BEHS 2 Taungoo - အ.ထ.က ၂ တောင်ငူ

BEHS 2 Taungoo - အ.ထ.က ၂ တောင်ငူ Basic Educational High School 2, Taungoo, Bago Division, Myanmar. School

30/09/2022

📨🎤 အစည်းအဝေးဖိတ်ကြားခြင်း
======================
အ.ထ.က ၂ အမျိုးသားကျောင်း အာစရိယပူဇော်ပွဲ ဖြစ်မြောက်‌ရေး ကော်မတီ၏ ၃၁ကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် အသင်း၏ ပုံမှန်အစည်းအဝေး(ဒုတိယအကြိမ်) ကို အ.ထ.က၂ ကျောင်းခွဲလေး၌ ၀၂.၁၀.၂၀၂၂တနင်္ဂနွေနေ့ နေ့လည်တစ်နာရီတွင်ပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကျောင်းသား/သူဟောင်း အားလုံးတက်ရောက်နိုင်ရန် ကြိုတင်အသိပေးဖိတ်ကြားအပ်ပါသည်။
-
ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ

10/12/2020

အထက(၂)(အမျိုးသားကျောင်း)တောင်ငူ
ကျောင်းသားကျောင်းသူဟောင်းများ၏
(၂၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ
(၄-၁-၂၀၂၁)တနင်္လာနေ့

===

Video Credit goes to U Aung Naing (https://web.facebook.com/profile.php?id=100006387426543)

၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင်ကျရောက်သောနှစ်တစ်ရာပြည့် အမျိုးသားနေ့ အထိ...
09/12/2020

၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင်ကျရောက်သော
နှစ်တစ်ရာပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
အခမ်းအနားကို တောင်ငူမြို့ ၃၆၅ ရက်ဘုံဆွမ်းလောင်း
အသင်း၌ မနက်အရုဏ်ဆွမ်းလောင်းလှူခြင်းဖြင့်စတင်ခဲ့သည်။ နေ့ဆွမ်းကို အထက ၂ တောင်ငူ အမျိုးသားကျောင်း ဆရာကွန်း ခန်းမ၌ ပင့်သံဃာ ငါးပါးအား
ဆွမ်းဘောဇဉ် ချိုချဉ် အရသာအဖြာဖြာကပ်လှူ၍
အမျိူးသားအာဇာနည်များ၊ အမျိုးသားရေးတာဝန်ထမ်းခဲ့ကြသည့် ဗိုလ်မှူးဖိုးကွန်း အမှူးပြုသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူဟောင်းများနှင့် ကျောင်းဝန်ထမ်းတို့အားလုံးကို ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာကုသ်ုလ် အဖို့ ရကြပါစေခြင်းငှာ
အမျှ အမျှ အမျှ အမျှအတန်းပေးဝေခဲ့ကြသည်။
ဆက်လက်၍ ၂၉ ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေး ၁/၂၀၂၀
ကို အိမ်တွင်းမှုဆောင်၌ ဆက်လက်ကျင်းပသည်။
ဆရာမဒေါ်သန်းသန်းနုက သောင်းကေတု၏ အမျိုးသားတို့ ကြိုးစားကြလော့ ကဗျာရွတ်ဆိုပြီးအစည်းအဝေးကိုစတင်ဖွင့်လှစ်သည်။ ထို့နောက် အာစရိယပူဇော်ပွဲ ကော်မတီနာယကကြီး ကျောင်းသားဟောင်း ဒေါက်တာမြသောင်း ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြူး- ကျောက်ကြီး မဲဆန္ဒနယ်မြေ)နှင့် ဦးတင်မောင်လှ ဒုဥက္ကဌ
တို့က အမှာစကားပြောကြားခဲ့ကြသည်။
အစည်းအဝေးတွင် ဦးဖိုးချို ၊ ဦး ကျော်မောင်း၊ ဦးဌေးဝင်း၊ ဦးခင်မောင်ဆွေ၊ဦးတင်မောင်လှ၊ ဦးခင်မောင်ကြီး၊ဦးစိန်မြင့်၊ ဒေါ်ကေသီအေး၊ကိုဇော်ဇော်အောင်၊ ဦးအောင်မင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ‌မွန်းလွဲ ၂နာရီ၌ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
#အစည်းအဝေးဆုံးဖြတ်ချက်များ
၁။ ၂၀၁၉ ကော်မတီ‌ဟောင်းကို ဖျက်သိမ်း၍ ကော်မတီသစ်ဖွဲ့စည်းခြင်း။
၂။ ၂၉ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကိုဗစ် ကပ်ရောဂါအခြေအနေအရ အခမ်းအနားအပြည့်အစုံ
မကျင်းပတော့ဘဲ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများ ၁၉၆ ပါးကို လက်ရောက်ငွေကပ်လှူခြင်း၊ကန်‌တော့ငွေလွှဲပေးပို့ကန်တော့ခြင်းတို့ဖြင့်သာ ဆောင်ရွက်ရန်။
၃။ ၂၀၂၁ ခုနှစ် ဇန္နဝါရီလ ‌၄ ရက်နေ့၌ နံနက်အရုဏ်ဆွမ်းကပ်လှူ၍ အမျှအတန်းပေးဝေရန်။
၄။ ဆရာကြီး ဆရာမကြီးများအတွက် ပူဇော်ကန်တော့ငွေ များကို ရံပုံငွေရှာဖွေရေး ဆပ်ကော်မတီက ၁၃. ၁၂.
၂၀၂၀ ရက် တနင်္ဂနွေ နေ့လယ် မှစတင်၍ဖြတ်ပိုင်းများ
ဖြန့်ဝေကာ အလှူငွေကောက်ခံသွားရန်။
၅။ အာစရိယပူဇော်ပွဲ အတွက် အလှူငွေများကို အောက်‌ ဖော်ပြပါ KBZ Pay, CB Pay , Wave money Account
နှင့် ဖုန်းနံပါတ်များသို့၂၀၂၁ခုနှစ် ဇန္နဝါရီလ ၄ရက်နေ့ နောက်ဆုံးထားဆက်သွယ်လှူဒါန်းသွားကြရန်။
စသည်တို့ဖြစ်ပါသည်။
#အာစရိယပူဇော်ပွဲအတွက်အလှူငွေလက်ခံမည့်ဖုန်းနံပါတ်နှင့်Accountများ
၁။ ဦးမောင်မောင်လွင် ဥက္ကဌ
ကျောင်းသားဟောင်း အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ
09 5350602 KBZ pay
09 5350602 CB pay
09 5350602 Wavemoney Account.
၂။ ဦးဌေးဝင်း အတွင်းရေးမှူး
ကျောင်းသားဟောင်း အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ
09792548129
၃။ ဦးခင်မောင်ဆွေ ဘဏ္ဍာရေးမှူး
ကျောင်းသားဟောင်း အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ
09 5350240 KBZ pay
တို့သို့ ဆက်သွယ်လှူဒါန်းကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
၂၉ ကြိမ်မြောက် အမျိုးသားကျောင်း အထက ၂ ကျောင်းသားဟောင်းများအာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ အထက ၂ အမျိုးသားကျောင်း တောင်ငူမြို့
အာစရိယပူဇော်ပွဲ ကန်တော့ငွေလွှဲခြင်း၊ထည့်ဝင်ခြင်းပြုလုပ်ရာတွင် အခက်အခဲရှိလျှင်သော်လည်းကောင်း
အခြားကိစ္စများ စုံစမ်းလိုပါလျှင်လည်းကောင်း
ကိုဇော်ဇော်အောင် 09 794202390 သို့လည်း
ဆက်သွယ်‌ မေးမြန်းနိုင်ပါသည်။

