MESI Taunggyi

MESI Taunggyi

Share

Let's grow together

15/04/2022

အကြောင်းအရာ။ ။ လုပ်ငန်းအမည်ပြောင်းလဲ ကြောင်း အသိပေးခြင်း

MESI တောင်ကြီးအား GSEC Myanmar အမည်အဖြစ် လာမည့် (18.4.2022)ရက်နေ့မှစတင်၍ ပြောင်းလဲဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းမိတ်ဆွေများ၊ ကျောင်းသားကျောင်းသူများနှင့်ဆရာ ဆရာမ များအားအသိပေးအကြောင်းကြားအပ်ပါသည်။ နောက်နောင်တွင် MESI Taunggyi Franchise လုပ်ဆောင်ချက်များနှင့်ပတ်သတ်သော အကောင်းအဆိုးကိစ္စမှန်သမျှသည် ယခု GSEC Myanmar နှင့်ပတ်သတ်မှုမရှိတော့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသညိ
ယခု GSEC Myanmar သင်တန်းကျောင်းမှ နေ၍ ကောင်းမွန်သောဝန်ဆောင်မှု များ လက်တွေ့ဆန်သော သင်ရိုးများဖြင့် အသစ်အသစ်သောသင်တန်းများကို အဆက်မပျက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်ပါတယ် ရှင့်

GSEC Myanmar Team

02/04/2022

🏆👩‍🎓👨‍🎓 လေးစားဂုဏ်ယူရပါသော အဝေးရောက်ဘွဲ့ယူကြမည့် Diploma အတန်းများ...

၁၂-ကြိမ်မြောက် အဝေးရောက်ဘွဲ့ယူကဒ်များ ရရှိနိုင်ကြရန် အောက်ပါ 12-Distance Graduation Register Link အား ဖြည့်ထားနိုင်ပါသည်။

✍️ 12-Graduation Form Link:

https://forms.gle/9ozgxLPr3aTwUU5c7

Google Form ဖြည့်ထားသည့် (Sr. No နံပါတ်များအတိုင်း)
ABE-UK (Soft-Copy) လက်မှတ်များနှင့် Graduation (Soft-Copy) ဓါတ်ပုံများအား Viber Group တွင် (ဧပြီ ၁-ရက်နေ့) မှစတင်ပြီး ကြိုတင်ပေးပို့သွားမှာဖြစ်ပါမည်။

🔴 မှတ်ချက် ။ ။ Register ဖြည့်ပြီးထားသူ အဝေးရောက်ဘွဲ့ကဒ်ရသည့် ကျောင်းသား ၁-ဦးလျှင် (မိဘ ၂-ဦး) 12th Distance Graduation အား တက်ရောက်နိုင်ပါကြောင်း...

🏆👨‍🎓👩‍🎓 (၁၂)ကြိမ်မြောက် အဝေးရောက်ဘွဲ့ပေးအပ်ချီးမြှင့်မှု အခမ်းအနားအား EDBAM, PDPM, PDSM, DBE, PDFM အတန်းများအားလုံး ပါဝင်တက်ရောက်နိုင်ပါကြောင်း လေးစားဂုဏ်ယူစွာ ဖိတ်ကြားအပ်ပါသည်။

16/12/2021

EDBM-TG-211301 Nyi Nyi Linn
EDBM-TG-211302 Sai Ko Ko Oo
EDBM-TG-211401 Myint Myint Than
EDBM-TG-211402 Honey Soe
EDBM-TG-211403 Kyaw Zin Thet
EDBM-TG-211404 Lin Hsu Yi Tun
EDBM-TG-211405 Myint Phoo Nwe
EDBM-TG-211406 Su Su Hlaing
EDBM-TG-211407 Thazin Saw Nyein Nwe
EDBM-TG-211408 Sai Khun Swan Hein
EDBM-TG-211409 Htet Htet Lynn

Photos from MESI College's post 03/01/2021

Hot Line : 09451297787

31/12/2020
25/12/2020

🎄🙂 မကြာခင်နှစ်သစ်မှာ အားလုံးအောင်မြင်ပျော်ရွှင်ကြဖို့ ယုံကြည်လျှက်ပါ

Merry Christmas & Happy New Year
မြန်မာနိုင်ငံအဝှမ်းမှ ဆရာများကျောင်းသားများအားလုံး ပြည်သူများအားလုံးပျော်ရွှင်အောင်မြင်ပါစေ ဆုမွန်တောင်းလျှက်

