မြတ်သုခ

မြတ်သုခ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်သုခ, Taungoo.

18/01/2022

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Crd

ဆရာမ ကိုယူထားသော သူငယ်ချင်းမိတ်ဆွေများ သို့=================ဆရာမ တစ်ယောက်အား ချစ်မိနေသော FB ပေါ်မှ သူငယ်ချင်းတစ်ယောက်မှ ...
15/01/2022

ဆရာမ ကိုယူထားသော သူငယ်ချင်းမိတ်ဆွေများ သို့
=================
ဆရာမ တစ်ယောက်အား ချစ်မိနေသော FB ပေါ်မှ သူငယ်ချင်းတစ်ယောက်မှ ကျွန်တော်အား အတွေ့ကြုံများလာမေး၍ လူစုံတုန်းရှင်းပြလိုက်သည် ဒီအဖြစ် အပျက် အား ခံနိုင်မှဆရာမကိုချစ်ပါလို့
==================
(1)ကိုယ့်အတွက် ထမင်းဟင်းမဆိုထားနှင့်။ မိုးလင်းလျှင် သူ့အတွက်မနက်စာပင်အနိုင်နိုင် မစားနိုင်ပဲ မှင်နီးအောက်မရောက်ရလေအောင် အပြေးအလွှားအလှပြင်ကာသွားရခြင်း (မင်းမနေနိုင်ပါက ထမင်းချိုင့် ထချက်ပြီး ထည့်ပေးလိုက်ပါ သူငယ်ချင်း)

(2)ကျောင်းရောက်တာနှင့် မျောက်လောင်းတွေက တစ်မျိုး ဂျူတီကတစ်ဖုံ ရုံးခန်းက ဆရာမကြီးကတစ်မောက် စစ်ဆေးရေးက အာရုံနောက် နေ့လည်စာ ထမင်းစား မမှန်၍ရောဂါဖြစ်တက်သည် (အခန့်မသင့်လျှင် ဆေးရုံတက်ရနိုင်၍။ (လူနာပြုစုနည်းလေးပါသင်ထားပါသူငယ်ချင်း)
======================

(3)တစ်နေကုန် စစ်ဆေးရေး ရစ္သမ်ွ ကျောင်းသားမိဘ ရစ္သမ်ွ ကျောင်းက စီနီယာဆရာမကြီးများမှC.M ပေးသမျှကို ပြုံးပြုံးကြီးခေါင်းငုံ့ခံခ့ဲရ၍ (ကုလားမနိုင် ရခိုင်မဲပါက မင်းကသာ ရခိုင်ဖြစ်ရပါလိမ့်မည် သူငယ်ချင်း)
======================

(4)မနက်ကျောင်းသွားချိန်တွင် ရိုးရိုးလေးယဉ်တယ်ဗျာ သိပ်လှတယ်ဆရာမရယ်ဆိုတ့ဲအတိုင်း ပြင်ဆင်ထားသော်လည်း ညနေကျောင်းဆင်း၍ အိမ်ပြန်ရောက်လျှင် ဘီးလူး သရဲရုပ်ပေါက်လာ၍ အသံမထွက် မှန်ချိုယပ်၍ (ထမင်းဟင်း ခူး၍ အဆင်သင့်ပြင်ပေးလိုက်ပါသူငယ်ချင်း)(အထူးမှတ်ချက်)(မင်းကိုယ်တိုင်ချက်ရမည်)
====================

(5)လကုန်နှင့် လဆန်းရက်များတွင် မိုးမလင်းခင် ကျောင်းသွားကြရပြီး မိုးစုန်းစုန်းချုပ်မှသာ အိမ်ပြန်လာကြတက်၍ ငါ့အိမ်၌ ငါမွေးထားသော အိမ်ကခွေးလေးက သူ့သခင်မအား မမှတ်မိလို့ သဲကြီးမဲကြီး ထိုးဟောင်နေတာသာ (မင်း လာလေ့လာပါသူငယ်ချင်း)
======================

(6)ကလေးမွေးပြီးပါက လပိုင်းအတွင်း ကျောင်းပြန်တက်ရ၍ ကလေးကိုပစ်ထားခ့ဲသဖြင့် မိမိအိမ်ရှိ လူကုန္မေနရပဲ ကလေးတစ်ယောက်အား ဝိုင်းဝန်းထိမ်းကြရချင်း (စီနီယာကေလးအေဖ အစ်ကိုကြီးများမှ ပြောပြခြင်း)
=========================

