CHO Jewellery Education

CHO Jewellery Education

Share

ရွှေဝယ်စုတဲ့သူတွေကို ရွှေတွက်နည်းတွေ လက်တွေ့မှာ ကိုယ်တိုင်တွက်ချင်နိုင်အောင် သင်ပေးပါတယ်
သင်တန်းစုံစမ်းရန် ➡️ 095130503 Viber or Telegram or FB Messenger

07/05/2026

✨"လူတိုင်းကို ရွှေသူဌေး မဖြစ်စေနိုင်ပေမဲ့... သင့်ကိုတော့ ချို ကူညီနိုင်ပါတယ်" ✨

ပင်လယ်ကမ်းခြေမှာ သောင်တင်နေတဲ့ ကြယ်ငါး ထောင်သောင်းချီရှိနေတဲ့အထဲကမှ လူငယ်လေးတစ်ယောက်က ကြယ်ငါးလေးတွေကို တစ်ကောင်ချင်းစီ ကောက်ပြီး ပင်လယ်ထဲ ပြန်ပို့ပေးနေသတဲ့။
ဘေးကလူက "ဒီလောက်များတဲ့ ကြယ်ငါးတွေကို မင်းဘယ်လိုမှ အကုန်မကယ်နိုင်ပါဘူး၊ မင်းလုပ်နေတာ ဘာထူးမှာမို့လို့လဲ" လို့ မေးတဲ့အခါ...
လူငယ်လေးက ကြယ်ငါးတစ်ကောင်ကို ကောက်ပြီး ရေထဲပစ်ထည့်လိုက်ရင်း ပြန်ပြောလိုက်တာက -
"ဒီတစ်ကောင်အတွက်တော့ ထူးခြားသွားပြီလေ" တဲ့။ 😊

👍ချို့ရဲ့ ရည်ရွယ်ချက်ကလည်း ဒီအတိုင်းပါပဲ...
ရွှေဝယ်ရင် တွက်နည်းမတတ်လို့၊ အလျော့တွက်တွေ များနေမှန်းမသိလို့ အရှုံးပေါ်နေတဲ့သူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ လူတိုင်းကို ချို လိုက်မသင်ပေးနိုင်ရင်တောင်...
✨ ဒီစာကို ဖတ်နေတဲ့ "သင့်" အတွက်တော့ ချို တကယ်ထူးခြားသွားစေရမယ်လို့ အာမခံပါတယ်။
ရွှေတွက်နည်းဆိုတာ ခက်ခဲတဲ့ ပညာရပ်မဟုတ်ပါဘူး။ ဖုန်းလေးတစ်လုံးရှိရုံနဲ့ တိတိကျကျ တွက်တတ်သွားအောင် "ရွှေတစ်ရွေးမှသည် ရွှေသူဌေးဆီသို့" E-book ထဲမှာ အကုန်လုံးကို အလွယ်ဆုံး ရှင်းပြထားပါတယ်။

✅ ဘာကြောင့် ဒီ E-book ကို ဖတ်သင့်တာလဲ?

✨ကိုယ်တိုင် ရွှေတွက်တတ်တော့ အပြင်မှာ အလိမ်မခံရတော့ဘူး။

✨ရွှေတွက်နည်းတွေကို ရွှေဆိုင်နီးပါး တွက်တတ်သွားမယ်

✨ရွှေစုတဲ့နေရာမှာ စမတ်ကျကျနဲ့ တိုးပွားလာမယ်။

ဒီ E-book လေးက သောင်တင်နေတဲ့ ကြယ်ငါးလေးကို ပင်လယ်ထဲ ပြန်ပို့ပေးသလိုမျိုး... သင့်ရဲ့ ငွေကြေးစုဆောင်းမှုကို အမှားအယွင်းမရှိ လမ်းမှန်ပေါ်ရောက်အောင် ပို့ဆောင်ပေးမှာပါ။

🎁 အထူးလက်ဆောင်:🎁
အခုဝယ်ယူသူတွေအတွက် ရွှေတွက်နည်းတွေကို ၁မိနစ်အတွင်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ တွက်တတ်အောင် "ဖုန်းနဲ့တစ်မိနစ်အတွင်း ရွှေတွက်နည်း" (Zoom Live Class) ကို (၃) ကြိမ်တိုင်တိုင် အခမဲ့ တက်ရောက်ခွင့် ပေးထားလို့ မတတ်မှာ လုံးဝမပူပါနဲ့။

"လူတိုင်းကို မပြောင်းလဲနိုင်ရင်တောင် သင့်ဘဝကိုတော့ ဒီ E-book နဲ့ စတင်ပြောင်းလဲလိုက်ပါ"

📒 E-book ဝယ်ယူလိုပါက
Viber - 095130503က
Telegram -
ကို "E-book" လို့ပို့လိုက်ပါနော်


#ရွှေသင်တန်း

25/04/2026

"ရွှေဆိုင်မသွားခင် ဒါလေးတော့ သိထားမှ စိတ်အေးရမယ်!"

