Open Learning Taunggyi

Open Learning Taunggyi

Share

Knowledge For All

09/08/2025

💖 ကလေးတွေအတွက် အချိန်ပေးရင်း ကိုယ့်အတွက်ကိုယ် မေ့နေတဲ့ မေမေ... "English for MOM" နဲ့ ပြန်လည် နုပျို တောက်ပလိုက်ပါ! ✨

🤱ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေအတွက် ကိုယ့်ရဲ့ အိပ်မက်တွေ၊ ကိုယ့်ရဲ့ အချိန်တွေကို ပေးဆပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ မေမေတိုင်းကို ဦးညွှတ်ဂါရဝပြုပါတယ်။

🤱မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာတဲ့ ကလေးတွေအတွက် အချိန်ပေးရင်း ကိုယ့်အတွက် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုလေးတွေကို မေ့လျော့နေမိပြီလား?

"အခုတော့ သင့်အတွက် အလှည့်ကျပါပြီ!"

"Open Learning Taunggyi နဲ့ Spring Bloom Education Group ကနေ မေမေတို့ရဲ့ ရင်ကို ထိစေမယ့်၊ ဘဝကို အမှန်တကယ် အထောက်အကူပြုမယ့် "English for MOM" သင်တန်းသစ်ကို ဂုဏ်ယူစွာ မိတ်ဆက်ပေးပါရစေ။

ဒီသင်တန်းဟာ ရိုးရိုး English သင်တန်းသက်သက် မဟုတ်ပါဘူး။ ကလေးတွေရဲ့ ဘဝကို ပိုမိုလှပအောင် ဖန်တီးပေးရင်း ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုယုံကြည်မှုရှိလာစေမယ့်၊ ပိုမိုတောက်ပလာစေမယ့် "မေမေတို့ရဲ့ ကိုယ်ပိုင်အချိန်" လေးတစ်ခုပါ။

👩‍👧‍👦 "English for MOM" က ဘာကြောင့် မေမေတို့အတွက် လိုအပ်တာလဲ?

• ကလေးတွေရဲ့ အားကိုးရာ မေမေဖြစ်လာဖို့:
o ကလေးတွေရဲ့ YLE English စာသင်တန်းတွေ၊ ကျောင်းစာတွေနဲ့ ပတ်သက်ပြီး ပိုမိုထိရောက်စွာ ကူညီပေးနိုင်မယ်။
o သူတို့ရဲ့ စိတ်ကူး၊ အတွေးအမြင်တွေကို အင်္ဂလိပ်လို ပိုနားလည်နိုင်ပြီး ဆက်သွယ်မှု ပိုမိုအားကောင်းလာစေမယ်။
o အိမ်မှာ အင်္ဂလိပ်လို ပြောဆိုလေ့ကျင့်ခြင်းဖြင့် ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မယ်။

• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာဖို့:
o အင်္ဂလိပ်လို ပြောဆိုဆက်ဆံရမှာ မဝံ့မရဲ ဖြစ်နေတာတွေ ပျောက်ကွယ်သွားပြီး လူမှုပတ်ဝန်းကျင်မှာ ပိုမိုသွက်လက်လာမယ်။
o မိတ်ဆွေအပေါင်းအသင်း အသစ်တွေတိုးလာပြီး Network တည်ဆောက်လာနိုင်မယ်။
o လုပ်ငန်းခွင်အတွေ့အကြုံ (သို့) အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ပိုမိုတိုးတက်အောင်မြင်လာနိုင်မယ်။
o ကိုယ်ပိုင် စိတ်ကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှုကို ပိုင်ဆိုင်နိုင်မယ်။

• ကိုယ့်အတွက်ကိုယ် အချိန်ပေးရင်း ပျော်ရွှင်ဖို့:
o တစ်ပတ်ကို ၂ ရက်၊ တစ်ရက်ကို ၁ နာရီခွဲ ( စုစုပေါင်း ၃ လ) ပဲ အချိန်ပေးရမှာပါ။ သင်တန်းပြီးဆုံးတဲ့အခါ သင်ဟာ အင်္ဂလိပ်စာ တိုးတက်ရုံသာမကဘဲ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ရင်း၊ အသစ်အသစ်တွေ သင်ယူရင်း ပျော်ရွှင်မှုတွေ ရရှိခဲ့ပြီ ဖြစ်ပါလိမ့်မယ်။
o ဒီအချိန်လေးဟာ သင့်အတွက်ပဲ သီးသန့်ပေးထားတဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး အချိန်လေး ဖြစ်ပါတယ်။

Open Learning Taunggyi နဲ့ Spring Bloom Education Group ရဲ့ ကျွမ်းကျင်တဲ့ ဆရာမတွေက မေမေတို့နဲ့ အနီးကပ်၊ သေချာ ဂရုစိုက်ပြီး သင်ကြားပေးမှာပါ။ သင်ယူမှုခရီးစဉ်တစ်လျှောက်လုံး မေမေတို့အတွက် အကောင်းဆုံး အထောက်အပံ့တွေ ပေးသွားမှာပါ။

သင်ဟာ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးချင်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုတောက်ပတဲ့ မေမေတစ်ယောက်အဖြစ် မြင်ချင်တယ်ဆိုရင်...

