State High School 2 - BEHS 2, Taungoo

State High School 2 - BEHS 2, Taungoo For the Old & New Students from State High School (Basic Education High School) 2 (National School) in Taungoo, Bago Division, Myanmar.

08/07/2019

အထက ၂ အငြိမ်းစား ဆရာမကြီး ဒေါ်ချစ်ချစ်
အူဖြတ်ဆက်ရပါတယ်။
ခွဲစိတ်ခန်းက အခုပဲထွက်လာပါပြီ။
အခန်း ၁၀၆ မြတ်သစ္စာဆေးရုံမှာပါ။

အထက ၂ ရဲ့သမီးပျို အကယ်ဒမီစိုးပြည့်သဇင်
24/11/2018

အထက ၂ ရဲ့သမီးပျို အကယ်ဒမီစိုးပြည့်သဇင်

16/11/2018

ကိုယ်ကျောင်းတက်ခဲ့တဲ့
ခုနှစ် အတန်း အတန်းပိုင်
စတာလေးတွေရေးခဲ့စေချင်

31/12/2017

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ ...
နှစ်စကတည်းကနေပြီး ကောင်းမွန်သောအကြံအစည်မှန်သမျှ အောင်မြင်စေကာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေခင်ဗျာ ...

မနက်ဖြန် (၉ ဒီဇင်ဘာ ၂၀၁၇) ကနေ ၁၄ ဒီဇင်ဘာ အတွင်း အအေးလှိုင်းဝင်ရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ် ...ဒါကြေ...
08/12/2017

မနက်ဖြန် (၉ ဒီဇင်ဘာ ၂၀၁၇) ကနေ ၁၄ ဒီဇင်ဘာ အတွင်း အအေးလှိုင်းဝင်ရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ် ...
ဒါကြောင့် ယခုရက်ပိုင်း နွေးနွေးထွေထွေးဖြစ်စေရန် အနွေးထည်ထူထူဝတ်ခြင်း၊ ရေချိုးရာတွင်လည်း အထူးဂရုစိုက်ခြင်းတို့ လုပ်ကြပါလို့ သတိပေးပါရစေ ...
(နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ့်တစ် လို့ ရှေးအဆိုရှိတဲ့အတိုင်း ဆောင်းတွင်းမှာ (အထူးသဖြင့် လူကြီးတွေအတွက်) ဆယ့်တစ်နာရီမှသာ ရေချိုးသင့်တယ်လို့ ကြားမှတ်ဖူးပါတယ်)

=======

အအေးလှိုင်းဝင်ရောက်နိုင်မှုအခြေအနေ
၈-၁၂-၂၀၁၇
နံနက်(၁၁း၄၃)နာရီ

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်မှ(၁၄)ရက်နေ့အတွင်း ၀င်ရိုးစါန်းလ်ေအေးများတိုးဝင်မှုကြောင့် အာရှအရှေ့မြောက်ပိုင်းဒေသများ(ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများ)တွင် အအေးလှိုင်းကျေ၇ာက်နိုင်ကြောင်း ဥရောပတိုက်ရှိ ECMWF ဗဟိုဌာနမှထုတ်ပြန်ထားပါ တယ်။

ပုံမှာ (၉-၁၂-၂၀၁၇)ရက်နေ့နဲ့ (၁၄-၁၂-၂၀၁၇)ရက်နေ့များတွင် ဖြစ်ပေါ်လာနိုင်တဲ့ ရေခဲမှတ်အောက် -20°C အောက်ကျဆင်းနေမယ့် အလွန်အေးတဲ့ဒေသတွေကို ကြိုတင်ခန့်မှန်းတွက်ချက်ရာမှာ အပူချိန် ရေခဲမှတ်အောက် - 20°C Limit မျဉ်သည် (၁၄-၁၂-၂၀၁၇)ရက်နေ့တွင် ပိုမိုကျယ်ပြန့်လာကာ လတ္တီတွဒ်အနိမ့်ပိုင်းများအထိ ရောက်ရျိလာနိုင်သည်ကို တွေ့
ကြရပါတယ်။

