25/07/2021
မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဟာ ယခုအခါ ကူးစက်မှုမြင့်မားလာလျှက်ရှိပါတယ်။
ဒီရောဂါကူးစက်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုရင် တတ်ကျွမ်းနားလည်သူတွေ ညွှန်ကြားတဲ့အတိုင်း တစ်ဦးတစ်ယောက်စီတိုင်းက သေချာစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
လူတစ်ဦးစီတိုင်းက ဆောင်ရန်၊ ရှောင်ရန်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြမယ်၊ အခက်အခဲတွေ ဝေမျှကူညီကြမယ်ဆိုရင် အားလုံးကပ်ရောဂါဘေးက ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အစကပင် ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ယခုအထိလည်း အများပြည်သူလိုအပ်တဲ့အကူအညီများကို စဉ်ဆက်မပြတ် ဆက်လက်ကူညီပေးလျှက်ရှိပါတယ်။
ဒီလိုကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ဆေးကုသမှုခံယူရန် သွားလာဖို့အတွက် လူနာတင်ယာဉ် အခက်အခဲရှိနေကြရာမှာ အခက်အခဲတွေကို တဖက်တလမ်းမှ ကူညီဖြေရှင်းပေးတဲ့အနေနဲ့ မွန်ပြည်နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ကူညီပေးလျှက်ရှိပါတယ်။ မွန်ပြည်နယ်အတွင်းမှ လူနာတင်ယာဉ်အခက်အခဲရှိတဲ့ မိဘပြည်သူများအနေဖြင့် အကူအညီတောင်းလိုလျှင် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
☎️ 09890077772, 09680077772, 09977115523, 05727051
#မြန်မာနိုင်ငံကြက်ခြေနီအသင်း
#မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ
#ကြက်ခြေနီလူနာတင်ယာဉ်
13/05/2021
https://www.facebook.com/180285055338514/posts/4403945026305808/
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် တာဝန်ထမ်းဆောင်ရန်
၁။ Programme Manager
၂။ Health Program Coordinator
၃။ Programme Coordinator
၄။ Admin Assistant စသည့် ရာထူးနေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်။ အထက်ပါ ရာထူးနေရာများအတွက် စိတ်ပါဝင်စားသူများအနေဖြင့် ယခု Website လင့် (https://www.redcross.org.mm/my_MM/career/ ) မှ တဆင့် ဖတ်ရှုလေ့လာ၍ သတ်မှတ်ရက် မတိုင်မီ လျှောက်လွှာတင်သွင်း လျှောက်ထားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
01/05/2021
ကိုဗစ်-၁၉ ရောဂါကြောင့်စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများနှင့် အားပေးကူညီနိုင်သောနည်းလမ်းများအကြောင်းသိကောင်းစရာ
================
to Myanmar Red Cross Society
22/03/2021
ဖမ်းဆီးခံရပြီး အဆက်အသွယ်မရပါက အသိပေးဆက်သွယ်ဖို့ ICRC ကြေညာ
ဧရာဝတီ၊ မတ် ၂၂၊ ၂၀၂၁
မိသားစုဝင်များထဲမှ တစုံတဦးဖမ်းဆီးခံရပြီး သတင်းမရဘဲ အဆက်အသွယ်ပြတ်နေပါက ကူညီဆောင်ရွက်ပေးနိုင်ရန် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်လိပ်စာသို့ဖြစ်စေ၊ နီးစပ်ရာရုံးများသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ အသိပေးဆက်သွယ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) က ယနေ့ညနေပိုင်းတွင် ကြေညာလိုက်သည်။
