22/07/2025
စာဖတ်သူပရိတ်သတ်များအားလုံးပဲမင်္ဂလာပါခမျာ။
Amazing Music Course page မှ ယခုကဲ့သို့ ဂီတနှင့်ပတ်သတ်သော ဆောင်းပါးများကို စာဖတ်သူများအတွက် အပတ်စဥ် ရေးသားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ပထမဦးဆုံး အပတ်မှာဖြင့် ကျနော်တို့အားလုံးသိကြပြီးသား နတ်ဘုရားတစ်ပါးအဖြစ်တင်စားခံရသူ တဖြစ်လဲ ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည့် "ထူးအိမ်သင်" ရဲ့ ပြည့်စုံလွန်းပြီးဖြစ်သော သီချင်းတစ်ပုဒ်အကြောင်းကို စာရေးသူဘက်က အဇ္ဈတ္တထဲမှ အမိအရခံစားဖူးခဲ့ရသည့် အရသာကို ထပ်လောင်းဖော်ပြချင်မိသည့်ရည်ရွယ်ချက်ဖြင့် ဆောင်းပါးတပုဒ်ရေးရန်စိတ်ကူးမိခဲ့ပါသည်။
ရင်းနှီးသူများကတော့ ထိုလူကို "ကိုငှက်" "ငှက်ကြီး" "သျှပ်ကြီး" စသဖြင့်ခေါ်ခဲ့ကြ၊ စနောက်ဖူးခဲ့ကြသည့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက မြန်မာနိုင်ငံမှဂီတပညာရှင် "ထူးအိမ်သင်" ၏အမည်အရင်းမှာ "ကျော်မြင့်လွင်" ဖြစ်ကြောင်းသိပြီးကြပြီးဖြစ်မည်။
ကိုငှက်သည် ၁၉၈၆ မှစပြီး တေးစီးရီးများထုတ်လုပ်ခဲ့ပါသည်။
ယခုဆောင်းပါးတွင်မူ စာရေးသူဖော်ပြချင်သော သီချင်းတပုဒ်ဆိုသည်မှာ ၁၉၈၉ ခုနှစ်တွင်းက ထုတ်ခဲ့သော "သက်ငြိမ်" တေးစီးရီးထဲမှ ကိုငှက်၏ "သက်ငြိမ်" သီချင်းပင်ဖြစ်ပါသည်။
သက်ငြိမ် တေးစီးရီးထဲ တေးရေးသူများကတော့ ကိုငှက်အပါအဝင် လူမုန်း၊ ညီညီသွင်၊ မောင်မောင်သွင်၊ ကလိုမှူး၊ M.ထွဲလီ တို့လည်းပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ သက်ငြိမ်ကို "The ACES" က တီးခတ်၊ OASIS ကထုတ်လုပ်ခဲ့ ပြီး ကန်းထရီးဘွိုင်းကဖြန့်ချိခဲ့ပါသည်။ ဒီနေရာမှာ စာရေးသူဖြည့်စွက် ဖော်ပြချင်တာကတော့ သက်ငြိမ်တေးသီချင်းကို ထူးအိမ်သင်ရဲ့ ၁၉၉၁ ခုနှစ်ထုတ် "အကြင်နာအိပ်မက်" အယ်လ်ဘမ် tracklist ထဲတွင်ထပ်ထည့်ထားပါသည်၊ ဘာကြောင့်လဲဆိုသည်ကိုတော့ စာရေးသူမသိပါ။ ယခုဆောင်းပါးသည် ထူးအိမ်သင်နှင့်သူ၏ တေးစီးရီးများအကြောင်းမဟုတ်ပဲ "သက်ငြိမ်" သီချင်းတပုဒ်တည်းကိုသာ highlight ထားကာဖော်ပြလိုသည်ဖြစ်သောကြောင့်ပင်။