ရုရှားအရှေ့ပိုင်း၊ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ ကိုရီးယား၊ ဂျပန်မြောက်ပိုင်းဒေသများတွင် ရေခဲမှတ်အောက်ရောက်အောင်အေးသောဆောင်းနှင့်အတူ ဆီးနှင်းများထူထပ်စွာကျဆင်းလာလိမ့်မယ်လို့ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်

⭐️⭐️⭐️ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအကြောင်း သိကောင်းစရာ ⭐️⭐️⭐️ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုး အစီအစဉ်အကြောင်းကို မိဘပြ...
16/11/2017

⭐️⭐️⭐️ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအကြောင်း သိကောင်းစရာ ⭐️⭐️⭐️

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုး အစီအစဉ်အကြောင်းကို မိဘပြည်သူ (၂၀၀) ကျော်က မေးခွန်းတွေ စိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမေးနဲ့ အဖြေတွေအားလုံးကို အကြောင်းအရာတူတွေစုပြီး တစ်စုတစ်စည်းတည်း ဖော်ပြလိုက်ပါတယ်။ မမေးဖြစ်ပေမယ့် မေးခွန်းတွေရှိနေမယ့် မိဘတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် မျှဝေလိုက်ကြပါဦး။
_________

(၁) ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံရမည့် အကြိမ်အရေအတွက်နှင့် ပတ်သက်သော မေးခွန်းများ
_________

မေး။ ။ တစ်ကြိမ် ထိုးထားဖူးတယ်။ ထပ်ထိုးဖို့လိုသလား။
ဖြေ။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဘူးသည်ဖြစ်စေ ထပ်မံထိုးနှံနိုင်ပါတယ်။ ပထမအကြိမ် ထိုးထားတဲ့ဆေးနဲ့ အနည်းဆုံးတစ်လခြားပြီးမှ ထိုးရပါတယ်။

မေး။ ။ နှစ်ကြိမ် ထိုးထားဖူးတယ်။ ထပ်ထိုးဖို့လိုသလား။
ဖြေ။ ။ ထပ်မံ ထိုးနှံနိုင်ပါတယ်။ နောက်ဆုံး ထိုးထားတဲ့ အကြိမ်နဲ့ အနည်းဆုံး တစ်လခြားပြီးမှ ထိုးနှံနိုင်ပါတယ်။

မေး။ ။ ပထမတစ်ကြိမ်ထိုးထားတယ်။ ဒုတိယအကြိမ်ကို အစိုးရထိုးနှံပေးတဲ့အချိန်မှာ ထိုးနှံပါတယ်။ တတိယအကြိမ် (booster) ထပ်ထိုးဖို့ လိုသေးလား။ လိုရင် ဘယ်လောက်အကြာမှာ ထပ်ထိုးပေးရမှာလဲ။
ဖြေ။ ။ ထပ်ထိုးဖို့ မလိုတော့ပါဘူး။

မေး။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ် ထိုးပေးရမှာလဲ။
ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ထိုးနှံပေးသွားမယ့်ဆေးက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကြိမ်ထိုးနှံရုံနဲ့ လုံလောက်တယ်လို့ ဆိုထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
_________

(၂) ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်သော မေးခွန်းများ
_________

မေး။ ။ ဘယ်အသက်အရွယ်တွေကို ကာကွယ်ဆေး ထိုးပေးသွားမှာလဲ။
ဖြေ။ ။ အသက် (၉) လ အထက်ကနေ အသက် (၁၅) နှစ်အောက် ကလေးငယ်တွေ အားလုံးကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ဖော်ပြထားတဲ့ရက်တွေမှာပါ။ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ ကစပြီး အသက် (၉) လ ပြည့်တဲ့ကလေးတိုင်းကို လစဉ်ပုံမှန်ထိုးပေးမှာဖြစ်ပါတယ်။

မေး။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေးရဲ့ ခန္ဓာကိုယ် ဘယ်နေရာမှာ ထိုးပေးမှာပါလဲ။
ဖြေ။ ။ ကလေးရဲ့ ညာဖက်လက်မောင်းမှာ ထိုးနှံပေးသွားပါမယ်။

