19/07/2024
ဒီစာအုပ်ရေးသားဟန်ဟာ အရင်ထွက်ပြီးသား ၂၃အုပ်နဲ့ မတူညီဘဲ
စိတ်ပ ညာ နဲ့ ပတ်သတ်ပြီး ဆရာမဟာအများကြီးလေ့လာပြီး Level up သွားပြီလို့ ခံစားသိရှိရတဲ့ စာအုပ်တစ်အုပ်ပါ။
အရင်ကထက် level up သွားတဲ့ အတွက် မျှဝေနိုင်တဲ့ အသိပ ညာ ဟာလည်း ဆတူ တက်သွားပါတယ်။ စာဖတ်သူတွေလည်း ယူတတ်ရင် စိတ်နဲ့ပတ်သတ်လို့ သိမှုlevel တက်မယ့်စာအုပ်မျိုးပါပဲ။
စာရေးသူရဲ့ ရည်ရွယ်ချက်ကလည်း
သူမလျှောက်ခဲ့တဲ့ စိတ်ဝင်္ကပါ ခြေရာတွေထဲက အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ကုစားနည်းတွေကို မျှဝေဖို့ပါ။
Chapter 1,2,3ကနေ 15 အစရှိသဖြင့် အခန်းခွဲရေးထားပုံက coaching ပေးသလိုပဲလို့ နားလည်ပြီး စဖတ်တဲ့အပိုင်းမှာ စိတ်ပ ညာ ပိုင်းဆိုင်ရာ စကားလုံးများနဲ့ အစပြုထားပါတယ်။
Chapter 1 မှာပါတဲ့ အကြောင်းက စာဆန်ပေမယ့် Inner peace in outer chaos talk series နားထောင်ဖူးသူတွေဆိုရင်တော့ ရင်းနှီးဖူးတဲ့ စကားလုံးတွေကို တွေ့ ရ မှာပါ။
Catastrophizing
တစ်ခုခုဆို အဆုံးထိတွေးပစ်တာ
အိမ်ကတစ်ယောက်ယောက်အပြင်သွားတယ် ပြန်မလာဘူးဆိုရင် ရဲစခန်းဖုန်းဆက်ရမယ် ဆေးရုံလိုက်သွားတော့မယ်ဆိုပြီးတွေးပစ်လိုက်တာမျိုး
All or Nothing thinking
အကုန်အပြည့်ရရင်ရ မရရင် မယူဘူး။
ရေဖန်ခွက်ထဲ အပြည့်ရှိတာမြင်ချင်တယ်၊တဝက်လောက်ဆို မလိုချင်ဘူး ဒါမျိုး
Negative self label
ကိုယ့်ကိုယ်ကိုယ် မလှဘူး အသားမဲတယ် အရပ်ပုတယ် ကိုယ့်ကိုယ်ကိုယ် တချိန်လုံးမကောင်းတာတွေပဲမြင်နေတာ
Personalization
ကိုယ်သာလျှင်အရေးအကြီးဆုံး ကိုယ့်ကိုသာဂရုစိုက်ရမယ်ဆိုတဲ့ အတွေးတွေ အပြုအမူတွေ
Minimizing
ကိုယ့်ကိုယ်ကိုယ်လျော့တွက်တာ ငါလုပ်ရင်မဖြစ်ပါဘူးဆိုတဲ့အတွေး
Jumping to conclusions
တကယ်ဝတ်မကြည့်သေးဘူး၊ငါဒါဝတ်လိုက်ရင်မလှပါဘူးဆိုပြီး အလွယ်တကူကောက်ချက်ချတာမျိုး
Comparing
သူတို့တော့လုပ်နိုင်တယ် ငါကျမလုပ်နိုင်ဘူး ငါ့ကျမဖြစ်ဘူး၊ဒီလိုမျိုး တစ်ချိန်လုံးနှိုင်းယှဥ်နေတာ
Emotional Reasoning
စိတ်ခံစားမှုပေါ်လိုက်ပြီး ကောက်ချက်ချတာမျိုး
အစရှိသဖြင့်
အပေါ်ကလိုမျိုး တွေးမိနေတယ်ဆို victim role ကို ရောက်နေပြီး စိတ်ဝင်္ကပါ ကနေ မထွက်နိုင်ဘူးဖြစ်နေမှာပါ။