"English for MOM" သင်တန်းလေးက သင့်အတွက်ပါပဲ!

သင်တန်းချိန် - - ကြာသာပတေး - သောကြာ ၉း၀၀ နာရီ မှ ၁၀း၃၀ နာရီ

သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ် (၃လပြတ်) စာအုပ်ဖိုး- ၅၀,၀၀၀ ကျပ်
စုစုပေါင်း - ၃၅၀,၀၀၀ ကျပ်

😱သင်တန်းစတင်ဖွင့်လှစ်ခြင်း၊ ကျောင်းနေရာသစ် စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်
အထူးသင်တန်းကြေး - ၁၅၀,၀၀၀
စာအုပ်ဖိုး Free အခမဲ့

လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံမှာမို့ အခုပဲ စာရင်းပေးသွင်း အပ်နှံလိုက်ပါ။

***MOM တို့အတွက် သင်တန်းကာလအတွင်း ကြားဖြတ်အစီအစဉ်များပါရှိပါမည်။***

သင်တန်းအပ်နှံရန် ..
Spring Bloom Private Preschool & Open Learning Taunggyi
📍 လိပ်စာ: No. 236, Shwe Nilar Street. Yay Aye Kwin Qr., Taunggyi, Myanmar
📞 ဖုန်းနံပါတ်: 09 897 719872

#မေမေများအတွက် #အင်္ဂလိပ်စာသင်တန်း #ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု

19/07/2025

⭕ အာဇာနည်နေ့ဆိုတာ မေ့ကောင်းစရာ မဟုတ်ပါ ⭕

၁၉.၇.၂၀၂၅ နေ့တွင် ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်အပေါင်းအား Open Learning Taunggyi က အလေးအမြတ်ထား ဦးညွတ် ဂါရဝ ပြုအပ်ပါသည်။

16/07/2025

သဘာဝ ဘေးအန္တရာယ် အခြေအနေများအရ ခေတ္တ ရပ်နားထားသော Open Learning Taunggyi ၏ သင်တန်းများကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းများကို ပြန်လည်ဖွင့်လှစ်မယ့် လိပ်စာလည်း ပြောင်းလဲထားပါတယ်။

လိပ်စာအသစ်..

အမှတ် ၂၃၆, ရွှေနီလာလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
(အရှေ့မြို့ပတ်လမ်း ဇွန်စတိုးမျက်စောင်းထိုးလမ်း၊ မန်းယူနန် စာသောက်ဆိုင် မျက်နှာချင်းဆိုင်လမ်း၊ လမ်းထိပ်တွင် ယုဇန သွားဆေးခန်းရှိသည်)

ဖုန်း ၀၉၅၂၁၂၈၄၅, ၀၉၄၁၀၀၃၇၀၃

သင်တန်းကြော်ငြာတွေ အချိန်မီ သိရှိနိုင်ဖို့ ယခု Page ကို Like and Follow လုပ်ထားကြပါဦး။

26/07/2024

လူငယ်တွေအနေနဲ့ ပြောင်းလဲရမှာကို ချီတုံချတုံဖြစ်နေကြတုန်းလား?! မဖြစ်မနေchangesတွေလုပ်ပြီး ကိုယ့်ရဲ့boundariesတွေကို ကျယ်ပြန့်အောင်လုပ်ဖို့အတွက် လမ်းစရှာမတွေ့သေးဘူးဆိုရင် ဒီsharing sectionလေးကို joinဖို့အတွက် နှောင့်နှေးမနေနဲ့တော့နော်!

