နတ်တော်လဆန်း (၈) ရက်
ယနေ့ကျရောက်သော ပဉ္စမအကြိမ်မြောက်
ဓနုအမျိုးသားနေ့အားလှိုက်လဲစွာကြိုဆိုဂုဏ်ပြုပါသည်။
Danu Students- Taunggyi University
Danu Family (Taunggyi University)
နတ်တော်လဆန်း (၈) ရက်
ယနေ့ကျရောက်သော စတုတ္ထအကြိမ်မြောက်
ဓနုအမျိုးသားနေ့အားလှိုက်လဲစွာကြိုဆိုဂုဏ်ပြုပါသည်။
31/08/2021
ကြားကာလ ပညာသင်ကြားရေး ဆောင်ရွက်နိုင်ရန် ကျောင်းသား၊ ကျောင်းသူ Volunteer များ လိုအပ်လျက်ရှိနေ
-----------------
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အား တာဝန်ခံသည့် တောင်ကြီးတက္ကသိုလ် ကြားကလတက္ကသိုလ်ကောင်စီမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပညာသင်ယူနိုင်ရေးကိစ္စများအတွက် ဆောင်ရွက်လျက်ရှိနေပါသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူတို့၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ Volunteer ဆောင်ရွက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ Link ရှိ Google Form တွင် ဖြည့်စွက်ပေးကြပါရန် ပန်ကြားအပ်သည်။
👇👇👇 link
https://forms.gle/q4sfu4D4eNe75trL6
ဖြည့်စွက်လာသည့် အချက်အလက်များအား သမဂ္ဂမှ သိမ်းဆည်းထားမည်ဖြစ်ပြီး ပြင်ပသို့ ပေါက်ကြားမည်မဟုတ်ကြောင်း အာမခံအပ်ပါသည်။
ထို့အပြင် ကြားကာလပညာသင်ကြားရေးအစီအစဉ်အောင်မြင်ရန်စာရင်းပေး ဆောင်ရွက်မည့် မည်သည့်ကျောင်းသား မဆို ၎င်း တို့၏ ကိုယ်ရေးအချက်အလက်များ ကို ပြင်ပသို့ မပေါက်ကြားစေရန် ထိန်းသိမ်းဆောင်ရွက်မည်ုဖြစ်သည်။
ကျောင်းသားများသမဂ္ဂ
တောင်ကြီးတက္ကသိုလ်
ရမ်းဆလွမ်းနေကြပီထင်ပါတယ်..😞
07/06/2021
ယာယီရပ်ဆိုင်း - ၂၀၈ ဦး
အပြီးတိုင်ရပ်ဆိုင်း - ၂၀၆ ဦး
Non CDM ကူးပြောင်းသူ ၂ ဦး
အမှုထမ်းစာရင်းကျန်ရှိနေပါသေးသည်။
ယခုကဲ့သို့ တာဝန်မှ ရပ်ဆိုင်းခံရသည့် ဆရာ၊ ဆရာမများနှင့်အတူ မိမိတို့ ကျောင်းသားထုတရပ်လုံးမှ အတူတကွ ရပ်တည်ပါသည်။
15/03/2021
" လူတွေ သေနေပြီ အိမ်ထဲကနေ ရပ်ကြည့်နေမှာလား"
အိမ်က မိဘတွေမလွှတ်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေး မှာ အိမ်ကနေအားဖြည့်ကူညီနေတဲ့သူတွေများပါတယ်
အခုအခြေအနေမှာ Internet ဖြတ်ခံလိုက်ရပြီဖြစ်တဲ့အတွက် အိမ်ထဲကနေလဲ အားဖြည့်မကူညီနိူင်တော့ပါဘူး
မိဘတွေက မလွှတ်လို့ လမ်းမပေါ်မရောက်လာတာလား?
ကိုယ်တိုင်က ကြောက်စိတ်တွေဖုံးလွှမ်းနေလို့မရောက်လာတာလား???
အခုနွေဦးတော်လှန်ရေးမှာ အိမ်ကမိဘတွေခွင့်မပြုလဲ လမ်းမတွေပေါ်မှာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ မရေတွက်နိူင်ပါဘူး
ဒီလူငယ်တွေ ကိုလဲ အိမ်ကမိဘတွေက ကြည်ကြည်ဖြူဖြူ လွှတ်လို့ လမ်းမတွေပေါ်ရောက်လာကြတာမဟုတ်ဘူး
သင့်အကြောက်တရားတွေ !