အဲဒီလို Negative thinking တွေကို အတွေးဖြတ်ပြီး positive ဘက်ပြောင်းနိုင်ဖို့ ဒီစာအုပ်ထဲမှာ နည်းလမ်းများ မျှဝေထားတာကို တွေ့ရပါတယ်။
Chapter 2 မှာတော့ OCD လို့အတိုကောက်ခေါ်တဲ့ စွဲလမ်းမှုလွန်ကဲတဲ့စိတ်ဝေဒနာအကြောင်း(အရမ်းအသန့်ကြိုက်ပြီး လက်ခဏခဏဆေးတာမျိုး ပစ္စည်းတစ်ခုကိုအမြဲပြောင်လက်အောင်တိုက်နေမျိုး) ဖော်ပြထားပြီး
အခြား chapter တွေမှာ
ဝမ်းနည်းပူဆွေးမှုကနေ လွတ်မြောက်ဖို့
ပြီးပြည့်စုံချင်တဲ့စိတ်ဟာ ဘယ်အတိုင်းအတာထိပဲ ကောင်းကြောင်း
စိတ်မလုံခြုံမှု ဒေါသ မနာလိုဝန်တိုစိတ် အတိတ်ကို တဝဲဝဲလည်လည်ဖြစ်နေခြင်းကနေ လွတ်မြောက်အောင်
ကိုယ့်ရဲ့ inner child လေးကိုဘယ်လိုဂရုစိုက်မလဲ ဆိုတာ အောက်စဖို့ဒ်ဆရာတော်ဟောတဲ့နည်းလေးအတိုင်း မိခင်က ကိုယ့်ရင်သွေးလေးကို ဂရုစိုက်ထိန်းသိမ်းပုံလေးနဲ တွဲဖက်ပြီး story လေးတွေနဲ့ စိတ်ဝင်စားဖွယ်ရေးထားပါတယ်။
အခြား စိတ်ထောင်ချောက်ဖြစ်နေတဲ့ အခြေအနေတွေလည်းရှိနေပါသေးတာဆိုတာကို
ကြောက်စိတ်
အတ္တအခြေခံတဲ့အတွေးတွေ
ထင်ယောင်ထင်မှားဖြစ်တဲ့အတွေးတွေ ဆိုပြီး chapter ခွဲပြီး ရှင်းပြထားပါသေးတယ်။
စိတ်ပ ညာ ဟာ ကျယ်ပြန့်တာ မို့
စိတ်မှာဖြစ်နေတဲ့အရာတွေကို တထိုင်တည်း ကောက်ချက်ချ လေ့လာ သုံးသပ်ရတာမျိုးတော့
လုပ်လို့မရပါဘူး။
စိတ်ထောင်ချောက်တွေဟာ ဘယ်လိုအနေအထားမျိုးလို့ စိတ်ကို ခံစားသိရင်တော့ ထွက်ပေါက်ကို ရှာဖွေဖို့ နီးစပ်လာပါတယ်။
📌ဒီစာအုပ်ထဲက point ကလည်း စိတ်ထောင်ချောက်ဆိုတာ ဘယ်လိုပုံစံ နဲ့ ရှိနေပြီး
စိတ်ဝင်္ကပါကနေလွတ်အောင်ဘယ်လိုကြိုးစားအားထုတ်လို့ ရတယ်ဆိုပါပဲ။
💡စိတ်ပ ညာ ကို လေ့လာ သင်ယူနေတဲ့သူတွေအတွက် အထောက်အကူပြုမယ့် updateစာအုပ်တစ်အုပ်ဖြစ်သလို
သင်ယူပြီးသားသူတွေအတွက်လည်း ကုစားနည်းတွေ upgrade လုပ်ရသလိုပါပဲ။
စိတ်နဲ့ပတ်သတ်လို့ ခုမှစလေ့လာတဲ့သူတွေအတွက်လည်း story လေးတွေနဲ့ တတ်နိုင်သလောက်မြန်မာမှုပြုထားတာတွေ့ရပါတယ်။ ပ ညာ ပိုင်းနဲ့ ပတ်သတ်တဲ့နေရာတွေမှာ နည်းနည်းတော့အားစိုက်ဖတ်ရတာပေါ့နော်။
ဆရာမ ကိုယ်တိုင်လည်း လေ့လာသင်ယူမိသမျှ မခြွင်းမချန်အားစိုက်ရေးထားတာကို တွေ့ရတာမို့