၂၀၂၆ ရွှေဆိုင်စနစ်သစ်တွေကြားမှာ အလိမ်မခံရဖို့နဲ့ ကိုယ့်ရဲ့ ချွေးနည်းစာလေးတွေကို အကာအကွယ်ပေးဖို့ " ရွှေတစ်ရွေးမှသည် ရွှေသူဌေးဆီသို့ " E-book ဝယ်ယူသူတိုင်းအတွက် ချို ရဲ့ အခမဲ့ Zoom Class လေး လာပါပြီရှင်။

​သင်တန်းနာမည်ကတော့...
✨ "ဖုန်းနဲ့ ၁ မိနစ်အတွင်း ရွှေတွက်နည်း" ✨
​ရွှေဆိုင်ရောက်လို့ ဆိုင်ရှင်တွက်ပြတာကိုပဲ ငြိမ်ကြည့်နေရတဲ့ဘဝကနေ ကိုယ့်ဖုန်းလေးနဲ့တင် ၁မိနစ် အတွင်း တိတိကျကျ ပြန်စစ်နိုင်ဖို့ ချိုက လက်တွေ့သင်ပြပေးမှာပါ။

​🎁 ဒီသင်တန်းတက်ရင် ဘာတွေရမလဲ?
​✅ ဖုန်း Calculator တစ်လုံးတည်းနဲ့ ရွှေတန်ဖိုး တွက်ချက်နည်း။
​✅ ၂၀၂၆ စနစ်သစ်အောက်က သတိထားရမယ့်အချက်များ။
​✅ အလိမ်မခံရအောင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ။

​🔥 အထူးအခွင့်အရေး:
"ရွှေတရွေးမှသည် ရွှေသူဌေးဆီသို့" E-book ကို ၁၉,၉၀၀ ကျပ်နဲ့ ဝယ်ယူသူတိုင်းအတွက်...
" ဖုန်းနဲ့ တစ်မိနစ်အတွင်း ရွှေတွက်နည်း "​Zoom Class ကို (၃) ကြိမ်အထိ အခမဲ့ Join ခွင့်ရပါမယ်။
​ကိုယ်တိုင်တတ်သွားရင် ချစ်ရသူတွေကို "လက်ဆောင်" ပေးလို့ ရပါတယ်။

ကိုယ်တိုင်လည်းတက် ချစ်ရသူတွေကိုလည်း Zoom Class လက်ဆောင်ပေးလို့ရမယ့် E-book ကို "၁၉၉၀၀ ကျပ်" နဲ့အရယူဖို့
ခုပဲ Messenger မှာ "E-book" လို့ပို့ထားလိုက်ပါ 😍

24/04/2026

🏆"ရွှေစုချင်ပေမယ့် အလိမ်ခံရမှာ ကြောက်နေလား? ရွှေတွက်နည်း မတတ်လို့ အားငယ်နေသလား?" 🏆

🪙​ရွှေတစ်ရွေးကနေ စတင်ပြီး ရွှေသူဌေးဖြစ်လာဖို့ဆိုတာ စနစ်တကျ လေ့လာထားတဲ့ "ပညာ" ရှိဖို့ပဲ လိုပါတယ်။ CHO Jewellery Education ကနေ စေတနာအပြည့်နဲ့ ပြင်ဆင်ထားတဲ့ "ရွှေတစ်ရွေးမှသည် ရွှေသူဌေးဆီသို့" E-book ကို ဒီနေ့မှာပဲ စတင် ဝယ်ယူနိုင်ပါပြီ။👍

​ဒီ E-book က တခြားစာအုပ်တွေနဲ့ ဘာကွာလဲ? 🤔
စာအုပ်ဖတ်ရုံနဲ့ တင်မကဘဲ "ဖုန်းနဲ့ ၁ မိနစ်အတွင်း ရွေတွက်နည်းတွေ" ကို
ချိုနဲ့အတူ Zoom မှာ လက်တွေ့လေ့ကျင့်ခွင့်ပါ ရမှာပါ။😘

​🎁🎁🎁ယနေ့ဝယ်ယူသူများအတွက် အထူးခံစားခွင့် (၃) ခု:

🎁 E-book: ရွှေအကြောင်း အခြေခံမှစပြီး လျှို့ဝှက်ချက်များအထိ ပါဝင်ပါတယ်။
🎁 ​Zoom Class (၃) ကြိမ် Join ခွင့်: ရွှေတွက်နည်းက လက်တွေ့မသုံးရင် မေ့တတ်တဲ့အတွက် (၃) ကြိမ်တောင် အခွင့်အရေး ပေးထားပါတယ်
🎁 ​Share with Friends: ကိုယ်တိုင်တတ်သွားလို့ ထပ်မတက်ချင်တော့ရင် ချစ်ရတဲ့သူ (၂) ဦးကို ပညာလက်ဆောင် ပြန်ပေးလို့ရပါတယ်။

​💰 တန်ဖိုး - ၁၉,၉၀၀ ကျပ်သာ
(ပုံမှန်သင်တန်းကြေး ၅၀,၀၀၀ ကျပ်ထက် အများကြီး သက်သာတဲ့ Launch စျေးနှုန်းဖြစ်လို့ ဒီနေ့အတွင်း အမြန်ဆုံး ဝယ်ယူထားမှ စိတ်ချရပါမယ်။)

​👉 ဘယ်လိုဝယ်ရမလဲ?
Messenger မှာ "Ebook" လို့ စာပို့ပေးပါ။ လူဦးရေ ကန့်သတ်ထားတာမို့ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။

Photos from CHO Jewellery Education 's post 11/04/2026

✨ဆေးဝါးကျွမ်းကျင်သူ (Pharmacist) ဘဝကနေ "ရွှေ" လောကထဲ ရောက်လာရတဲ့ အကြောင်းအရင်း ✨

​မင်္ဂလာပါရှင်... ကျွန်မ မချိုချိုစိန် ပါ။
​အွန်လိုင်းပေါ်က မိတ်ဆွေတို့နဲ့ ပိုမိုနီးစပ်သွားအောင် ကျွန်မရဲ့ အကြောင်းလေး နည်းနည်းလောက် မိတ်ဆက်ပါရစေ။

​ကျွန်မဟာ ဆေးဝါးကျွမ်းကျင်သူ (Pharmacist) တစ်ယောက်အဖြစ် ဆေးရုံမှာ (၈) နှစ်၊ ဆေးကုမ္ပဏီကြီးတွေမှာ Sales Manager အဆင့်အထိ စုစုပေါင်း (၁၅) နှစ်တိုင်တိုင် ကျင်လည်ခဲ့သူ တစ်ယောက်ပါ။ ဆေးဝါးလောကမှာ တိကျမှုနဲ့ စေတနာဟာ အဓိကအသက်ဖြစ်သလိုပဲ၊ ကျွန်မရဲ့ Professional ဘဝတစ်လျှောက်လုံးမှာလည်း "မှန်ကန်တိကျမှု" နဲ့ ရိုးသားမှု ကို အမြဲတမ်း ဦးစားပေးခဲ့ပါတယ်။

​"ဒါဆို ဘာလို့ ရွှေလောကထဲ ရောက်လာတာလဲ?"
​တကယ်တော့ ကျွန်မ ရွှေကို ချစ်မြတ်နိုးပါတယ်။ အထူးသဖြင့် ရွှေစုတဲ့သူတွေ မိမိတို့ ချွေးနည်းစာလေးတွေနဲ့ စုဆောင်းထားတဲ့ ရွှေလေးတွေကို ကြည့်ပြီး ပျော်ရွှင်နေကြတာကို မြင်ရတာ ကျွန်မကို စိတ်ချမ်းသာစေပါတယ်။
​ဒါပေမဲ့ စျေးကွက်ထဲမှာ ရွှေအကြောင်း နားမလည်လို့၊ တွက်ချက်နည်း မသိလို့ နစ်နာသွားကြတဲ့သူတွေကို မြင်ရတဲ့အခါ ကျွန်မရဲ့ ဆေးဝါးကျွမ်းကျင်သူ "စရိုက်" က ထွက်လာပါတယ်။ ဆေးညွှန်းတစ်ခုလို တိကျမှန်ကန်တဲ့ ရွှေအကြောင်း ဗဟုသုတတွေကို ဝေမျှပေးချင်တဲ့စိတ်၊ စနစ်တကျနဲ့ ရွှေစုတတ်အောင် လမ်းညွှန်ပေးချင်တဲ့စိတ်တွေကြောင့် ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။