မေး။ ။ အစုလိုက် ကာကွယ်ဆေးထိုးအစီအစဉ်ကို ဘယ်နေရာတွေမှာ၊ ဘယ်အချိန် ပြုလုပ်သွားမှာလဲ။
ဖြေ။ ။ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို အစိုးရ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှာ ပြုလုပ်သွားမှာဖြစ်ပြီး အသက် (၅) နှစ်မှ (၁၅) နှစ်အောက် ကျောင်းသူ၊ကျောင်းသားတွေကို ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ လူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှာရှိတဲ့ ကာကွယ်ဆေးထိုး စုရပ်တွေမှာ ထိုးနှံပေးသွားမှာပါ။ အသက် (၉) လ ကနေ အသက် (၅) နှစ်အောက် ကလေးတွေ၊ ကျောင်းပြင်ပ ကလေးတွေနဲ့ ကျောင်းအခြေပြုအစီအစဉ်မှာ မထိုးလိုက်ရတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို လူထုအခြေပြု အစီအစဉ်မှာ ထိုးနှံပေးသွားမှာပါ။

မေး။ ။ ဘယ်နေ့၊ ဘယ်အချိန်တွေမှာ ထိုးပေးမှာလဲ။
ဖြေ။ ။ အသက် (၅) နှစ်မှ (၁၅) နှစ်အောက် ကျောင်းသူ၊ကျောင်းသားတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်ကနေ (၂၃) ရက်နေ့အထိ ထိုးနှံပေးသွားမှာပါ။ အသက် (၉) လ ကနေ အသက် (၅) နှစ်အောက် ကလေးတွေ၊ ကျောင်းပြင်ပ ကလေးတွေနဲ့ ကျောင်းအခြေပြုအစီအစဉ်မှာ မထိုးလိုက်ရတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ ကနေ (၂၀) ရက်နေ့အတွင်းမှာ ထိုးနှံပေးသွားပါမယ်။ နေ့စဉ် မနက် (၈) နာရီကနေ ညနေ (၄) နာရီအတွင်း ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး။ ။ တောရွာတွေမှာရော ထိုးပေးမှာလား။ တစ်နိုင်ငံလုံးက ကလေးတွေကို ထိုးပေးမှာလား။
ဖြေ။ ။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးသွားပါမယ်။

မေး။ ။ ရပ်ကွက်ထဲ စာရင်းလာကောက်တုန်းက နာမည်မပေးလိုက်ရလို့ ဘယ်လိုလုပ်ရမလဲ။
ဖြေ။ ။ နီးစပ်ရာ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးရုံးတွေမှာ မေးပါ။ နာမည်စာရင်းပေးပါ။ ဆေးမထိုးခင် (၃) ရက် က (၅) ရက်အလိုမှာ ဖိတ်ကြားလွှာမရရင် စောစောကနေရာတွေမှာ သွားယူပါ။ ဆေးထိုးတဲ့နေ့တွေမှာ နီးစပ်ရာ စုရပ်မှာ သွားထိုးပါ။

မေး။ ။ ကာကွယ်ဆေးထိုးအစီအစဉ်အကြောင်း ဘယ်မှာ စုံစမ်းလို့ရနိုင်ပါသလဲ။
ဖြေ။ ။ နီးစပ်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးလက် ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ ဒေသန္တကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးရုံးတွေမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ကာကွယ်ဆေးထိုးနှံရန် ဖိတ်ကြားလွှာကိုလည်း မိဘ/အုပ်ထိန်းသူများကို ကျောင်းများမှတဆင့်သော်လည်းကောင်း၊ နေအိမ်များသို့သော်လည်းကောင်း ပေးပို့ ဖိတ်ကြားပေးသွားမှာဖြစ်ပါတယ်။

မေး။ ။ ခရီးသွားရင်ရော ရောက်တဲ့မြို့မှာ ထိုးလို့ရသလား။
ဖြေ။ ။ ရပါတယ်။ ဖိတ်စာရပြီးသားဖြစ်ရင် ဖိတ်စာယူသွားပါ။ မရသေးရင်လည်း ကျန်းမာရေးဝန်ထမ်းကို ပြောပြပြီး ဆေးထိုးမှုခံယူပါ။
_________

(၃) ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနှင့် ပတ်သက်သော မေးခွန်းများ
_________