လမ်းမပေါ်ထွက်နေတဲ့လူငယ်တွေနိုင်အောင်တိုက်ပေးမယ်လို့ထင်နေတဲ့ သင့်ရဲ့ အတွေးတွေ!
မိဘတွေရဲ့တားဆီးမှုတွေ!
ဒါတွေကိုမကျော်ဖြတ်နိုင်တိုင်း
ဖမ်းဆီးခံလိုက်ရတဲ့ထောင်ထဲက ကျောင်းသားတွေ
နှိပ်စက်ခံလိုက်ရတဲ့ကျောင်းသားတွေ
ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့သင်လိုကျောင်းသားတွေ
ကျောင်းသားတွေရဲ့အလောင်းတွေ
သင့်မြင်ယောင်ပြီး ဒီတိုက်ပွဲမှာပါဝင်ဖို့နိုးထလိုက်ပါ။
သူတို့ဆီမှာ သေနတ်တွေရှိပေမဲ့ လူအယောက်၁၀၀ ပဲရှိပါတယ်
ကျွန်တော်တို့ဆီမှာ သေနတ်တွေမရှိပေမဲ့ လူသားဆန်မှုနဲ့ လူအယောက် ၁သောင်းမကရှိပါတယ်
လူထုအင်အား ဘယ်လောက်ထိကောင်းလဲဆိုတာပြသဖို့
လူထုအင်အားနဲ့ လက်နက်ဖြင့်ရမ်းကားသူတွေကို အနိုင်ယူဖို့
လူထုအင်အားနဲ့ ငါတို့လိုချင်တဲ့ဒီမိုကရေစီရယူဖို့
လာပါ ငါတို့လူထုအင်အားနဲ့ စစ်မြေပြင်တွေကိုဖြတ်လို့ အောင်ပွဲအတူယူကြရအောင်
ထောင်ထဲ နှိပ်စက်ခံနေရတဲ့ ငါတို့ကျောင်းသားတွေကို ပြန်ပေးဖို့ line ပေါ်ကနေတောင်းဆိုတာမဟုတ်ပဲ
သူတို့လို ငါတို့သတ္တိရှိရအောင်
ကျည်ဆံတွေက လမ်းမပေါ်ကဘယ်သူရဲကောင်းကိုမဆိုမှန်နိုင်ပါတယ်
ကျည်ဆံတွေက အိမ်တွေထဲမှာပုန်းနေတဲ့ ငကြောက်တွေကိုလဲမှန်နိုင်ပါတယ်
လူ၂၀၀ ထွက် လူ၁၀၀ သေပြီးကျွန်တော်တို့အရှုံးခံမှာလား
လူ ၁သောင်းထွက် ပြီး လူအယောက်၁၀၀ လေးကိုကျွန်တော်တို့အနိုင်ယူမှာလား
လမ်းမတွေကစစ်မြေပြင်ဆ်ိုတာ ကျွန်တော်တို့သိပေမဲ့
လမ်းမတွေပေါ်က သူရဲကောင်းတွေကို အားဖြည့်ဖို့
သူရဲကောင်းတွေ လမ်းမပေါ်တပ်ပြီး တိုက်ပွဲဝင်ကြစို့
14/03/2021
[ယခုစာအား ကျောင်းသားများ၏မိဘများ သိစေရန် အဓိကရည်ရွယ်ပါတယ်]
#တိုက်ပွဲဝင်နေသော_သား_သမီးများကို_အားလျော့စေမည့်_စကားများ_လုံးဝမပြောပါနှင့်
အခုဆိုရင် အာဏာသိမ်းစစ်အုပ်စုကို တော်လှန်လာခဲ့ကြတာဟာ အချိန်အားဖြင့် တစ်လခွဲတိတိရှိပြီဖြစ်တယ်။ ခုချိန်က ဒီကာလ တလျောက်လုံးမှာ အားမာန်အပြည့်နဲ့ တိုက်ပွဲဝင်နေတဲ့ ခင်ဗျားတို့သားသမီးတွေကို အိမ်ကမထွက်ဖို့ ဖိအားပေးနေရမဲ့အချိန်မဟုတ်ဘူး။ ခင်ဗျားတောင်မလုပ်နိုင်တဲ့ အလုပ်တွေကို ခင်ဗျားတို့သား၊ သမီးတွေက လုပ်နေပါ့လားဆိုတဲ့ အသိရှိပြီး ကိုယ့်သားသမီးကို ပြန်လေးစားရမယ့်အချိန်ဗျ။ ကိုယ့် သားသမီး ထိခိုက်မှာစိုးတဲ့အထိ ကျွန်တော်တို့နားလည်ပေးလို့ရတယ်။ "မထိခိုက်အောင် ဂရုစိုက်ပါနော် သား၊ အဖေတို့ မင်းကိုယုံတယ်၊ အဖေတို့ ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်" ဒါမျိုးတောင် ပြောနေရမယ့်အချိန်ကြီးဗျာ။ ခင်ဗျားတို့လို အိမ်ကမထွက်ခိုင်းတဲ့ မိဘတွေများလာရင် ကျွန်တော်တို့ တနိုင်ငံလုံး ရှုံးပြီဗျ။