​ကျွန်မရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ -
မိတ်ဆွေတို့ ရွှေဝယ်ဖို့ စဉ်းစားတဲ့အချိန်ကနေစပြီး၊ ဝယ်ယူတဲ့အချိန်၊ ပြန်ရောင်းတဲ့အချိန်အထိ "မသိလို့ နစ်နာသွားတာမျိုး" လုံးဝမရှိဘဲ စိတ်အေးချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ရွှေစုနိုင်ဖို့ ပါပဲ။

ရွှေစုတဲ့မိတ်ဆွေတွေအတွက် ယုံကြည်မှုနဲ့ စေတနာကို အခြေခံတဲ့ "ရွှေလမ်းညွှန်" တစ်ယောက်အဖြစ် မိတ်ဆွေတို့အနားမှာ ရှိနေပါရစေရှင်။ ✨
​ #ရွှေစုသူများပျော်ရွှင်စေချင်သူ

07/04/2026

😍page က ချို့ရဲ့မိတ်ဆွေတွေကို ပညာဒါန မလုပ်ပေးဖြစ်တာ အရမ်းကြာသွားပြီ😍

🤩အခုလာမယ့် စနေနေ့မှာ ရွှေဝယ်စုတဲ့သူတွေအတွက်
"ပညာဒါန ရွှေတွက်နည်း သင်တန်း (Zoom Class) ရှိပါတယ် 🤩

👉Zoom Class ဖြစ်တဲ့အတွက် Zoom app down ထားဖို့လိုပါတယ်👈

အခုချိန်ရွှေဝယ်ရင် အရင်တုန်းကလို ရွှေတန်ဖိုးတွေ လွယ်လွယ်ကူကူနဲ့ တွက်ချက်လို့မရတော့ပါဘူး

ချိုတို့ ရွှေတန်ဖိုးတွက်မယ်ဆိုရင်
ပုံသေနည်းတိုင်းမှာ ရွှေချိန်နဲ့ရွှေဈေး ပါပါတယ်

🙂‍↔️အခုချိန်မှာ ရွှေဈေးမေးလို့ရတဲ့ရွှေဆိုင်ဆိုတာ မရှိသလောက်နည်းပါတယ်
ရွှေဈေးမသိရင် ရွှေတန်ဖိုး တွက်လို့မရပါဘူး
အဲ့တော့ ချိုတို့အနေနဲ့ ရွှေဈေးကို ကိုယ့်နည်းကိုယ်ဟန်နဲ့ တွက်ချက်တတ်ထားဖို့လိုလာပါပြီ😅

ရွှေဝယ်တဲ့အချိန်မှာ ရွှေချိန် ရွှေဈေးကို ကိုယ်တိုင်သိရှိနားလည်ပြီး ရွှေတန်ဖိုး ကိုယ်တိုင်တွက်ချက်တတ်စေရန်နှင့် ရွှေပြန်ရောင်း/ ပြန်သွင်းတဲ့အချိန်မှာ ကိုယ်ရွှေကနေ တကယ်ရသင့်ရထိုက်တဲ့ငွေအမောက် ကို ကိုယ်တိုင် တွက်ချက်တတ်စေရန် ရည်ရွယ်ပြီး " ရွှေဝယ်စုတဲ့သူတွေအတွက် ပညာဒါန ရွှေတွက်နည်း သင်တန်း Zoom.Class " ကို အခုလာမယ့်စနေ ညနေ ၇နာရီ မှာ လုပ်ပေးဖို့စီစဉ်ထားပါတယ်

👉ဒီသင်တန်း Join မယ်ဆိုရင် Facebook Messenger မှာ စာရင်းပေးထားနိုင်ပါတယ်ရှင့် 👈

နေ့ရက်၊အချိန်၊ ကိုယ့်အတွက်တကယ်လိုမလို ကိုယ်တိုင်သေချာ ဆုံးဖြတ်ပြီးမှ စာရင်းပေးပေးပါ
တကယ်တတ်အောင် သင်ပေးချင်တဲ့အတွက် လူဦးရေကန့်သတ်ထားပါတယ်

မိတ်ဆွေတွေအားလုံးနဲ့ သင်တန်းမှာ ဆုံကြမယ်နော် 😘😘😘

15/01/2026

😍 15ပဲရည် ၊ 16ပဲရည် ရွှေတုံး ဖြတ်စ လက်စွပ် လက်ကောက် ဆွဲကြိုး ဝယ်တဲ့သူတွေအတွက် 😍

👉 ကျပ်၊ပဲ၊ရွေး ရွှေတန်ဖိုးတွက်နည်း 👈
⭐ ရွေး ÷ 8 + ပဲ ÷ 16 + ကျပ် × ရွှေစျေး ⭐

👉 တွက်နည်းအသေးစိတ် 👈
1. ရွေး ÷ 8 = ----
2. --- + ပဲ = ---
3. --- ÷ 16 = ---
4. --- + ကျပ် = ---
5. --- × ရွှေစျေး = ---

