Haven Language Centre

Haven Language Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Haven Language Centre, Education, Ruby Street, Taunggyi.

08/11/2023

💔 Drift apart 💔

ကျွန်​တော်တို့ဘဝ​တွေမှာ တစ်ချိန်က ချစ်ခဲ့ကြတဲ့ ချစ်သူ​တွေ၊ ရင်းနှီးခဲ့တဲ့ သူငယ်ချင်း​တွေ တဖြည်းဖြည်းနဲ့ စိမ်းသွား၊ ​​ဝေးသွားကြတာ​တွေ မြင်ဖူး ကြုံဖူးကြမှာပါ။ ဘာ​ကြောင့် အဲလို တဖြည်းဖြည်း စိမ်းသွားကြတာလဲ။ ဘဝရဲ့ ရည်မှန်းချက်​တွေ မတူတဲ့အခါ၊ စိတ်ဝင်စားတဲ့ အရာ​တွေ မတူကြတဲ့ အခါ သူ့လမ်း သူ ​လျှောက်၊ ကိုယ့်လမ်းကိုယ် ​လျှောက်ရင်း ​ဝေးသွားတတ်ကြပါတယ်။
အဲဒါ English လို ​ပြောချင်ရင် drift apart ဆိုတဲ့ phrasal verb ကို သုံးရပါတယ်။

💔Over the years my college friend and I have drifted apart.

💔Cathy and I drifted apart because we didn't have much in common.

💔My ex and I drifted apart because we had different dreams to pursue.

တရုတ်ကျ​တော့

渐渐疏远 ကျဲန့်ကျဲန့်စူးရွမ်
冷淡下来 လဲန်သန့်ရှလိုင်

လို့ သုံးပါတယ်။

​နောက်ဆုံကြတာ​ပေါ့

Tr. Ye Min
09797110433

06/11/2023

When I think of stories that have stayed in my memory, Lesley Pearse's "Remember Me" comes to mind. Based on a true story, this historical adventure depicts Mary, a twenty-year-old mariner's daughter, who steals a silk hat from a passer-by. Subsequently, she is convicted as a felon and in 1786 is transported to Australia across cruel seas. The whole book is compelling to read, about felons trying to triumph against overwhelming odds.

Will Mary be courageous enough to survive the horrific conditions in the unknown country and resourceful enough to return home to England?
No more spoilers!🤐🤐🤐 The book is indeed a moving page-turner and the characters are impossible not to care about.

06/11/2023

ဆရာတို့ ပါဆယ်ထုပ်ထဲမှာ ကွဲလွယ်တဲ့ အရာ​တွေ ထည့်ထားရင်
🎈ဗမာလိုက​တော့ "ကွဲလွယ်သည်" လို့​ရေးတာ​ပေါ့
🎈English က​တော့ " Fragile " " Easily broken " လို့​ရေးကြတာ​ပေါ့
🎈တရုတ်လိုက​တော့ " 小心破碎 " ​ရှောင်ရှင်း​ဖော့​စွေ့ လို့ ​ရေးကြပါတယ်။

Tr. Ye Min
09797110433

06/11/2023

❤ဒီ​နေ့​တော့ make out with somebody ဆိုတဲ့ idiom ​လေး ​ပြောပြမယ်။
သူ့ အဓိပ္ပါယ်က kiss someone passionately တဲ့။ ချစ်လွန်း ကြိုက်လွန်းလို့အားရပါးရ kissing ဆွဲတာတဲ့။ နမ်းပြီး ဟိုသည် ပွတ်သပ်​နေကြတာလည်း make out with နဲ့ သုံးနိုင်တယ်။

ဥပမာ -
I saw him making out with his girlfriend.
Mary was heartbroken because she saw his boyfriend making out with his ex.😁

❤Make out ဆိုတာကို သိရင် a French kiss, a deep kiss ဆိုတာ​လေးလည်း တစ်ခါထဲ မှတ်သင့်ပါတယ်။

❤Make out က တခြား အဓိပ္ပါယ်​​တွေတော့ ရှိ​သေးတယ်​နော်။
မသိသာတဲ့ တစ်ခုခုကို မြင်နိုင်တယ်၊ ကြားနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် နဲ့လည်း. make out ကို သုံးနိုင်ပါတယ်။

I can make out you are wearing contact lens.
I could hear voices but I couldn't make out what they were saying.

​နောက် ဆုံကြဦးမယ်​နော်

Tr. Ye Min
09797110433

02/11/2023

🌸Sit-in (noun)
🌸Sit-ins (plural)

ဘာအဓိပ္ပာယ်လို့ ထင်ပါသလဲ။
ဒီ ဝါကျလေး ဖတ်ကြည့်ပါ။

🌼They staged a sit-in at City Council office.