ဒီsectionလေးကိုတော့ လူငယ်တွေရဲ့communityကျယ်ပြန့်ဖို့အတွက် လုပ်ဆောင်နေပြီး Global Youth Changemaker Awardကို 2022,2023၂နှစ်ဆက်တိုက်ရရှိခဲ့ပြီး United State of Americaမှာပညာတော်သင်အနေနဲ့သွားရောက်လေ့လာဖို့ရွေးချယ်ခံထားရတဲ့YSEALI Fall 2024(CE) delegateတစ်ဦးဖြစ်တဲ့အပြင် Visionary Youth Organisation ရဲ့Founderနဲ့Hysan Eduactionရဲ့Program Directorဖြစ်တဲ့ Ko Hein Min Htunကနေပြီးတော့ ဦးဆောင်ပေးသွားမှာဖြစ်ပါတယ်🥳

Sharing sectionလေးရဲ့ အဓိကရည်ရွယ်ချက်က တော့ ပုံမှန်လုပ်နေကျ routineတွေနဲ့ပဲ လည်ပတ်နေပြီး comfort zoneလေးထဲမှာပဲ ပိတ်မိနေတဲ့ လူငယ်တွေနဲ့ ကိုယ့်ရဲ့passionကို ရှာမတွေ့သေးလို့ ဘယ်လိုစပြောင်းလဲရမှန်းမသိတဲ့ လူငယ်တွေရဲ့ အကြောက်တရားတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့အကြောင်းကို sharing လုပ်ပေးပြီး လူငယ်တွေကို အဘက်ဘက်ကနေsupport ပေးဖို့အတွက်ပဲဖြစ်ပါတယ်
ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့activitiesတွေလဲ ပါဝင်အုံးမှာနော်
လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့အောင်မြင်မှုတွေရရှိမဲ့ first stepဖြစ်တဲ့ ဒီsectionကို joinပြီး အကြောက်တရားတွေ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်နိုင်ဖို့ ဖိတ်ခေါ်တယ်နော်🙋🏼‍♀️

Time-1:00PM to 4:00PM
Location-မင်းကျောင်းပရိယတ္တိစာသင်တိုက်ဝင်းအတွင်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့၊ရှမ်းပြည်နယ်တောင်ပိုင်း(ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်)

11/06/2024

LCCI LEVEL 1&2 ပညာဒါန အတန်းသစ် (Batch-15)

စာရင်းကိုင် ပညာရပ်ကို အခြေခံမှစပြီးလေ့လာချင်သူများအတွက် OLT ကနေ LCCI LEVEL 1&2 အတန်းလေးကို June လ 22ရက်နေ့မှာ ထပ်မံဖွင့်လှစ်ပေးသွားမှာပဲ ဖြစ်ပါတယ်။✨

LCCI ဆိုတာဘာလဲ?🤔
LCCIဆိုတာ (London Chamber of Commerce & Industry)ရဲ့ အတိုကောက်ဖြစ်ပါတယ်။စာရင်းနှင့်ပတ်သက်တဲ့ နိုင်ငံတကာမှာအသုံးပြုနေတဲ့ အခြေခံအကျဆုံးနှင့်အ‌ရေးပါတဲ့ ပညာရပ်တစ်ခုပါ။
စာရင်းအင်းနှင့်ငွေကြေးဆိုင်ရာများကိုစနစ်တကျစီမံခန့်ခွဲစေနိုင်တဲ့ပညာရပ်ဆိုရင်လည်းမမှားပါဘူး။

✍️LCCI LEVEL 1&2 မှာဘာတွေသင်မှာလဲဆိုတော့

-Accounting process မှာဘာတွေပါတာလဲ။
-Accounting equation ကဘာလဲ။
-Debit နဲ့ Credit ကိုဘယ်လိုသွင်းရမှာလဲ။
-Account Type ဘယ်နှစ်မျိုးရှိလဲ။
-ဘယ်ဟာက Debit ဘယ်ဟာက Credit ဆိုတာကို Nature ဘယ်လိုခွဲကြမှာလဲ။

💯Accounting နဲ့ပက်သက်လို့ Transaction တစ်ခုဖြစ်လာပြီဆိုရင် ဘယ်လိုစာရင်းသွင်းပြီးဘယ်လိုစာရင်းပိတ်ရမယ်က အစ အတွက်အချက်ပိုင်းတွေကိုသေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။💯

ယခုသင်တန်းကို ကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ်၊ တစ်ခြားလုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် စာရင်းသွင်းမှုကို ပိုင်ပိုင်နိုင်နိုင်စာရင်းသွင်းတက်သူတွေဖြစ်လာဖို့ရည်မှန်းထားသူများ၊ Accounting ဘာသာရပ်ကိုစိတ်အားထက်သန်စွာလေ့လာသင်ယူချင်သူများအတွက် တက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

📢သင်တန်းအစီအစဉ်
LCCI LEVEL 1&2 Batch-15
📆Sat-Sun (22-June)
🕗09:00-11:00 AM
⏳Duration - 4 months

