Future Kids Preschool

Future Kids Preschool အများအမြင်

10/11/2024

အရွယ်မတိုင်ခင် စောစီးစွာ စာရေးသင်ခြင်းက
သင့်ကလေးရဲ့ဉာဏ်ရည်ကိုထိခိုက်စေပါသည်တဲ့
၅နှစ်အောက် ကလေးမှန်သမျှ စာရေးသင်မှမဟုတ်ပါဘူး
သူတို့ဝန်နဲ့အားနဲ့ မမျှတဲ့ သင်ကြားရေးမှန်သမျှ
ကလေးဦးနှောက်ကိုထိခိုက်​စေပါတယ်
ကလေးသည် ရတနာ သွေးတတ်မှ အရောင်လက်ပါမယ်
ကလေးတစ်ယောက်ရဲ့ တတ်မြှောက်နိုင်မှု Level ကိုမသိပဲ
ကလေးကို ဇွတ်သင်ကြားလို့မရပါဘူး
Developmentally Appropriate Practice ကိုနားလည်ထားဖို့
လိုပါတယ်

မေမေတစ်ဦးနဲ့ကြုံဖူးပါတယ်
အစိုးရမူကြိုကျောင်းအုပ်ဘဝတုန်းကပေါ့
ကလေးကို၃နှစ်ပြည့်လို့ မူကြိုလာထားတော့
အမေဖြစ်သူက ဆရာမဆိုတော့ အသက်၂နှစ်ကျော်ကတည်းက
အကုန်အရေးသင်ထားတာ ကလေးကအကုန်ရေးတတ်လို့
ဖတ်စာအုပ်ထိရောက်နေပြီ မူကြိုလာထားတော့
ကျမသားကအကုန်တတ်ပြီးနေပါပြီတဲ့
ကလေးအတွက်ဂုဏ်ယူတာပေါ့
Eccdရဲ့အရေးကြီးမှုတွေ မိဘအသိပညာပေး
တော်တော်လုပ်ပေးခဲ့ရတယ်

စောစီးစွာ စာရေးသင်ခံရတဲ့ကလေးက တခြားကလေးထက်
အဲ့ဒီအချိန် စာကိုပိုသိနေသယောင်ထင်ရပေမယ့်
အတန်းကြီးလာလေ စာနဲ့ပိုရုန်းကန်ရလေဖြစ်တတ်ပါတယ်
ဖြတ်ထိုးဉာဏ်ရင့်သန်မှုတွေနှေးသွားတယ်
စဉ်းစားတွေးခေါ်နိုင်မှုတွေအားနည်းသွားတယ်
ပင်ကိုယ်ဆုံးဖြတ်နိုင်စွမ်းတွေမရှိတော့ဘူး
ဦးနှောက်လုပ်ဆောင်နိုင်မှုစွမ်းဆောင်ရည်ကျဆင်းသွားပါတယ်
ဒါကြောင့်မို့အရွယ်မတိုင်ခင် ဝန်အားမမျှတဲ့သင်ကြားရေးတွေဟာ
ကလေးဉီးနှောက်ဖွံ့ဖြိုးမှုကိုဟန့်တားပြီး
ဆက်မဖွံ့ဖြိုးတော့အောင် လုပ်ပစ်နိုင်တယ်ဆိုတာ
သိထားကြဖို့လိုပါတယ်
မူရင်းရေးသားသူတီချယ်ဖြူအားcrdပေးပါသည်။

ကားကြီးနဲ့ဘယ်သွားလည်ရင်ကောင်းမလည်း
15/06/2024

ကားကြီးနဲ့ဘယ်သွားလည်ရင်ကောင်းမလည်း

အရင်တပတ်ကလုပ်ဖြစ်တာလေးတွေအရောင်လေးတွေမှတ်မိစေရန်
15/06/2024

အရင်တပတ်ကလုပ်ဖြစ်တာလေးတွေ
အရောင်လေးတွေမှတ်မိစေရန်

ပါးစပ်ကြွက်သားများသန်မာစေရန်အတွက်
15/06/2024

ပါးစပ်ကြွက်သားများသန်မာစေရန်အတွက်

လက်မှု့အချိန်လေးမှာဖိနပ်လေးတွေလုပ်ကြည့်ကြတယ်လေ
15/06/2024

လက်မှု့အချိန်လေးမှာဖိနပ်လေးတွေလုပ်ကြည့်ကြတယ်လေ

02/06/2024

အငယ်လေးတွေငြိမ်အောင်

02/06/2024

အာ့လိုလေးလုပ်ရမယ်ဆို
သိပ်တက်ကြတယ်

02/06/2024

ကျောင်းဖွင့်ရာသီရောက်ရင် မိဘတွေ တော်တော်များများ ဆုံးဖြတ်ရခက်တဲ့အရာက ကိုယ့်ရဲ့ကလေးက ၅နှစ်ပြည့်ပို့လပိုင်းပဲလိုတော့တယ် 𝐊𝐆 ထားရမလား? မထားရဘူးလား? ဆိုတဲ့ကိစ္စပါ။

ကျောင်းတွေမှာတော့ ၅နှစ်ပြည့်ဖို့ ၁လလို၊ ၂လလို၊ ၃လလိုအထိ အပ်လို့ရပါတယ်။အဲဒီထက်လများကြီးလိုသွားရင်တော့အပ်လို့မရပါဘူး။(တစ်ချို့ကျောင်းတွေမှာတော့ ကျောင်းအုပ်တွေ/ 𝐅𝐨𝐮𝐧𝐝𝐞𝐫 တွေနဲ့ နားလည်မှုယူပြီး အပ်တာတွေရှိပါတယ်)

