Piti Teacher Network

Piti Teacher Network

Share

Piti Teacher Network is for the local community gives a helping hand to young people in Education & Personal Developments.

Photos from Piti Teacher Network's post 23/10/2021

ကိုဗစ်ရော်ႏဂါႏမဥ်ႏကင်ꩻတနီꩻခါ တွူႏငါငါဖြဲ့ꩻပါႏရမီႏ နီသွဥ်းသီးစွိုꩻလိုꩻအဝ်ႏငီႏ

Photos from Piti Teacher Network's post 02/03/2020

ပီတိဆရာႏစွုမ်ꩻစွိုꩻ နမ်းခြောင်ꩻတင် လွေꩻထင်ႏလိုꩻယွဲညီႏလာႏခံႏ(အကျိုႏ) တောင်ꩻသေꩻဓာတ်ပွုံႏသွူသြ။

Photos from Piti Teacher Network's post 27/09/2019

ထူ;ဂုဏ်; အံ;ဖြာ;
ပညာ;ဒါ; ပအိုဝ်;ဗွေ;သင်္ဃာ;
.....................................
05/09/2019 ကြာသပတေးနေ့၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ BMICH ခန်းမတွင် ကျင်းပပြုလုပ်သော ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကေလနိယဘွဲ့လွန်တက္ကသိုလ် ၂၀၁၈ ပညာသင်နှစ်တွင် M.A (မဟာဝိဇ္ဇာ)ဘွဲ့  ဆွတ်ခူးရရှိတော်မူသော ပအိုဝ်းရဟန်းတော်များမှာ .....
၁၊ အရှင်ပဏ္ဍိတ (ဆီဆိုင်)
၂၊ အရှင်နန္ဒိယ (ဖယ်ခုံ)
၃၊ အရှင်ပညာစာရ (ပင်လောင်း)တို့ ဖြစ်ပါသည်။။

ဤအရှင်သူမြတ်သုံးပါးတို့အား သီရိလင်္ကာနိုင်ငံရောက် ပအိုဝ်းရဟန်းတော်များအဖွဲ့မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်......။
👏👏👏👏🌸🌸🌹🌹🙏🙏🙏🙏

Photos from Piti Teacher Network's post 25/09/2019

ထူ;ဂုဏ်;အံ;ဖြာ; ပညာ;ဒါ;ပအိုဝ်;မူ;ပေ;တဖြာ,သွူသြ
Like and Share ဖြင့်အားပေးကြပါ
ပန်းတိုင် မဟုတ်သော မှတ်တိုင်တစ်ခု စိုက်ထူးနိုင်ခဲ့ပြီ။
=====================

✍️ First of all, I wanna give the special thanks go to the government of Japan through Monbukagakusho (MEXT) for awarding me a rear privilege of a fully funded scholarship to pursue my master’s degree at Hokkaido University, one of the most prestigious universities in Japan. I also give thanks to the government of the Republic of the Union of Myanmar for allowing me to pursue further studies and ensuring that my study leave was processed.

✍️ I would also like to express my deepest gratitude to my supervisor and a big thank to my beloved the one who have always encouraged me to pursue my dreams.

✍️Furthermore, I would like to thank Director General Professor Dr Nyunt Phay ( The Government of the Republic of the Union of Myanmar, Ministry of Education, Nay Pyi Taw, Department of Monitoring and Evaluation) for your help.

✍️Finally, to my friends and those who have contributed to my well being directly or indirectly thank you very much.

✍️ကျွန်မ သာမာန် မိသားစုကနေ မွေးဖွားလာတာပါ။ ထူးချွန်တဲ့သူထဲမှာ မပါ ပါဘူး။ နယ်ကျောင်းမှာ ၈တန်းထိ နေခဲ့တယ်။ တစ်နှစ်တစ်တန်း ပုံမှန်အောင်ပြီး နှစ်တိုင်းတော့ ပထမ သို့မဟုတ် ဒုတိယဆု အမြဲရတယ်။(ကျောင်းသားဦးရေ နည်းလို့ပါ)။ ၈တန်း အောင်တော့ ၅ဘာသာ ဂုဏ်ထူးထွက်တယ်။ (သင်္ချာ မထွက်)။ ၁၀တန်းအောင်တော့ (ဂုဏ်ထူး တစ်လုံးမှ မပါ)။ စိတ်ဓာတ်တွေကျခဲ့တယ်။😔