လိုရင်းကိုသွားကြပါစို့။
ပဏာမ အနေနဲ့ ထူးအိမ်သင်ပြောတဲ့ သက်ငြိမ်အကြောင်း (သို့မဟုတ်) သက်ငြိမ်သမိုင်းဆီကို လည်ပြန်ကြည့်ကြပါစို့။
၁၉၈၀ပြည့်နှစ်လွန် အစောပိုင်းဝန်းကျင်ကာလများတွင်ဖြစ်သည်။
သက်ငြိမ် စပြီးသန္ဓေတည်လာရသည့် အဓိကတရားခံ ကိုငှက်သည် ထိုစဥ်အခါက ကောလိပ်ကျောင်းသားတဦးဖြစ်သည်။
အနုပညာတွင် ဝါသနာ နှင့် ပါရမီ အပြင် ဥာဥ် နှင့် ဆန္ဒ ကြီးမားသော ဂီတပညာရှင်ပေါက်စတစ်ဦးသည်၊ ပညာရေးတွင်ဖြင့် သိပ်မစွံခဲ့ပေ။ လူငယ်ခြေကျဟူ၍သတ်မှတ်ခံရမည့် ခေတ်စနစ်ကြီးကြောင့် ပုသိမ်ကောလိပ်တွင် ပထမနှစ်စာမေးပွဲအား ၂ကြိမ်တိတိ ကျရှုံးခဲ့ပြီးနောက်တွင် အိတ်စ်တာနယ်ကျောင်းသားဘဝကိုလက်ခံထားရကာ၊ စိတ်အလေအလွင့်များပြီး ခပ်ဟော့ဟော့၊ ခပ်ရမ်းရမ်း ကာလများတွင်ရှိနေသည်။ (သို့သော် ကိုငှက်သည် မော်လမြိုင်တက္ကသိုလ်တွင် ရုက္ခဗေဒအထူးပြုဖြင့် ကျောင်းပြီးသည်)။ အရက်ကလေးနဲ့လည်း ဇိမ်ခံတတ်လာကာ အရာရာအဆင်မပြေသော အဆောင်နေ ကျောင်းသားတယောက်အနေဖြင့် အနုပညာသမားပီပီ ခံစားချက်များကို နှလုံးသားနားစွင့်လာခဲ့သည်။ ယင်းခံစားချက်များကို သက်ငြိမ်ထဲတွင် ပကတိအတိုင်းသား တွေ့မြင်ခဲ့ကြရသည်။
(စာရေးသူအနေဖြင့် "ခံစားချက်" များဟုသုံးနှုန်းရသည်ကို မနှစ်မြို့ချေ သို့သော် နားလည်လွယ်စေရန်သာသုံးမည်။ အမှန်မှာ ကျိုးကြောင်းဆီလျော်သော ဘေးပတ်ဝန်းကျင်မှ လှုံ့ဆော်မှုများကြောင့် တသီးပုဂ္ဂလ၏ အတ္တ၊ လွတ်မြောက်ရာလမ်း၊ နာကျင်မှု၊ ရှုပ်ထွေးမှု၊ စသည့် ထုတ်ဖော်ပြောဆို အတပ်သိမြင်မှု (ရံဖန်ရံခါ) ဝေဝါးမှု နှင့်သက်ဆိုင်သော ဝေါဟာရများကိုတွင်တွင်သုံးရန် ခက်လှသည်ကိုဖြင့် စာဖတ်သူများနားလည်စေချင်ပါသည်)။
ကိုငှက်ကိုယ်တိုင် ဖော်ပြခဲ့သော သူ၏နာကျဥ်မှုများနှင့် နိမိတ်ပုံများရှိလေသည်။ ယခုလိုပြောခဲ့သည်။
"ယိုင်နဲ့နဲ့ကုတင်ထက်ကစောင်ခေါက်တခု"၊ "အခန်းတံခါးကြားမှာထောင်ထားတဲ့ကျိုးတို့ကျဲတဲတံမြတ်စည်းတချောင်း"၊