စာရေးသူ စာဖတ်သူ အတွဲညီရတဲ့ စာအုပ်လေးတစ်အုပ်လို့ မြင်မိပါတယ်။
"ကောင်းတာနဲ့ မကောင်းတာဆိုတာ အမြဲဒွန်တွဲနေတာပါပဲ။ဘဝပြဿနာတွေကို ဖြေရှင်းရတဲ့အခါမှာ ကောင်းတဲ့ဘက်ကနေကြည့်မြင်နိုင်ဖို့လည်း လိုပါတယ်။ဒါဟာ စိတ်ဝင်္ကပါကနေ လွတ်မြောက်ခြင်း အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။(စာ ၂၂၈)
"ကိုယ့်ရဲ့အတွေးတွေကို သိနေဖို့က အဓိကပါပဲ။ ကိုယ့်အတွေးတွေကို သိတဲ့အခါမှာ စိတ်တွေက ရှင်းလာပါတယ်။ စိတ်တွေရှင်းလာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေမှန်လာတယ်။ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြည့်တတ်မြင်တတ်လာပါတယ်။ အကောင်းရော အဆိုးရောကို လက်ခံတတ်လာပါတယ်။ ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အရာတွေအတွက် ပူပန်မနေတော့ဘဲ လက်လွှတ်ပေးလိုက်နိုင်ပါတယ်။
Mindful ဖြစ်တယ်ဆိုတာ အသိစိတ်ရှိရှိနဲ့ ဘဝကို အမှုမဲ့ အမှတ်မဲ့ မနေထိုင်ခြင်းပဲဖြစ်ပါတယ်။
Mindfulness ဆိုတာ Fully in the moment ဆိုတဲ့ အခုလက်ရှိဖြစ်နေတဲ့ အခိုက်အတန့်တိုင်းကို အပြည့်ဝဆုံး စိတ်နဲ့ ခံစားမှုနဲ့ သတိရှိစွာနေထိုင်ခြင်းပဲ ဖြစ်ပါတယ်။"( စာ ၂၆၄)
ဒီစာပိုဒ်လေး ၂ခုကတော့ စိတ်ထောင်ချောက်ကနေလွတ်မြောက်ပြီး စိတ်ငြိမ်းချမ်းမှုရဖို့အတွက်
အများကြီး အထောက်အကူပြုတဲ့ အဓိက လုပ်ဆောင်ရမယ့်အရာမို့ ကူးယူဖော်ပြလိုက်ပါတယ်။
စိတ်ချမ်းသာမှ ကိုယ်ကျန်းမာသလို
ကိုယ်စိတ်နှလုံး သုံးပါးစလုံး ညီညွတ်မှသာ နေရထိုင်ရ လွယ်ကူ အဆင်ပြေတာမို့
ကိုယ့်စိတ်ကိုယ် စောင့်ကြည့်သတိရှိဖို့ အရေးကြီးပါတယ်။ စိတ်ထောင်ခြောက်တွေ စိတ်ဝင်္ကပါတွေက လွတ်မြောက်အောင်
ဘယ်လိုစောင့်ရှောက်လို့ရသလဲဆိုတာ ကိုတော့ စာအုပ်ထဲမှာ ဆက်လက်ဖတ်ရှု့ကြည့်ပါနော်။
ဒီစာအုပ်လေးနဲ့တွဲဖက်နားထောင်ရမယ့် TALK SERIES ကတော့ HEAL YOUR HEART ပါ။
စိတ် ကို စိတ်ဝင်စားတဲ့သူများအတွက် Highly recommend ပါ။
Escaping The Mind Maze
စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း
မွန်ဟော်စီ
ပန်းဆက်လမ်းစာပေ
တန်ဖိုး ၁၂၀၀၀ကျပ်။
https://t.me/KhinThandarSwe
19/07/2024
19/07/2024