ပညာသစ် ကွန်ပျူတာသင်တန်း

  • Home
  • Myanmar
  • Taungoo
  • ပညာသစ် ကွန်ပျူတာသင်တန်း

ပညာသစ် ကွန်ပျူတာသင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပညာသစ် ကွန်ပျူတာသင်တန်း, Education, Yangon/Mandalay Main Road, Taungoo.

⛳️⛳️Training Of Trainer for Computer ⛳️ကွန်ပျူတာဆရာဖြစ်သင်တန်း စတင်လက်ခံနေပါပြီ။သင်တန်းပြီးသည်နှင့် Assistant Trainer အဖ...
25/04/2022

⛳️⛳️Training Of Trainer for Computer ⛳️

ကွန်ပျူတာဆရာဖြစ်သင်တန်း စတင်လက်ခံနေပါပြီ။

သင်တန်းပြီးသည်နှင့် Assistant Trainer အဖြစ် အလုပ်ဝင်နိုင်မည့် အပြင် သင်တန်းတွင် ဆရာ/ဆရာမအဖြစ်
အရွေးခံရပါက အစမ်းခန့် ၁ လ နှင့် အမြဲတမ်းဆရာမ ဖြစ်နိုင်မည့်အခွင့်အရေး

သင်တန်းကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားလိုသူများအတွက် အစအဆုံးကူညီဆောင်ရွက်ပေးပါမည်။

TOT (Training Of Trainer for Computer) သင်တန်းမှာ …

🎯 Computer Basic Course
🎯 Advance Computer Course
🎯 Graphic Design Course
🎯 Computer System & Windows
Knowledge (A+ Basic).
🎯 Teaching Design Course
🎯 Classroom Management
🎯 Leadership Skills
🎯 Creating Training Course
🎯 Content Writing for Training
🎯 Business Plan for Training
🎯 Internet & Email

📚သင်ခန်းစာအားလုံးကို စာတွေ့လက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင်ကြားရေးအတွက် မိမိသင်ကြားမည့် သင်ခန်းစာများကို စာအုပ်ထုတ်နိုင်သည်ထိ Course Design သင်ခန်းစာကို ထည့်သွင်းပေးထားပါတယ်။

💎မိမိသင်တန်းကြေငြာများကို ပိုမိုထိရောက်မှုရှိစေရန် မသိမဖြစ်လိုအပ်တဲ့ Content Writing, Digital Marketing နှင့် Advertising Idea စသည်တို့ကိုလည်း Internet & Email သင်ခန်းစာနှင့်အတူ ထည့်သွင်းပေးထားပါတယ်။

သင်တန်းတစ်ခုလုံးအား စီမံအုပ်ချုပ်နိုင်ရန်အတွက် Leadership & Classroom Management ကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။

💎 ဆရာဖြစ်သင်တန်းကိုဘယ်လိုသူတွေတက်သင့်ပါသလဲ
📌 မိမိဝန်းကျင်မှာရှိတဲ့ ကလေး၊ လူကြီး အရွယ်(၃)ပါးမရွေး ခေတ်နှင့်အညီယှဉ်တွဲသွားနိုင်ရန် ကူညီပေးလိုသူများ
📌 ကိုယ်တိုင်အတွက်ရော အများအတွက်ပါ အကျိုးရှိတဲ့အလုပ်ခွင်တစ်ခုဖန်တီးလိုသူများ
📌 ကိုယ်ပိုင်အချိန်လေး တစ်ရက် (၂)နာရီလောက်မျှဝေပေးလိုက်သည်နှင့် ဝင်ငွေရသည့်လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်လိုသူများ
📌 ကွန်ပျူတာသင်ကြားခြင်းတွင် ဆရာအဖြစ်ရပ်တည်လိုသူများ

💎 သင်တန်းအတွက်ဘာတွေလိုအပ်ပါသလဲ🔰

📌 အရေးအကြီးဆုံးဖြစ်တဲ့ “၀ါသနာ”ကိုအပါယူခဲ့ပါ👍

သင်တန်းကာလ - 3 လ
သင်တန်းချိန် - တစ်ရက် ၂ နာရီ (တပတ် ၅ ရက်)
သင်တန်းကြေး - ပညာဒါန 100% (သို့မဟုတ် ) 50% 75%
အစီအစဉ် ရှိပါသည်။

ဒေါ်အေးမာမာမင်း
ပညာသစ် ကွန်ပျူတာသင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး ။
တောင်ငူမြို့
ဖုန်း ၀၉ ၄၂၈၁၉၆၇၆၈။

IT Engineer အဖြစ် Japan အပါအဝင် တခြား ၆ နိုင်ငံတွင် အလုပ်လုပ်ခွင့်ရရှိပြီး မြင့်မားသောနေရာတစ်ခုကို ရယူလိုပါသလား ?Pearl Y...
23/11/2021

IT Engineer အဖြစ် Japan အပါအဝင် တခြား ၆ နိုင်ငံတွင် အလုပ်လုပ်ခွင့်ရရှိပြီး မြင့်မားသောနေရာတစ်ခုကို ရယူလိုပါသလား ?

Pearl Yadana Vocational Training Center မှ ဂျပန် နှင့် International IT Company ကြီးများတွင် Professional Software Engineer တစ်ယောက်အဖြစ် လျှောက်လှမ်းနိုင်ရန်အတွက် အခြေခံမှစ၍ အဆင့်မြင့်အထိ လိုအပ်သည်များ စာတွေ့လက်တွေ့ သင်ကြားပေးလျှက်ရှိပါသည်။

2022 ( April , October ) လများတွင် ကျင်းပမည့် ITPEC (IP,FE) Exam များကိုဝင်ရောက်ဖြေဆိုအောင်မြင်နိုင်ရန် ကျွန်မတို့ရဲ့ Pearl Yadana Vocational Training Center မှ Japan နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှ အသိအမှတ်ပြုထားသော ITPEC Certificate အားဖြေဆိုအောင်မြင်ရရှိရန်အတွက် December လ ( 2021 ) တွင် စတင်ဖွင့်လှစ်မည့် ITPEC Exam Preparation Course အတွက် Special Class သင်တန်းလေးနှင့် မိတ်ဆက်ပေးချင်ပါတယ်ရှင့် ။

(IP ,FE) Special Class သင်တန်းမှာဘာတွေသင်ကြားပေးမှာလဲ ?