(7)ဤကိစ္စတွေအား မင်းမခံစားနိုင်ပါက သူ့ကိုဘယ်လောက်ပြဿနာရှာရှာ ကျောင်းအစည်းဝေး ကျောင်းကျမ်းမာရေး ကျောင်းအုပ်ကြီးခိုင်းထားလို့ဟု၍ ထိုထိုကိစ္စများအား အကြောင်းပြ၍ မင်းလက်က ရှောင်ပြေးနိုင်သဖြင့် (မင်းတစ်ယောက်တည်း ဒေါသထွက်၍ ကျန်ခဲ့ရခြင်း)
=========================

(8)အဆိုးဆုံးမှာ မင်းနေမကောင်းဖြစ်လျှင် မင်းအားပြုစုရမည်ဆိုပါက ခွင့်မရသဖြင့် မဲရုံကိစ္စ သန်းခေါင်းစာရင်းကိစ္စတွေရှုပ်နေတက်၍ ဒီဇင်ဘာပိတ်ရက် သို့မဟုတ် နွေရာသီပိတ်ရက်များ၌ (တစ်နှစ်စာစုပေါင်း၍ မင်း ဖျားနာပါကအကောင်းဆုံးဖြစ်ပေလိမ့်မည်သူငယ်ချင်း)
=========================

Credit-Myat Noe Oo

တချို့သူတွေက ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်တချို့သူတွေ...
14/01/2022

တချို့သူတွေက ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်

တချို့သူတွေက Hijet ကားလေးစီးနိူင်တာကို အိမ်ကကားနဲ့လေ အိမ်ကကားနဲ့လေဆိုပြီး သွားသွားကြွားပြနေတာ car show room ပိုင်ရှင်ကြီးမှန်း မေ့နေတတ်ကြတယ်

တချို့သူတွေက အင်္ဂလိပ်စကား ကိုယ်သိကိုယ်တတ် ဆိုပြီး လူတွင်ကျယ် ဝင်ဝင်စွာတတ်တာ သူတို့ကို ဆိတ်ဆိတ်ငြိမ်ပြီး ကြည့်နေတဲ့သူက ဥရောပလို နိူင်ငံကြီးတွေမှာ ကျောင်းပြီးခဲ့တဲ့အကြောင်း သူတို့မသိပြန်ဘူး

ဆိုင်ခန်းလေး တစ်ခန်းဖွင့်ပြီး အဝတ်အထည်အပေါလေးတွေတင်ရောင်းနေတာကို ပိုးထည်တိုက်ဖွင့်ထားတဲ့သူမျိုးတွေနဲ့ သွားယှဉ်နေတဲ့သူမျိုးလဲ ရှိပြန်ရော

ဝမ်းဆက်တစ်စုံ ၅၀၀၀ ချုပ်ပြီးချုပ်ထည်တွေပုံနေတယ်လို့ သွားကြွားဝါမိတဲ့သူက တစ်စုံ ချုပ်ခကို ၁၀ သိန်းလောက်ယူပြီး တနေ့ကို တစ်စုံဘဲ ချုပ်နေတဲ့သူဆိုတာ သူမသိဘူး

တကယ်တော့ ဆိတ်ဆိတ်နေတဲ့သူတွေက ပြည့်ပြီးသားအိုးတွေဆိုတော့ ဘောင်ဘင်မခတ်တဲ့သဘောတွေပါဘဲ

လောကမှာ ကိုယ့်ထက်သိ ကိုယ့်ထက်တတ်
ကိုယ့်ထက်လှ ကိုယ့်ထက်ချမ်းသာ
ကိုယ့်ထက်အောင်မြင်
ကိုယ်မမြင်ဖူး
မသိဘူး
မကြားဖူးတဲ့ အကြောင်းအရာတွေ အများကြီးပါ

ဘောင်ဘင်မခတ်ပြကြပါနဲ့
ကျွန်တော်လည်း ဘောင်ဘင်မခတ်အောင် ကိုယ့်ကိုယ့်ကိုယ် ထိန်းကျောင်းပြုပြင်နေဆဲပါ

