29/01/2024
White Campaign (အဖြူရောင် ကမ်ပိန်း)
အာဏာလု (၃) နှစ်ပြည့်
ဘဏ္ဍာရေးနဲ့ စစ်ရေး အားနည်းသွားစေမည့် White Campaign (အဖြူရောင် ကမ်ပိန်း) မှာ ပါဝင်ကြပါစို့။
၂၀၀၆ ခုနှစ်တွင် ကိုဂျင်မီ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်ကာ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်တဲ့ အဖြူရောင် ကမ်ပိန်းကို နမူနာယူပြီး ၂၀၂၄ မှာ တကျော့ပြန် လှုပ်ရှားကြဖို့ဖြစ်ပါတယ်။ ��အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား အာဏာလုယူမှု (၃) နှစ် သို့ ရောက်ရှိခြင်းနှင့် အတူ နီးကပ်လာတဲ့ စစ်အာဏာရှင် နိဂုံးချုပ်ရေး အတွက် ပြည်သူ့အားနဲ့ နည်းလမ်းမျိုးစုံက ဆက်လက် တော်လှန်နေဖို့ လိုပါတယ်။ ထို့ကြောင့် White Campaign မှာ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။
ယခု ၂၀၂၄ ခုနှစ် White Campaign (အဖြူရောင် ကမ်ပိန်း) ၏ တောင်းဆိုချက် …..
၁) အကြမ်းဖက် စစ်အုပ်စု အမြန်ဆုံးပြိုလဲရန် နိုင်ငံတကာမှ စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့ရောင်းချနေခြင်းများအား ချက်ချင်း ရပ်တန့်ရန် မြန်မာ ပြည်သူများမှ နိုင်ငံတကာ အစိုးရများနှင့် ကုမ္ပဏီများထံသို့ တောင်းဆိုခြင်း။
၂) ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ နိုင်ငံအလိုက် တက်နိုင်သည့် နည်းလမ်းများဖြင့် (ချွင်းချက်ရှိသော နိုင်ငံများကို ဉီးတည်) အကြမ်းဖက် စစ်အုပ်စုထံသို့ သွေးစွန်ခွန်များ မဆောင်ဘဲ ငြင်းပယ်ရန် တောင်းဆိုခြင်း။
၃) အကြမ်းဖက် စစ်အုပ်စု လက်အောက်ရှိ စစ်သားများအနေဖြင့် အာဏာရှင် အတွက် အသက်မပေးဘဲ ပြည်သူ့ရင်ခွင်သို့ လုံခြုံစွာ အမြန်ဆုံး ခိုလှုံပေးကြရန်၊ အလင်း ဝင်ကြရန်၊ အလံဖြူ ထောင်ကြရန် တောင်းဆိုခြင်း။
ဖော်ပြပါ အချက် (၃) ချက်သည် White Campaign ပြုလုပ်ရခြင်း၏ တောင်းဆိုချက်များဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ပြည်သူများအားလုံး အဖြူရောင် အင်္ကျီ၊ အဖြူရောင် အဝတ်အစား၊ အသုံးဆောင် စသည်တို့ကို ပါဝင်ကြရန် နှိုးဆော်လိုက်ရပါသည်။
White Campaign မှာ ပါဝင်ဖို့အတွက်ဘာတွေ လိုအပ်ပါသလဲ ???
၁။ အင်္ကျီအဖြူရောင် ဝတ်ဆင်၍ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံထားပါ။
၂။ စက္ကူနှင့် ခေါက်ထားသော လေယာဉ်ဖြူအား ကိုင်ပါ။
၃။ ကြွေးကြော်စာသားများအား စာရွက်ပေါ်တွင် ရေးသား၍ ဓါတ်ပုံများရိုက်ပါ။
“Ban Jet Fuel Exports To Myanmar Fascist Dictator”
“Stop Blood Taxation”
“Stop Paying Tax to Junta”
“ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြပါ” စသော ယခု စာသားများ အသုံးပြုနိုင်ပါသည်။
#ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြပါ
#2024
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