ဒီအတန်းကို Registration fees အနေနဲ့ 20000ကျပ်သာပေးသွင်းပြီးတော့တက်ရောက်နိုင်မှာပဲဖြစ်ပြီး လူဦးရေ အကန့်သတ်နဲ့ လက်ခံမှာဖြစ်လို့ အမြန်ဆုံး စာရင်းသွင်းအပ်နှံဖို့လိုပါမယ်နော်

အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက်

📞ဖုန်းနံပါတ် 09-882248844 နှင့် 09882248855 သို့ဆက်သွယ်၍ဖြစ်စေ

📌Open Learning Taunggyi သင်တန်းကျောင်းတည်ရှိရာ
အမှတ်(၁၃၀)၊ ရွှေဂူလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ မြေဖြူကမ္မဌာန်းကျောင်းမြောက်ဘက်ကပ်ရပ် တောင်ကြီးမြို့ သို့ဖြစ်စေ

📖ကျောင်း၏ page Messenger သို့ဖြစ်စေ ‌အသေးစိတ် လာရောက်စုံစမ်းပြီး တစ်ခါတည်း စာရင်းသွင်းအပ်နှံနိုင်ပါတယ်ရှင်

10/06/2024

သင်တန်းစုံစမ်းပြီးနောက်။

တိုင်ပင်ပြီးရင် ပြန်လာခဲ့မယ်နော်😁

မင်မင်--- ရတယ်။ ရတယ်။ 🥴

03/06/2024

အောင်မြင်သော အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခွင့်အရေးကြီးက သင့်လက်တစ်ကမ်းမှာ ရောက်ရှိနေပါပြီနော်🤗

ပြောင်းလဲလာတဲ့ ဈေးကွက်အပေါ် ရေရှည်ရပ်တည်ဖို့အတွက် ဈေးကွက် အသစ်ရှာဖွေရာမှာ ကျွမ်းကျင်သော အရောင်းသမားကောင်းတစ်ဦးဖြစ်ဖို့ အတွက် လိုအပ်သော Sales and Marketing Skills တွေကို သင်ကြားပေးမယ့်အပြင် ဆရာ့ကိုယ်ပိုင် အတွေ့အကြုံမျှဝေမှုများမှတစ်ဆင့် ဗဟုသုတများကိုလည်း ရရှိနိုင်ပြီး ကိုယ့်အတွက် အရှုံးမရှိမယ့် သင်တန်း

📌Diploma in Sales And Marketing Management
📅Sat-Sun (22-June)
🕜1:00-3:00 PM

👉ဒီအတန်းကို ဘယ်သူတွေတက်ရောက်သင့်သလဲဆိုရင်
အရောင်းလောကမှာ ထူးချွန်ပြောင်မြောက်သော အ‌ရောင်းသမားကောင်းတစ်ယောက် ဖြစ်လိုသူများ၊
မိမိရဲ့ ပစ္စည်းကို ဈေးကွက်အသစ်တစ်ခုသို့ အစီအစဉ်တကျ ထိုးဖောက်နိုင်အောင် ဖန်တီးလိုသူများ၊
Sales and Marketing ဘာသာရပ်ကို စိတ်ပါဝင်စားပြီး ကြိုးစားသင်ယူလိုသော သူများ၊
အသစ်အသစ်သော ဗဟုသုတများကို ထပ်မံရှာဖွေစုဆောင်းလိုသူများ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင်

ပုံမှန်သင်တန်းကြေး လေးသိန်းကျပ်ကို ယခုအခါ Registration fees အနေဖြင့် 30000ကျပ် သာသွင်း၍ စာရင်းသွင်းအပ်နှံနိုင်မှာဘဲ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာဖြစ်ဖို့ ဒီလိုအခွင့်အရေးကြီးကို လက်မလွှတ်ရဖို့အတွက် ကိုယ်ကအရင်ဆုံးဖြစ်အောင် ကျောင်းကို အရောက်လာပြီး စာရင်းသွင်းအပ်နှံထားဖို့ လိုအပ်မယ်နော်🏃🤗

အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက်

📞ဖုန်းနံပါတ် 09-882248844 နှင့် 09882248855 သို့ဆက်သွယ်၍ဖြစ်စေ

📌Open Learning Taunggyi သင်တန်းကျောင်းတည်ရှိရာ
အမှတ်(၁၃၀)၊ ရွှေဂူလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ မြေဖြူကမ္မဌာန်းကျောင်းမြောက်ဘက်ကပ်ရပ် တောင်ကြီးမြို့ သို့ဖြစ်စေ