Special Class သင်တန်းလေးမှာ ဆိုရင်တော့ -

- Management ပိုင်း ၊ Strategy ပိုင်း ၊ Technology ပိုင်း စသည်ဖြင့် အပိုင်းကြီးများ ၃ပိုင်းခွဲ၍ သင်ကြားပြသပေးသွားမှာဖြစ်ပြီး

Programming Language ပိုင်းတွင် C++ Programming နှင့် Java ကို အခြေခံမှ Web Developement Project များပိုင်နိုင်စွာ ရေးနိုင်စေရန်အထိသင်ကြားပြသပေးသွားမှာဖြစ်ပါသည်။
လက်တွေ့ပိုင်းတွင်လည်း Customize Software များကိုအခြေခံပြီး ပိုမို အခြေခိုင်မာအောင် သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုလူတွေ တက်ရောက်သင့်လဲ ?

📌 IT ပညာကို စိတ်ဝင်စားသူ မည်သူမဆို အခြေခံပညာ အထက်တန်းအဆင့်မှ စတင်ပြီး တက်ရောက်နိုင်မှာဖြစ်ပါသည် ။

📌 ပြည်တွင်း၊ပြည်ပ ရှိ Computer University, Technology University, တက်ရောက်လိုသူများ၊

📌 အခြားသော ဘွဲ့ရအောင်မြင်ထားသူများ ၊

📌 အောင်မြင်ထားသူများ၊

📌 #အခြေခံပညာ အထက်တန်း အောင်မြင်ထားသူများ၊

📌 ဂျပန်ဘာသာစကားတတ်မြောက်ထားသူများ ၊

📌 ပြည်ပ နိုင်ငံများဖြစ် သော Austrila, Singapore , America , Canada နှင့် ဥရောပနိုင်ငံများသို့ IT အထူးပြု ဘာသာရပ်ဖြင့် ပညာသင်ကြားလိုသော ကျောင်းသူ/သားများသည် Pearl Yadana Vocational Training Center မှ သင်ကြားလျက်ရှိသော IT ( basic , advanced) Course တက်ရောက်ပြီး ကြိုတင်သင်ကြားသွားခြင်းဖြင့် အခြေခံကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများရှိ University များတွင် ဆက်လက်ပညာသင်ကြားလိုသူများအနေဖြင့်လည်း အခက်အခဲမရှိ သင်ကြားနိုင်မှာဖြစ်ပါတယ်။

သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ ?

သင်တန်းကာလ​လေးကိုတော့ Weekday နှင့် Weekend နှစ်မျိုးခွဲခြားထားပြီး Basic ပိုင်းအတွက် (၃)/(၄) လ သတ်မှတ်ထားပြီး၊ သင်တန်း ပြီးမြောက်သွားလျှင်
👉🏻 C++ Programming
👉🏻 Microsoft Access နဲ့
👉🏻 Microsoft Excel (Basic + Advanced) များကို ကျွမ်းကျင်တက်မြောက်သွားမှာ ဖြစ်ပြီး ITPEC
(Japan) မှ ကြီးမှူးကျင်းပတဲ့ ITPEC (IP) Exam ကို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

Advanced အတွက် သင်တန်းကာလကိုတော့ ( ၆ )/(၈) လသတ်မှတ်ထားပြီး ၊ ပြီးမြောက်သွားပါက
Java programming ကို Stand alone software ( Web Devlopement ) ရေးသားနိုင်သည်အထိ ကျွမ်းကျင်စွာတက်မြောက်
သွားမှာဖြစ်ပြီး ITPEC (FE) Exam ကို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
Web Design ကိုလည်းလေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

🔸 သင်တန်း၏ အားသာချက်များ 🔸

- Pearl Yadana အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွင် လက်ရှိအချိန်ထိ ဂျပန် နှင့် အခြားနိုင်ငံများတွင် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည်လည်း Pearl Yadana သင်တန်းတွင် Online ဖြင့်တက်ရောက်လျှက်ရှိပြီး ဆရာ/ဆရာမများမှလည်း တစ်ဦးချင်းသင်ကြားရသကဲ့သို့ ဂရုတစိုက်သင်ကြားပြသပေးလျှက်ရှိပါသည်။

- Special Class ဖြစ်သည့်အတွက် လူဦးရေ ၁၅ ဦးသာကန့်သတ်ထားသည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ ၏ ကိုယ်ပိုင်စဉ်းစားတီထွင်ဉာဏ်ကို ရင့်သန်လာစေရန် သင်ကြားပြသပေးမည်ဖြစ်သည်။

သင်ကြားမည့် ဆရာ/ဆရာမများမှာ -

- IT ဖြင့် PhD , Master ဘွဲ့ရ ဝါရင့်ကျွမ်းကျင်သော ဆရာ/ဆရာမ (၁၀) ဦးမှ အသေးစိတ် လေ့ကျင့် သင်ကြားပြသပေးမည်ဖြစ်ပါသည်။

- Computer Engilsh and Japanese Language ဘာသာရပ်များကို တပါတည်း သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။

ဖော်ပြပါ Link တွင်လည်း Pearl Yadana Vocational Training Center တွက် တက်ရောက်သင်ကြားခဲ့သော သင်တန်းသူ/သင်တန်းသားများ၏ စကားသံများကို ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။

https://www.facebook.com/113145261021669/posts/186324307037097/

အသေးစိတ်အချက်အလက်များ စုံစမ်းမေးမြန်းလိုပါက - 0979 4774 518 , 0950 644 01 , 09 79 3596 315 သို့လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။