မေး။ ။ ဆေးထိုးပြီးရင် ဘာတွေဖြစ်တတ်သလဲ။ ဘေးထွက်ဆိုးကျိုးဘာတွေရှိသလဲ။ ဆေးထိုးပြီးရင် ကလေးဖျားတာ၊ နာတာဖြစ်တတ်သလား။
ဖြေ။ ။ ဆေးထိုးထားတဲ့ နေရာ နီရဲတာ၊ နာတာ၊ ရောင်တာ၊ ကလေး အီတာ၊ နည်းနည်းဖျားတာ၊ ပျို့အန်မူးဝေတာ စတဲ့ မပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လောက်ပဲဖြစ်နိုင်ပါတယ်။ (၁) ရက် (၂) ရက်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိပါတယ်။ မပျောက်ကင်းဘူးဆိုရင် ကလေးမှာ တခြားရောဂါတစ်ခုခုဖြစ်နေတာ ဖြစ်နိုင်လို့ နီးစပ်ရာ ကျန်းမာရေးဌာနကို သွားပြပါ။

မေး။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးလို့ မရနိုင်တဲ့ ကလေးတွေရှိပါသလား။ ဘာရောဂါတွေရှိရင် မထိုးပေးသင့်ဘူးလဲ။
ဖြေ။ ။ ယခုအသုံးပြုမယ့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (SA 14-14-2, Live JEV) ကို ယခင်အကြိမ်ထိုးနှံခဲ့စဉ်က ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ (ဒါမှမဟုတ်) ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်ပွားခဲ့ပါက မထိုးနှံပေးရပါ။ ကာကွယ်ဆေးမှာ ပါဝင်သော ပစ္စည်းတစ်မျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နှင့် ပြင်းထန်သောဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများကို မထိုးပေးရပါ။ ကိုယ်ဝန်ဆောင်များကိုလည်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံမပေးရပါ။

မေး။ ။ ဘယ်လိုကလေးမျိုးတွေကို လောလောဆယ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး မထိုးနှံပေးဘဲ နောက်ပိုင်းရက်အတန်ကြာမှ ထိုးနှံပေးသင့်သလဲ။
ဖြေ။ ။ ဖျားနေတဲ့ကလေးများ၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကလေးများ၊ တီဘီရောဂါအတွက် ဆေးသောက်နေဆဲ (၂) လမကျော်သူများ၊ နားအလယ်ခန်းရောင်ရမ်းခြင်း ဝေဒနာခံစားနေရတဲ့ ကလေးများ၊ Prednisolone (သို့) Hydrocortisone Steriods ဆေးတွေကို သောက်သုံး၊ ထိုးနှံနေရသော ကလေးများ၊ မွေးရာပါ၊ (ဒါမှမဟုတ်) ရောဂါကြောင့်၊ (ဒါမှမဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ်ကျဆင်းနေသူများ၊ AIDS ရောဂါလက္ခဏာများ ပေါ်ပေါက်တဲ့အထိ ခံစားနေရသူများ၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူတွေကို ရက်ရွှေ့ ဆိုင်းပြီးမှ ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ ထိုးနှံပေးသင့်ပါတယ်။

မေး။ ။ HIV ပိုးရှိနေတဲ့ ကလေးတွေကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပေးလို့ရပါသလား။
ဖြေ။ ။ HIV ရှိတဲ့ ကလေးကို ကာကွယ်ဆေး ထိုးပေးပါတယ်။ AIDS ရောဂါလက္ခဏာတွေပေါ်အောင် ခုခံစွမ်းအားတွေ ကျဆင်းနေတယ်ဆိုရင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံဖို့ကို ခေတ္တရွှေ့ဆိုင်းရပါမယ်။ ဒါကြောင့် လက်ရှိ ပြသနေတဲ့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှသာ ထိုးသင့် မထိုးသင့် ဆုံးဖြတ်ချက်ချပါ။ ဒါပေမယ့် ကလေးကို HIV ရှိတဲ့အတွက် ခွဲခြားဆက်ဆံခံရနိုင်တဲ့ မှတ်ချက်၊ အသိပေးခြင်းမျိုးကို မဖြစ်အောင်လုပ်ရပါမယ်။