အဲ့လို လူမျိုးတွေတွေ့ရင်တော့ ပြုံးဘဲပြုံးမိလိုက်ပါတယ် ...။

04/03/2020

Good Night 💗

အဝေးသင်ကျောင်းသားကျောင်းသူများအတွက် အရေးကြီးသော ငွေသွင်းပြေစာ(သို့မဟုတ်)ချလံချလံ မှာ အဝေးသင် ကျောင်းသား/သူများအတွက်အရေးက...
14/02/2020

အဝေးသင်ကျောင်းသားကျောင်းသူများအတွက် အရေးကြီးသော ငွေသွင်းပြေစာ(သို့မဟုတ်)ချလံ

ချလံ မှာ အဝေးသင် ကျောင်းသား/သူများအတွက်အရေးကြီးဆုံးသော အခန်းကဏ္ဍတွင်ပါဝင်သည်။
(က)ချလံ ၏အသုံးဝင်ပုံများ။

၁။ချလံ ဖြင့်ခုံနံပါတ်ထုတ်ရသည်။
၂။ချလံ ဖြင့်စာအုပ်ထုတ်ရသည်။
၃။ချလံ ဖြင့်စာစဥ်Assingnment ထုတ်ရသည်။
၄။ချလံ ဖြင့်စာစဥ်တင်သွင်းရသည်။
၅။ချလံ ဖြင့်ကျောင်းသားကဒ်ထုတ်ရသည်။
၆။ကျောင်းသားကဒ်ပျောက်ဆုံ/ပျက်စီးသွားရင်တောင် ချလံဖြင့် စာမေးပွဲဝင်ဖြေ၍ရပါသည်။
၇။ဘွဲ့ယူသည့်အခါ မိမိလေးနှစ်လုံးတတ်ခဲ့သောချလံများ(သို့)နောက်ဆုံးနှစ်ချလံ အားပြသရသည်။

(ခ)ချလံ ပျောက်ဆုံးလျှင် ဘာတွေပြန်လုပ်ရမလဲ။
ယခုနှစ်အတွက် ချလံပျောက်ဆုံးခြင်းများကို ကျောင်းအပ်ရက်များ ပြီးစီးသော အချိန်မှသာ ထုတ်ပေးမည်ဖြစ်သည်။

၁။မိမိတတ်ရောက်မည့်ခုံနံပါတ် မှတ်မိရမည်။
၂။မိမိမေဂျာကိုင်စာရေးမများထံတွင်အကူညီရယူပါ။
၃။ဘဏ္ဍာဌာန တွင် မိမိခုံနံပါတ်နှင့်အမည် ပြောပြ၍ ချလံပျောက်ဆုံးကြောင်းထောက်ခံစာ ပြန်လည်လုပ်၍ ထုတ်ယူနိူင်ပါသည်။

မှတ်ချက် ။။ ချလံပျောက်ဆုံးလျှင် အဝေးသင် ဌာနနှင့်ဘဏ္ဍာဌာနတွင် အလုပ်အလွန်ရှုပ်သည့်အပြင် ပျောက်ဆုံးသောကျောင်းသား/သူ အတွက် အခက်အခဲ များစွာ ဖြစ်စေနိုင်သောကြောင့် ချလံအား သေသေချာချာ ထိန်းသိမ်း
ပေးကြဖို့တိုက်တွန်းအပ်ပါသည်။

စိုင်းအောင်ခန့်
Taungoo University Of Distance Education

လွန်ခဲ့သော ၁၀၅ နှစ်က သူ ဟာ ဒီနိုင်ငံအတွက် မွေးဖွားလာခဲ့တယ်။ #ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
13/02/2020

လွန်ခဲ့သော ၁၀၅ နှစ်က
သူ ဟာ ဒီနိုင်ငံအတွက်
မွေးဖွားလာခဲ့တယ်။

#ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

မေး။   ။ အဝေးသင်မှာ Qualified ဝင်ခွင့်ပေးလား...?ဖြေ။   ။အဝေးသင်မှာ နောက်ဆုံးနှစ်အတန်း မှာ သတ်မှတ်အရည်အချင်းပြည့်မီသူများ...
12/02/2020