♦ပညာသစ် ကွန်ပျူတာသင်တန်း မှ အချိန်ပိုင်းသာဘာရပ်သင် IT ဆရာ /ဆရာမများအားဖိတ်ခေါ်ပါတယ် ♦မိမိတတ်မြောက်ကျွမ်းကျင်ရာ IT ဘာသာရပ...
06/01/2021

♦ပညာသစ် ကွန်ပျူတာသင်တန်း မှ
အချိန်ပိုင်းသာဘာရပ်သင် IT ဆရာ /ဆရာမများအား
ဖိတ်ခေါ်ပါတယ် ♦
မိမိတတ်မြောက်ကျွမ်းကျင်ရာ IT ဘာသာရပ်များအား
သင်ကြားမျှဝေပေးရန်ဖိတ်ခေါ်ပါတယ်ရှင်
♦သင်တန်းချိန်အချိန်ပိုင်းသင်ကြားရမှာမို့
ဥာဏ်ပူဇော်ခအားလည်းညှိနှိုင်းဆွေးနွေးပေးပါမည်။
💐IT ပညာရှင်များအားတန်ဖိုးထားလေးစားစွာဖြင့်

ဒေါ်အေးမာမာမင်း
ပညာသစ်ကွန်ပျူတာ/အင်္ဂလိပ်စာနှင့် ပန်းချီ​သင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး တောင်ငူမြို့။
Phone 🔸09 428196768။
Email 🔸[email protected]
Facebook🔸 ayemarmarmin

 # HR Diploma  # သင်တန်းတက်ချင်လို့စုံစမ်းနေသူများအတွက် မိမိအိမ်မှာပဲ On Line ဖြင့်  HR Diploma သင်ယူလို့ရအောင်   မှာ On...
27/12/2020

# HR Diploma # သင်တန်းတက်ချင်လို့စုံစမ်းနေသူများအတွက် မိမိအိမ်မှာပဲ On Line ဖြင့် HR Diploma သင်ယူလို့ရအောင် မှာ On-Line HR Diploma သင်တန်း ကို👍 ဇန်နဝါရီလ ၃ ရက်နေ့မှာဖွင့်လှစ်ပါမည်။

#သင်တန်းကဘယ်အချိန်မှာဖွင့်မှာပါလဲ၊သင်တန်းအမည်အပြည့်အစုံသိချင်ပါတယ်
(၂၀၂၁)ခုနှစ်၊ဇန်နဝါရီလ(၃)ရက် နေ့တွင်စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်၊သင်တန်းအမည်အပြည့်အစုံကတော့ Single Subject Diploma in HR Management ဖြစ်ပြီးအင်္ဂလန်နိုင်ငံမှဂုဏ်သိက္ခာကြီးမားသောပညာရေးအဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည့် ICM(Institute of Commercial Management ) မှတိုက်ရိုက်ပေးအပ်ချီးမြှင့်မည့် အသိအမှတ်ပြု ဒီပလိုမာသင်တန်းတစ်ခုဖြစ်ပြီး Optimum Institute ရှိ၀ါရင့်ဆရာကြီးများမှစာတွေ့လက်တွေ့ပေါင်းစပ်မှု များဖြင့် အထိရောက်ဆုံးသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

#အခု HR Diploma သင်တန်းမှာဘာခေါင်းစဉ်တွေသင်ကြားပေးမှာပါလဲ
ယခုဖွင့်လှစ်ပေးမဲ့ ဒီပလိုမာသင်တန်းမှာ

• Resourcing and Workforce Planning
• Learning and Development
• Performance Management
• Employee Relations
• Human Resources Skills စတဲ့ခေါင်းစဉ်များနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်
#အခုဒီပလိုမာသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ
ယခုဖွင့်လှစ်မယ့် ဒီပလိုမာသင်တန်းအား
- အဖွဲ့အစည်းများရှိ HR ဌာနများတွင်တာဝန်ထမ်းဆောင်နေသောလည်း HR Management ပညာရပ်များကိုစနစ်တကျအဆင့်မြင့်မြင့်တတ်မြောက်လိုသူများ
- လက်ရှိ လုပ်ငန်းတစ်ခုခုတွင်အလုပ်ဝင်ရောက်နေသော်လည်းလုပ်ခလစာနှင့်ဘဝတက်လမ်းများစွာ ရှိသော HR ဌာနကြီးများတွင်တာဝန်ထမ်းဆောင်လိုသူများ
- HR Department များတွင်စီမံခန့်ခွဲမှုတာဝန်ရှိများထပ်ဆောင်နေသော်လည်း HR နှင့်ပါတ်သက်သည့် Formal Qualificationနှင့်အသိအမှတ်ပြုလက်မှတ်ဒီပလိုမာများမရှိသေးသူများ
- ဝန်ထမ်းစီမံခန့်ခွဲမှုသဘောတရားများကိုစနစ်တကျနားလည်ပြီးလက်တွေ့အသုံးချလိုသော အခြား အရာထမ်းများနှင့်အုပ်ချူပ်သူများ
- တက္ကသိုလ်များတွင်စီမံခန့်ခွဲမှုအထူးပြုဘာသာရပ်ဆိုင်ရာဘွဲ့သင်တန်းများတက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများ
- Optimum တွင် HR Certificate Course များ တက်ရောက်ပြီးသူများ
တက်ရောက်သင့်ပါသည်။
-
#အဲဒီအတန်းကိုမည်သည့်ဆရာမှဦးဆောင်သင်ကြားပေးမှာပါလဲ
ယခုဖွင့်လှစ်ပေးမည့် HR Diploma သင်တန်းအားစာသင်ကြားမှုအတွေ့အကြုံနှစ်ပေါင်းများစွာရှိကြပြီး စီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့များနှင့်နို်င်ငံတကာစီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြုလက်မှတ်များစွာရှိကြသော စီမံခန့်ခွဲမှုပညာရှင်ဆရာကြီးများမှဦးစီးသင်ကြားပေးမှာဖြစ်ပါတယ်
#သင်တန်းကာလနဲ့သင်ကြားမည့်အချိန်လေးသိပါရစေ
သင်တန်းကာလကတော့စုစုပေါင်း(၅)လကြာမြင့်မှာဖြစ်ပြီးသင်ကြားချိန်ကတော့အပါတ်စဉ်တနင်္ဂနွေနေ့ ညနေ(၄)နာရီခွဲ မှ(၇)နာရီအထိဖြစ်ပါတယ်