🌼The workers staged a sit-in at a garment factory in Shwelinpan industrial zone.

🌻Garment factory အထည်ချုပ်စက်ရုံ
🌻Industrial zone စက်မှုဇုံ

Sit-in ဆိုတာ ဆန္ဒပြသူတွေ နေရာတစ်ခုမှာ မဖယ်ပေးဘဲ ပိတ်ပြီး ဆန္ဒပြတာကို ခေါ်တာပါ။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဖြစ်တတ်ကြတယ်မလား။ ဖြစ်လည်း ဖြစ်ခဲ့ဖူးကြပါတယ်။ အလုပ်သမားတွေ စက်ရုံအဝင်ဝမှာ စုထိုင်ပြီး နေရာမဖယ်ပေးဘဲ ဆန္ဒပြကြတာ sit-in ပေါ့။

🌹Stage a sit-in / hold a sit-in လို့ သူ့ collocation လေးပါ မှတ်လိုက်နော်။

နောက်ဆုံကြဦးမယ် ❣️

Tr. Ye Min
09797110433

13/07/2022

🛑ကြေငြာထားတဲ့ Upper Intermediate အတန်းလေး ဖွင့်နေတာ ၃ ရက် ရှိပါပြီ။ Intermediate level ပြီးထားမှသာ ဒီ အတန်းထဲ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
☀Mon,Tue, Wed, Thur
☀6:00-7:30 p.m
🛑09797110433

08/07/2022

"နာနတ်သီးတွေ ပေါ်ပြီလား။ "
"အင်း။ လှိုင်လှိုင်ပေါ်နေပြီ။ " / " အင်း နာနတ်သီး ပေါ ပြီ"
"စျေးထဲ သရက်သီးတွေ့ရင် ဝယ်ခဲ့ပေးပါလား"
" ခုချိန် သရက်သီး တုံးပြီလေ"
"Are pineapples coming in?"
"Yes, they are in season."
"Will you buy me some mangoes from the market?"
" They are out of season now."

♦အသီး နဲ့ ဟင်းသီး ဟင်းရွက် ရာသီပေါ်တာကို come in နဲ့ သုံးလို့ ရသလို in season ရယ်လို့ idiom သုံး၍ ရပါတယ်။ out of season ဆိုတာ ကတော့ တုံးချိန်ရောက်ပြီး ပြောတာပါ။

When do oysters come in?
When are oysters in season?
ကမာကောင်တွေ ဘယ်အချိန် ပေါ်ပါလိမ့်။

♦နောက်ထပ် in season and out of season ဆိုတဲ့ idiom အသုံးလေးလည်း မှတ်လိုက်ပါဦး။ တစ်ချိန်လုံး၊ အချိန်ပြည့် လို့ အဓိပ္ပာယ် ရပါတယ်။

She decided to divorce her drug-addicted husband because he gave her trouble in season and out of season.

U Ye Min (Dip in TESOL, Cert. in FCLT)

03/07/2022

🎈အင်္ဂလိပ် စကားပြောကို အခြေခံမှ စ၍ စနစ်တကျ လေ့ကျင့်ချင်သူတို့အတွက် 4 skills အတန်းသစ် ကို ဒီကနေ့ပဲ ဖွင့်လိုက်ပါပြီ။ ၁၀ ယောက် ပြည့်သွားပြီမို့ နောက်ထပ် ၂ဦး လက်ခံနိုင်ပါသေးတယ်။

🎈အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်ရင် speaking တစ်ခုပဲ လုပ်လို့မရပါ။ Listening, reading, vocabulary, idiom နဲ့ အခြေခံ grammar ကိုပါ ဟန်ချက်ညီညီ တွဲပြီး ပုံမှန်လေး လေ့ကျင့်ပေးရပါတယ်။ Speaking ကိုတော့ အတန်းအတွင်း၊ အပြင် မှာ များနိုင်သလောက်များအောင် လေ့ကျင့်ရပါမယ်။ အချိန်လည်း ပေးရပါမယ်။ ၃ လ လောက်နဲ့ တော့ မွတ်နေအောင် တတ်ချင်လို့ မရပါ။

🎈ကျွန်တော် သင်တဲ့ speaking တန်းတွေမှာ အထက်ပါ အချက်တွေ အားလုံး သင်ပေးနေကျ ဖြစ်ပါတယ်။