တောင်ငူမြို့ အထက၂ ကျောင်းသား/သူဟောင်းများ၊ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများအတွက် Group ဖွဲ့ထားသဖြင့် အဆက်အသွယ်မပြတ်ရအောင် ဝင်ပြီး Join ချင်တယ်ဆိုရင်တော့ Group စည်းကမ်းလေးတွေဖတ်ပြီး/လိုက်နာပြီး ဝင်ခွင့်တောင်းနိုင်ပါတယ်ခင်ဗျာ ...

https://facebook.com/groups/shs2tgoalumni.org

၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ကို https://www.myanmarexam.org/ ကနေ ကြည့်ရှုနိုင်ပြီနော် ... အား...
08/08/2020

၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ကို https://www.myanmarexam.org/ ကနေ ကြည့်ရှုနိုင်ပြီနော် ... အားလုံးပဲ ရည်မှန်းချက်အတိုင်း ဂုဏ်ထူးဝေဝေဆာဆာနဲ့ အောင်မြင်နိုင်ကြပါစေ ...

မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ နှစ်ဦးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။တအားတော့ Panic မဖြစ်ပါနဲ့ ... ၎င်းနှစ်ဦးကလည်...
23/03/2020

မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ နှစ်ဦးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တအားတော့ Panic မဖြစ်ပါနဲ့ ... ၎င်းနှစ်ဦးကလည်း စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ပေမယ့် isolated လုပ်ထားပါတယ်။
လူစုလူဝေးတွေကို ရှောင်ရှားပါ။
မဖြစ်မနေ ထွက်ရမယ်ဆိုရင် နှာခေါင်းစီးဖြင့် ကြိုတင်ကာကွယ်ပါ။
မကြာခဏလက်ဆေးပါ။
...

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၂။ အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။

Address

Bo Muu Phoe Kun Road
Taungoo
70201

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+955424369

Alerts

Be the first to know and let us send you an email when BEHS 2 Taungoo - အ.ထ.က ၂ တောင်ငူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category