#သင်ကြားပေးမဲ့နည်းစနစ်ကိုလည်းသိချင်ပါတယ်
အခုဖွင့်လှစ်ပေးမဲ့ On-Line HRM သင်တန်းကို On-Line စနစ်ဖြင့် Zoom Application အသုံးပြုပြီး Interactive Teaching System ကိုအသုံးပြုပြီးထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်ပါတယ်

#သင်တန်းတက်မည့်သူတစ်ယောက်အနေနဲ့ဘာတွေလိုအပ်ပါမည်လဲ
သင်တန်းသားများအနေဖြင့် On-Line မှ Zoom Application အသုံးပြုနိုင်ရန် Desktop Computer(သို့) Laptop Computer (သို့) Tablet (သို့)Smart Phone တစ်လုံးနှင့် Internet Connection ရှိရန်လိုအပ်ပြီး Zoom Application အား Download လုပ်ထားရန်လိုအပ်မှာဖြစ်ပါတယ်။
အဲဒီအပြင် email Account တစ်ခုနှင့် Facebook Account တစ်ခုရှိရန်လိုအပ်ပြီး Registration Process နှင့် သက်ဆိုင်ရာ Assignment များကို On-Line မှတင်သွင်းပေးရမှာဖြစ်ပါတယ်။

#သင်တန်းမှဘာတွေထောက်ပံ့ပေးမှာပါလဲ
သင်တန်းသားတစ်ဦးချင်းစီအတွက်သင်ကြားပေးမဲ့ရက်အလိုက် Lecture PowerPoint ဖိုင်များ၊ Lecture Audio ဖိုင်များ email ဖြင့်ပို့ပေးသွားမည်ဖြစ်ပြီးသင်တန်းပြီးဆုံးပါက Completion Certificate နှင့်အင်္ဂလန်နိုင်ငံမှစာမေးပွဲကိုဖြေဆိုအောင်မြင်ပါကဒီပလိုမာလက်မှတ်ကိုပါပံ့ပိုးပေးအပ်သွားမှာဖြစ်ပါတယ်

#သင်တန်းကဘယ်နေ့စတင်မှာပါလဲ
အခုဖွင့်လှစ်ပေးမဲ့သင်တန်းက(၂၀၂၁)ခုနှစ်၊ဇန်နဝါရီလ(၃)ရက်နေ့မှာစတင်မှာဖြစ်ပြိး အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း(၅)လတိတိဆက်တိုက်တက်ရောက်ရမှာဖြစ်ပါတယ်

#သင်တန်းအတွက်အထွေထွေကုန်ကျစရိတ်ဘယ်လောက်ရှိမှာပါလဲ
ယခုဖွင့်လှစ်ပေးမဲ့ဒီပလိုမာသင်တန်းအတွက် သင်တန်းကြေး၊စာအုပ်စာတမ်းကြေး၊အင်္ဂလန်သို့ပေးသွင်းရမည့် ဝင်ကြေးနှင့်စာမေးပွဲကြေး များပေးသွင်းရမည်ဖြစ်ပါသည်။သင်တန်းကြေးအနေဖြင့်ကိုဗစ်မတိုင်ခင်ကာလနှင့်Face to Face သင်တန်းများတွင်ကျပ်(၃)သိန်းခွဲကျသင့်မည် ဖြစ်သော်လည်း ကိုဗစ်ကာလ On-Line ဖြင့်သင်ကြားသည့်အထူးအခြေအနေအတွက်ကျပ်(၁)သိန်းခွဲသာကျသင့်မည်ဖြစ်ပါသည်။ စာအုပ်စာတမ်းကြေးမှာပင်မရည်ညွန်းစာအုပ်အတွက်စာအုပ်ဖိုးကျပ်(10000) ကျသင့်မည်ဖြစ်ပါသည်။အင်္ဂလန်သို့ပေးသွင်းရမည့်ဝင်ကြေးနှင့်စာမေးပွဲကြေးမှာ ပေးသွင်းရမည့်အချိန်ကာလတွင် US$110 အားကာလပေါက်စျေးအတိုင်းပေးသွင်းပေးရမည်ဖြစ်ပါသည်။

#အသေးစိတ်သိရှိနိုင်ရန်အတွက်ဆက်သွယ်ရမည့်လိပ်စာကတော့
သင်တန်းနဲ့ပါတ်သက်ပြီးအသေးစိတ်ဆက်သွယ်နိုင်ရန်
♦ အသေးစိတ်စုံစမ်းသိရှိလိုပါက♦
ဒေါ်အေးမာမာမင်း
ပညာသစ်ကွန်ပျူတာ/အင်္ဂလိပ်စာနှင့် ပန်းချီ​သင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး တောင်ငူမြို့။
Phone 🔸09 428196768။
Email 🔸[email protected]
Facebook🔸 ayemarmarmin

အခုလို ကိုဗစ်ကာလကြီးမှာ အိမ်မှာနေရင်း သင်တန်းတွတတ်ထားပြီး ကိုဗစ်အလွန်ကာလ အလုပ်အကိုင်အခွင့်အလန်းတွေပေါ်လာတဲ့အခါ အများထက်က...
12/12/2020