✍️တက္ကသိုလ်ကို ဓာတုဗေဒ အထူးပြုနဲ့ တောင်ကြီးမှာ တက်ခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင် ကျွန်မ မကြိုက်ဆုံးဘာသာရပ်ပါ (ကျွန်မအတွက် ခက်ခဲလို့ပါ)။ ကျွန်မ ဘူမိဗေဒ ဘာသာရပ်ကို ပြောင်းတက်ခဲ့တယ်။ မေဂျာပြောင်း စာရင်း ထွက်လာတော့ ကျွန်မ နာမည်မပါခဲ့ဘူး။ ဒီလိုနဲ့ပဲ ဓာတုဗေဒ ဘာသာရပ်ကို မကြိုက်လဲ အောင့်အီးတက်ခဲ့တယ်။

✍️မထင်မှတ်ပဲ lab ခန်းမှာ ဆရာမ တစ်ယောက်က လက်တွေ့စာ ပို့ချရင်း ပြောလိုက်တယ် "ဒီမေဂျာကို မင်းတို့ ကြိုက်လို့ တက်သည်ဖြစ်စေ မကြိုက်လို့ တက်သည်ဖြစ်စေ မိမိရောက်တဲ့ နေရာမှာ အထူးချွန်ဆုံး ဖြစ်အောင် ကြိုးစားခွင့်ရှိတယ်။ ဆရာဝန်မှ အင်ဂျင်နေယာမှ လူရာဝင်တာ မဟုတ်ဘူး ပညာရပ်ဆိုတာ သူ့နေရာနဲ့သူ အသုံးတည့်တယ် အ့တော့ အချိန်ပေးရတာချင်းအတူတူ ထူးချွန်အောင် ကြိုးစားမလား ဒီလိုပဲ ဆက်သွားပြီး ရိုးရိုးဘွဲ့ယူမလား" ဆိုပြီး မေးခဲ့တယ်။ ကျွန်မ ကြိုးစားချင်စိတ် တဖွားဖွားဖြစ်လာတယ်။ ကျွန်မ အမုန်းဆုံးမေဂျာကို အချစ်ဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။

✍️ဒီလိုနဲ့ တက္ကသိုလ် ပညာသင်ကာလ ၆နှစ်လုံး ပထမနှစ်က လွှဲရင် ကျွန်မ နှစ်တိုင်း ပထမဆု ရခဲ့တယ်။ (အထင်မကြီးနဲ့ လူဦးရေ နည်းလို့ပါ။) ပထမနှစ်က တတိယဆု ရခဲ့တာပါ။ ဒီလိုနဲ့ တောင်ကြီးတက္ကသိုလ်မှာ ဓာတုဗေဒ ဂုဏ်ထူးဘွဲ့၊ မဟာဘွဲ့ ရရှိခဲ့ပါတယ်။

✍️ဘွဲ့ရပြီး သရုပ်ပြ စာမေးပွဲ ဖြေတော့ တောင်ကြီးတက္ကသိုလ်မှာပဲ တာဝန်ပြန်ကျခဲ့တယ်။ တာဝန်ထမ်းဆောင်ရင်း ပါရဂူတန်း ဆက်တက်ချင်တော့ ပုသိမ်တက္ကသိုလ်ကို အဏုဇီဝ ဘာသာရပ် အထူးပြုနဲ့ ပါရဂူကျမ်းကို တက်ရောက်ခဲ့တယ်။ ပါရဂူကျမ်း ၂ပါ ရောက်တော့ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်မှာ Double Master (ထပ်ဆင့် မာစတာ) ဘွဲ့အတွက် ဂျပန်အစိုးရ ပေးတဲ့ MEXT scholarship ပညာသင်ဆုရခဲ့တယ်။