🙏 အားလုံးကျန်းမာကြပါစေ
🙏 အားလုံးချမ်းသာကြပါစေ
🙏 အားလုံးဝမ်းသာကြပါစေ

အားလုံး Merry Christmas မှသည် ပျော်ရွှင်အောင်မြင်ကြပါစေ 🙏🤩

အများအတွက် မေတ္တာပို့ခြင်းသည် လောကမှာ တန်ဖိုးအကြီးဆုံးတိုးတက်နေမှုဖြစ်ပါ၏ 🙂

Photos from GSEC - Grace Special Educational College's post 17/06/2020
17/06/2020

PDCA
(လုပ်ငန်းတိုးတက်အောင် စီမံခန့်ခွဲမှု)
========================

လုပ်ငန်းတစ်ခုကို တိုးတက်အောင် စီမံခန့်ခွဲဖို့ဆိုရင် အစကောင်းဖို့ အရေးကြီးသလို၊ အဆုံးသေချာဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အကောင်းဆုံးအရာတွေဖြစ်လာဖို့ - အကောင်းဆုံး ပြင်ဆင်မှုတွေ ကို ပြုလုပ်စေခဲ့လို့ဖြစ်မှာပါ။ ပြင်ဆင်စီစဉ်ဆောင်ရွက်မှုဟာ စီမံမှုရဲ့အစဖြစ် သလို၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဆိုတာလည်း (အချိန်တိုတိုအတွင်း အကျိုးရှိ ခြင်းနှင့် ထိရောက်စွာရလဒ်ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်) အလုပ်တွေကို လိုချင်တဲ့ အချိန်မှာ လိုချင်တဲ့ ရလဒ်ဖန်တီးဖို့ဆိုရင် နိုင်ငံတကာလုပ်ငန်းခွင်သုံး PDCA စီမံဆောင်ရွက်နည်းလမ်းဟာ အကောင်းမွန်ဆုံးပင်ဖြစ်ပါတယ်။

💥 P – Plan (အစီအစဉ်ရေးဆွဲခြင်း)
လုပ်ငန်းတစ်ခုမစခင်မှာ အရေးကြီးဆုံးအရင်လုပ်သင့်တာကတော့ Plan (အစီအစဉ်) ဖြစ်ပြီး၊ အစီအစဉ်ဆွဲတာ ကောင်းခဲ့ရင် လုပ်ငန်းလုပ်ဆောင်မှု၊ ပြီးစီးမှုတွေမှာ ထိရောက်တဲ့ ရလဒ်ကောင်းတွေဖြစ်လာမှာပါ၊ Fail to Plan…Plan to Fail ဆိုပြီး သုံးနှုန်းတာတွေလည်းရှိပါတယ်။ ဒါကြောင့် လုပ် ငန်းကြီး၊ လုပ်ငန်းသေး၊ မည်သည့်ကိစ္စတွင်မဆို Plan စီစဉ်ရေးဆွဲပြီး နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိရောက်အကျိုးစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

➡️ နေ့စဉ်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း
➡️ အပတ်စဉ်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း
➡️ လစဉ်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း
➡️ နှစ်စဉ်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း
➡️ ရေရှည်ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း

💥 D – Do (လုပ်ဆောင်ခြင်း)
ဘယ်အလုပ်မဆို လက်တွေ့လုပ်ဆောင်မှသာ လုပ်ငန်းတွေပြီးမြောက် အောင်မြင်မှာဖြစ်ပါတယ်။ တချို့က အစီအစဉ်တွေ ရေးဆွဲတာတော့ ကောင်းပါ ရဲ့ Do အဆင့်မှာ အားနည်းတဲ့အခါ ထင်သလောက်မပေါက်တဲ့ လုပ်ငန်းမျိုးတွေ လည်းရှိတက်လို့၊ အစီအစဉ်တကျလုပ်ဆောင်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုချင်ပါ တယ်။ အရာတိုင်းဟာ Dream ကြောင့် အောင်မြင်တာမဟုတ်ပဲ အဲ့ဒီ Dream ကို Do လက်တွေ့ကြိုးစားခြင်းသာအောင်မြင်သူတိုင်းရဲ့ တူညီတဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