အခုလို ကိုဗစ်ကာလကြီးမှာ အိမ်မှာနေရင်း သင်တန်းတွတတ်ထားပြီး ကိုဗစ်အလွန်ကာလ အလုပ်အကိုင်အခွင့်
အလန်းတွေပေါ်လာတဲ့အခါ အများထက်ကိုယ်ကသာလွန်နေဖို့ Optimum Institute မှ ဖွင့်လှစ်မယ့်စီးပွားရေးစီမံခန့်ခွဲမှုနှင့်အုပ်ချူပ်မှုရက်တိုသင်တန်း
🗂 (OnLine Business Management and Administration Course- OnLine BMA Course)လေးနဲ့မိတ်ဆက်ပေးပါရစေ
#အဲဒီသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ
အခုဖွင့်လှစ်ပေးမဲ့ OnLine BMA သင်တန်းကို SME လုပ်ငန်းရှင်များ၊မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကို သမရိုးကျလုပ်ကိုင်နေသောလည်းပြောင်းလဲလာသောခေတ်စနစ်နဲ့အညီစနစ်တကျဖွဲ့စည်းအုပ်ချူပ်စီမံခန့်ခွဲလိုသူများ၊လုပ်ငန်းအဖွဲ့အစည်းအသီးသီးမှာအုပ်ချူပ်မှုတာဝန်ယူထားရသောမန်နေဂျာနှင့်ကြီးကြပ်သူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ(Start Up Business) ထူထောင်လိုသူများနှင့်စီမံခန့်ခွဲမှုကိုစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်မှာဖြစ်ပါတယ်
#သင်တန်းမှာဘာခေါင်းစဉ်တွေနဲ့သင်ကြားပေးမှာပါလဲ
အခုဖွင့်လှစ်ပေးမဲ့ OnLine BMA သင်တန်းမှာ
♦ ပြည်တွင်းပြည်ပမှာဆောင်ရွက်လျှက်ရှိတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားများ
♦ စီးပွားရေးလုပ်ငန်းဖွဲ့စည်းဆောင်ရွက်ပုံများ
♦ စီးပွားရေးလုပ်ငန်း၏ပမာဏနှင့် အရွယ်အစားတိုင်းတာသတ်မှတ်ချက်များ
♦ မြန်မာနိုင်ငံ၏အနာဂါတ်စီးပွားရေး အခွင့်အလမ်းနှင့်အလားအလာများ
♦ စီမံခန့်ခွဲမှုအဓိပ္ပါယ်နှင့်အခြေခံသဘောတရားများ
♦ စီမံခန့်ခွဲမှု၏အဓိကအရေးပါသောလုပ်ငန်းတာဝန်များ
♦ စီမံခန့်ခွဲသူတစ်ယောက်တွင်ရှိရမည့် စွမ်းရည်နှင့်တာဝန်များ
♦ စီးပွားရေးလုပ်ငန်းအုပ်ချူပ်မှုပုံစံဖွဲ့စည်းခြင်းနှင့် ရာထူးတာဝန်သတ်မှတ်ချက်များ
♦ ထိရောက်သောစီမံခန့်ခွဲမှု၏အကျိုးရလာဒ်များ
♦ အရာထမ်းအမှုထမ်းများအတွက် အလုပ်တာဝန်(JD)များသတ်မှတ်ခြင်း
♦ အချိန်စီမံခန့်ခွဲမှုနှင့်ပြောင်းလဲမှုစီမံခန့်ခွဲခြင်း အခြေခံသဘောတရားများ
♦ စီမံခန့်ခွဲမှု၏အဓိကစိန်ခေါ်မှုများ
♦ မန်နေဂျာကောင်းတစ်ဦးတွင်ရှိရမည့် သွင်ပြင်လက္ခဏာများ
♦ အဖွဲ့အစည်းဖွဲ့စည်းခြင်းနှင့်
အုပ်ချူပ်မှုသဘောတရားများ
♦ အုပ်ချူပ်မှုအထောက်အကူပြုသဘာဝများနှင့် ခေတ်မှီအထောက်အကူပြုပစ္စည်းများ
♦ စာရွက်စာတမ်းမှတ်တမ်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းအစီအမံများ
♦ အိုင်စီတီကိုစီမံခန့်ခွဲမှုတွင်ထိရောက်စွာ အသုံးချခြင်း
♦ လုပ်ငန်းသုံးသတင်းအချက်အလက်လုံခြုံရေးနှင့် ကာကွယ်မှုအစီအစဉ်များ
♦ ခေတ်မှီအိုင်စီတီနည်းပညာများ Hardware နှင့် Software များအကြောင်း
♦ အပါတ်စဉ် Case Studies များနှင့် Exercise များပါဝင်မှာဖြစ်ပါတယ်

#အဲဒီအတန်းကိုမည်သည့်ဆရာမှဦးဆောင်သင်ကြားပေးမှာပါလဲ
ယခုဖွင့်လှစ်ပေးမဲ့ On Line BMA သင်တန်းကို စီးပွားရေးလုပ်ငန်းကြိးတစ်ခုတွင်အမှုဆောင်အရာရှိချူပ် အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီးစီမံခန့်ခွဲမှုနှင့်
စာသင်ကြားမှုအတွေ့အကြုံ(၂၅)နှစ်ကျော်ရှိပြီး အမှုဆောင်အဆင့်စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့နှင့်နိုင်ငံတကာမှစီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြု လက်မှတ်များစွာရရှိထားသူ လက်ရှိ
Optimum Institute ရဲ့တည်ထောင်သူ အိုင်တီနှင့်စီမံခန့်ခွဲမှု ပညာရှင် ဆရာဦးငြိမ်းဦးကိုယ်တိုင်ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်

#သင်တန်းကာလနဲ့သင်ကြားမည့်အချိန်လေးသိပါရစေ
သင်တန်းကာလကတော့စုစုပေါင်း(၅)ပါတ်ကြာမြင့်မှာ
ဖြစ်ပြီးသင်ကြားချိန်ကတော့အပါတ်စဉ်တနင်္ဂနွေနေ့ ညနေ(၁)နာရီ မှ(၄)နာရီအထိဖြစ်ပါတယ်