"ခပ်သေးသေးစားပွဲအိုလေးတလုံး"၊ "ရေးလက်စကဗျာစာရွက်များ"၊ "ကြမ်းပြင်မှာပျံ့ကြဲနေတဲ့ဖဲချပ်အဟောင်းတွေ" စသဖြင့်သူပြောခဲ့သည်။ ထို့အပြင် အခန်းပြတင်းတံခါးဝမှ မြင်တွေ့နေကျ၊ အပြာရင့်ရင့် တခါတရံ အပြာဖျော့ဖျော့ အောက်ခံတွင် တစ်လုံးတည်းတောက်ပနေသော "ညနေကြယ်" လည်းပါဝင်သည်။
ထိုရုပ်ဝတ္ထုပစ္စည်းများတွင် ကိုင်တွယ်၍ရသောအရာများပါဝင်သကဲ့သို့ စိတ်ဖြင့်မျှော်မှန်းကြည့်မှသာမြင်ရသော မသိစိတ်၏ရုပ်ဝတ္ထုပစ္စည်းများလည်း ပါဝင်နေသည်။ ဤတွင် ကိုင်တွယ်ကြည့်ရှု၍ရသော ကဏ္ဍနှင့် မျှော်မှန်းမှမြင်ရသောကဏ္ဍဟူ၍ စာရေးသူမှ နှစ်မျိုးခွဲခြားရှုမြင်မိသည်။ အခန်းထဲမှ အရာဝတ္ထုများသည် နစ်နာသူ (သို့) object ဖြစ်သော ကိုငှက်၏ ဥာဥ်မှလာသော ဇီဝိတုပသန္တံဟုခေါ်သော၊ သက်ငြိမ် (Still Life) ဖြစ်သည်။ ထိုအကြောင်းကို ဆောင်းပါး၏ ဒုတိယတပိုင်းတွင် အကျယ်တဝင့် ဖော်ပြပါဦးမည်။
အထက်ပါ အချင်းအရာများကို အရင်းခံကာ ကိုငှက် နောက်ပိုင်းမော်လမြိုင်ရောက်ခါမှ သီချင်းတပုဒ်အဖြစ်အသက်သွင်းခဲ့သည်။ သူမြင်ခဲ့ရသည့် နာကျဥ်မှုများကို အရောင်များ၊ အရိပ်များ၏ ဖွဲ့စည်းမှုမှတဆင့် အသံ၏ဖွဲ့စည်းပုံအဖြစ်ပြောင်းလဲခဲ့သည်။ ထိုဖွဲ့စည်းပုံသည် "သက်ငြိမ်" ဖြစ်လာခဲ့သည်။
"ကျွန်တော်၏ ကျန်းမာရေး၊ အသက်ရှင်နေထိုင်မှု၊ ရင်ခုန်မှု နှင့် မိုက်မဲမှုတို့ကိုမျှယူခံစားပေးခဲ့ကြသော မိတ်ဆွေများ....သို့"
သက်ငြိမ်အယ်လ်ဘမ် တွင် ထည့်သွင်းဖော်ပြခဲ့သော ကိုငှက်၏အမှာစကား သို့မဟုတ် ရည်ညွှန်းချက်ဖြစ်သည်။
ဆက်ရန်.....
၂၀.၇.၂၀၂၅
- သင့်မြတ်
Eng Version:
Warmest greetings to all our beloved readers,
Amazing Music Courses page is thrilled to begin a weekly series of music-focused articles, written especially for our cherished audience. Through this effort, we aim to share deeper insights and stories behind notable songs and artists that have shaped the soundscape of Myanmar's music history.