ICRC ၏ ဦးစားပေးလုပ်ငန်းစဉ်များထဲတွင် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ၊ အခြားအကြမ်းဖက်မှု အခြေအနေများကြောင့်ဖြစ်စေ ကွဲကွာသွားသူများအကြား မိသားစုအဆက်အသွယ်ပြန်လည်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများလည်း ပါဝင်လျှက်ရှိသည်။
ကမ္ဘာတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ICRC ၏ ဦးစားပေးလုပ်ငန်းများထဲမှ တစ်ခုမှာ အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ၊ အခြားအကြမ်းဖက်မှုအခြေအနေများကြောင့်ဖြစ်စေ ကွဲကွာသွားသူများအကြား မိသားစုအဆက်အသွယ်ပြန်လည်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
သင့်မိသားစုထဲမှ တစ်စုံတစ်ယောက် အဖမ်းခံရပြီး သူတို့၏သတင်းကိုမကြားရပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ ICRC အဖွဲ့ကို အရေးပေါ်ဖုန်းနံပါတ် ၀၉၈၉၁၇၅၄၅၁၂ သို့မဟုတ် အီးမေးလ်လိပ်စာ [email protected] မှတဆင့် ဆက်သွယ်ပါ။
အရေးပေါ်ဖုန်းအား မနက် ၈နာရီမှာ ညနေ ၆ အကြားခေါ်ဆိုနိုင်ပြီး ICRC ၏ မိသားစုများအကြားအဆက်အသွယ်ပြန်လည်ရရှိစေရေးဌာန၏ ဝန်ထမ်းက ဖုန်းလက်ခံကာ ICRC က မည်သို့ကူညီပေးနိုင်ကြောင်းနှင့် လိုအပ်ပါက ကျွန်ုပ်တို့၏ရုံးတွင် လူချင်းတွေ့ဆုံရန် ချိန်းဆိုမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပေးပါသည်။
မြန်မာနိုင်ငံအနှံ့ အိုင်စီအာရ်စီ၏ ရုံးလိပ်စာများနှင့် ဆက်သွယ်ရန် ဖုန်းနံပတ်များ
ရန်ကုန်ရုံး - ၂ (ဂ)၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၀၁ ၆၆၂ ၆၁၃၊ ၆၆၄ ၅၂၄၊ ၆၅၀ ၁၃၆
စစ်တွေရုံး - အမှတ် ၁/၄၊ မြင်းပြိုင်ကွင်းလမ်း၊ အနောက်စံပြရပ်ကွက်၊ စစ်တွေမြို့ ၊ ရခိုင်ပြည်နယ်။
ဖုန်း - ၀၄၃ ၂၀ ၂၂၈၄၃၊ ၂၂၉၄၄၊ ၂၂၉၄၅
မောင်တောရုံး - အမှတ် ၁၂၅၉၊ အောင်မြေဘောဓိလမ်း၊ ကညင်တန်း (မြို့မ) ရပ်ကွက်၊ မောင်တောမြို့ ၊ ရခိုင်ပြည်နယ်။ ဖုန်း - ၀၉ ၄၅၈ ၀၃၅ ၂၈၆
မြောက်ဦးရုံး - ညပစ ၅၄၈၊ ရွှေဂူတောင်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်၊ မြောက်ဦးမြို့ ၊ ရခိုင်ပြည်နယ်။
ဖုန်း - ၀၉ ၄၅၆ ၁၉၂ ၉၂၂
မြစ်ကြီးနားရုံး - အမှတ် ၄၄၈၊ မြေမြင့်ရပ်ကွက်၊ လမ်း (၁၃)၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၄၂ ၆၄၅ ၉၈၇
လားရှိုးရုံး - ပါရမီလမ်းသွယ် (၄)၊ ရပ်ကွက် (၁)၊ နယ်မြေ (၁)၊ လားရှိုးမြို့ ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)။ ဖုန်း - ၀၉ ၄၀၃ ၆၀၈ ၂၅၀
ကျိုင်းတုံရုံး - ၂၈၊ နောင်ခမ်းလမ်း၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့ ၊
