Real Light

Real Light

Share

စာဖတ်တိုင်း မအောင်မြင်ပေမဲ့ ကမ္ဘာတလွှား အောင်မြင်ကျော်ကြားသူတိုင်း စာဖတ်ကြလို့ပဲ

15/02/2025
12/02/2025

နိုင်ငံခြားအကူအညီတွေကို ကမောက်ကမဖြစ်စေမှုဖြင့် ထရမ့်အစိုးရအား အဖွဲ့အစည်း ၄ ခုနဲ့အမေရိကန် ရှေ့နေများအသင်း တရားစွဲ

WKJC

ထရမ့်အစိုးရအား နိုင်ငံခြားအကူအညီတွေကို ကမောက်ကမဖြစ်စေမှု၊ ယင်းတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နစ်နာ စေတဲ့ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့ သမ္မတအမိန့်အာဏာကို ဥပဒေမဲ့ ကျင့်သုံးမှုနဲ့ USAID အစီအစဉ်တွေကို လုပ်ဆောင်နေတဲ့ အဓိက အဖွဲ့အစည်းလေးခုနဲ့ အမေရိကန် ရှေ့နေများအသင်းက တရားစွဲလိုက်ပါတယ်။

“မကြုံစဖူး ဆက်တိုက်လုပ်ဆောင်မှုတွေမှာ သမ္မတနဲ့ တခြားအစိုးရအဖွဲ့က အရာရှိတွေက ကွန်ဂရက်က ထူထောင်ထားတဲ့ လွတ်လပ်တဲ့ အေဂျင်စီကို ဖျက်သိမ်းပြီး ကွန်ဂရက်လွှတ်တော်က ခွင့်ပြုတဲ့ နိုင်ငံခြား အကူအညီရန်ပုံငွေနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်” ဟု တရားလိုတွေက ပြောကြားပါတယ်။

"ဒီတရားမဲ့ လုပ်ဆောင်ချက်ရဲ့ သက်ရောက်မှုကို အကျယ်ချဲ့ မပြောချင်ပါဘူး။ စီးပွားရေးကြီးငယ်တွေ ပိတ်သိမ်း ရပြီး၊ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်၊ ကမ္ဘာတဝန်းက ကလေးတွေ ငတ်မွတ်ပြီး၊ ကမ္ဘာအနှံက လူတွေ သေစေလောက်တဲ့ ရောဂါတွေနဲ့ ရင်ဆိုင်နေရကာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအီအစဉ်တွေပါ ဖရိုဖရဲဖြစ်နေရပါတယ်" ကိုလံဘီယာခရိုင်ရှိ အမေရိကန်ခရိုင်တရားရုံးတွင် တင်သွင်းသည့်တရားစွဲဆိုမှုကို Chemonics International၊ DAI Global၊ Democracy International၊ Management Sciences for Health အပါအဝင် အဖွဲ့အစည်းငယ်များ စွာက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပုံအညွှန်း - နိုင်ငံခြားအကူအညီတွေကို ကမောက်ကမဖြစ်စေမှု၊ ယင်းတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နစ်နာစေမှုနဲ့ USAID အစီအစဉ်တွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလေးခုနဲ့ အမေရိကန် ရှေ့နေများအသင်းက ထရမ့်အစိုးရအား တရားစွဲလိုက်ပါတယ်။

#နိုင်ငံခြားအကူအညီ
#ထရမ့်အစိုးရ
#ရှေ့နေများအသင်း
#တရားစွဲ

အပြည့်အစုံဖတ်ရန် >>> https://bur.mizzima.com/2025/02/12/46311
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