For our very first installment, I was inspired to write about a song that holds deep, personal resonance one composed and performed by none other than Htoo Ein Thin, a musical legend so revered that he is often exalted to near-divine status in Myanmars artistic circles. This article is not about his full discography or biography, but rather a singular masterpiece that captured my soul: the unforgettable song "Thet Nyain" (Still Life) from his 1989 album of the same name.
To many of us, he was affectionately known by nicknames like Ko Ngak, Ngak Gyi, or Shyut Gyi. His real name, as some readers may already know, is Kyaw Myint Lwina name well-remembered from the Burmese music scene of the post-1980s era. Ko Ngak (Htoo Eain Thin) began releasing albums in 1986. However, the focus of this piece is centered entirely on the poignant song "Thet Nyain," which appeared on his 1989 album of the same title.
In the creation of the Thet Nyain album, Ko Ngak collaborated with notable songwriters such as Lu Mhone, Nyi Nyi Thwin, Maung Maung Thwin, Kalo Mhoo, and M. Thwel Li. The arrangement was performed by The ACES, produced by OASIS, and distributed by Country Boy. Interestingly, the song "Thet Nyain" was later re-included in Htoo Ein Thin's 1991 album Akyinnna Aetmat (Dream of Suffering), though the reason for this inclusion remains unclear. However, let it be reiterated: this article does not attempt to explore the entirety of his career, but instead aims to highlight and reflect on this one song, "Thet Nyain".
Let us now trace the originsboth historical and emotionalof this profound piece.
The story of Thet Nyain begins in the early 1980s. During this time, Ko Ngak was a university studenta young man burning with passion, talent, and a raw hunger for artistic expression. Though he was gifted, he did not excel academically. Due to systemic constraints and personal struggles, he failed his first-year examinations twice at Pathein College and later transitioned to becoming an external student. His youth was marked by restlessness, rebellion, and emotional turbulence. (Nonetheless, he would eventually graduate with a degree in Botany from Mawlamyine University.)
During this period, his inner world became shaped by solitude, indulgence, and introspection. He lived as a hostel student, sometimes drinking, often emotionally adrift, yet always keenly absorbing the world around him through the lens of an artist. These sensationsraw and unfilteredwere eventually distilled into the song Thet Nyain.
(As a writer, I hesitate to simplify these deep human experiences with the word "feelings", but I use it here for accessibility. In truth, these moments stemmed from complex external and internal stimuliautonomy, suffering, confusion, liberationand they demand nuanced vocabulary that is often elusive even to seasoned observers.)
Ko Ngak himself once described the physical and symbolic elements of that period: - A folded blanket over a sagging bed frame, A cracked curtain rod hanging between a door and a wall,A small, aging table, Scattered sheets of unfinished poetry,Old playing cards strewn across the floor. He also recalled the lone star shining through the faded blue curtain at duskthe "Evening Star"a quiet witness to his solitude. These were not just physical objects, but emotional anchors. Some of them were tangible, while others only existed in the realm of the mind. In reflecting on them, I perceive two types of imagery: those that can be touched and seen, and those that must be felt or imagined.
From these objectsemotional and physicalKo Ngak created his Still Life. Not merely still in the visual sense, but still in the existential, poetic sense. Thet Nyain became an artistic encapsulation of his suffering, painted not with colors or brushes, but through sound and lyric.
He would eventually write and record Thet Nyain after moving to Mawlamyine, transforming his personal grief into a soundscape of melody, harmony, and memory. The pain he experienced in his early college yearsthe sadness, the confusion, the yearningwas translated into a musical structure, reimagined with colors and shadows, rendered into tone and rhythm. Thus was born a song that has endured for decades.
In his words, included in the Thet Nyain album, Ko Ngak offered this poignant dedication:
To all those who have shared in my health, my vitality, my heartbeat, and even my madness
This serves as his foreword, his intention, and his gift to all of us.
To be continued...
20.7.2025
-Thint Myat
#ထူးအိမ်သင်HtooEainThin
#သက်ငြိမ်ThetNyain