➡️ အရေးတာကြီတာနဲ့ အလျှင်စလိုအရာတွေကို ရွေးချယ်လုပ်ကိုင်ခြင်း
➡️ နေ့စဉ်လုပ်စရာများကို To Do List များဖြင့် ပြီးစီးအောင် လုပ်ဆောင်ခြင်း
➡️ အလုပ်များကို Time Targetပြီးရက်များ သတ်မှတ်ပြီး အာရုံစိုက်ပြုလုပ်ခြင်း
➡️ အလုပ်ကို မြန်မြန်ပြီးမြောက်စေရန် လျှင်မြန်ပြီးစီးစေရန် ကြိုးစားခြင်း
➡️ စီစဉ်ထားတဲ့ အရာများကို ပြီးမြောက်သည်အထိ ဆောင်ရွက်နိုင်ခြင်း

💥 C – Check (စစ်ဆေးခြင်း)
အစီအစဉ်တိုင်း လက်တွေ့လုပ်ဆောင်ပြီးချိန်မှာတော့ Check (စစ်ဆေး ခြင်း) ဆိုတဲ့ ကြီးကြပ်ခြင်းတွေကို လုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်၊ အဆင့် Level မတူခြင်း၊ အမြင်မတူခြင်း-နားလည်မှုလွဲခြင်း-အားစိုက်ထုတ်မှုကွဲပြား ခြင်း-စီမံမှုပုံစံကွာခြားခြင်း စတဲ့ အဟန့်အတားတွေဟာနေရာတိုင်းမှာရှိတက်လို့ အလုပ်ပြီးစီးစေဖို့အတွက် လုပ်ငန်းစဉ်တိုင်းမှာဖြစ်စေ လုပ်နေစဉ်ဖြစ်စေ (သို့) မပြီးမြောက်ခင်တွေမှာ ပြန်လည်စီစစ်နိုင်မှ အချိန်ကိုက် Target ပြည့်မှီအောင်၊ Objective အတိုင်း ပြီးစီးနိုင်မှာဖြစ်ပြီး၊ အမှားအယွင်းရှိခဲ့ရင်တောင်မှ အချိန်မှီ ပြန်လည်ဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။

➡️ မေးခွန်းမေးခြင်းဖြင့် လက်ရှိလုပ်ငန်းပြီးမြောက်မှုကို ပြန်လည်စစ်
ဆေးခြင်း
➡️ လက်ရှိအခြေအနေနဲ့ ပြီးမြောက်မည့်နေ့ ခန့်မှန်းပြီး လိုအပ်သလို
ပြင်ဆင်ခြင်း
➡️ လုပ်ဆောင်ပြီးမြောက်မှုများအား အချိန်အားလျှော်စွာ ကြီးကြပ်စေခြင်း

💥 A – Act (ပြင်ဆင်ဆောင်ရွက်ခြင်း)
လုပ်ငန်း ကြီးကြပ်စစ်ဆေးပြီးချိန်မှာ ရည်ရွယ်ထားမှုနဲ့ ကွာခြားနေတဲ့ အခါ Act (ပြင်ဆင်ဆောင်ရွက်) ဆိုတဲ့ မှားနေလျှင်ပြင် - မှန်လျှင်ရှေ့ဆက်ပုံစံနဲ့ စစ်ဆေးမှုရဲ့ပြင်ဆင်ဆောင်ရွက်မှုတွေကို အချိန်မှီရည်ရွယ်ချက်သို့ ပြီးမြောက်စေ ရန် ဆောင်ရွက်သွားနိုင်ပြီး၊ တဖန်ပြန်လည် Plan ဆိုတဲ့ အစီအစဉ်အသစ် တွေကို ပြင်ဆင်ရေးဆွဲသွားရင်းဖြင့် လုပ်ငန်းတိုင်းကို ပိုမိုထိရောက်စေမှာဖြစ် ပါတယ်။

➡️ မှားနေလျှင် ပြင်မယ် - မှန်နေလျှင် ရှေ့ဆက်ပြီး ပိုမိုတိုးတက်အောင်
ဆောင်ရွက်ခြင်း
➡️ ဆန်းသစ်တီထွင်သော နည်းလမ်းတွေနဲ့ အသစ်သစ်ပုံစံတွေနဲ့
တိုးတက်ဖို့ဖန်တီးခြင်း
➡️ အချိန်မှီလုပ်ငန်းရလဒ်ဖြစ်ဖို့ ပြင်ဆင်သင့်တာပြင်ဆင်ပြီး ရလဒ်
ဖြစ်အောင်ဆောင်ရွက်ခြင်း