#သင်ကြားပေးမဲ့နည်းစနစ်ကိုလည်းသိချင်ပါတယ်
အခုဖွင့်လှစ်ပေးမဲ့ OnLine BMA သင်တန်းကို
OnLine စနစ်ဖြင့် Zoom Application အသုံးပြုပြီး
Interactive Teaching System ကိုအသုံးပြုပြီးထိထိရောက်ရောက်သင်ကြားပေးမှာဖြစ်ပါတယ်

#သင်တန်းတက်မည့်သူတစ်ယောက်အနေနဲ့
ဘာတွေလိုအပ်ပါမည်လဲ****************
သင်တန်းသားများအနေဖြင့် OnLine မှ Zoom Application အသုံးပြုနိုင်ရန် Desktop Computer(သို့) Laptop Computer (သို့) Smart Phone တစ်လုံးနှင့် Internet Connection ရှိရန်လိုအပ်ပြီး Zoom Application အား Download လုပ်ထားရန်လိုအပ်မှာဖြစ်ပါတယ်။
အဲဒီအပြင် email Account တစ်ခုနှင့် Facebook Account တစ်ခုရှိရန်လိုအပ်ပြီး Registration Process နှင့် သက်ဆိုင်ရာ Assignment များကို OnLine မှတင်သွင်းပေးရမှာဖြစ်ပါတယ်။

#သင်တန်းမှဘာတွေထောက်ပံ့ပေးမှာပါလဲ
သင်တန်းသားတစ်ဦးချင်းစီအတွက်သင်ကြားပေးမဲ့ရက်အလိုက် Lecture Powerpoint ဖိုင်များ၊ Lecture Audio ဖိုင်များ email ဖြင့်ပို့ပေးသွားမည်ဖြစ်ပြီး
သင်တန်းပြီးဆုံးပါက Optimum Institute မှ Completion Certificate ကိုပါပံ့ပိုးပေးအပ်သွားမှာဖြစ်ပါတယ်

#သင်တန်းကဘယ်နေ့စတင်မှာပါလဲ
အခုဖွင့်လှစ်ပေးမဲ့သင်တန်းက
#(၂၀၂၀)ခုနှစ်၊ဒီဇင်ဘာလ(၂၀)ရက်နေ့မှာ
စတင်မှာဖြစ်ပြီးအပါတ်စဉ်တနင်္ဂနွေနေ့ တိုင်း(၅)ပါတ်တိတိဆက်တိုက်တက်ရောက်ရမှာ ဖြစ်ပါတယ်

#သင်တန်းကြေးဘယ်လောက်ပါလဲ၊
စာရင်းသွင်းဖို့ဘယ်လိုဆက်သွယ်ရပါမလဲသင်တန်းကြေးကိုတော့အများတတ်နိုင်အောင်လျှော့ချပေးထားပြီး
စာရင်းသွင်းဖို့ငွေသွင်းဖို့ကိစ္စများအတွက်
သင်တန်းနဲ့ပါတ်သက်ပြီးအသေးစိတ်ဆက်သွယ်နိုင်ရန်
♦ အသေးစိတ်စုံစမ်းသိရှိလိုပါက♦
ဒေါ်အေးမာမာမင်း
ပညာသစ်ကွန်ပျူတာ/အင်္ဂလိပ်စာနှင့် ပန်းချီ​သင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး တောင်ငူမြို့။
Phone 🔸09 428196768။
Email 🔸[email protected]
Facebook🔸 ayemarmarmin

COVID ကာလအတွင်းမှာ အကျိူးရှိအောင်အိမ်မှာနေရင်း On-Line သင်တန်းတွေတက်ထားချင်သူများအတွက်အရမ်းကိုပြီးပြည့်စုံတဲ့ စီမံပံ့ပို...
02/11/2020