မေး။ ။ မိခင်က HIV အတွက် ဆေးစားနေတယ်။ ကလေးကို ကာကွယ်ဆေးထိုးလို့ရလား။
ဖြေ။ ။ ကလေးရဲ့ အသက်က (၉)လအထက် (၁၅) နှစ်အောက်ဖြစ်ပြီး HIV ပိုး မရှိဘူး (ဒါမှမဟုတ်) AIDS ရောဂါ လက္ခဏာတွေ ဖြစ်ပွားနေတာ မရှိဘူးဆိုရင်တော့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ပါတယ်။

မေး။ ။ Sulphur allergy ရှိတဲ့ကလေးကို ထိုးပေးလို့ရပါသလား။
ဖြေ။ ။ ထိုးလို့ရပါတယ်။ ဒါပေမယ့် ကလေး မတည့်တာ Sulphur ဟုတ်ရဲ့လား၊ Sulphur တစ်ခုတည်းကိုလားဆိုတာ သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ ကြိုတိုင်ပင်သင့်ပါတယ်။

မေး။ ။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးလို့ရပါသလား။
ဖြေ။ ။ ပုံမှန်ဆိုရင် ထိုးပေးလို့ ရနိုင်ပေမယ့် အကောင်းဆုံးကတော့ ကလေးကို ပြနေကျ ဆရာဝန်နဲ့ ကြိုတင် တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ ပန်းနာအတွက် Steroids ပါဝင်တဲ့ဆေးတွေ သောက်နေရမှာ စိုးလို့ပါ။

မေး။ ။ သားသားက (၁၀) နှစ်ပါ။ နှာစေးပြီးရင်ပါးစပ်ထဲရေယုံခဏခဏပေါက်တယ်။ စဖြစ်တာ၁၂လပိုင်းကတည်း ကဆေးခန်းခဏခဏသွားရတယ်။ ပိုးသတ်ဆေးခဏခဏသောက်ရတယ်။ ဂျပန်ဦးနှောက်ရောင်ဆေးထိုးလို့ရလား။
ဖြေ။ ။ ရောဂါဖြစ်နေတုန်းနဲ့ ပိုးသတ်ဆေးသောက်နေတုန်းကို မထိုးသင့်ပါဘူး။ ပျောက်ကင်းပြီး/ဆေးသောက်ပြီး အနည်းဆုံး (၂) ရက်လောက်စောင့်ပြီးမှ ထိုးသင့်ပါတယ်။

မေး။ ။ G6PD ရှိတဲ့ ကလေးတွေကို ထိုးပေးလို့ရသလား။
ဖြေ။ ။ ထိုးလို့ရပါတယ်။

မေး။ ။ ရေကျောက်ပေါက်နေတဲ့ကလေး ထိုးလို့ရသလား။
ဖြေ။ ။ လတ်တလော ပေါက်နေရင်တော့ မထိုးသင့်ပါဘူး။

မေး။ ။ တီဘီဆေးသောက်နေတဲ့ကလေး ထိုးလို့ရသလား။
ဖြေ။ ။ တီဘီဆေးသောက်ပြီး (၂) လကျော်ရင် ထိုးလို့ရပါတယ်။

မေး။ ။ သာလာဆီးမီးယား (Thalassemia) ဖြစ်နေတဲ့ကလေး ထိုးလို့ရသလား။
ဖြေ။ ။ ထိုးလို့ရပါတယ်။

မေး။ ။ နေမကောင်းလို့ ပိုးသတ်ဆေးသောက်နေတဲ့ကလေးကျတော့ နေကောင်းပြီး ဘယ်နှစ်ရက်ဆို ကာကွယ်ဆေးထိုးလို့ရလဲ။
ဖြေ။ ။ ကလေးနေကောင်းပြီး/ ရောဂါလက္ခဏာ ပျောက်ကင်းပြီး (သို့မဟုတ်) ပိုးသတ်ဆေး သောက်ပြီး အနည်းဆုံး (၂) ရက်လောက် စောင့်ပြီးမှ ထိုးသင့်ပါတယ်။

မေး။ ။ အရင်ကတက်ဖူးတဲ့/အတက်ရောဂါရှိတဲ့ ကလေး ထိုးလို့ရပါသလား။
ဖြေ။ ။ ဆေးသောက်နေတယ်၊ ထိန်းလို့ရတယ်ဆိုရင် ထိုးလို့ရပါတယ်။