အနှစ်ချုပ်လိုက်ရင် PDCA ဟာ ရပ်တန့်မနေပဲ အမြဲလည်ပတ်နေရမှာ ဖြစ်ပါတယ်။ ဦးစွာ Plan (စီစဉ်ရေးဆွဲ)၊ Do (လက်တွေ့ပြုလုပ်)၊ Check (ပြန်လည်စစ်ဆေး)၊ Act (ပြင်ဆင်ဆောင်ရွက်) ပြီးတဲ့အခါ Plan ကနေ Act ကို တဖန်ပြန်သွား စတဲ့ PDCA အတိုင်း နေ့စဉ်ဘဝ အလုပ်တွေကို Plan – Do – Check – Act ဆိုတဲ့ စီမံခန့်ခွဲပြီး အနာဂတ်ရဲ့ ဘဝအောင်မြင် တိုးတက်မှု အစီအစဉ်အသစ်တွေကို အကျိုးရှိရှိဖော်ဆောင်နိုင်ဖို့ ဘဝတသက်တာ အလေ့အကျင့်တခုအဖြစ် နေ့စဉ်အသုံးပြုနိုင်ပါတယ်။

ဆန္ဒမွန်ဖြင့်
ဇင်ဖြိုးပိုင် (MESI)

-----------------------
BIG ကြီးကြယ်မြင့်မြတ်သော ဘ၀ပိုင်ရှင်ဖြစ်ဖို့
B - Book (စာပေဖတ်ရှုလေ့လာနေပါ)
I - Individual (မိတ်ကောင်းဆွေကောင်းရှိပါ)
G - Goal (ရည်မှန်းချက်မြင့်မားပါ)
ယခု (၃-ချက်) အတိုင်း ဘ၀ကို ကြီးကျယ်မြင့်မြတ်စေပါ။

I Am Leader of My Life (ငါဘ၀၏ အရှင်သခင်ခေါင်းဆောင်ဟာ ငါကိုယ်တိုင်ဖြစ်၏)
I Am Great Leader (ငါသည် မြင့်မြတ်သော ခေါင်းဆောင်သူဖြစ်တယ်)

I Can Do It (ငါလုပ်နိုင်တယ်) ယုံကြည်နေပါ။
You Can Do It (သင်လုပ်နိုင်တယ်) အားပေးနေပါ။
We Can Do It (ကျွန်ုပ်တို့လုပ်နိုင်တယ်) အတူတူကြိုးစားနေပါ။
I Can Do It + You Can Do It + We Can Do It

=============================

သင်… သင်တန်းတွေ တက်ဖို့ စဉ်းစားနေရင်…
ဘယ်သင်တန်းတွေ တက်ရမလဲ စုံစမ်းနေရင်တော့…
စီးပွားရေး စီမံခန့်ခွဲမှုဖြင့် လက်တွေ့အောင်မြင်နေတဲ့
MESI သင်တန်းကျောင်းအကြောင်း

🔸 MESI သင်တန်းကျောင်း (၁၅-ခု)
🔸 ဒီပလိုမာ ကျောင်းသား (၁၅၀၀) ကျော်
🔸 စိမံခန့်ခွဲမှု သင်တန်းသားပေါင်း (၁၀၀၀၀) ကျော် နှင့်
🔸 မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း (၂၅-မြို့)အထိ သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ။

အနာဂတ် ဘ၀တသက်စာ ထူးချွန်အောင်မြင်လိုသော
စွန့်ဦးတီထွင် စီးပွားရေးခေါင်းဆောင်များနှင့် စီမံခန့်ခွဲမှုကျွမ်းကျင် မန်နေဂျာများ
လုပ်ငန်းခွင်မှာ ဦးဆောင်နိုင်သော Professional များအတွက်...
MESI စီးပွားရေးသင်တန်းကျောင်းကြီးမှ သင့်အား ကြိုဆိုနေလျှက်ပါ…
-----------------------------------------------------------------
ရန်ကုန်၊ မန္တလေး၊နေပြည်တော်၊ကျိုင်းတုံ၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင်၊ မိတ္တီလာ၊ပြည်၊ပဲခူး၊ပုသိမ်၊ မကွေး၊အင်းစိန်၊ထားဝယ် စတဲ့ မြို့ကြီးများတွင် ဒီပလိုမာတန်းများ တပြိုင်တည်းဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


North Dagon Township
Taunggyi