ရှေ့မှာ အသက်ပေးထားရတဲ့ ရဲဘော်တွေကို အားနာကြပါ၊ ဖမ်းဆီးခံထားရပြီး ဘာသတင်းမှ မရတဲ့ ကျောင်းသားတွေဘက်ကို တွေးပါ၊ ပုံစံမျိုးစုံနဲ့ ရိုက်နက်နှိပ်စက်ခံရပြီး ပြန်လွှတ်ပေးလိုက်တဲ့လူတွေရဲ့ မျက်နှာကို မြင်ယောင်ပါ။ "ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲ" ဆိုတဲ့ အတွေးမျိုးမတွေးကြပါနဲ့။ ခင်ဗျားတို့အဲ့လိုတွေးလေ ကျွန်တို့ဖက်ကရှုံးလေပဲ။ ဒီတိုက်ပွဲက လုံးဝရှုံးလို့ မရဘူး။ ရှုံးတာနဲ့ ကျွန်တော်တို့ဘဝက သေပြီပဲ။ ခင်ဗျားတို့မျိုးဆက် စောက်သုံးမကျခဲ့လို့ ကျွန်တော်တို့ ခုလိုတိုက်နေရတာဆိုပြီး Generation Alpha တွေပြောတာကို ကျွန်တော်တို့မခံနိုင်ဘူး။ ကျရှုံးသွားတဲ့ ရဲဘော်တွေအတွက် ကျွန်တော်တို့ လိပ်ပြာမလုံဘူး။ ငါတို့ စောက်သုံးမကျလို့ ရှုံးခဲ့တာဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့ မရှင်သန်ချင်ဘူး။ ဒီပွဲက ကျွန်တော်တို့ တိုက်မှ နိုင်မယ့်ပွဲ။ ခင်ဗျားတို့သိအောင် တစ်ခုပြောပြရအုံးမယ်။ ကျွန်တော်တို့မျိုးဆက်က ညရောက်ရင် စိတ်ကျတတ်ကြတယ်၊ ခုလိုအချိန်မျိုးမှာဆို ပိုတောင်ဆိုးသေးတယ်။ ဒါကို ခင်ဗျားတို့က ထပ်ပြီး ဖိအားပေးတော့ ကျွန်တော်တို့မှာ ရူးမတတ်ပဲ။ တဖက်မှာ တိုက်ပွဲကလည်းရှိနေတယ်၊ ခင်ဗျားတို့ကလည်း ဖိအားပေးနေတယ်။ အဲလိုတွေမလုပ်ကြပါနဲ့ဗျာ။ ကိုယ့်သား၊ သမီးကို ဖေးမကြပါ၊ စိတ်ကျစေမယ့်အစား၊ ခွန်အားဖြစ်စေမယ့်စကားတွေပဲ ပြောပေးကြပါ။ ကျွန်တော်တို့ သား၊ သမီးတွေအနေနဲ့ အနူးအညွတ်တောင်းဆိုပါတယ်။ ဒီတော်လှန်ရေးက ကျွန်တော်တို့နိုင်မှဖြစ်မှာ မို့လို့ပါ။
Noted - အောက်ကပုံမှာ ကွင်းစ၊ ကွင်းပိတ်နဲ့ပါတဲ့ (ထိပ်တိုက်မတွေ့ပါနဲ့)ဆိုတဲ့စာက ကပ်ထားတာကြာပြီမို့လို့ပါတဲ့။ "ခုချိန် သားတို့ယုံကြည်ရာကိုလုပ်ပါ။ သားတို့ကိုလည်း ယုံကြည်ပါတယ်။ အန်တီတို့နောက်မှာ ရှိနေပါတယ်" ဆိုပြီး အလှူရှင်က ပြောပါတယ်။
13/03/2021
တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သို့အဖွဲ့ဝင်ခွင့်လျှောက်ထားနိုင်သည်။
( ယခု post အား ကျောင်းသားအားလုံးသိမြင်နိုင်စေရန်အတွက် မိမိတို့၏ Fb acc တွင် share ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်)
အောက်ပါ link တွင် မှန်ကန်သောကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ရန်
👇👇👇👇