မေး။ ။ သားသားက ၄နှစ်ပါ။ PENTAXIM ကိုအခု နိုဝင်ဘာ ၁၁ရက်နေ့မှာ ထိုးဖို့ ဆေးခန်းနဲ့ ချိတ်ထားပါတယ်။ နိုဝင်ဘာမှာပဲ ဂျပန်ဦးနှောက်ရောင် ကို တစ်လထဲမှာ ထပ်ထိုးလို့ရပါလား သိချင်ပါတယ်။ ထပ်ထိုးရင် side effect ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ ထပ်ထိုးရင် side effect မရှိပါဘူး။ ဖြစ်နိုင်ရင် တစ်ပြိုင်နက်တည်းထိုးရင်ထိုး၊ မထိုးရင် (၁) လ ခြားသင့်ပါတယ်။

မေး။ ။ ဆေးကို ဘယ်နိုင်ငံက ထုတ်တာပါလဲ။ ဆေးရဲ့ အရည်အသွေးက စိတ်ချရရဲ့လား။ ဘယ်နိုင်ငံတွေမှာ အသုံးပြုနေပါသလဲ။
ဖြေ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အနှစ် (၂၀) ကျော် ကတည်းကစပြီးအသုံးပြုထိုးနှံခဲ့ပါတယ်။ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လက်ရှိ သုံးစွဲလျက်ရှိပါတယ်။ လူ သန်း (၄၀၀) ကျောက်ကို ထိုးနှံပြီးပါပြီ။ အလွန်ဘေးကင်းပါတယ်။

မေး။ ။ ကာကွယ်ဆေးတွေကဦးနှောက်နဲ့အာရုံကြောကိုထိခိုက်နိုင်တယ်ဆိုတာဟုတ်ပါသလား။
ဖြေ။ ။ လုံးဝမဟုတ်ပါ။ ကာကွယ်ဆေးကို ကျန်းမာတဲ့ ကလေးတွေမှာ ထိုးရတဲ့အတွက် ပြင်းထန်တဲ့ ဆိုးကျိုးထိခိုက်မှု အလွန်တရာ မရှိသလောက်နည်းမှ သုံးစွဲရပါတယ်။

မေး။ ။ လူကြီးတွေရော ထိုးဖို့လိုသလား။
ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထိုးနှံပေးသွားမယ့်ဆေးကတော့ အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးတွေအတွက်ပဲဖြစ်ပါတယ်။ လူကြီးများ မိမိသဘောနဲ့ ထိုးချင်ရင် ထိုးလို့ရပါတယ်။
_________

(၄) အခြားမေးခွန်းများ
_________

မေး။ ။ ငါးမျိုးစပ်ကာကွယ်ဆေးမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ပါ၊မပါ သိလိုပါတယ်။ ငါးမျိုးစပ်ကာကွယ်ဆေးမှာ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးပါနေတော့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထပ်ထိုးဖို့ လိုသေးလား။
ဖြေ။ ။ မပါဝင်ပါ။ ငါးမျိုးစပ် ကာကွယ်ဆေးမှာ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ပြင်းထန်အဆုတ်ရောင်နဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်နိုင်တဲ့ဆေးတွေပဲ ပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ဦးနှောက်ရောင်ရောဂါ မတူပါဘူး။ ဒါကြောင့် ငါးမျိုးစပ်ထိုးပြီးသားလည်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး သပ်သပ် ထပ်ထိုးရပါမယ်။
... shared...

www.shs2tgo.org ကို အလည်လာဖူးကြသလားခင်ဗျာ...အားရင်ရေးမယ် ရေးမယ်နဲ့ မရေးရသေးတာ တော်တော်လေးကြာနေပြီ...Web design အပိုင်းကိ...
10/05/2017