10/02/2025

သင့်ဘဝမှာ အခက်အခဲကြုံလာရင် ဖြေရှင်းနိုင်မည့် နည်းလမ်း
လူဖြစ်လာကတည်းက အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းဖို့ မွေးဖွားလာတာပဲ မရရအောင် ရင်ဆိုင်လိုက်ပါ။
အခက်အခဲများဟာ ငါတစ်ယောက်တည်းတွေ့ကြုံနေရတာမဟုတ်ဘူး အခြားသူတွေလည်းကြုံဖူးကြတယ် သူတို့တွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြတာလည်းဆိုတာ ငါလေ့လာသင့်တယ်။
ငါမဖြေရင်းတတ်တဲ့ အခက်အခဲတစ်ခုရှိလာတယ်ဆိုတဲ့ သဘောဟာ ငါ့ရဲ့ဉာဏ်တွေ ပညာတွေ ထပ်ပြီးတိုးတက်ဖို့လိုလာပြီဆိုတဲ့ သဘောပဲဖြစ်တယ် ငါဆက်ပြီး လေ့လာသင်ယူရဦးမည်။

10/02/2025

တစ်ချို့နာကျင်ခြင်းတွေဟာ မိမိဘဝ အောင်မြင်ခြင်းအတွက် အထောက်အပံ့ဖြစ်သွားစေတယ်ဆိုတာ မမေ့ပါနဲ့။
ကုန်းပေါ်ရောက်လာတဲ့ငါးတစ်ကောင်ကို ပုရွက်ဆိတ်တွေ ဝိုင်းကိုက်ကြတော့ နာကျင်လွန်းလို့ လူးလှိမ့်ပြီး ရေးထဲရောက်အောင် ခုန်ဆွဆွလုပ်ရင်း နောက်ဆုံး ရေထဲရောက်သွားပြီး လွတ်မြောက်သွားသလိုမျိုးပမာပေါ့။
တစ်ခါတလေ တိုက်ခိုက်လာတဲ့သူတွေကြောင့် ကိုယ်ကပိုပြီးသန်မာလာရတယ်၊ ကိုယ်ကနာကျင်ပြီး ကြိုးစားသောကြောင့် အောင်မြင်လာတဲ့အချိန်မှာ…သင့်ရဲ့နာကျင်မှုကို ကျေးဇူးတောင်တင်ရဦးမည်ဖြစ်တယ်။
သင့်ရဲ့အောင်မြင်ခြင်းအတွက် သင့်ကို နာကျင်စေအောင် လုပ်ခဲ့တဲ့သူကိုလည်း ကျေးဇူးတင်လိုက်ပါ၊ ဂလဲ့စားမချေပါနဲ့။ ဘာကြောင့်လည်းဆို သင့်ရဲ့အောင်မြင်ခြင်းဟာ သူ့ကြောင်းဖြစ်လာလိုပါပဲ။
သင့်ကို နာဂျင်အောင် သူသာမလုပ်ခဲ့ရင် သင်အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရမှာမဟုတ်။ သူတို့ကြောင့်သာလျှင် အောင်မြင်ပျော်ရွင်တဲ့ ဘဝနေ့ရက်ကို ရရှိနေတာပါ..
ဒါကြောင့် တချို့နာကျင်ခြင်းတွေဟာ မိမိဘဝ အောင်မြင်ခြင်းအတွက် အထောက်အပံ့ဖြစ်သွားစေတယ်ဆိုတာ မမေ့ပါနဲ့။