COVID ကာလအတွင်းမှာ အကျိူးရှိအောင်အိမ်မှာနေရင်း
On-Line သင်တန်းတွေတက်ထားချင်သူများအတွက်
အရမ်းကိုပြီးပြည့်စုံတဲ့ စီမံပံ့ပိုးမှုတွေနဲ့ November 15 ရက်နေ့မှာဖွင့်လှစ်မည့် သင်တန်းလေးကို မိတ်ဆက်ပေးပါရစေ
♦November လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်မှာက♦
✨Human Resource Management Course✨ပါ🔰သင်ကြားပို့ချပေးမယ့်ဆရာက 🔰
🔶 စာသင်ကြားမှုအတွေ့အကြုံ(၂၅)နှစ်ကျော်ရှိပြီးစီမံခန့်ခွဲမှုအတွေ့အကြုံများစွာနှင့်နိုင်ငံတကာအတွေ့အကြုံများစွာရှိသော M.B.A ဘွဲ့ရ ♦ဆရာဦးငြိမ်းဦး♦ကိုယ်တိုင်သင်ကြားပေးမှာဖြစ်ပါတယ်။
🍀သင်​ကြားပေးမည့် သင်ခန်းစာခေါင်းစဉ်တွေက
(က) စီမံခန့်ခွဲမှုသဘောတရားနှင့်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ
(ခ) ၀န်ထမ်းများလိုက်နာသင့်သည့်လုပ်ငန်းခွင်ကျင့်၀တ်နှင့်အမူအကျင့်ကောင်းများ
(ဂ) အလုပ်ခေါ်ယူ(လျှောက်ထား)ခြင်းနှင့်ရွေးချယ်ခန့်ထားခြင်း
(ဃ) လေ့ကျင့်သင်ကြားပေးခြင်းနှင့်ပြုစုပျိုးထောင်ပေးခြင်းအစီအစဉ်များ
(င) စွမ်းဆောင်ရည်နှင့်စိတ်ဓါတ်မြှင့်တင်ခြင်းလုပ်ငန်းစဉ်များ
(စ) သင်ကြားမည့်ခေါင်းစဉ်အလိုက်လက်တွေ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။
🍀သင်တန်းကာလနှင့်သင်ကြားမည့်အချိန်🍀
သင်တန်းကာလကစုစုပေါင်း(၅)ပါတ်ကြာမြင့်မှာဖြစ်ပါတယ်၊တစ်ပါတ်လျှင်စာသင်ချိန် (၃) နာရီတက်ရောက်ရမှာဖြစ်ပါတယ်။
🍀သင်ကြားပေးမည့်နည်းစနစ်🍀
On-Line စနစ်ဖြင့် Zoom Application ကိုအသုံးပြုပြီး Interactive Teaching System ဖြင့်ထိရောက်စွာသင်ကြားပေးမှာဖြစ်ပါတယ်။
🍀သင်တန်းသားအနေနဲ့ဘာတွေပြင်ဆင်ထားဖို့လိုပါသလဲ
သင်တန်းသားများအနေဖြင့် Computer (Desktop/Laptop) သို့မဟုတ် Smart Phone ရှိရန်လိုအပ်ပြီး Zoom Application အား Download လုပ်ထားရန်လိုအပ်ပါသည်။
ထို့အပြင် eMail Account တစ်ခုနှစ် Facebook Account တစ်ခုရှိရန်လိုအပ်ပြီးစာသင်ရက် အလိုက် ပေးအပ်သောသင်ခန်းစာ Assignment များကို သတ်မှတ်ရက်အတွင်း On-Line မှတင်သွင်းပေးရမှာ ဖြစ်ပါတယ်။
🍀သင်တန်းတွင်ထောက်ပံ့ပေးမည့်အစီအစဉ်🍀
သင်တန်းသားတစ်ဦးချင်းစီအတွက်သင်ကြားမည့်ရက်အလိုက် Lecture Powerpoint Softcopy များ,
Lecture Audio Clip များအပြင်သင်တန်းပြီးဆုံးပါက Completion Certificate များကိုပါပံ့ပိုးပေး
သွားမှာဖြစ်ပါတယ်
♦သင်တန်းဘယ်နေ့စမှာပါလဲ♦
နို၀င်ဘာလ(၁၅)ရက်နေ့နေ့လည်(၁)နာရီတွင်စတင်မှာဖြစ်ပြီးအပါတ်စဉ် Sunday (1pm-4pm) ၅ ပတ်တိတိဆက်တိုက်တက်ရောက်ရမှာဖြစ်ပါတယ်။
သင်တန်းနဲ့ပါတ်သက်ပြီးအသေးစိတ်ဆက်သွယ်နိုင်ရန်
♦ အသေးစိတ်စုံစမ်းသိရှိလိုပါက♦
ဒေါ်အေးမာမာမင်း
ပညာသစ်ကွန်ပျူတာ/အင်္ဂလိပ်စာနှင့် ပန်းချီ​သင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး တောင်ငူမြို့။
Phone 🔸09 428196768။
Email 🔸[email protected]
Facebook🔸 ayemarmarmin

1.11.20171.11.20181.11.20191.11.2020 ******************************************ပညာသစ်ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီ...
01/11/2020

1.11.2017
1.11.2018
1.11.2019
1.11.2020
******************************************
ပညာသစ်
ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်း
မိတ္တူ ဖိတ်စာယပ်တောင်လက်ဝတ်ရတနာငှားရမ်းခြင်း
ဆိုင်လေးဖွင့်တာ ♦ ၁-၁၁-၂၀၁၇ မှ ၁-၁၁-၂၀၂၀ ♦
💐 ၃ နှစ်ပြည့်ခဲ့ပါပြီ 💐
🌸ယုံကြည်စွာလက်တွဲခဲ့ကြတဲ့ ဘာသာရပ်သင် ဆရာ ဆရာမများ ကျောင်းသားသူများ မိဘများ၊ အလုပ်အပ်နှံကြသူများ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
🌸ယနေ့ပြုခဲ့သော ကုသိုလ်များ နှင့် ဒီနှစ်အတွင်း အလှူအတန်း ကုသိုလ်ပြုမှုအားလုံးကိုလည်း ထပ်တူကုသိုလ်ရနိုင်ကြပါစေ။🌸
🌸သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကိုလည်းဂါရဝပြုပါတယ်။ 🙏
🌸သင်တန်းဖြစ်မြောက်အောင်ကူညီပေးခဲ့တဲ့သူများ၊ အကြံဥာဏ်များ၊ စိတ်ခွန်အားပေးခဲ့တဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်🌸
🌸 ရှေ့ဆက်လက်၍လည်း အဆင့်မြင့်သင်တန်းများအား Online/ Offline များဖြင့် သင်ကြားရန်လည်းစီစဥ်ထား ရှိပါသည်။🌸
💐ကျွန်မရဲ့အောင်မြင်ခြင်း/စိတ်ညစ်/စိတ်ရှုတ်မှု များကို အမြဲတမ်းမျှဝေ အားပေးတဲ့ အမေနဲ့ အမ၊ ညီမများ
ကျွန်မကချစ်သော ကျွန်မကိုချစ်သောသူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်ဝပြည့်စုံကြပါစေ။🙏
💕အခုအချိန်မှာ Online မှ တွေ့နေ စာသင်နေရပေမယ့် ရောဂါကြီးကင်းစင်သွားရင် အားလုံးပြန်လည်ဆုံတွေ့ကြမယ်နော်💕
😊 အေးမာမာမင်း😊
၁.၁၁..၂၀၂၀

မင်္ဂလာပါရှင် 💕Yangon မြို့ရှိ🍀 Optimum Institute Of Business & Technology Studies မှ Founder ♦ဆရာဦးငြိမ်းဦး♦ ကိုယ်တို...
27/09/2020