https://docs.google.com/forms/d/e/1FAIpQLSe9XK7WFuZEXxL9vqD0i3J0h-AeN-4kC8E0thdC4qYi4Ye2nQ/viewform?usp=sf_linkEi
Notice : :လျှောက်ထားသူများသည် လျှောက်လွှာမဖြည့်မှီ Telegram application အားဖွင့်ထားရန်လိုအပ်သည်။ Ph no ဖြည့်စွက်ရာတွင် လည်း Telegram ဖွင့်ထားသည့် Ph no အား ပြန်လည်ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အာဏာရှင်တော်လှန်ရေးတွင် ကျွန်ုပ်တို့ ကျောင်းသားထု သမိုင်း အမြဲမရိုင်းခဲ့ပေ။
ယခုလို အချိန်မျိုးတွေ ကျွန်ုပ်တို့ကျောင်းသားထု၏ ပညာဉာဏ် နှင့် ဗျတ္တိ၊သတ္တိ ကို စစ်အာဏာရှင်များ အား ပြသရန်လိုအပ်သည်။
ယခုချိန်သည် ကျွန်ုပ်တို့ကျောင်းသားထု ပေါင်းစည်းထကြွရမည်အချိန်ဖြစ်သည်။
ထိလျှင်ကြွ ဖိလျှင်ချ တို့ကျောင်းသားတွေစည်းလုံးကြ
"ဖောက်ပြန်သူတီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ"
တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သို့အဖွဲ့ဝင်ခွင့်အား Day/Distance တတ်ရောက်နေသည့် ကျောင်းသား/သူ များလျှောက်ထားနိုင်သည်။
( ယခု post အား ကျောင်းသားအားလုံးသိမြင်နိုင်စေရန်အတွက် မိမိတို့၏ Fb acc တွင် share ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်)
အောက်ပါ link တွင် မှန်ကန်သောကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ရန်
👇👇👇👇
https://docs.google.com/forms/d/e/1FAIpQLSe9XK7WFuZEXxL9vqD0i3J0h-AeN-4kC8E0thdC4qYi4Ye2nQ/viewform?usp=sf_linkEi
Notice : :လျှောက်ထားသူများသည် လျှောက်လွှာမဖြည့်မှီ Telegram application အားဖွင့်ထားရန်လိုအပ်သည်။ Ph no ဖြည့်စွက်ရာတွင် လည်း Telegram ဖွင့်ထားသည့် Ph no အား ပြန်လည်ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အာဏာရှင်တော်လှန်ရေးတွင် ကျွန်ုပ်တို့ ကျောင်းသားထု သမိုင်း အမြဲမရိုင်းခဲ့ပေ။
ယခုလို အချိန်မျိုးတွေ ကျွန်ုပ်တို့ကျောင်းသားထု၏ ပညာဉာဏ် နှင့် ဗျတ္တိ၊သတ္တိ ကို စစ်အာဏာရှင်များ အား ပြသရန်လိုအပ်သည်။
ယခုချိန်သည် ကျွန်ုပ်တို့ကျောင်းသားထု ပေါင်းစည်းထကြွရမည်အချိန်ဖြစ်သည်။
ထိလျှင်ကြွ ဖိလျှင်ချ တို့ကျောင်းသားတွေစည်းလုံးကြ
"ဖောက်ပြန်သူတီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ"
11/03/2021
"ယခုအချိန်ထိ စစ်ကောင်စီ၏လက်ပါးစေအဖြစ်ဆောင်ရွက်နေသော ဒေါ်ဝင်းဝင်းအိနှင့် ဒေါ်မြသီတာ တို့ အား လွမ်းသူ့ပန်းခွေပို့လိုက်သည်"
အသင်တို့ သွားလိုရာသွားနိုင်ပြီ!
တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (တာဝန်ခံပါမောက္ခချုပ်) ဒေါက်တာဝင်းဝင်းအိနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြသီတာတို့ သည် စစ်ကောင်စီမှ အာဏာသိမ်းသည့်နေ့မှစ၍ ယခုအချိန်ထိ CDM တွင် ပါဝင်ခဲ့ခြင်းမရှိပါ။
ထို့အပြင် စစ်ကောင်စီ၏ လက်ပါးစေအဖြစ် ၎င်းတို့ခိုင်းသမျှကို ဆောင်ရွက်နေဆဲဖြစ်သည်။
စစ်ကောင်စီမှ CDM ပါဝင်သော ဆရာ၊ဆရာမများ ရာခိုင်နှုန်းတောင်းဆိုသည့်အပေါ် မိမိတို့ကျောင်းသားထု သဘောထားထုတ်ပြန်ချက်
👉👉https://www.facebook.com/250607305675193/posts/900303690705548/
သို့သော် ယင်းတို့သည်း CDM စာရင်းအားစစ်ကောင်စီသို့ပေးပို့ခဲ့သည်။
ယင်းတို့ ဓမ္မနှင့်အဓမ္မတို့ ခွဲခြားသိမြင်ခြင်းမရှိကြောင်း ပြည်သူထံသို့တင်ပြခဲ့သည့် ထုတ်ပြန်ချက်
👉👉https://www.facebook.com/250607305675193/posts/903133277089256/
(၇၊ ၃၊ ၂၀၂၀) ရက်နေ့တွင် ကျောင်းသားထုမှ လွှင့်ထူခဲ့သော သမိုင်းအစဉ်အလာကြီးမားသည့် ခွပ်ဒေါင်းအလံတော်အားလည်း ဒေါ်ဝင်းဝင်းအိ အပေါင်းအပါများမှ ဖြုတ်ချခဲ့သည်။
ကျောင်းသားအလံလွှင့်တင်ခဲ့သည့် ပုံရိပ်
👉👉https://www.facebook.com/250607305675193/posts/909272743141976/
ယင်းကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲပြဿနာအလုံးစုံမှာ ၎င်းတို့၏ တာဝန်သာဖြစ်သည်။
ထို့အပြင် ကျောင်းမှာတပ်စွဲခွင့် နောက်တဖန်ပြန်ကမ်းလှမ်းလာပါက ယင်း တို့၂ဦးသည် ဆက်လက်ငြင်းဆန်မှုမပြုတော့ပဲ CDM လုပ်သည့်ဆရာ၊ဆရာများ သည်မိမိတို့လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ကြရန်လည်းပြောကြားသည်
ဤလွမ်းသူ့ပန်းခွေပေးပို့သည့်နေ့မှစ၍ ဒေါ်ဝင်းဝင်းအိ နှင့် ဒေါ်မြသီတာတို့ သည် မိမိတို့တောင်ကြီးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်မဟုတ်ကြောင်းနှင့် ၎င်း၏လုပ်ရပ်များသည် တောင်ကြီးတက္ကသိုလ်နှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ကျောင်းသားများသမဂ္ဂ
တောင်ကြီးတက္ကသိုလ်
06/03/2021
တက္ကသိုလ်တွင် ကျောင်းသားထုအားကိုယ်စားပြုသည့် ခွပ်ဒေါင်းအလံ လွှင့်ထူ
----------------
တောင်ကြီးတက္ကသိုလ်အား မည်သည့်စစ်အုပ်စုမှတပ်စွဲခွင့်မရှိ
မှတ်ချက်။ ။ ကျောင်းသားထုမှ လွှင့်ထူထားသော ယခုအလံအား တစ်စုံတစ်ဦး/ အဖွဲ့အစည်းတစ်ခုမှ ဖြုတ်ချခဲ့ပါက နောက်ဆက်တွဲပြဿနာမှ ၎င်းဖြုတ်ချသူတို့၏ တာဝန်သာဖြစ်သည်။
တက္ကသိုလ်တွင် ကျောင်းသားထုအားကိုယ်စားပြုသည့် ခွပ်ဒေါင်းအလံ လွှင့်ထူ
----------------
တောင်ကြီးတက္ကသိုလ်အား မည်သည့်စစ်အုပ်စုမှတပ်စွဲခွင့်မရှိ
မှတ်ချက်။ ။ ကျောင်းသားထုမှ လွှင့်ထူထားသော ယခုအလံအား တစ်စုံတစ်ဦး/ အဖွဲ့အစည်းတစ်ခုမှ ဖြုတ်ချခဲ့ပါက နောက်ဆက်တွဲပြဿနာမှာ ၎င်းဖြုတ်ချသူတို့၏ တာဝန်သာဖြစ်သည်။
Click here to claim your Sponsored Listing.
Location
Contact the school
Address
West Circular Road
Taunggyi
06081