10/02/2025

ဆင်ခြေမပေးပါနဲ့
နည်းပြဆရာက သူ့အသင်းသားကို တင်းတင်းမာမာပြောဆိုလိုက်ပါတယ်- ဆင်ခြေတွေပေးစရာ မလိုဘူး။ လေ့ကျင့်ရေးက အရေးကြီးဆုံးပဲ။ မိုးရွာနေပူလို့၊ ပိုက်ဆံမရှိလို့၊ စိတ်ဓာတ်ကျလို့ ဆိုတာတွေ အကြောင်းမပြပါနဲ့။ မင်းတို့က ကတိပေးထားပြီသားပဲ။ မင်းတို့လာကိုလာရမှာ။
အားကစားသမားတစ်ဦးက စိုးရိမ်သံနဲ့မေးလိုက်ပါတယ် ဆရာဒီလိုပြောတာ နည်းနည်းရက်စက်နေသလားလို့ ပါ။ တကယ်တမ်းခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံနေရရင်ရော ဒီလိုအခြေအနေမှာတောင် လာရမှာလား။
နည်းပြဆရာက ပြန်ဖြေပါတယ်- ဒါက အားကစားတစ်ခုတည်းမဟုတ်ဘူး၊-ဘဝနဲ့လည်းသက်ဆိုင် ပတ်သက်နေပါတယ်။ မနက်ဖြန်မင်းတို့အိမ်နဲ့အဝေးရောက်နေတာကို ဘဝကဂရုစိုက်မယ်ထင်လား၊ မင်းတို့ပိုက်ဆံမရှိတာ၊ ခက်ခဲတဲ့အခြေအနေကြုံနေတာတွေကို ဘဝက ဂရုစိုက်မယ်ထင်လား။
ဘဝကဘယ်သူ့ကိုမှ စောင့်မနေဘူး။ ရှေ့ကိုပဲ ဆက်သွားနေတာ။ မင်းတို့လည်း အဲဒီလိုပဲ ရှေ့ကိုဆက်သွားရမယ်။ လေ့ကျင့်ရေးဆိုတာ ငါ့အတွက်မဟုတ်ဘူး- မင်းတို့ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိအတွက်ပဲ။ စိန်ခေါ်မှုတွေ ဘယ်လိုပဲရှိရှိရှေ့ကိုတိုး၊ရည်မှန်းချက်ပြည့်မြောက်အောင်လုပ်၊ မင်းတို့ရဲ့ခရီးလ်းကို အဆုံးထိလျှောက်ဖို့ပဲ။ အားကစားဆိုတာ ပြေးတာ၊ခုန်တာ၊ပစ်တာသက်သက်မဟုတ်ဘူး၊ စိတ်ဓာတ်ခိုင်အာအောင်တည်ဆောက်ဖို့နဲ့ အားကစားမှာတင် မဟုတ်ပဲ ဘဝမှာပါအောင်နိုင်သူဖြစ်လာဖို့ပဲ။ အဲဒီနေ့ကစပြီး အသင်းသားတွေ သဘောထားပြောင်းလဲခဲ့ပြီး ဘယ်သူမှ လေ့ကျင့်ခန်းအစီအစဉ်ကို တစ်ကြိမ်တစ်ခါမတောင် မပျက်ချင်ကြတော့ဘူး။
# # ဒေါက်တာစိုးသန်း

09/02/2025

သင်မှာအကြံဥာဏ်ဘယ်လောက်ပဲကောင်းနေပါစေ လက်တွေ့လုပ်ဆောင်မှုမပါရင် သင့်အကြံက အလကားပါပဲ။

09/02/2025

သင့်မှာ အကြံအဉာဏ်ဘယ်လောက်ကောင်းနေပါစေ လက်တွေ့လုပ်ဆာင်မှုမပါရင် အလကားပါပဲ။

# #တိုနီရောဘင်

08/02/2025

Personal Growth Plan
1. Goal ပန်းတိုင်သတ်မှတ်ပါ။
2. SWOT Analysis လုပ်ပါ။
3. ကိုယ်လေ့လာထားတဲ့ပညာရပ်ကို စာရင်းပြုစုပါ။
4. လအလိုက် စာအုပ်တွေ/တက်ရမည့် သင်တန်းတွေ စာရင်းပြုစုပါ။
5. စဥ်ဆက်မပြက် လေ့လာသင်ယူပါ။

07/02/2025

လှမ်းကြည့်မှ လမ်းရှိမှန်းသိမယ်
မနေ့ကရနေသည့် အဆင့်ထက် ယနေ့ပိုပြီး တိုးတက်လာအောင် ကြိုးပမ်းခြင်းသည် ဘဝပေးတာဝန်ဖြစ်သင့်သည်။ သို့ဖြစ်စေကာမူ တိုးတက်မှုလမ်းကြောင်းပေါ်သို့ ခြေမချနိုင်သေးမီ ခုန်ပျံကျော်းလွှားရမည့် ယာယီ အတားအဆီးများရှိကြောင်းတော့ သဘောပေါက်ထားဖို့ အရေးကြီးပါသည်။

စာရေးဆရာ
# # #မြတ်ငြိမ်း

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 18, West Cirgular Road, ZayPine Quatar
Taunggyi
06011