✍️ထပ်ဆင့် မာစတာဘွဲ့ကို Biochemistry အထူးပြုနဲ့ ဒီနေ့တော့ မာစတာဘွဲ့ ရခဲ့ပြီ။
ဆက်ပြီး ဟော့ကိုင်းဒိုး တက္ကသိုလ်မှာပဲ နောက်ထပ် ပါရဂူကျမ်းတန်း တက်ရောက်ခွင့် ရပြန်တယ်။

✍️ပြောချင်တာက ဘယ်ပညာရပ်မှာမဆို သူ့နေရာနဲ့သူ အသုံးတည့်တယ်။ ဇွဲ ကောင်းကောင်းနဲ့ ပုံမှန် ကြိုးစားနေဖို့ပဲ လိုတာပါ။ ကျွန်မလို သာမာန် တောသူ ပအိုဝ်းမလေး ဗမာစကားတောင် အသံထွက် ပီသအောင် မပြောနိုင်တဲ့ သူတောင် ဒီနေရာ ရောက်ခဲ့သေးတာပဲ သင်တို့က ဘာလို့ မရောက်နိုင်ရမှာလဲ?
ပုံမှန်ကြိုးစားပါ ကျရှုံးမှုကို အကြိမ်ပေါင်းများစွာ ကြုံရလေ အောင်မြင်မှုနဲ့ ပိုနီးစပ်လေပါ။

✍️ကျွန်မကို အဖက်ဖက်မှ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော် လည်းကောင်း ကူညီပံ့ပိုး ပေးကြပါသော မိသားစုဝင်များ ဆရာ/မများ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူး တင်ပါတယ်ရှင့်။

✍️ကျွန်မကို ပုံလှလှလေး ရိုက်ပေးတဲ့အပြင် ဂုဏ်ပြု ပန်းစည်းရယ် ဘွဲ့ရသင်္ကေတ ဖြစ်တဲ့ ချစ်စရာ အရုပ်ခလေးပေးတဲ့ သူငယ်ချင်း စိုးစိုးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။

# နန်းနှောင်းယိန်း

Photos from Piti Teacher Network's post 09/08/2019

🎓🌟🎓 ကျေးရွာများတွင် ပညာဒါန အင်္ဂလိပ်စာသင်တန်း ပိုမိုထိရောက်အောင် ပီတိဆရာကွန်ယက်​​အဖွဲ့သားများမှ Teaching Development Programme သင်တန်း​​ကို ​ညောင်​​ရွှေမြို့နယ်​၊ စံကားဘုရား​တောင်​ ပရဟိတ​ကျောင်းတွင်​ 3.8.2019 မှ 8.8.2019အထိ တက်ရောက်​ အောင်မြင်ခဲ့ပါတယ်​။

🎓🏆⛳

🌟🌟🌟

Photos from Piti Teacher Network's post 21/07/2019

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ယ​နေ့ နည်းပညာတက္ကသိုလ်​(​တောင်​ကြီး)၏
၂၀၁၈-၁၉ပညာသင်​နှစ်
ပအိုဝ်း​မောင်​မယ်​သစ်​လွင်​ကြိုဆိုပွဲနှင့်​ ဆု​ပေးပွဲအခမ်းအနားသို့
ပီတိဆရာကွန်​ယက်​(Piti Teacher Network)မှ တက်​​ရောက်​အား​ပေးခဲ့ကြပါတယ်​။
ထိုပွဲတွင်​ ပီတိဆရာကွန်​ယက်​ ဥက္ကဌ ဆရာခွန်​ကြည်​မှ ပညာ​ရေး အား​ပေးစကား​ပြောကြား​ပေးခဲ့ပါသည်​။



Photos from Piti Teacher Network's post 29/06/2019

ဒီနေ့ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (၈)နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား၌ ပီတိဆရာကွန်ရက်မှ ပါဝင် ဝေယျာဝေစ္စကုသိုလ်ယူခဲ့ကြ

Photos from Pa-O National Organization's post 07/05/2019
Photos from မောင်းမွူးခံꩻ- MMK News's post 02/05/2019
Photos from Piti Teacher Network's post 27/04/2019

ပီတိစားအားရှိဆိုသလို ပီတိဆရာအဖွဲ့ ဝင်များ၏ အပြုံးပန်းများ.....

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00