆိုင်ရာကျောင်းများ, private universities, and public universities အားလုံးက လက်ခံကြပါတယ်။

UK, Australia နှင့် Japan တို့လို နိုင်ငံကြီးတွေမှာ တောင် GED ရလဒ်ကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာကြပါတယ်

ပညာသင်စရိတ်၊ နေစရိတ်၊ စားစရိတ် သက်သာပြီး Ranking မြင့်သော တက္ကသိုလ်တွေရှိတဲ့ Thailand မှာ တက္ကသိုလ်အားလုံး GED ကို လက်ခံကြပါတယ်။ အထူးသဖြင့် Public University များ ဖြစ်တဲ့ Chulalongkorn University, Thammasat University, Mahidol University တို့က အစ လက်ခံပါတယ်၊ ၎င်းတက္ကသိုလ်တွေက ဝင်ခွင့်လည်း ခက်ခဲသလို ကောင်းလည်းကောင်းပါတယ်။

မြန်မာနိုင်ငံမှာတော့ Public University တွေက လက်ခံသည်ကို မတွေ့ရပါဘူး၊ ခေတ်အခြေအနေပေါ် မူတည်၍ ပြောင်းလဲမှု ရှိကောင်းရှိနိုင်ပါတယ်၊ သို့သော် Private University အများစုက တော့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြောင်းကို စာရေးသူ ကိုယ်တိုင် မေးမြန်းစုံစမ်းခြင်းဖြင့် သိရှိခဲ့ရပါတယ်။

ထပ်မံကြိုးစားတင်ပြပါမယ်၊ သိရှိလိုသည်ရှိက 09986181324 / 09400378711 ကို ဖုန်းဆက်နိုင်ပါတယ်။

Our creativities bring you the heart of victory.
ဆန္ဒမွန်ဖြင့်
G-Owls Team

Address

Tun Zat Gone Road
Thabaung

Telephone

+959400378711

Website

Alerts

Be the first to know and let us send you an email when Learn GED with G-Owls posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn GED with G-Owls:

Shortcuts

Share