09/04/2026
⛵🌊 Tiny adventures, big summer memories 🍹⛱️🌞
ILBC Taunggyi Preschool မှာ တက်ရောက်နေကြတဲ့ မူကြိုအရွယ် သားငယ်သမီးငယ်လေးတွေအတွက် Summer Fun Activities လေးတွေကို အခုလိုမျိုး ကလေးတွေ စိတ်ဝင်တစားပါဝင်ဆော့ကစားနိုင်စေမဲ့ပုံစံလေးနဲ့ စီစဥ်ပြုလုပ်ပေးခဲ့ပါတယ်။ နွေရာသီကာလအတွင်း ပတ်ဝန်းကျင်အခြေအနေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်သွားလာပုံတွေ၊ ဝတ်စားဆင်ယင်ပုံ၊ နွေရာသီအတွင်း အပန်းဖြေအနားယူပုံတွေကို နားလည်သိရှိပြီးတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိရှိ ရှင်သန်နေထိုင်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ မတူညီတဲ့ Summer Fun Activities လေးတွေကနေတစ်ဆင့် ကလေးတွေရဲ့လက်ချောင်းကြွက်သား၊ လက်မောင်းကြွက်သားတွေ ပိုမိုသန်မာလာစေဖို့၊ သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှား ပိုရှိစေဖို့၊ သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်တတ်ဖို့၊ ပိုမိုရင်းနှီးချစ်ခင်မှု ရှိလာစေဖို့ စတဲ့ အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ခဲ့တာကို မိဘတွေအနေနဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုရင်းနဲ့ ခံစားသိရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Summer Fun at ILBC Taunggyi Preschool gave our little preschoolers the chance to play, explore, and learn about their surroundings during summer. The activities help them stay active, strengthen their muscles, collaborate with friends, and enjoy the summer vibe. Parents can see the fun and know the benefits as they watch their children in action. vibe.