မေး။ ။ အဝေးသင်မှာ Qualified ဝင်ခွင့်ပေးလား...?
ဖြေ။ ။အဝေးသင်မှာ နောက်ဆုံးနှစ်အတန်း မှာ သတ်မှတ်အရည်အချင်းပြည့်မီသူများကိုQualified ပေးပါတယ်။

မေး။ ။Qualified အမှတ်ကို ဘယ်ကယူတာလဲ..?
​​ဖြေ။ ။Qualified အမှတ်ကို နောက်ဆုံးနှစ် အမှတ်ကိုပဲယူပါတယ်။

​​မေး။ ။Qualified အမှတ်မှာသတ်မှတ်ချက်တွေရှိလား?
​ဖြေ။ ။ရှိပါတယ်။Qualified က အနည်းဆုံး ဘာသာရပ် ငါးခုမှာ Over 75 ကျော်သူများကိုသာ
ပေးပါတယ်။

​မေး။ ။Qualified ဝင်ရင်ဘယ်လိုဆက်တတ်ရမှာလဲ..?
ဖြေ။ ။ Qualified ပါလျင် နေ့သင်တန်းမှာ
Qualified နှစ်နှစ် နှင့် Master Qualified တစ်နှစ် ဆိုပြီး စုစုပေါင်း သုံးနှစ်ထပ်မံတက်ရောက် ပညာသင်ယူခွင့်ရပါမယ်။
Q ဝင်ဖို့ကတော့ အတော်လေးကို ကြိုးစားရပါ့မယ်။

​​မေး။ ။BSC သမားတွေ ဘယ်လိုအရည်ချင်းရှိရင် Qualified ဝင်နိူင်မလဲ?
ဖြေ။ ။ BSc သမားတွေအနေနဲ့ကတော့
Praticial အပြည့်တက်ရမယ်။ Laboratory ရှိရမယ်။
Old questions တွေလေ့လာရမယ်။
Text book and study guide တွေလေ့လာရမယ်။
စာမေးပွဲမှာ စေ့စပ်သေချာရပါမယ်။
ကိုယ်ပိုင်ဟန်တွေ တတ်နိုင်သလောက်ဖြစ်ရမယ်။

မေး။ ။ BA သမားတွေက ဘယ်လိုကြိုးစားရမလဲ?
ဖြေ ။​ ။ BA သမားတွေအနေနဲ့ကျ
Assingnment တွေ ကြည့်ရမယ်။
Assingnment ဆိုတာက စာမေးပွဲမှာ ပါရင်လဲပါမယ် ။
မပါရင်လဲမပါဘူး ။
အခုနောက်ပိုင်း Assingnment အပုဒ်တွေ သိပ်မပါလာတော့ဘူး။
Old question တွေလေ့လာရမယ်။
study guideကို လေ့လာရမယ်။
ကိုယ်ပိုင်ဟန်အရေးအသားတွေ ဖြစ်နေရမယ်။

မေး။ ။ဘယ်ဘာသာတွေက ပိုအရေးကြီးလဲ။ပိုခက်ခဲလဲ?
အထူးသဖြင့် အင်္ဂလိပ်စာ အထူးပြူများနှင့် မြန်မာအထူးပြုတွေက ပိုခက်ခဲပါတယ်။
ဒီမေဂျာတွေက စစ်တာပိုတိကျတယ်
, ' ; : အသုံးအနှုန်းတွေ သူ့နေရာနှင့်သူ အထားအသို မှန်ရမည်။
မြန်မာစာတွက်လည်း စာလုံးပေါင်းသတ်ပုံ ပုဒ်ဖြတ် ပုဒ်ရပ် ပုဒ်ထီး ပုဒ်မ စသည့်ဖြင့် သေသေသပ်သပ် ကျကျနန ဖြစ်နေရမည်ဖြစ်သည်။

မေး။ ။ ဘာတွေထပ်ပြီးလိုအပ်လဲ...?
ဖြေ။ ။ Qualified မှန်းကျောင်းသားတွေအနေဖြင့်
စာကိုသေချာတိကျ စွာကျက်ရမည်။
လေ့လာမူ အားကောင်းရမည်။Application တွေ ပိုင်နိုင်ရမည်။
ကိုယ်ပိုင်ဟန် အရေးအသား တွေးခေါ်မူတွေရှိရမည်။(စာစစ်စဉ်မျဉ်းနှင့်အညီ) မေးခွန်းဟောင်းတွေ ကျက်မှတ်ရမည်၊ လေ့လာရမည်။
သက်ဆိုင်ရာ ဆရာ ၊ ဆရာမ များဆီက အကြံဥာဏ်တွေတောင်းခံရမည်။