⌚အခုအတန်းသစ် အချိန်က
Saturday, Sunday
မနက် 9:00 - 10:30

ဘယ်သူသင်မလဲ
U Ye Min
♦Diploma in TESOL ( LTTC, UK) (TQUK, Level 7)
♦Certificate in FCLT ( Fundamentals of Communicative Language Teaching, Tr. Thinn)
♦Certificate in Intensive Teaching Training by Professor Karen Taylor Burge
♦Licensed Tour Guide ( English)
( OAT,Interconnection)

🍅ယခုအတန်းမှာ ကျောင်းသား ၁၀ ယောက် လက်ခံပြီးပြီမို့ နောက်ထပ် ၂ ယောက်သာ ထပ်လက်ခံပါတော့မယ်။

🍅Zoom app နဲ့ မသင်လိုသူတွေ အတွက် ဆရာ့အိမ် လာသင်နိုင်တဲ့ အတန်းတွေလည်း ရှိပါတယ်။

စုံစမ်းရန်
☎09797110433

30/06/2022

🎈Young adult တို့အတွက် မကြာသေးခင်ကမှ ဖွင့်လိုက်တဲ့ အတန်းပါ။ စ နေနှင့်ပါပြီနော်။ ( ၃ နေရာသာ ကျန် )

🎈"ဘာအတန်းလဲ၊ ဘာတွေ သင်ပေးနေပြီလဲ"

အစိုးရ ကျောင်းစာ Grammar အတန်းပါ။ ကလေးတို့ ၉ တန်း ၁၀ တန်းထိ grammar ပိုင်သွားစေမဲ့ အတန်း ဖြစ်ပါတယ်။ ၁၀ တန်း စာမေးပွဲကြီးမှာ မမေးမဖြစ် နှစ်တိုင်းမေးတဲ့ stylistic transformation ဝါကျပုံစံများကို (Active-passive voice, direct- indirect , although - in spite of စသည်) အခြေခံမှစ၍ သင်ပေးနေပါတယ်။ ထို complex sentence ဝါကျများအပြင် အခြေခံ ဂရမ်မာ ကိုပါ ပိုင်နိုင်အောင် စနစ်တကျ တစ်ဆင့်ချင်း လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🍎"ရည်ရွယ်ချက်က"
ကျောင်းသားများ အင်္ဂလိပ်စာ ဂရမ်မာ နဲ့ အရေးအသား ကျွမ်းကျင်လာပြီး အထက်တန်း အင်္ဂလိပ်စာ ဂရမ်မာ မေးခွန်း အားလုံး မှန်ကန်အောင်ဖြေနိုင်ဖို့ ရည်ရွယ်ပါတယ်။

⏲️"အချိန်က"
Mon, Tue, Wed, Thursday
ညနေ 4:30 - 5:30

"ဘယ်ဆရာသင်ပေးမလဲ"

U Ye Min
B. C Sc.
♦Diploma in TESOL ( LTTC, UK) (TQUK, Level 7)
♦Certificate in FCLT ( Fundamentals of Communicative Language Teaching, Tr. Thinn)
♦Certificate in Intensive Teaching Training by Professor Karen Taylor Burge
♦Licensed Tour Guide ( English)
( OAT,Interconnection)

🍅ယခုအတန်းမှာ ကျောင်းသား ၇ ယောက် ရှိပြီးနေပြီမို့ နောက်ထပ် ၃ ယောက်သာ ထပ်လက်ခံပါတော့မယ်။

စုံစမ်းရန်
☎09797110433

26/06/2022

🎈ဇူလှိုင် ၁ ရက်​နေ့ ဖွင့်မည့် တန်းခွဲ အသစ်

🎈Level - Upper Intermediate (General 4 skills )

အနည်းဆုံး intermediate level ရှိပြီးသူ ဖြစ်ရပါမယ်။ သို့မဟုတ်လျှင် အတန်းတွင်း discussion ​တွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။

🎈Monday, Tuesday, Wednesday, Thursday
🎈6:00 -- 7:30 p.m. တစ်ပတ် 6 နာရီ

ထိ​ရောက်​​သော ​လေ့ကျင့်မှုများအတွက် တစ်တန်းတွင် ၁၀ ​ယောက်သာလက်ခံပါမည်။

သင်မည့်ဆရာ
U Ye Min
B C Sc.
Dip in TESOL ( LTTC, UK)
Certificate in FCLT ( Fundamentals of Communicative Language Teaching, Tr. Thinn)
Licensed tour guide (English)
( OAT, Interconnection )


☎စုံစမ်း အပ်နှံရန်
09797110433

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Ruby Street
Taunggyi