👉 ဥပမာ 👈
⭐ ရွှေချိန် = 1ကျပ် 2ပဲ 7ရွေး
⭐ ရွှေစျေး = 5000000
1. 7 ÷ 8 = 0.875
2. 0.875 + 2 = 2.875
3. 2.875 ÷ 16 = 0.179
4. 0.179 + 1 = 1.179
5. 1.179 × 5000000 = 5898437ကျပ်

⭐⭐⭐ ကိုယ်ရဲ့ရွှေချိန်မှာ ရွေးချိန်မပါရင် ရွေးနေရာမှာ "0" ထည့်ပြီးတွက်ပါ
⭐⭐⭐ ကိုယ့်ရဲ့ရွှေချိန်မှာ ပဲချိန်မပါရင် ပဲနေရာမှာ "0" ထည့်တွက်ပါ
⭐⭐⭐ ကိုယ့်ရဲ့ရွှေချိန်မှာ ကျပ်ချိန်မပါရင် ကျပ်နေရာမှာ "0" ထည့်တွက်ပါ

ကဲ ခုဆို ရွှေတန်ဖိုးတွက်တတ်သွားပြီ ဟုတ်👍

နောက် post မှာ ပြန်ဆုံပါမယ် 🤗🤗🤗

🙏🙏🙏 ဒီ post ကို တွေ့သူတိုင်း
​ ရွှေပြည့်ငွေလျှံစီးပွားလာဘ်လာဘတွေဒီရေအလားတိုးတက်ပါစေ 🙏🙏🙏

13/01/2026

👉 15ပဲရည် ရွှေထည်တွေ ဝယ်မယ်ဆိုရင်
အလျော့အတွက်များမှာကို ရွှေချစ်သူတွေ
တော်​တော်များများကြောက်ကြတယ်

😍 15ပဲရည် ရွှေထည် ၁ကျပ်သားကို အလျော့အတွက် ၁ပဲ သုံးချင်တယ်
ဆိုရင် ခုပြောတဲ့တွက်နည်းနဲ့ တွက်ပါ

1. ကိုယ်သုံးမယ့်ငွေအမောက် ÷ 16ပဲရည် ရွှေစျေး
(ဥပမာ ➡ သိန်း ၄၀ ÷ သိန်း ၇၀ = 0.5714 )

ကျပ်
ရှေ့ကိန်းပြည့် = ကျပ်

2. ဒဿမနောက်ကိန်းကို ပဲ ဖွဲ့ ရန် 16 နဲ့ မြှောက်ပါ
(0.5714 × = 9.1428)
ရှေ့ကိန်းပြည့် = ပဲ {9ပဲ}

3. ဒဿမနောက်ကိန်းကို ရွေးဖွဲ့ရန် 8 နဲ့ မြှောက်ပါ
(0.1428 × 8 = 1.14 ရွေး)

4. သိန်း ၄၀ နဲ့ 15ပဲရည် ရွှေထည် ဝယ်ရင်
ရွှေချိန် အနဲဆုံး = 9ပဲ 1.14ရွေး ရနိုင်တယ်
ဒီရွှေချိန်ထက်ပိုများများရရင် အလျော့လက်ခပိုသက်သာတယ်
ဒီရွှေချိန်ထက်ရတာ နဲရင် အလျော့လက်ခ ပိုများတယ်

😍 တွက်ကြည့်ကြနော်
😍 နားမလည်တာရှိရင် Comment မှာ မေးလို့ပါတယ် ရှင့်

13/01/2026

ဒီနေ့ကစပြီး👉 ရွှေအကြောင်းတွေ ရွေတွက်နည်းတွေ👈
ပြန်တင်ပေးပါတော့မယ် 😍
👉 ဒီနေ့အတွက်
👉 ငွေအမောက်နဲ့ရနိုင်တဲ့ ရွှေချိန်တွက်နည်း သိချင်လား?
👉 ရွှေတန်ဖိုးတွက်နည်း သိချင်လား?
👉 ဘောင်ချာမှာ ရွှေစျေးမပါရင် ရွှေစျေး ဘယ်လိုတွက်ရလဲ သိချင်လား?
Comment မှာ ရေးခဲ့ပါနော်

10/10/2025
Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address


Taunggyi
06101