ကျွန်တော်သိသလောက်ဝေမျှပေးလိုက်ပါသည်။
လိုအပ်သောအချက်အလက်များလဲ
ကူညီဖြည့်စွတ်ပေးကြရန်တောင်းဆိုပါသည်။

PGDMA လျှောက်မည့်နောက်ဆုံးနှစ်အောင်မြင်ထားသောအဝေးသင်ကျောင်းသား/သူ များကို ယာယီဘွဲ့ လက်မှတ်ထုတ်ပေးပါသည်။ဆက်သွယ်ရန်။
11/02/2020

PGDMA လျှောက်မည့်နောက်ဆုံးနှစ်အောင်မြင်ထားသော
အဝေးသင်ကျောင်းသား/သူ များကို ယာယီဘွဲ့ လက်မှတ်ထုတ်ပေးပါသည်။
ဆက်သွယ်ရန်။

တောင်ငူတက္ကသိုလ်(အဝေးသင် သင်တန်း) ဒုတိယနှစ်နှင့်အထက်သင်တန်းများ (၇.၂.၂၀၂၀)ရက်နေ့ မှ ( ၂၉.၅.၂၀၂၀)ရက်​​နေ့အထိကျောင်းအပ်လက်...
09/02/2020

တောင်ငူတက္ကသိုလ်(အဝေးသင် သင်တန်း)
ဒုတိယနှစ်နှင့်အထက်သင်တန်းများ
(၇.၂.၂၀၂၀)ရက်နေ့ မှ ( ၂၉.၅.၂၀၂၀)ရက်​​နေ့အထိ
ကျောင်းအပ်လက်ခံပါမည်။

လိုအပ်သောအချက်အလက်များ
===========================
(၁)ဓါတ်ပုံ (၈) ပုံ
(နောက်ခံအပြာ၊အင်္ကျီအဖြူ၊ရင်စိ၊နားရွှက်ပေါ်အောင်ရိုက်ထားရမယ်)

(၂)မွေးသက္ကရာဇ်
(ဆယ်တန်းအောင်လက်မှတ်အတိုင်း)

(၃)မိဘမှတ်ပုံတင်နံပါတ်များ

(၄)ဆယ်တန်းခုံအမှတ်

(၅)လိပ်စာ၊ဖုန်းနံပါတ်

(၆)ပထမနှစ်မှစ၍မနှစ်ကခုံအမှတ်ထိ

အောက်ပါဖောင်ပုံစံ အတိုင်းဖြည့်ပေးရပါမည်။

Admin စိုင်းအောင်ခန့်

Taungoo University Of Distance Education

08/02/2020

အလုပ်အင်တာဗျူး
===========

"" သမီးလေးရေ ဆရာမေးမယ်နော်
"အပ်တစ်ချောင်းမှာ အပ်ပေါက်
ဘယ်နှပေါက်ပါလဲ သမီး"😌😌

ဟုတ်.."ဆရာ တစ်ပေါက်ပါ."😉

"တော်လိုက်တာ မှန်တယ်သမီးလေး
မနက်ဖြန် အလုပ်ဆင်းလို့ ရပြီ "😚😚

"ဟုတ်ကဲ့ရှင့်"...

**************

ဟိုအကောင်အလှည့် . .

"" ဆရာကျွန်တော်လဲ
အပေါက်ပါတဲ့မေးခွန်းလေး မေးပေးနော် ""😊😊

"အေး အေးးးးဒါဆိုရင် . . .
ဇာခြင်ထောင်တစ်ခုမှာ
အပေါက်ဘယ်နှပေါက်ပါလဲကွာ '' ;)

" ဆရာရယ် မေးတတ်လိုက်တာနော် 😭😭😭 "

Address

Taungoo
08101

Telephone

+959776600465

Website

Alerts

Be the first to know and let us send you an email when မြတ်သုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share