မင်္ဂလာပါရှင် 💕
Yangon မြို့ရှိ
🍀 Optimum Institute Of Business & Technology Studies မှ Founder
♦ဆရာဦးငြိမ်းဦး♦ ကိုယ်တိုင်သင်ကြားပို့ချပေးမယ့်
👨‍💻Business Management & Administration (Online Course - Zoom Application)
** စီးပွားရေးစီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှုအခြေခံသင်တန်း** အား (၁၁.၁၀..၂၀၂၀) ရက်နေ့တွင်ဖွင့်လှစ်ပါမည်။
👩‍💻Online Course ဖြစ်တာကြောင့် Stay at Home
မှာပဲ သင်ယူလို့ရပါတယ်။
✅ Sunday Only ဖြစ်တာကြောင့်လည်း စာလေ့လာချိန်ပိုရပါတယ်။ သင်တန်းတွင်သင်ကြားပို့ချပေးသည့် Course များ၏ အသံဖိုင်များ၊ Note များကိုလည်း ပြန်လည်လေ့လာ နိုင်ရန် ပေးအပ်မှာပါ။
🔶သင်တန်းတတ်မြောက်အောင်မြင်ပြီးပါက *Certificate
ပေးအပ်ချီးမြှင့်ပါမည်။
သင်တန်းကြေး ⏭ ၃၀၀၀၀ (သုံးသောင်း) ကျပ်ပါ။
သင်တန်းကာလ ⏭ Sunday Only (5weeks) ပါ။
သင်ကြားမည့်ပုံစံ ⏭ Online Class ( Zoom)
📣 အသေးစိတ်စုံစမ်း၍သင်တန်းတက်ရောက်ရန်
စာရင်းပေးသွင်းလိုပါက
🔶 ဒေါ်အေးမာမာမင်း
ပညာသစ် ကွန်ပျူတာ/အင်္ဂလိပ်စာသင်တန်း
၁၀ လမ်းကြား၊ အလယ်ကျွန်းစျေးအနီး တောင်ငူမြို့။
Phone 🔸09 428196768။
Email 🔸[email protected]
Facebook🔸 ayemarmarmin
သို့ဆက်သွယ်နိုင်ပါသည်။
👍ယနေ့မှစ၍ သင်တန်းအပ်လက်ခံနေပါပြီရှင်👍
Stay Home ရင်း ပညာ ဗဟုသုတများတိုးပွားကြပါစေရှင်

♦လူငယ်များအတွက် ကိုဗစ်အလွန် ကြိုတင်ပြင်ဆင်မှုများထဲမှ ပထမ ခြေလှမ်း♦စာသင်ကြားမှုအတွေ့အကြုံ ၂၅ နှစ်ကျော်ရှိပြီး နိုင်ငံတကာ...
20/09/2020

♦လူငယ်များအတွက် ကိုဗစ်အလွန် ကြိုတင်ပြင်ဆင်မှုများထဲမှ ပထမ ခြေလှမ်း♦
စာသင်ကြားမှုအတွေ့အကြုံ ၂၅ နှစ်ကျော်ရှိပြီး နိုင်ငံတကာအတွေ့အကြုံနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများစွာရှိသည့် စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ရ အိုင်တီနှင့် စီမံခန့်ခွဲမှု ပညာရှင် ♦ဆရာဦးငြိမ်းဦး ♦ကိုယ်တိုင် ဟောပြောဆွေးနွေးမှာဖြစ်ပါတယ်။
သင်တန်းကြေးအခမဲ့ ( Free Online Seminar) လေးပါ
စိတ်ပါဝင်စားသူများ ကျွန်မရဲ့ဖုန်းလေးကိုဆက်ပြီး Zoom meeting ID နှင့် Passcode လေးရယူလိုက်ပါနော်။
♦၂၇.၉..၂၀၂၀ တနင်္ဂနွေနေ့ နေ့လည် ၁ နာရီက ၃ နာရီထိနော်။
ဖုန်းနှင့်အင်တာနက်လိုင်းလေးရှိရုံဖြင့် တက်ရောက်နိုင်မည့်အခွင့်အရေးပါ။
ကျွန်မရဲ့ ဖုန်းနံပါတ်ကလေးက ၀၉ ၄၂၈၁၉၆၇၆၈ ပါနော်။

Computer Knowledge ဖြေဆိုကြရမယ့် ရုံးဝန်ထမ်းများ ကျောင်းသား/သူ များအတွက် ပညာဒါနလေးပါ။ဒီနေ့ပြီးသလောက်လေးပါ အများကြီးကျန်ပ...
29/08/2020

Computer Knowledge ဖြေဆိုကြရမယ့် ရုံးဝန်ထမ်းများ ကျောင်းသား/သူ များအတွက် ပညာဒါနလေးပါ။
ဒီနေ့ပြီးသလောက်လေးပါ အများကြီးကျန်ပါသေးတယ်။
အေးမာမာမင်း
ပညာသစ် ကွန်ပျူတာသင်တန်း

29/08/2020

STAY HOME နေရင်းနဲ့ ပညာဒါနတွေ
တနေ့တမျိုးတင်ပေးမယ်နော်
♦♦♦♦♦
ဒီနေ့တော့ ဒ၊ဓ ရိုက်မရတာကို ပြောပြမယ်နော်

☀ ဒ ၊ ဓ ပြဿနာဖြေရှင်းနည်းများ ☀

👉PageMaker 7
File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။

👉 InDesign
Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။

👉 Illustrator
File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။

👉Photoshop
Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။

👉Corel Draw
Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)

👉Microsoft Word
Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
အေးမာမာမင်း
ပညာသစ် ကွန်ပျူတာသင်တန်း၊ တောင်ငူမြို့။

09/08/2020

တန်းခွဲသစ်များကို ဖွင့်လှစ်နေပါပြီ။

Address

Yangon/Mandalay Main Road
Taungoo

Alerts

Be the first to know and let us send you an email when ပညာသစ် ကွန်ပျူတာသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပညာသစ် ကွန်ပျူတာသင်တန်း:

Shortcuts

Share

Category