ရှမ်းပြည်နယ် (အရှေ့ပိုင်း)။ ဖုန်း - ၀၈၄ ၂၂၆ ၀၉
မန္တလေးရုံး - အမှတ် ၁၄၊ လမ်း ၇၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - ၀၉ ၈၈၃ ၇၆၈ ၉၁၆
နေပြည်တော်ရုံး - ရွှေမြန်မာဟိုတယ်၊ အခန်း (၈၂၅ - ၈၂၆)၊ ရာဇသင်္ဂဟလမ်း၊ဟိုတယ်ဇုံ (၁)၊ နေပြည်တော်မြို့။ ဖုန်း - ၀၉ ၂၆၄၃ ၆၈၂၈၅
ဘားအံရုံး - ပဒုမ္မာလမ်း၊ ရပ်ကွက် (၁)၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
ဖုန်း - ၀၅၈ ၂၂ ၀၁၁
10/02/2021
ရော်ဘာကျည်ထိမှန်ရင်
ဘယ်လိုပြုစုရမလဲ
ရော်ဘာ ကျည်နဲ့
ကျည်အစစ်က ထိပ်ဖူးပဲကွဲတာဆိုပေမဲ့
ဒဏ်ရာကိုကြည့်ရင် သိနိုင်ပါတယ်
ရော်ဘာကျည်ကြောင့်
လူ့အသက်သေနိုင်လား-
*သေစေနိုင်တဲ့
လူ့ခန္ဓာအစိတ်အပိုင်းနေရာများ
ထိမှန်ပါက လောက်စလုံးနဲ့
ပစ်ရင်တောင် သေနိုင်ပါတယ်။
* ရော်ဘာကျည်ထိမှန်တဲ့အခါ
လန့်ပြီး သွေးဆုတ်သွေးလန့် Shock
ဖြစ်ကာလည်း အသက်ဆုံးရှုံး နိုင်ပါတယ်။
ရော်ဘာကျည် ထိမှန်လူနာကို
ဘယ်လိုစမ်းစစ်မလဲ -
*လူနာဦးခေါင်းမှ ခြေဖျားထိ
သေချာညှင်သာမြန်ဆန်စွာ
လက်နှစ်ဖက်ဖြင့် စမ်းသပ်ပါ။
*ရော်ဘာကျည်ကြောင့် အသားထိမှန်
ကွဲပြဲရှိသလို အတွင်းဒဏ်ရာ နှင့်
အရိုးကျိုးဒဏ်ရာ လက္ခဏာရှိနိုင်တာ
မလို့ အထူးသတိထားကိုင်တွယ်ပါ။
* လူနာစမ်းသပ်နေချိန်အတွင်း
လူနာသတိရှိမရှိ ခေါ်ကြည့်ပါ
သတိရှိပါက အားပေးစကားပြောပါ။
* သတိမရှိပါက အခြေခံ အသက်ကယ်အထောက်ကူပြုနည်း Basic Life Support (CPR) အဆင့်အတိုင်း
ဆောင်ရွက်ပါ။
နှလုံးမခုန် အသက်မရူတော့ပါက
နှလုံးနှိုးဆွခြင်း အကြိမ် ၃၀နှင့်
အသက်ရှူ အားကူခြင်း (၂) ကြိမ်
ဆောင်ရွက်ပါ။
နှလုံးနှိုးဆွရာတွင် ယခင်က
အကြောင်းအမျိုးမျိုးကြောင့်
ရေများ နှာခေါင်း ပါးစပ်တို့မှ
ထွက်လာတက်ပါတယ်
ထိုသို့ထွက်လာပါကဘာမှ
ဆက်မလုပ်ပါနှင့်၊ ရေများကုန်သည်ထိ
လူနာမျက်နှာအား သင့်ရာဘက်သို့
စောင်းပြီး လေပြွန်လမ်းကြောင်းရှင်းပါ၊
လေပြွန်လမ်းကြောင်းမရှင်းပဲ
ဆက်လုပ်ပါက CPR ကြောင့်
အသက်အန္တရာယ် ဖြစ်သွားပါလိမ့်မယ် အထူးဂရုပြုပါ။
၄မိနစ်အတွင်း လူနာပုံမှန်
အသက်ရှူအောင် မှန်မှန်နှင့်
မြန်မြန်ဆောင်ရွက်ပါ။
လူနာ သတိရလာပါက
သင့်တော်သလို အသက်ရှူနိုင်ရန်
သို့မဟုတ် စိတ်ချရသော
အနေအထား ထားပြီး
ကျန်အစိတ်အပိုင်းဒဏ်ရာပြုစုပါ။
ရော်ဘာကျဉ် ထိမှန်ဒဏ်ရာကို
ဘယ်လိုပြုစုမလဲ-
*ဒဏ်ရာကို သန့်စင်သော ပိတ်ပါးစ၊
ပိတ်ကျဲစ၊ ပတ်တီးစတို့ဖြင့် သန့်စင်ပါ။
* ပိုးသတ်ဆေး ဘီတာဒင်း
(ဆေးနီရေ၊ဆေးဝါရေ ) တို့ကိုသာ
ဒဏ်ရာပေါ် သုတ်လိမ်းပါ
*သွေးထွက်ပါက သွေးတိတ်သည်အထိ တိုက်ရိုက်ဖိနှိပ်ခြင်းအသုံးပြုပါ
*ရောင်လာသောကြွက်သားများကို
ရေခဲကပ်ပေးပါ။
အရိုးကျိုး လက္ခဏာကြောင့်
ဖြစ်ပေါ်လာမှုကိုဘယ်လိုပြုစုမလဲ-
အရိုးကျိုး ပြုစုနည်းအတိုင်း
မျက်မြင် စမ်းစစ်ပါ
အရေပြား ရောင်ရမ်းခြင်း၊
အရောင်ပြောင်းခြင်း
မူမမှန်သောခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ့