📖ကျောင်း၏ page Messenger သို့ဖြစ်စေ ‌အသေးစိတ် လာရောက်စုံစမ်းပြီး တစ်ခါတည်း စာရင်းသွင်းအပ်နှံနိုင်ပါတယ်ရှင်

26/05/2024

2024ပထမဆုံးတန်းခွဲများ၏ နောက်ဆုံး Project

DBMA အတန်းမှ Business plan
DS&M အတန်းမှ Marketing plan နှင့်
DHRM အတန်းမှ HR plan တို့ကို အသီးသီးရေးဆွဲခဲ့ကြပြီး Plan များအား Presentation တင်ပြရာတွင် Group 9 ခုအနက် အကောင်းဆုံးအဖွဲ့အဖြစ် FR Education Team မှ ထိုက်တန်စွာရရှိသွားသောကြောင့် ဂုဏ်ပြုအပ်ပါတယ်ရှင်🥰
FR Education Team Member များအားလုံး Congratulations ပါရှင်👏🤗
အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့ကြသော ကျန် Team Member များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်ရှင်🥰

26/05/2024

အောင်မြင်သော အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခွင့်အရေးကြီးက သင့်လက်တစ်ကမ်းမှာ ရောက်ရှိနေပါပြီနော်🤗

ပြောင်းလဲလာတဲ့ ဈေးကွက်အပေါ် ရေရှည်ရပ်တည်ဖို့အတွက် ဈေးကွက် အသစ်ရှာဖွေရာမှာ ကျွမ်းကျင်သော အရောင်းသမားကောင်းတစ်ဦးဖြစ်ဖို့ အတွက် လိုအပ်သော Sales and Marketing Skills တွေကို သင်ကြားပေးမယ့်အပြင် ဆရာ့ကိုယ်ပိုင် အတွေ့အကြုံမျှဝေမှုများမှတစ်ဆင့် ဗဟုသုတများကိုလည်း ရရှိနိုင်ပြီး ကိုယ့်အတွက် အရှုံးမရှိမယ့် သင်တန်း

📌Diploma in Sales And Marketing Management
📅Sat-Sun (8-June)
🕜1:00-3:00 PM

👉ဒီအတန်းကို ဘယ်သူတွေတက်ရောက်သင့်သလဲဆိုရင်
အရောင်းလောကမှာ ထူးချွန်ပြောင်မြောက်သော အ‌ရောင်းသမားကောင်းတစ်ယောက် ဖြစ်လိုသူများ၊
မိမိရဲ့ ပစ္စည်းကို ဈေးကွက်အသစ်တစ်ခုသို့ အစီအစဉ်တကျ ထိုးဖောက်နိုင်အောင် ဖန်တီးလိုသူများ၊
Sales and Marketing ဘာသာရပ်ကို စိတ်ပါဝင်စားပြီး ကြိုးစားသင်ယူလိုသော သူများ၊
အသစ်အသစ်သော ဗဟုသုတများကို ထပ်မံရှာဖွေစုဆောင်းလိုသူများ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင်

ပုံမှန်သင်တန်းကြေး လေးသိန်းကျပ်ကို ယခုအခါ Registration fees အနေဖြင့် 30000ကျပ် သာသွင်း၍ စာရင်းသွင်းအပ်နှံနိုင်မှာဘဲ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာဖြစ်ဖို့ ဒီလိုအခွင့်အရေးကြီးကို လက်မလွှတ်ရဖို့အတွက် ကိုယ်ကအရင်ဆုံးဖြစ်အောင် ကျောင်းကို အရောက်လာပြီး စာရင်းသွင်းအပ်နှံထားဖို့ လိုအပ်မယ်နော်🏃🤗

အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက်

📞ဖုန်းနံပါတ် 09-882248844 နှင့် 09882248855 သို့ဆက်သွယ်၍ဖြစ်စေ

📌Open Learning Taunggyi သင်တန်းကျောင်းတည်ရှိရာ
အမှတ်(၁၃၀)၊ ရွှေဂူလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ မြေဖြူကမ္မဌာန်းကျောင်းမြောက်ဘက်ကပ်ရပ် တောင်ကြီးမြို့ သို့ဖြစ်စေ

📖ကျောင်း၏ page Messenger သို့ဖြစ်စေ ‌အသေးစိတ် လာရောက်စုံစမ်းပြီး တစ်ခါတည်း စာရင်းသွင်းအပ်နှံနိုင်ပါတယ်ရှင်

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address

Taunggyi
60101