၅နှစ်မပြည့်ပဲ 𝐊𝐆 ထားချင်တဲ့ မိဘတွေအတွက် စဥ်းစားရမှာက-
• ကိုယ့်ရဲ့ကလေး ဘယ်လောက်ထိလက်ခံသင်ယူနိုင်ပြီလဲ?
• သူ့ရဲ့ဦးနှောက်က ဘယ်လောက်ထိဖွံဖြိုးနေပြီလဲ?
• 𝐊𝐆 မှာလုပ်ဆောင်ရမဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်နိုင်ပြီလား?
• အခုလုပ်နိုင်နေပြီပဲထား ရေရှည်ကျရင်ရော လုပ်နိုင်ပါ့မလား?(အတန်းကြီးရင် လိုက်နိုင်ရဲ့လား?)ဆိုတာကို မဖြစ်မနေထည့်စဥ်းစားပါ။

တစ်ချို့မိဘတွေ ရှိပါတယ်။ "ကျမရဲ့ကလေးက ၃နှစ်၊ ၄နှစ် ကတည်းက 𝐊𝐆 စာ အကုန်ရနေပြီ၊ စာလည်းရေးတတ်နေပြီ၊ ၅နှစ်မပြည့်လည်း 𝐊𝐆 ထားလို့ရတယ်" ဆိုတာမျိုး လောဘကြီးတဲ့ မိဘတွေပေါ့။

တစ်ချို့လူတွေလည်း ငြင်းကောင်း ငြင်းနိုင်ပါတယ်။ "ငါတို့တုန်းကလည်း ၅နှစ်မပြည့်ပဲ သူငယ်တန်း(𝐊𝐆) နေခဲ့တာပဲ အဆင်ပြေပါတယ်။ အခု ဘွဲ့တောင်ရနေပြီ၊ ဘာကြီးတွေ၊ ညာကြီးတွေတောင် ဖြစ်နေပြီ ၅နှစ်မပြည့်လည်း 𝐊𝐆 ထားလို့ရပါတယ်" ဆိုတာမျိုးတွေ သူတိုတွေ တကယ်ပဲ ဒီကာလ တစ်လျှောက်လုံး အဆင်ပြေပြေ ကျော်ဖြတ်ခဲ့တာလား ပြန်စဥ်းစားကြည့်ပါ။

𝐊𝐆 ကို ၅နှစ်ပြည့်မှ ထားရမယ်လို့ သတ်မှတ်ထားတာဟာ အလကား သတ်မှတ်ထားမဟုတ်ပါဘူး။ 𝐊𝐆 မှာလုပ်ရမဲ့ လုပ်ငန်းတာဝန်တွေ၊ သင်ယူရမဲ့အရာတွေက ၅နှစ်ပြည့်မှပဲ လုပ်ဆောင်နိုင်မယ် ၊လက်ခံသင်ယူနိုင်မှာမလို့ သတ်မှတ်ထားတယ်ဆိုတာ သိဖို့လို့ပါတယ်။ အဲတော့ ၅နှစ်မပြည့်ပဲနဲ့ 𝐊𝐆 ထားမယ်ဆိုရင် ကလေးကို မနိုင်ဝန်ထမ်းခိုင်းတာနဲ့တူပါတယ်။ လူကြီးတွေတောင် မနိုင်ဝန်ထမ်းရရင် ဘယ်လောက်ပင်ပန်းလဲ?

ဒါကြောင့်
• ကလေးကို ကိုယ်ချင်းစာပါ။
• ကိုယ့်ရဲ့ဆန္ဒ၊ လောဘကိုပဲ ဦးစားမပေးပါနဲ့။
• ကလေးရဲ့လုပ်နိုင်စွမ်းကို အလေးထားပါ။

ကလေးကို သူ့အသက်အရွယ်အရ ရှိရမယ့် ဖွံ့ဖြိုးမှုတွေကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ခဲ့ပြီးပြီဆိုရင် ၅နှစ်ပြည့်ဖို့ ၁လ ၊ ၂လ ၊ ၃လလလို တွေ 𝐊𝐆 ထားချင်ရင်တော့ထားပါ။ အဲတာပိုသွားရင်တော့ မထားဖို့ပဲ အကြံပြုပါရစေရှင့်။

ကလေးများအားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်ကြပါစေ...🙏🙏🙏

မည်သူမဆို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ Copy ကူးယူတင်ခြင်းအား ခွင့်မပြုပါ။

#𝓝𝔂𝓮𝓲𝓷


© 2024 nyein.org . All rights reserved.

တနေ့တာလေးထဲကပုံရိပ်လေးတချို့
02/06/2024

တနေ့တာလေးထဲကပုံရိပ်လေးတချို့

အချိန်မှန်မှန်
06/05/2024

အချိန်မှန်မှန်

်ပိတ်ရက်လေးမှာလွမ်းနေတာသူတို့လေးတွေကို
28/04/2024

်ပိတ်ရက်လေးမှာလွမ်းနေတာသူတို့လေးတွေကို

ဆရာကြီး၊ဆရာမကြီးများ
25/04/2024

ဆရာကြီး၊ဆရာမကြီးများ

Address

Taunggyi
မဂ်လာပါရှင့် FUTUREKIDSPRESCHOOLမှကြိုဆိုပါတယ်ရှင့်။

Website

Alerts

Be the first to know and let us send you an email when Future Kids Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category