ရှိခြင်းများတွေ့ရပါမယ်။
အရိုးကျိုး ပြီလို့တပ်အပ်ပြောဖို့က
ဓာတ်မှန် PA view လိုအပ်ရင်
AP Erect ကျမှ တက်အပ်
ပြောနိုင်တာမလို့အထက်ပါ
လက္ခဏာ တွေ့ပြီဆိုတည်းက
ဒဏ်ရာအစိတ်အပိုင်းကို
မလှုပ်အောင်အနားပေးပါ၊
စိတ်မချရပါက လှုပ်ရှားမှုမရှိအောင်
ကြပ်စည်းပါ။
ရော်ဘာကျည် ထိမှန်ပါကရှောင်ကျင်ရန်-
*ဒဏ်ရာကို ရေဆေးခြင်း၊
လက်နဲ့ကိုင်ခြင် မပြုရ
*စိုက်ဝင် ရော်ဘာကျည် ထိပ်ဖူးအား
ကျန်းမာရေးဝန်ထမ်းများမှအပ
ဆွဲ နှုတ်ခြင်မရပါ
( ပိုဆိုးသွားနိုင်တယ်၊ အခက်မသင့်
သွေကြောပေါ်စိုက်နေရင် အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်)
ဒါပေမဲ့ ရော်ဘာကျည် စိုက်နေမှုက
ရှားပါတယ် ဖြစ်ခဲပါတယ်။
* ထွန်းရွေဝါ၊ဆရာခို ကဲ့သို့သော
ပရုပ်ဆီ၊ ခရင် ၊ ဂျယ် များ
သုတ်မလိမ်းပါနှင့်။
*သွေးမထွက်ပါက ဒဏ်ရာပေါ်
ဖုံးအုပ်ထားခြင်းမပြုရပါ။
နီးစပ်ရာဆေးရုံဆေးခန်းသို့
အမြန်ဆုံးပြသပြီး ကုသမှု ခံယူပါ။
နောက်ဆက်တွဲ
ဒဏ်ရာ ရောင်ခြင်း ကိုက်ခြင်း
ပိုးဝင်ခြင်းများ မဖြစ်အောင် သတိထားပါ။
ဆရာဝန်ညွန်ကြားချက်အတိုင်း
လိုက်နာဆောင်ရွက်ပါ။
အသိနှင့်သတိကို ယှဉ်တွဲပါ။
မည်သည့်တာဝန်ထမ်းဆောင်နေသောသူများဖြစ် စေအားလုံးကို ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ကြပါစို့
Crd
10/02/2021
FIRST AID FOR ALL
သေနတ်ဒဏ်ရာ(Gunshot Wound)
➖➖➖➖➖➖➖➖➖➖➖➖
ခန္ဓာကိုယ်အတွင်းသို့ကျည်ဆံထိမှန် ၀င်ရောက်ခြင်းကြောင့်လည်းကောင်း၊ ထုတ်ခြင်းဖောက် ၀င်ရောက်ခြင်းကြောင့် လည်းကောင်း၊ရရရှိသောဒဏ်ရာကို သေနတ်ဒဏ်ရာဟုခေါ်သည်။သေနတ်ဒဏ်ရာကို ဖြစ်စေရာတွင်
ကျည်ဆံ၏ အရှိန်နှုန်း(သို့)လည်ပတ်မှုနှုန်းပေါ် မူတည်၍
ကြွက်သား၊အာရုံကြော၊သွေးကြောများ၊အရိုးနှင့်အတွင်းအင်္ဂါစုများကို ပြင်းထန်စွာ ထိခိုက်စေသောကြောင့် သွေးများစွာထွက်နိုင်ပါသည်။
သေနတ်ဒဏ်ရာပြုစုနည်း
➖➖➖➖➖➖➖➖
သေနတ်ဒဏ်ရာကို ပြုစုရာတွင် ဒဏ်ရာရသူကို
တည်ငြိမ်စွာထားပြီး ကျည်ဆံ၀င်ပေါက်နှင့် ထွက်ပေါက်ကို ကြည့်ရှုနိုင်ရန်အတွက် ဒဏ်ရာကို လှစ်ဟ၍စစ်ဆေးပါ။ ဒဏ်ရာအတွင်းသို့ ခြောက်သွေ့ပြီး ပိုးသတ်ထားသော ဆေးပတ်တီးကိုထည့်၍ တိုက်ရိုက်ဖိအားပေးပြီး
ပတ်တီးစည်းပေးရပါမည် ။ လူနာကို သွေးဆုတ်သွေးလန့်ခြင်းမဖြစ်စေရန် ကာကွယ်ပါ။ဆေးအကူအညီ
ချက်ချင်းရယူနိုင်ရန်အတွက် လူနာကို ဆေးရုံ၊ဆေးပေး
ခန်းသို့ ပို့ဆောင်ပါ။
ရှောင်ကြဉ်ရန်။ ကျည်ဆံ၀င်ပေါက်မှ မည်သည့်အရာမှ
မထုတ်ပစ်ပါနှင့်။
14/12/2020
လူမှုဝန်ထမ်းဦးစီးဌာန ၊Football United (UNSW) ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အခြားမိတ်ဖက် အဖွဲ့စည်းများ ပူးပေါင်းကာ အကောင်ထည်ဖော်မည့် ဘောလုံးအားကစား အခြေပြု လူမှုသဟဇာတဖွံ့ဖြိုးရေးစီမံချက် သင်တန်းအား နည်းပညာတက္ကသိုလ်(တောင်ကြီး) ကြက်ခြေနီအသင်းခွဲမှ ၄ဦးတက်ရောက်
14 December 2020