www.shs2tgo.org ကို အလည်လာဖူးကြသလားခင်ဗျာ...
အားရင်ရေးမယ် ရေးမယ်နဲ့ မရေးရသေးတာ တော်တော်လေးကြာနေပြီ...
Web design အပိုင်းကို တတ်တဲ့၊ ရေးချင်တဲ့ ကျောင်းသားဟောင်း/သစ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်၊
စာရေးချင်တဲ့ ကျောင်းသားဟောင်း/သစ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ...
ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမယ် ဆိုတဲ့ အကြံဥာဏ်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်...
ကျောင်းရဲ့ website ကို ကျောင်းသားဟောင်းတွေ သိသွားကြပြီး ရလာမယ့် opportunity တွေအတွက်လည်း ဖွင့်လှစ်ပေးချင်ပါတယ်...
အစတုန်းက shs2tgoalumni ဆိုတဲ့ domain နဲ့ စခဲ့ပါတယ်။ စတင်ခဲ့တဲ့ပထမနှစ်မှာ အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီက ထောက်ပံ့ခဲ့ပါတယ်။ နောက်နှစ်နှစ်လောက်မှာတော့ အလှူရှင်တစ်ဦးရဲ့ အကူအညီနဲ့ ဆက်လက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လည်ပတ်နိုင်အောင် ကျွန်တော်ပဲစိုက်ထုတ်ခဲ့ပါတယ်။ အခုနှစ်တွေမှာ Facebook ကနေတဆင့် ဆက်သွယ်ကြတာ အထိရောက်ဆုံး အခြေအနေပါ။
ဒါပေမယ့် မှတ်တမ်းဓာတ်ပုံတွေကို စုစည်းနိုင်ဖို့ အဆင်အပြေဆုံးဟာလည်း webpage ရှိဖို့ လိုအပ်နေဆဲပါ။
ဒါ့ကြောင့် ဆက်လက်ပြီး ဝယ်ယူထားနေဆဲပါ။ ဒီတော့ Web design နဲ့ articles တွေ ဖြည့်ဆည်းပေးဖို့အတွက် volunteer တွေလည်း လိုအပ်နေဆဲပါ။
Domain extension လုပ်တဲ့အချိန်တုန်းက လိုအပ်ချက်တစ်ခုကြောင့် shs2tgo လို့ အမည်ပြောင်းလဲခဲ့ရပါတယ်။ အဆင်ပြေရင် BEHS2 ဆိုတဲ့ domain တစ်ခုကိုပါ ဝယ်မယ်လို့ စိတ်ကူးထားပါသေးတယ်။
ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျောင်းအပေါ်လုပ်ဆောင်ပေးနိုင်တာကို တတပ်တအား လုပ်ပေးနိုင်တဲ့အတွက်လည်း ပီတိဖြစ်မိပါတယ်။ ဒီတော့ မိတ်ဆွေသူငယ်ချင်းတွေလည်း ကိုယ့်ကျောင်းအတွက် ပါဝင်ကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန်ပါပဲခင်ဗျာ...
ဒီ post အောက်မှာ comment ပေးသွားနိုင်ပါတယ်ခင်ဗျ။ ဒါမှမဟုတ်လည်း message ပို့ပေးဖို့လည်း ကြိုဆိုလျက်ပါ...

အထက ၂ မလိခဆောင် (ဆယ်တန်းဆောင်) နဲ့ ကျောင်းပန်းခြံ
27/04/2017

အထက ၂ မလိခဆောင် (ဆယ်တန်းဆောင်) နဲ့ ကျောင်းပန်းခြံ

ကျောင်းရှေ့မှာ 360..ဒီနေ့ အောင်စာရင်းထွက်တယ်ပြောတယ်...  အောင်ချက်ကောင်းကြပါစေဗျာ...
23/04/2017

ကျောင်းရှေ့မှာ 360..
ဒီနေ့ အောင်စာရင်းထွက်တယ်ပြောတယ်... အောင်ချက်ကောင်းကြပါစေဗျာ...

အမှတ် ၂ ကျောင်း မုန့်ဈေးတန်းလေး...ကျောင်းရက်ရှည်ပိတ်တုန်း ရိုက်ထားရတာမိုလို့ ရှုပ်ပွကာ...
20/04/2017

အမှတ် ၂ ကျောင်း မုန့်ဈေးတန်းလေး...
ကျောင်းရက်ရှည်ပိတ်တုန်း ရိုက်ထားရတာမိုလို့ ရှုပ်ပွကာ...

Address

Bo Muu Pho Kun Road
Taungoo
70201

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Alerts

Be the first to know and let us send you an email when State High School 2 - BEHS 2, Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category